Friday 19 October 2012

ဟင်းချက်သင်တန်း...

ရန်ကုန်က ပြန်ရောက်ကတည်းက အလုပ်တွေပိနေတာနဲ့  စာလည်းမရေးဖြစ်၊
ဟင်းကောင်းကောင်းလည်းချက်မစားဖြစ် နဲ့ ။ မနေ့ ကတော့ ကိုသောမတ်စ်
လက်ဆောင်ပေးထားတဲ့ ဟင်းချက်သင်တန်း ကဒ်လေးကြောင့် သင်တန်း
သွားတတ်ဖြစ်ပါတယ်။ http://www.ue-kuechen.de

သင်တန်းကတော့ Lust auf Wild  ဆိုတဲ့ ခေါင်းစဉ်နဲ့ ပါ။ သင်တန်းခေါင်းစဉ်
တွေအများကြီးထဲက ဒီ အစီအစဉ်ကို ရွေးလိုက်ပါတယ်။ သာမန်ကြက်၊၀က်၊
ငါး၊အမဲ စတာတွေက ချက်လေ့ရှိတာကြောင့် ကျမသိပ်ချက်လေ့မရှိတဲ့
တောယုန်၊ ဒရယ် စတာတွေနဲ့ ချက်တဲ့သင်တန်းကိုရွေးလိုက်ပါတယ်။

ကျမတို့ သင်းတန်းမှာ စုစုပေါင်းသင်တန်းသား ၁၁ ယောက်ပါပါတယ်။
ဆရာကတော့ Herr Horst Vier-Ullrich ပါ။ 
သင်တန်းက ညနေ ၆နာရီခွဲကနေ ည ၁၁ နာရီအထိကြာပါတယ်။
ဆရာက ချက်ရင်းနဲ့ သင်ပြပေးပါတယ်။ ကျမတို့ က စမ်းလုပ်ကြည့်ကြ၊
သိချင်တာတွေမေးကြနဲ့ ပေါ့။ ဂျာမန် ဟင်းချက်နည်းတွေရဲ့  သိသင့်သိထိုက်
တာတွေ တော်တော်လေးသိခွင့်ရခဲ့ပါတယ်။ 

ပထမဆုံး Wildhasenfilet im Brotmantel ပါ။ တောယုန်အသားကို ပေါင်မုန့် 
နဲ့ ပတ်ပြီးကြော်ထားတာပါ။
 


နောက် Kartoffelmaultaschen  နဲ့  ဒရယ်သားပါ။

အချိုပွဲကတော့ Schokomousse ပါ။

ဟင်းချက်နည်းတွေကိုတော့ နောက်မှတင်ပေးပါမယ်။ မနက်ဖြန်တော့
Kartoffelmaultaschen နဲ့ Wildhasenfilet im Brotmantel (ယုန်အစား ကြက်သား
နဲ့ ) စမ်းလုပ်ကြည့်ပါအုံးမယ်။

7 comments:

Iora said...

ဟာ..စိတ်ဝင်စားစရာနဲ့ ပျော်စရာကြီးကွာ။း)

ညီလင်းသစ် said...

သင်တန်းနဲ့ အလုပ်တွေ ရှုပ်နေလို့ မ,ရှင်လေး ပျောက်နေတာကိုး..၊း) စိတ်ဝင်စားစရာ ကောင်းတယ်နော်၊ ဒီအတိုင်းဆို ဒီဘလော့ဂ်လေးမှာ ရှေ့လျှောက် ဟင်းပွဲအသစ်တွေ တွေ့ရတော့မှာပေါ့..။း)

Shinlay said...

thanks....

ဇွန်မိုးစက် said...

ကိုယ်စားနေကျအသားတွေ မဟုတ်တော့ ဆန်းနေတယ်နော်။ ယုန်သားအရမ်းနူးညံ့ပြီး ချိုတယ်လို့ ပြောကြတယ်။ တစ်ခါမှ မစားဖူးဘူး။ မြည့်ကြည့်ချင်တာတောင် သူတို့ကို သနားတာနဲ့ စားဖြစ်မယ် မထင်ဘူး အစ်မ။

Shinlay said...

ဟုတ်တယ်ဇွန်။ ဟင်းချက်သင်တဲ့သူက အသားလေးတွေပဲ လှီးထားပေးလို့ ။ နို့ မို့ ဆို ပုံပေါ် နေလို့ စားဖြစ်မှာမဟုတ်ဘူး။

T T Sweet said...

ဟင်းချက်သင်တန်းတဲ့လား ပျော်စရာကြီး။ ယုန်နဲ့ ပေါင်မုန့်ဟင်းကတော့ ထူးဆန်းလိုက်တာ။

Shinlay said...

သူငယ်ချင်းဆွိရေ ယုန်နဲ့ ပေါင်မုန့်ဟင်းကတော့
ထူးဆန်းသလို၊ကောင်းလည်းကောင်းပြီး၊စမ်းလုပ်ကြည့်
တာလည်းအဆင်ပြေတယ်။