Thursday 26 November 2009

Christmas Market (Freiburg)

23.11.09 နေ့ ကစပြီး ဂျာမနီမှာ ခရစ်စမတ် ဈေးလေးတွေ စဖွင့် ကြပါတယ်။
Freiburg မြို့ မှာတော့ ဒီဆိုင်လေးတွေဟာ 23.12.09 နေ့ အထိဖွင့်ကြပါတယ်။
တနေ့ လုံးမနက် ၁၀ နာရီကနေ ညနေ ၉ နာရီလောက်အထိဖွင့်လေ့ရှိပါတယ်။ တနင်္ဂနွေနေ့ 
ဆိုရင်တော့ ၁၁နာရီကနေ ၈ နာရီလောက်အထိဖွင့်ကြပါတယ်။
တချို့ မြို့ လေးတွေကြတော့ တစ်ရက်လောက်၊ တစ်ပတ်လောက်ပဲဖွင့်ကြတယ်။

ဆောင်းတွင်းကအေးလည်းအေး၊ မှောင်ကလည်းမှောင်ဆိုတော့ အခုလို မီးတွေထွန်း၊
လူတွေ တရုံးရုံးနဲ့ ပွဲဈေးတွေ ရှိတော့ ဘာပဲဖြစ်ဖြစ် အပျင်းပြေတာပေါ့လေ။

ကျမကတော့ပွဲဈေးဆိုဘာ
ရယ်မဟုတ်ပါဘူး သွားကြည့်တာပဲ။ စားချင်တာတွေ့ တော့
ဝယ်စားကြည့်၊မြည်းကြည့်တာပေါ့။ ကျမအမေကပြောလေ့ရှိတယ်။ နေရာ အသစ်တနေရာကိုရောက်
တိုင်း၊ အဲ့ဒီဒေသရဲ့  အစားအစာကို မြည့်စမ်းကြည့်သင့်တယ်တဲ့လေ။ ရန်ကုန်မှာတုန်းကဆိုလည်း
ပွဲဈေးတန်းမှာ ဟိုမြည်းဒီမြည်းနဲ့ လျှောက်စားကြလေ့ရှိတယ်။ တမြို့ တနယ်သွားလည်ရင်လည်း
အဲ့ဒီဒေသက အစားအစာကို စားကြည့်တာပဲ။ များသောအားဖြင့်တော့ ကျမကြိုက်တာများပါတယ်။

ဒီမှာရှိတဲ့ပွဲဈေးတွေမှာတော့ မြန်မာပြည်ကလို ဘူသီးကြော်၊ ထမနဲ၊ ရေမုန့် ၊ မုန့် သိုင်းခြုံ၊ အမဲအူပြုတ်၊
စတာတွေမပါပဲ၊ ၀က်အူချောင်း၊ Sauerkraut , Crepes, အာလူးကိုခြစ်ပြီးကြော်ထားတာ၊
Frikadellen
und Flammkuchen, Bratkartoffeln mit Spiegelei, Gemüseknöpfle
,Champignons im
Kräuterteigmantl စတဲ့ သူတို့ အစားအစာတွေ၊ အချိုမုန့် တွေ၊ လက်ဆောင်ပစ္စည်းတွေစတာတွေ
ရောင်းကြပါတယ်။ Glü
hwein ကတော့ဒီရာသီပွဲတွေမှာ မပါမဖြစ်ပေါ့။ ကျမတော့ တခါမှ မသောက်ဘူးပါဘူး။
ဝိုင်အရက်ရယ်၊ သစ်ကြပိုးခေါက်၊ လေးညှင်း၊သကြားနဲ့ ရောထာတဲ့ ၀ိုင်အပူလို့  ခေါ်မလားပဲ။
ကျမကတော့ ကလေးတွေသောက်တဲ့ အရက်မပါတဲ့
Glühwein ပဲ သောက်ဘူးပါတယ်။

လူထုဒေါ်အမာရေးတဲ့ ၁၂ပွဲဈေးသည် ၀တ္ထုထဲက ဈေးပွဲတွေ ကိုတော့ ဘယ်မီပါ့လဲ။
ကျမကြုံခဲ့ဘူးတဲ့ မြန်မာပြည်က ဈေးပွဲတွေ ကို သတိရမိတယ်။ ဒါပေမဲ့လည်း ဘာမှမရှိတာနဲ့ စာရင်
တော့ မဆိုးပါဘူး။ အပျင်းပြေတာပေါ့။ ဟိုငေး ဒီမော့နဲ့ လေ။


သကြားနဲ့ လှော်ထားတဲ့ almonds.

ဝက်ပေါင်ခြောက်တွေပါ။











ကျမတို့ မိတ်ဆွေ ပါ။ ဖန်ထည်လေးတွေလုပ်ပါတယ်။


ဖရောင်းတိုင် and Co.,











ငှက်ပျောသီးကိုချောကလက်အုပ်ထားတာ။ကောင်းသားပဲ။


ဒါကတော့ ပန်းသီး










ဂရိတ်ဖရု၊ လာဗင်းဒါး၊ ...တို့ နဲ့ လုပ်ထားတဲ့ ဆပ်ပြာ
တုံးလေးတွေ။

မွှေးတယ်။ ကြီုက်တယ်။ လက်ဆောင်ပေးလို့ ကောင်းတယ်။































Sauerkraut and Schupfnudeln











ဝက်အူချောင်းကြော်

ဈေးတန်းလေး












Glühwein ဆိုင်လေး

Monday 23 November 2009

Adventskranz


ဒီနေ့ တော့ Adventskranz လုပ်ဖြစ်တယ်။ လိုမယ်ထင်တာလေးတွေကို
တဖြေးဖြေးခြင်း ၀ယ်စုထားတာ။ အခုတလော Christmas
ပွဲနဲ့ ပတ်သက်ပြီး လိုအပ်မယ့်ပစ္စည်းလေးတွေကို နေရာတိုင်းလိုလိုမှာ တွေ့ နေရတယ်။
ဖရောင်းတိုင်လေးတွေဆိုရောင်စုံ ၊ ဆိုဒ်စုံ၊ ပုံစံစုံပါပဲ။ ကျမလည်း အဲ့ဒီ ပစ္စည်းလေးတွေ
တွေ့ တော့ Adventskranz လုပ်ချင်စိတ်ပေါက်လာတယ်။ မနှစ်က စပြီး လုပ်ဖြစ်တယ်။
ဒီနှစ်တော့ နဲနဲ ပိုပြီးသပ်သပ်ရပ်ရပ်ဖြစ်လာတယ်။ ကျမ ယောက္ခမက ဖရောင်းတိုင်
အနီရောင်လေးတွေသုံးလေ့ရှိတော့ ကျမလည်း အနီရောင်ပဲ သုံးဖြစ်ပါတယ်။

Adventskranz မှာ ဖရောင်းတိုင် လေးတိုင်ပါပါတယ်။ ဖရောင်းတိုင် ကိုတော့
နှစ်သက်ရာ၊ စိတ်ကူးရရာ အရောင်ကိုသုံးကြပါတယ်။ ထုံးစံကတော့ အနီရောင်ကိုသုံးကြပါတယ်။
ထင်းရူးရွက်လေးတွေ ပတ်ထားတဲ့ ကွင်းလေးကို လုပ်ပြီးသားဝယ်လို့ ရသလို၊
မိမိစိတ်ကြိုက် ကွင်း၊ ထင်းရူးရွက်၊ တခြား အလှဆင်တာလေးတွေ ၀ယ်ပြီး၊
စိတ်တိုင်းကျ လုပ်လေ့လည်းရှိပါတယ်။ ဖရောင်းတိုင်လေးတွေပါ အပြီးအစီးပါတဲ့
Kranz ကိုဝယ်လို့ လည်းရပါတယ်။

Adventskranz မှာ ပါတဲ့ ဖရောင်းတိုင်လေးတိုင်ထဲက တစ်တိုင်ကို
ပထမ Adventssonntag နေ့ ( Christmas မရောက်ခင် လေးပတ်အလို တနင်္ဂနွေနေ့ / 29.11.09)
မှာမီးထွန်းပါတယ်။

နောက်တစ်တိုင်ကို ဒုတိယ Adventssonntag နေ့ ( Christmas မရောက်ခင်
သုံးပတ် အလို တနင်္ဂနွေ နေ့ / 06.12.09) မှာမီးထွန်းပါတယ်။ ပထမ အပတ်ကအတိုင်
နဲ့ ပေါင်းရင် နှစ်တိုင် မီးထွန်းတာပေါ့။

တတိယမြောက်ဖရောင်းတိုင်ကို တတိယ Adventssonntag နေ့ ( Christmas မရောက်ခင်
နှစ် ပတ်အလို တနင်္ဂနွေနေ့ / 13.12.09) မှာမီးထွန်းပါတယ်။ စုစုပေါင်း ၃ တိုင်ပေါ့။

နောက်ဆုံး ဖရောင်းတိုင်ကို စတုတ္ထ Adventsonntag နေ့ ( Christmas မရောက်ခင်
တစ်ပတ်အလို တနင်္ဂနွေနေ့ / 20.12.09) မှာမီးထွန်းပါတယ်။ အဲ့ဒီနေ့ မှာတော့
ဖရောင်းတိုင်လေးတိုင်လုံးမီးထွန်းပါတယ်။

Friday 20 November 2009

သစ်ကြားသီးကိက်.....

အရသာလည်းရှိ၊ လွယ်လည်းလွယ်၊ အချိန်လည်း မကြာတဲ့ ကိတ်မုန့် ပါ။
ဆွတ်ဇာလန် နိုင်ငံမှာ လုပ်လေ့ရှိတယ်လို့  သိရတာပဲ။

လိုအပ်တာတွေကတော့.....


သစ်ကြားသီး (အခွံခွာပြီးသား) = ၂၀၀ ဂရမ်

ထောပတ် = စားဇွန်းတစ်ဇွန်း

သကြား= ၁၀၀ ဂရမ်

မုန့် ကြွပ် = ၃၀ ဂရမ် ( ၃ချပ်)

ကြက်ဥ = ၃ လုံး

Baking powder လက်ဘက်ရည်ဇွန်း တစ်ဝက် တိတိ

Vollmilch- Kuvertüre 100g / Vollmilch Glasur တစ်ထုပ် (၂ခါလုပ်လို့ ရပါတယ်။)


ပုံစံခွက်သုပ်ဖို့  အတွက် ထောပတ်နဲနဲနဲ့  ဂျုံမှုန့် အနည်းငယ်


ပြင်ဆင်ချိန် ၃၅ မိနစ်၊ မုန့် ဖုတ်ချိန် ၂၅ မိနစ်


ကိတ်မုန့် တစ်တုံးမှာ၊ 230 Kcal, 15,3 g F, 5g EW, 17,3 KH


1- သစ်ကြားသီးတွေထဲက မှ ၅၀ဂရပ်ကို ခပ်နုပ်နုပ်စဉ်းပါ။

ထောပတ်ကို ဒယ်အိုထဲမှာအပူပေးပါ။ ပူပြီး အရည်ပျော်လာရင်

စဉ်းထားတဲ့ သစ်ကြားသီးတွေထဲ့ပါ။

ခဏလောက်မွှေပေးပါ။

သကြား စားဇွန်းတစ်ဇွန်း ကို ထညိ့ ပြီး Caramelized လုပ်ပါ။ (နဲနဲ ညိုလာတဲ့ အထိမွှေထားပါ။)

အအေးခံပါ။

2- ကျန်တဲ့ သစ်ကြားသီးတွေရယ်၊ မုန့် ကြွပ်ရယ်ကို အမှုန့် ကြိတ်ပါ။ ပုံစံခွက်ကို ထောပတ်သုပ်ပါ။ ဂျုံမှုန့် ဖြူးပါ။

Oven ကို 175°C အပူပေးထားပါ။

3- ကြက်ဥနဲ့ ကျန်တဲ့ သကြားကို စက်နဲ့  အမြုပ်တက်လာ တဲ့အထိ နာနာမွှေပါ။

ကြိတ်ထားတဲ့ သစ်ကြားသီး၊ မုန့် ကြွပ်အမှုန့် ၊ Baking Powder ၊ ထောပတ်နဲ့ လှော်ထားတဲ့ သစ်ကြားသီး

တို့ ကိုထည့်ပါ။ နှံ့ အောင်မွှေပေးပါ။ ပုံစံခွက်ထဲ ထဲ့ပါ။ Oven မှာထည့်ပြီး 20_25 min ခန့် ဖုတ်ပါ။

ကျက်မကျက်ကို ၀ါးဒုတ်လေးနဲ့ ထိုးပြီးစစ်ကြည့်ပါ။ ဒုတ်မှာ မုန့် နှစ်တွေကပ်မနေတော့ရင် ကျက်ပါပြီ။

ကပ်နေသေးရင်တော့ 5-10 Min လောက် ထပ်ထားပေးပါ။

မုန့် ကျက်ရင် ထုတ်ပြီး ပုံစံခွက်ထဲမှာ 10 Min ခန့် ထားပါ။ ပြီးရင် ပုံစံခွက်ထဲက ထုတ်ပါ။

Baking Grid ပေါ်တင်ပြီး အအေးခံပါ။

4- Vollmilch Glasur (Whole milk glaze) အထုတ်ကို ရေနွေးမှာ ၁၀ မိနစ်စိမ်ပါ။

အရည်ပျော်သွားလျှင် ကိတ်မုန့် ပေါ်သုပ်ပေးပါ။


Thursday 19 November 2009

Freiburg, 27.November 1944

အောက်မှာဖေါ်ပြထားတဲ့ ဓါတ်ပုံတချို့ ကတော့ Freiburg မြို့ မှာ 27. November 1944 နေ့ က
မဟာမိတ်တပ်တွေ ဗုံးကျဲအပြီးတွေ့ မြင်ရတဲ့ပုံတွေပါ။ အဲ့ဒီတုန်းက လူ ၃၀၀၀ ခန့် သေဆုံးခဲ့ပါတယ်။
မြို့ တွင်းကတော့ အတော်လေးပျက်ဆီးခဲ့ပါတယ်။

အဲ့ဒီနှစ်ပတ်လည် ပြပွဲလေးကို မြို့ ထဲမှာ တွေ့ တာနဲ့  ဒီ Post လေးကို တင်လိုက်တာပါ။
...စစ်ဆိုတာ...
kaiser-Josef-str.
City Theater, Freiburg
Town Center
Trauer
Freiburg
, Freiburg
Das Münster

Monday 16 November 2009

Cookies လုပ်ကြစို့ ....

Vanilla crescents (အခု ၆၀ လောက်ရမယ်။)
၁။ ဂျုံမှုန့်  = ၂၅၀ ဂရမ်

၂။ ထောပတ် = ၂၀၀ ဂရမ် (မုန့် မလုပ်ခင်ကတည်းက ရေခဲသေတ္တာထဲ ကထုတ်ထားပါ။
ထောပတ်ပျော့ဖို လိုပါတယ်။)

၃။ Almonds အမှုန့် = ၁၀၀ ဂရမ်
၎။ သကြား = ၇၀ ဂရမ်
၅။ ဆား အနည်းငယ်


၆။ Powder Sugar = ၁၀၀ ဂရမ်
၇။ Vanillin Sugar = ၂ ထုပ်( တစ်ထုပ် ကို ၈၀ ဂရမ်)



၁ ကနေ ၅ အထိပါတာတွေကို ရောပြီးနယ်ပါ။ အမှုန့် တွေအားလုံး သမပြီး
မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလတ်စတစ် Folia နဲ့ ထုတ်ပြီး
ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။

၆ နဲ့  ၇ မှာပါတာကိုရောထားပါ။


(၁)နာရီ အချိန်ပြည့်ရင် oven ကို 180°C အပူပေးထားပါ။

မုန့် သားကို နဲနဲစီခွဲ ပြီး လက်နဲ့ လှိမ့်ပါ။ အချောင်းလေးတွေရမယ်။
အဲ့ဒီအချောင်းလေးတွေကို နဲနဲကွေးပြီး ပုံဖေါ် လိုက်ပါ။

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင်ြ
ပီး
180°C နဲ့  10-12 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။
အေးရင် ၆ နဲ့ ၇ ရောထားတာ ကို ဖြူးပေးပါ။


Nusstaler ( 30 pic.)



၁။ ဂျုံ = ၂၅၀ ဂရမ်

၂။ Hazelnuts အမှုန့် = ၅၀ ဂရမ်
၃။ သကြား = ၁၀၀ ဂရမ်
၎။ ကြက်ဥ = ၁ လုံး

၅။ ကြက်ဥအကာ = ၁ လုံး
၆။ ထောပတ် (ပျော့) = ၁၂၀ ဂရမ်
၇။ ဆား အနည်းငယ်

၈။ Hazelnuts လေးစိပ်ကွဲ = ၁၀၀ ဂရမ်
၁ ကနေ ၇ အထိ ပါတာတွေကို ရောနယ်ပါ။ အမှုန့် တွေအားလုံး
သမပြီး
မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလတ်စတစ် Folia နဲ့ ထုတ်ပြီး ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။

(၁)နာရီ အချိန်ပြည့်ရင် oven ကို 180°C အပူပေးထားပါ။


လုံးပတ် ၃ - ၄ cm ခန့်  လှိမ့်ယူပါ။ ပြီးရင် ½ cm ခန့် ဖြတ်ပြီး
အ၀ိုင်းလေးတွေလုပ်ပါ။ နှစ်ဘက် စလုံးကို Hazelnuts အကြေများ
နဲ့ ဖိလူပေးပါ။


ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
180°C - 200°C နဲ့  10 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။



Cinnamon Star

၁။ ကြက်ဥအကာ = ၄ လုံး

၂။ Powder Suger = ၅၀၀ ဂရမ်
၃။ Cinnamon ( သစ်ကြပိုးမှုန့် ) = ၃၀ ဂရမ်
၎။ သံပုရာရည် = စားဇွန်း ၁ဇွန်းခွဲ
၅။ Almonds အမှုန့်  = ၅၅၀ ဂရမ်
၆။ ဆား အနည်းငယ် (တချို့ ကမထည့်ဘူး)

ကြက်ဥ အကာ ကို စက်နဲ့  လုံးဝ ခဲလာအောင်မွှေပါ။ ခွက်ကို မှောက်ကြည့်ရင်
အောက်ကို မကျနိုင်တော့တဲ့ အထိ မွှေပါ။


ကြက်ဥအကာခဲလာရင် Powder Suger ထည့် ပြီးထပ် မွှေပါ။ ကြက်ဥ သကြားအရော
ပြောင်လက် လာတဲ့အထိ စက်နဲ့ ထပ်မွှေပါ။
အဲ့ဒီထဲကမှ စားဇွန်း (၅)ဇွန်းလောက် ဖယ်ထားလိုက်ပါ။

(မုန့် ကျက်ရင် အပေါ်ကသုပ်ဖို့ ပါ။)

ပြီးရင် ၃ ကနေ ၆ အထိပါတာတွေ ထည့်ပြီးမွှေပေး ပြီး နှံ့ အောင်နယ်ပါ။
အမှုန့် တွေအားလုံး သမပြီး မုန့် သားချောလာတဲ့ အထိ နယ်ပါ။ ပလ
တ်စတစ် Folia နဲ့ 
ထုတ်ပြီး ရေခဲသေတ္တာ ထဲမှာ (၁)နာရီ ထားပါ။


ပြီးရင် 1cm ခန့် အထူရအောင် ဒလိမ့်တုန်းနဲ့ လှိမ့်ပါ။
ကြယ်ပုံလေးတွေရအောင် ပုံစံခွက်နဲ့ ဖိပြီး ပုံဖေါ်ယူပါ။ ဒါမှမဟုတ်လည်း
ဆနွင်းမကင်းပုံလေးတွေရအောင် ဓါးနဲ့ လှီးးယူပါ။

ထပ်ပြီးအအေးခံပါ။ ( ကျမတော့ မလုပ်ဘူး။)

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
130°C - 150°C နဲ့  20 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေ
းခံပါ။
ပြီရင် ဖယ်ထားတဲ့ သကြားရည် ကို သုပ်ပေးပါ။
(ကျမကတော့ ချိုလွန်းလို့  သိပ်မကြိုက်ဘူး)


Cocosmakrone

၁။ ကြက်ဥအကာ = ၃လုံး
၂။ Powder Suger = 200 gm
၃။ အုန်းသီးမှုန့်  = 150 gm

ကြက်ဥ အကာ ကို စက်နဲ့  လုံးဝ ခဲလာအောင်မွှေပါ။ ခွက်ကို မှေ
ာက်ကြည့်ရင်
အောက်ကို မကျနိုင်တော့တဲ့ အထိ မွှေပါ။

ကြက်ဥအကာခဲလာရင် Powder Suger ထည့် ပြီးထပ် မွှေပါ။ ကြက်ဥ သကြားအရော
ပြောင်လက် လာတဲ့အထိ စက်နဲ့ ထပ်မွှေပါ။


အုန်းသီးမှုန့် ထည့်ပြီးထပ်မွှေပါ။ ( အရမ်းကျဲနေရင် အုန်းသီးမှုန့် ထပ်ထ
ည့်ပါ။)
Oven ကို ကြိုပြီးအပူပေးထားပါ။
မုန့် ဖုတ်တဲ့ အပြားပေါ် ပြီးရင် Baking Paper ခင်း ပါ။
Oblate လေးတွေ ခပ်ခွာခွာခင်းပါ။ oblate ပေါ်မှာ အုန်းသီးအရောကို ဇွန်းနဲ့ ခပ်ပြီးတင်ပေးပါ။
170°C နဲ့  ၁၅ မိနစ်ခန့် ဖုတ်ပါ။ ပြီးရင် အအေးခံပါ။ အနည်းငယ်အေးလာရင် Baking Grid
ပေါ်တင်ပြီး အအေးခံပါ။

Cookies


၁။ ကြက်ဥ = ၃လုံး

၂။ သကြား = ၂၅၀ ဂရမ်
၃။ ဂျုံမှုန့် = ၅၀၀ ဂရမ်
၎။ ထောပတ် (ပျော့) = ၂၅၀ ဂရမ်

ကြက်ဥ၊ သကြား တို့ ကို ရောပြီး သကြားကြေပြီး ခရင်မ် ဖြစ်လာတဲ့အထိ မွှေပါ။
ထောပတ်ထဲ့ ပြီး ဆက်မွှေပါ။
ဂျုံမှုန့် ထဲ့ပြီး အားလုံးနှံ့ သွားအောင်မွှေပါ။ လက်နှင့် နယ်လည်းရပါတယ်။
ဇလုံထဲ ထဲ့ ပြီးရေခဲသေတ္တာထဲမှာ (၁)နာရီခန့်  ထားပါ။ ဇလုံပေါ်မှာ အ၀တ်အုပ်ထားပါ။

(၁)နာရီပြည့်ရင် မထူမပါး အပြားရအောင် ဒလိမ့်တုံးနဲ့  လှိမ့်ပါ။ လှိမ့်တဲ့ကခါ ဂျုံနဲနဲဖြူးပြီး
လှိမ့်ပါ။

ပုံစံခွက်လေတွေနဲ့  ဖိပြီးပုံဖေါ်ယူပါ။

ပြီးရင် Baking Paper ခင်းထားတဲ့ မုန့် ဖုတ်တဲ့ အပြားပေါ်တင် ပြီး
200°C နဲ့  10 မိနစ်ခန့် ဖုတ်ပါ။

အချိန်ပြည့်ရင် Oven ကထုတ်ပါ။ Baking Grid ပေါ်တင်ပြီး အအေးခံပါ။

Sunday 15 November 2009

Christmas cookies

ဒီတပတ် အိမ်မှာ တယောက်ထဲရှိတုန်း Weihnachtsgebäck
(Christmas cookies) လေးတွေ လုပ်ဖြစ်တယ်။ အဲ့ဒီ cookies လေး
တွေကို အရင်က ခရစ္စမတ်စ် မတိုင်ခင် ၄ပတ်လောက် အလိုမှာ လုပ်လေ့ရှိကြတယ်။
အခုတော့ နိုဝင်ဘာလ လောက်ထဲက ရောင်းနေကြတာတွေ့ ရတယ်။
တချို့ ကလည်းစောပြီးလုပ်ထားကြတယ်။
ကျမလည်း အရင်က ခရစ္စမတ်စ် ပွဲ အတွက်လာမှပြင်ဆင်လေ့မရှိပါဘူး။
မနှစ်က မှ စပြီး (Christmas cookies)တို့ ၊ Adventskranz
(Advent Wreath) တို့ စလုပ်ဖြစ်တာ။











































အိမ်နီးနားချင်း ကလည်း Advent အတွက်
မီးလုံးလေးတွေ ဆင်နေတယ်။
(သူမသိအောင်လှမ်းရိုက်ထားလို့ သိပ်မမြင်ရဘူး။)

Saturday 14 November 2009

Mein Bekenntnis zur Selbstachtung

Ich bin ich.

Auf der ganzen Welt gibt es niemanden,der genauso ist wie ich. Manche Menschen gleichen mir in einiger Hinsicht,doch niemand ist ganz genauso wie ich. Deshalb ist alles,was ich hervorbringe, völlig authentisch mein Eigenes,denn ich allein habe entschieden,Dass es so ist,wie es ist.

Alles an mir gehört mir; mein Körper und alles,was er tut; mein Geist und all seine Gedanken und Ideen; meine Augen und alle Bilder, die sie schauen; meine Gefühle,welche es auch sein mögen: Wut, Freude, Frustration, Liebe, Enttäuschung und Erregung; mein Mund; alle Worte, die er hervorbringt: höfliche, angenehme und harte,zutreffende und unzutreffende; alles was ich tue, ob es sich auf andere oder auf mich selbst bezieht.

Meine Phantasien, Träume, Hoffnungen und Ängst gehören mir.
Meine Siege und Erfolge gehören mir ebenso wie meine Misserfolge und Fehler.

Weil alles an mir mir gehört, kann ich mich mit allem völlig vertraut machen. Indem ich dies tue, bin ich liebevoll und freundlich allen meinen anteilen gegenüber und kann so mit meinem ganzen Sein zu meinem eigenen Besten wirken.

Mir ist klar, dass gewisse Aspekte meiner Existenz mich verwirren und dass ich andere gar nicht kenne. Doch solange ich freundlich und liebevoll mit mir selbst umgehe, kann ich mutig und hoffnungsvoll nach Lösungen für die Rätsel meiner Existenz suchen und nach Möglichkeiten, die mir helfen, mehr über mich selbst herauszufinden.

Wie auch immer ich aussehe und klinge, was auch immer ich sage und tue und alles, was ich in einem bestimmten Augenblick denke und fühle, all dies bin ich. Es ist authentisch und bringt zum Ausdruck, wo ich mich zum betreffenden Zeitpunkt befinde.

Wenn ich später überdenkt, wie ich ausgesehen und geklungen habe, was ich gesagt und getan habe und wie ich gedacht und gefühlt habe, so mag mir einiges vielleicht nachträglich als unpassend oder unangemessen erscheinen. Ich kann das, was ich als ungeeignet erkannt habe, fallenlassen, das Bewährte beibehalten und etwas Neues erfinden, das an die Stelle des Aufgegebenen tritt.

Ich kann sehen, hören, fühlen, sprechen und handeln. Ich bin in der Lage, zu überleben, anderen nahe zu sein, produktiv zu sein und die Welt der Menschen und Dinge um mich herum in einem sinnvollen und geordneten Zusammenhang zu erleben.

Ich gehört mir und kann mich deshalb auch selbst steuern. Ich bin ich und ich bin o.k.

ကျမ အရင်တုန်းက လုပ်ခဲ့တဲ့ အလုပ်ဟာ အရမ်းပင်ပန်းပြီး အလုပ်ရှင်ရဲ့  ဝေဖန်မှုတွေ က အတော်များပါတယ်။
ကျမက ဝေဖန်မခံရအောင်၊ အပြစ်မဖြစ်အောင် လုပ်လေလေ၊ ကျမ အဖို့  စိတ်ဖိစီးမှု များ လေလေပါပဲ။
အဲ့ ဒီတုန်းက ကျမနဲ့  လုပ်ဖေါ်ကိုင်ဖက် တဦးဖြစ်တဲ့  မော်နီကာ က ဒီစာလေး ကို ကျမ ဖတ်ဖို့  ပေးပါတယ်။
ရေးထားတာကတော့

ကျမဟာ ကျမပါပဲ။ ဒီကမ္ဘာပေါ်မှာ ကျမနဲ့  ထပ်တူ တူညီတဲ့သူဘယ်သူမှ မရှိဘူး။
ကျမ လုပ်သမျှ၊ ပြောသမျှ၊ တွေးသမျှ၊ ကောင်းမှု၊ဆိုးမှုတွေ အားလုံးဟာ ကျမ တယောက်
ထဲ ရဲ့  သီးသန့် ပုံစံပါ။ ကျမရဲ့  ပင်ကို စရိုက် အတိုင်း ကျမ လုပ်နိုင်တာတွေ၊ လုပ်ချင်တာတွေကို
ပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်မှာပါ။ ကျမရဲ့ ပင်ကို စရိုက်ကလွဲလို့  တခြားအရာတွေ ကျမ မသိပါဘူး။
အခက်အခဲတွေ တွေ့ ရင်လည်း ကျမ ရဲ့ ပင်ကို စရိုက်၊ အတွေးအခေါ်တွေနဲ့  အင်အားသစ်တွေ၊
နည်းလမ်းသစ်တွေရှာမှာပါ။ ကျမလုပ်ခဲ့တာတွေထဲမှာ ကျမကြိုက်တာရှိသလို၊ စိတ်တိုင်းမကျတာတွေလည်း
ရှိတာပါပဲ။
လောကကြီးမှာ ကျင်လည်နေတဲ့ ကျမ ၊ တွေ့ သမျှ၊ကြုံသမျှ အရာတွေကို ကျမရဲ့ သီးသန့် ပင်ကိုစရိုက်အတိုင်းပဲ
ကျမကိုယ်ကျမဦးဆောင်သွားမှာပါ။ ကျမဟာကျမပါပဲ။ ကျမအတွက်တော့ အဆင်ပြေပါတယ်။

ဒီစာလေးဖတ်ပြီး ကိုယ်လုပ်စရာရှိတာကို ရဲရဲဝံ့ဝံ့ လုပ်ရဲလာတယ်။ ငါ ပြောတာကို ၊ငါလုပ်တာကို ကြိုက်ပါ့မလား
ဆိုပြီး စိတ်တထင့်ထင့်နဲ့ လှုတ်ရှားနေရတဲ့  ဘ၀က ထွက်လာနိုင်ခဲ့တယ်။
စိတ်ဖိစီးမှုတွေ လျှော့သွားခဲ့တယ်။ ကိုယ်လုပ်ချင်တဲ့ အရာတွေကို အကြောင်းကြောင်း
ကြောင့်
ကိုယ့်ကိုကိုယ် ဘောင်ခပ်မထားပဲ ရဲရဲဝံ့ဝံ့ လုပ်နိုင် အောင် အမြဲတမ်း အားမွေးနေရတယ်။


Wednesday 11 November 2009

11.11.11Uhr

ဒီနေ့  ၁၁.၁၁.၀၉ (၁၁)နာရီမှာ Karneval ရာသီ စပြီ။

ဒီနေ့  ကနေ Aschermittwoch ( 17.02.2010) နေ့ အထိ Karneval ပွဲလေးတွေ

လုပ်ကြပါတယ်။ Karneval ပွဲတွေရဲ့ အရှိန်အမြင့်ဆုံး အချိန်ကတော့

Fastnachtswoche ( 11.02.2010) schmotzigen Donnerstag ကနေ

Aschermittwoch ( 17.02.2010) အထိပါ။ အဲ့ဒီအချိန်မှာတော့ ၀တ်စုံတွေဝတ်ပြီး

စီတန်းလမ်းလျှောက်ပွဲတွေ၊ အလှပြကားတွေ နဲ့  ပျော်ချင်တိုင်းပျော်ကြတဲ့ အချိန်ပေါ့။

ဒီနေ့ (၁၁.၁၁.၀၉)ကစပြီးတော့ Karneval အဖွဲ့ လေးတွေဟာ ၀တ်စုံတွေ ၊

အလှပြကားတွေ အတွက် စပြီးအလုပ်ရှုပ်ကြတာပေါ့။ ဒီနှစ် ဘယ်လို ၀တ်မယ်။

ဘယ်လို အစိုးရကို သရော်မယ်၊ ဘယ်လို သီချင်းတွေစပ်မယ်. T.V မှာ ဖျော်ဖြေရေး

အစီအစဉ်တွေအတွက်ပြင်ဆင်ကြ...စသည်ဖြင့်ပေါ့။


ကျမကတော့ ပွဲကြိုက်တဲ့သူဆိုတော့ Karneval ပွဲအချိန်ဆို ပျော်တာပေါ့။

Thomas ကဂျာမနီ မြောက်ပိုင်းကလာတာဆိုတော့ Karneval ကို စိတ်မ၀င်စားဘူး။

ဒါပေမဲ့ ကျမကိုတော့လိုက်ပြပေးပါတယ်။ အဲ့ဒီအချိန်က ဖေဖေါ်ဝါရီ လ ဆိုတော့

မှောင်နေရာက တဖြေးဖြေး လင်းလာတာရယ်၊ဆောင်းတွင်းကုန်စပြုလာလို့ 

အအေးပေါ့လာတာရယ်တွေကြောင့် ကျမအတွက်တော့ ပျော်စရာ အချိန်ပါပဲ။

အခုတော့ ဒီအချိန်ရောက်ဖို့ စောင့်ရအုံးမယ်။ ပထမဆုံး ဆောင်းတွင်းကို ရင်ဆိုင်ရအုံးမယ်။

အခုတောင် ညနေ ၅နာရီလောက်ဆို မှောင်နေပြီ။ အေးကလည်းအေး၊ မှောင်ကလည်းမှောင်၊

သစ်ပင်တွေကလည်း အရိုးပြိုင်းပြိုင်း......

ဩော်.... သဘာဝပဲလေ။ စောင့်ရမှာပေါ့....

Tuesday 10 November 2009

ဂျာမန် - အင်္ဂလိပ်


မိုးစက်ရေ ဂျာမန် နဲ့  အင်္ဂလိပ်စာ အကြောင်း သိချင်ရင် ဂျာမန် နိုင်ငံခြားရေး
ဝန်ကြီး အသစ်နဲ့ သူ့ ရဲ့  အင်္ဂလိပ်ဘာသာစကား ကို သာကြည့်ပေတော့။
http://www.youtube.com/watch?v=mAD3SaXwF34

http://www.youtube.com/watch?v=n4qnOJtvd7A

Monday 9 November 2009

ဆွတ်ဇာလန် ခရီး


ပြီးခဲ့တဲ့ အပတ်က ကျမတို့  ဆွစ်ဇာလန်နိုင်ငံကို ရောက်ဖြစ်ခဲ့ပါတယ်။
ဆွစ်ဇာလန်နိုင်ငံက ကျမတို့ နေတဲ့နေရာနဲ့ နီးပေမဲ့
အနီးအနားက ဂျာမန်စကားပြောတဲ့နေရာလောက်သ

မကြာခဏရောက်ဖြစ်ခဲ့ပါတယ်။ ဒီတခါတော့ Nyon
မှာရှိတဲ့ Thomas ရဲ့ သူငယ်ချင်းကဖိတ်ထားတာရယ်၊
Lausanne မှာရှိတဲ့ ကျမ
ရဲ့ သူငယ်ချင်းမိသားစုဆီ( Blog မှာသိတဲ့  သူငယ်ချင်းပေါ့)
ဝင်လည်ချင်တာရယ်ပေါင်းပြီးပြင်သစ် စကားပြော တဲ့ အပိုင်း ကို ခရီးထွက်ဖြစ်ခဲ့ပါတယ်။
ပြင်သစ်စကားပြောတဲ့ အပိုင်းကို ရထားဝင်တာနဲ့ 
ရထားပေါ်မှာ ကြေညာတာတွေက
လည်း ဂျာမန်လိုကနေ ပြင်သစ်လို ပြောင်းသွားတာကြားရတယ်။
Delemont ကို ရောက်တော့ လွန်ခဲ့တဲ့ ၉ နှစ်က Tropical
Institute Basel ကနေDelemont ဆေးရုံမှာ ကွင်းဆင်းခဲ့
ရတာ အမှတ်ရမိတယ်။

လမ်းတလျှောက်မှာတော့ သိပ်လှတဲ့ မြင်ကွင်းတွေ တွေ့ ရတယ်။
ရထားလမ်းတလျှောက်မှာရေကန် ကြီးရယ်၊ တောင်ထိပ်မှာ
နှင်းဖုံးနေတဲ့ တောင်တန်းတွေရယ်...သိပ်လှပါတယ်။
Nyon ရောက်တော့ ညနေ ၅ နာရီခွဲလောက်ရှိပါပြီ။
သူငယ်ချင်း Jögen နဲ့ သူ့ ရဲ့ အမွှာသ
ားနှစ်ယောက်က လာကြိုကြတယ်။ မြိုထဲမှာဟိုနားဒီနား
လျှောက်ကြတယ်။ ဟိုကြည့်ဒီကြည့်ပေါ့။
အပြန်လမ်းမှာ Coop မှာ ဈေးဝင်ဝယ်ကြတယ်။ အဲ့ဒီမှာ အစားအစာမျိုးစုံတွေ့  ရတယ်။
သူရှင်းပြတာက Nyon က Geneva နဲ့ နီးတော့ UN မြို့ လိုဖြစ်ပြီး
လူမျိုးစုံရှိကြတယ်တဲ့။ အဲ့ဒါကြောင့် ဒီမှာ တေယ်တေယ်များများ ၀ယ်လို့ ရတယ် ဆိုပဲ။
ကျမတို့ လည်း အဲ့ဒီညက အရသာရှိတဲ့ သီးစုံထမင်းကြော်စားကြတယ်။ တခါက
ကျမသင် ပေးထားတဲ့ အတိုင်း Jögen က ကြော်ကျွေးရှာတယ်။ အဲ့ဒီနောက်တော့
ကလေးတွေက TVရှေ့မှာ ကျမတို့ ကတော့ ဟိုအကြောင်း ဒီအကြောင်း ပြောကြတာပေါ့။
နောက်နေ့ ၁ နာရီ ၁၀ မိနစ်ရထားနဲ့  ကျမသူငယ်ချင်းရှိတဲ့ Lausanne ကို ထွက်ခဲ့ကြတယ်။
နာရီဝက်လောက်ကြာတော့ Lausanne ကိုရောက်တယ်။
ဓါတ်ပုံထဲမှာပဲတွေ့ ဖူးတဲ့ သူငယ်ချင်း လာကြိုနေတာကို ရထားပေါ်ကနေလှမ်း
တွေ့ လိုက်တယ
်။ ကျမတို့ တွေ့ ကြတော့ပျော်သွားကြတယ်။ Thomas ကလည်း
သူလက်ပူတိုက်သင်ထားတဲ့ မြန်မာစကားလေးနဲ့ နှုတ်ဆက်ရှာတယ်။
ကျမတို့ လည်းဓါတ်ရထားစီးပြီး သူငယ်ချင်းအိမ်ကို ချီတက်ကြတယ်။ မြို့ ထဲကို
ဖြတ်ရင်း မြို့ ကို ကြည
့်မိတယ်။ တောင်ကုန်းပေါ်ကနေ တဖြေးဖြေးနိမ့်ဆင်းလာတဲ့
မြို့ ၊ အိမ်တွေလမ်းတွေက နိမ့်လိုက်မြင့်လိုက်၊ အနိမ့်ဆုံးကြတော့ ရေကန်ကြီး၊
ကျမတို့ ရောက်တဲ့အချိန်က မိုးရွာနေလို့ ၊ နေသာတဲ့နေ့ ဆိုရင် အရမ်းလှမှာပဲ။
သူငယ်ချင်းအိမ်ရောက်တော့ မြန်မာအငွေ့ အသက်တွေ ခံစားရတယ်။ ပြီးခဲ့တဲ့
နေ့ က ဂျာမန် အိမ်မှာ၊ အခုတော့ မြန်မာအိမ်မှာ ၊ ခံစားရတဲ့ နွေးထွေးမှုတွေကွဲ
ပြားတာတွေ့ ရတယ်။ သူငယ်ချင်းရဲ့ သားနဲ့ သမီးက သိပ်လိမ္မာတယ်။
မြန်မာဆန်တဲ့ ရိုသေမှု၊ ဖေါ်ရွေမှု၊ နွေးထွေးမှုတွေ နဲ့ ပါ။ ဒီလိုနွေးထွေးတဲ့မိသားစု
မျိုး မတွေ့ ရတြာ
ကာပြီ။ Thomas ကတော့ မြန်မာ သားသမီးတွေဟာ၊ သူတို့ နိုင်ငံ
က သားသမီးတွေနဲ့ မတူပဲ နူးညံ့ပြီး မိဘ အပေါ် သိတတ်လိမ္မာကြတယ်တဲ့။ ဒီမှာတွေ့ 
နေကြမဟုတ်တဲ့ မိသားစုပုံစံလေးကို တွေ့ လိုက်ရတယ်။
သူငယ်ချင်းကဒန်ပေါက် ချက်ထားတယ်။ ကောင်းလိုက်တာ။ နှစ်ပန်းကန် တောင်စား
လိုက်တယ်။ Thomas ရောပဲ။ ခဏနေတော့ Thomas ကို ဘူတာ
ပြန်ပို့ ကြတယ်။ သူက နောက်နေ့ မှာ မြူးနစ်ကိုသွားရမှာဆိုတော့ ဂျာမနီကို ပြန်ရမှာ။
ဘူတာကအပြန် မိုးကလ
ည်းရွာနေတာနဲ့ မြို့ ထဲမလည်တော့ပဲ အိမ်ပဲပြန်ဖို့ ဆုံး
ဖြတ်လိုက်တယ်။ Europe မှာမြီု့ တွေက ခပ်ဆင်ဆငိတွေပါပဲ။ ကြုံတောင့်ကြုံခဲ
ရတဲ့ မြန်မာ အငွေ့ အသက်လေးတွေ၊ မြန်မာစကားသံတွေ၊ အားရပါးရပြောရတဲ့
မြန်မာစကား၊ မြန်မာတွေနဲ့ နေရတာက ပိုပြီးတန်ဖိုးရှိပါတယ်။ ကျမတို့ ည ၁၀
နာရီလောက်အထိ စကားတွေပြောကြတယ်။...ပျော်လိုက်တာ...အခုမှတွေ့ ကြ
ပေမဲ့ တကယ့်မိသားစုေ
တွလိုပါပဲ။
နောက်နေ့ မနက်စာစားပြီး အိမ်နားက
တောင်ကုန်းလေးဆီ သွားကြတယ်။
တောင်ကုန်းလေးက သစ်ပင်တန်းလေး
တွေထိုင်ခုံလေးတွေနဲ့အပန်းဖြေစရာ၊
လေညှင်းခံစရာ နေရာလေးပါ။ အဝေးကို
လှမ်းကြည့်လိုက်ရင် ရေကန်ကြီးကို
မြင်ရတယ်။ အခုရာသီမှာတော့ သစ်ပင်တွေက
အရွက်တွေ ၀ါတာက၀ါ၊ နီတာကနီ၊
ကြွေတာကကြွေ......
ဒီလိုနေရာမျိုးလေးတွေက ကျမတို့ လို တစိမ်းတွေကြားမှာ နေရသူတွေအတွက်တော့
အပန်းဖြေရုံသာမက ရင်ထဲကပြောချင်တာတွေ ဖွင့်ထုတ်လို့ ရတဲ့ ရင်ဖွင်ရာနေရာလေးလို့ 
လည်း ပြောနိုင်မလ
ားပဲ။ ကျမအိမ်နားက ပန်းခြံလေးမှာ လိုလေ။ အမြဲတမ်းအိမ်မှာနေတာ
ကြာလာရင် အဲ့ဒီလိုနေရာမျိုးလေးက ကျမအတွက်စိတ်ထွက်ပေါက်လေးတစ်ခုပါ။
သူတပါးတိုင်းပြည်မှာနေရတဲ့ ကျမ အတွက်တော့ တစ်ရက်လောက် မြန်မာစကားပြော၊
မြန်မာအစားစား ၊မြန်မာအငွေ့ အသက်လေးပြန်ရရင်ပဲ ခွန်အားသစ်တွေ ပြန်ရလာပြီး
တက်ကြွလာတယ်။ ဒီလိုနဲ့ ကျမလည်း အချိန်တန်တော့ အိမ်ပြန်လာခဲ့ ရတယ်။

Freiburg ကနေ ကျမနေတဲ့ မြို့ ကို စီးရမယ့်ရထားပေါ်မှာပေါ့။ ကျမထိုင်နေတဲ့
ထိုင်ခုံရဲ့ နောက်ခုံမှာ Asian အမျိုးသားတယောက်က ထိုင်ခုံအားပါသလားလို့ 
အင်္ဂလိပ်လိုမေးသံကြားလိုက်တယ်။ ဂျာမန် အမျိုးသမီးတယောက်က လူရှိကြောင်း
ဂျာမန်လိုပြောသံကြားတယ်။ Asian အမျိုးသား ကနားမလည်တော့ ၀င်ထိုင်ဖို့ ပြင် ရှာတယ်။
ဘေးခုံတွေမှာထိုင်နေတဲ့ အသက် ၂၀ အရွယ်၈ျာမန် လူငယ်တွေက Asian အမျိုးသား
ကို ၀ိုင်းဟားကြတယ်။ ကျမလည်း မနေနိုင်တာနဲ့ ကျမဘေးမှာလာထိုင်ဖို့ 
ခေါ်လိုက်ပါတယ်။ သူက Indonesia ကဖြစ်ပြီး ဂျာမနီကို ၁၆ ရက် Training လာတာဖြစ်ပြီး၊ အခုမှ လေဆိပ်ကရောက်တ
ာဖြစ်ကြောင်းပြောပြပါတယ်။
သူ့ ခင်မျာ ပင်ပန်းနေတာနဲ့ ကျမလည်း မမိုးတို့ ထဲ့ပေးလိုက်တဲ့ လိမ္မော်သီးလေး
စားဖို့ ပေးလိုက်ပါတယ်။ ဒီ အတွေ့ အကြုံလေးကြောင့် ဪ်ငါအခု ဂျာမနီမှာပါလားလို့ 
အသိပြန်ဝင်လာခဲ့ရတယ်....

ကျေးဇူးတင်ပါတယ် မမိုး၊ကိုဖြိုးနဲ့ ပိုးပိုး ရေ....နောင်တချိန်ပြန်ဆုံကြသေးတာပေါ့။
ဒီကြားထဲမှာတော့ Internet နဲ့ Phone ထဲမှာပဲ တွေ့ ကြတာပေါ့နော်။



Sunday 1 November 2009

အလိမ္မာဝတ်ရွတ်စဉ် (၂)

ကိုယ်ပေါင်းစိတ်ခွာ
ဆရာ လူမိုက်ဆိုရင် အဖေါ်မလုပ်နဲ့ ၊ မင်္ဂလသုတ်က ဆုံးမတယ်။
တပည့် မရှောင်နိုင်ရင် ဘယ့်နှယ်လုပ်ပါ့၊ စိတ်ရှုတ်စရာကောင်းလှတယ်။
ဆရာ ကိုယ်ပေါင်းစိတ်ခွာ၊ အလိုက်သင့်ပဲပေါ့။ အမိုက်ကျင့်မစွဲအောင် ရှောင်ရမယ်။
တပည့် ရှောင်ပါ့မယ်၊ရှောင်ပါ့မယ်။

အယုံမလွယ်
သူစိမ်းပြင်ပြင်တဖက်သားကို၊ အူယားဖားယားမခင်တွယ်။
စရိုက်ကျင့်ကြံ အကယ်ကောင်းမှ၊ အပေါင်းအသင်းလုပ်သင့်တယ်။
ကောင်းမကောင်းဆို အတူနေပေါင်းကြည့်။
ကောင်းမကောင်းဆို ကြာရှည်ပေါင်းကြည့်။
ကောင်းမကောင်းဆို သတိယှဉ်ပေါင်းကြည့်။
ကောင်းမကောင်းဆို ဥာဏ်ယှဉ်ပေါင်းကြည့်။
အကြောင်းသိလို့ ရေလယ်မယ်။
မရေလည်ခင်မယုံလိုက်နဲ့ ၊ အငိုက်မိမှာ စိုးလှတယ်။
သတိကွယ်၊သတိကွယ်။

အမှန်တစ်ခု
အမှန်တစ်ခု၊ အတုတစ်ထောင် အယောင်တစ်သိန်း၊ အဖိန်းတစ်သန်း၊
အဖြန်းတစ်ကုဋေ။

တရားစစ်နဲ့ တရားတု
တရားစစ်မှန် ကျင့်ကြံကြမှ၊ ချမ်းသာသုခရနိုင်မယ်။
တရားတုတွေ ကျင့်နေကြလို့ ၊ ဆင်းရဲဒုက္ခ ရောက်ရတယ်။
ယခုတဖန် အမှန်လမ်းသို့ ၊ အမြန်လှမ်းဖို့ ချိန်ခါကွယ်။
ဒါမှတိုင်းပြည် ဘာသာရေးကြောင့်၊သာယာအေးဆေး ရှိလိမ့်မယ်။ ရှိမယ်..ရှိမယ်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ကိုယ်လုံးလှ
နှုတ်ခမ်းနီ ပါးနီဆံနွယ်သလို့ ၊မျက်ခွံအလှ မိတ်ကပ်ခြယ်၊
ကိုယ်လုံးလှအောင် ဥာဏ်ဆင်ကြတော့၊ ကိုယ်လုံးလှဖြင့် မက်စဖွယ်၊
ကိုယ်လုံးမက်တာ တန်ဖိုးလားဟေ့၊ စဉ်းစားပါအေ့ လုံမငယ်၊
နှလုံးလှသာရှာမှရှားကွဲ့ ၊ ဥာဏ်ကြီးရှင်များ ကြည်ညိုတယ်။ မှတ်ကွယ်...မှတ်ကွယ်။

ကလေးအလိမ္မာ
ကလေးအရွယ် လိမ္မာနှင့်ပါမှ၊ ကြီးရင့်ကလိမ္မာမည်။
မလိမ္မာ ပြည်ထောင်စုကြလျှင်၊ ကောင်းမှုမတည်။
ကလေးတို့ နေပြည်၊ တည်စေဖို့ စိတ်စော၊
နံနက်မင်္ဂလာနှင့် နေ့ မကွာ ညဥ့်ပါသုံးလို့ ရယ် ပြုံးကြစေသော။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

အဆုံးအမခံ ပန်ကြားလွှာ
ကျွန်တော်ကျမတို့ အပြစ်အနာအဆာ
မြင်ရင်လည်းပြောပါ၊ကြားရင်လည်းပြောပါ၊ ယုံမှားရင်တောင်ပြောပါ။
အားမနာရပါ၊သနားကြင်နာလို့ သာ၊ ပြောသာပြောပါ။
ကုစားကြမှာ၊ ကုစားကြမှာ။ ယုံတော်မူပါ။
ကိုယ့်အပြစ်မြူမှုန် မြင့်မိုပုံရှုပါတဲ့ မောင်မယ်အလိမ္မာ။
ရွှေအိုးညွှန်တဲ့ဆရာ အဆူဆူ ဆုံဆည်းရလိုပါ။

ပဏ္ဍိတ်မျိုး
မေတ္တာကရုဏာ၊ ရှေးရှုကာဖြင့်
နာနာကျင်ကျင်၊ အပြစ်မြင်တိုင်း
သွန်သင်တတ်ရိုး၊ ပဏ္ဍိတ်မျိုးကို
ရွှေအိုးညွှန်ကြား၊ သူအလားသို့ 
ဝပ်တွားဆည်းကပ်၊ဆက်ဆံတတ်
များမြတ် အကျိုးတွေ။
(ချမ်းမြေ့ဆရာတော် အရှင်ဇနကာဘိဝံသ)

ဝိနည်း
စည်းကမ်းဆိုတာ သာသနာ့အသက်
စည်းကမ်းတည်မှ သာသနာတည်။
ဝိနည်းကျင့်ဝတ်၊ တပါးတတ်က၊ လူနတ်ဦးခိုက်ပူဇော်ထိုက်၏။
ဝိနည်းကျင့်ဝတ်၊ တပါးချွှတ်က၊ လူနတ်မကြိုက်၊ကဲ့ရဲ့ ထိုက်၏။

ဂုဏ်များရှင်
အလှူခံပုဂ္ဂိုလ်ထူး၊ လက်ဦးတဲ့မြတ်ဆရာ၊
ထက်ကောင်းကင် ဗြဟ္မာမျိုး၊ တိုးလို့ မှတ်ပါ။
ထိုသူဟာ ဘယ်မှာနေငြား၊
တခြားမောင် မရှာနဲ့ ၊ တခြားမယ်မရှာနဲ့ ၊
နောင်အခါ ပူဇော်ရမယ့်၊ မိဘနှစ်ပါး။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

သူမြတ်ဂုဏ်စဉ်
၁။ စိတ်ကာင်းရှိဖို့ က ပထမ
၂။ စည်းကမ်းရှိဖို့ က ဒုတိယ
၃။ ကျန်းမာဖို့ က တတိယ
၎။ သန့် ရှင်းဖို့ က စတုတ္ထ
၅။ အစားအသောက်တတ်ဖို့ က ပဉ္စမ
၆။ အ၀တ်အစားတတ်ဖို့ က ဆဋ္ဌမ
၇။ အနေအထိုင်တတ်ဖို့ က သတ္တမ
၈။ အသွားအလာတတ်ဖို့ က အဋ္ဌမ
၉။ စကားလိမ္မာဖို့ က န၀မ
၁၀။ စာတတ်ဖို့ က ဒသမ
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)

ဆုံးမရအခက်ဆုံးလူ
သူများကို ဘယ်လိုဆိုဆုံးမ
အဲ့ဒီလို ကိုယ့်ကိုပြန်ဆုံးမ။
ဆုံးမစရာ ကိုယ်သာ အလိုဆုံးပ
ဆုံးမခက် ကိုယ့်ထက်မရှိလှ။
(သြဋ္ဌာရိက သုခုမကျမ်းပြုဆရာကြီး ဦးအောင်ဒင် ကဗျာမှ ဆင့်ပွားနွယ်သစ်)

ကိုယ့်ကိုကိုယ်ဆုံးမခြင်း
၁။ နင်သူများ ဗိုလ်မကျနဲ့ ၊
၂။ နင် သူများ ဆရာမလုပ်နဲ့ ၊
၃။ နင် သူများခုတုံးမလုပ်နဲ့ 
၎။ နင် သူများမစပ်စုနဲ့ ၊
၅။ နင် ဂုဏ်မမက်နဲ့ ၊
၆။ နင်ဇီဇာမကြောင်နဲ့ ၊
၇။ နင် ရေသာမခိုနဲ့ ၊
၈။ နင် အချောင်မနှိုက်နဲ့ ၊
၉။ ဆိုးမှုကြီးငယ်မရွေး နင်ပြင်၊
၁၀။ ကောင်းမှုနည်းများမဆိုနင်စု။

ဒါမှလူလိမ္မာ
သူများတွေကို မထိပါးနဲ့ ၊ ကိုယ့်လိုစိတ်ထား ကိုယ်ချင်းစာ
ရွှေငွေဥစ္စာ ဆိုင်ရာများနော်၊ တရားသဖြင့် သန့် ရှင်းပါ
လူ့ စည်းစောင့်ကာ နေထိုင်တတ်လို့ ၊ရိုးသားဖြောင့်မတ်၊
တည်ကြည်ပါ။
ကိုယ့်ပမာဏ ကိုယ်သိကြ ငါးဝကျင့်သိက္ခာ။
အဖိုးတန်တဲ့ ဗမာ့ဝါဒ ဒါမှလူလိမ္မာ။
( ဒဂုံ ဦးထွန်းမြင့်)

လောကဓံပီးဆေး
လာဘ်တိတ် လာဘ်ရွှင် တပြန်စီလှည့်လို့ ၊ သံသရာထဲတ၀ဲလယ်၊
တုန်လှုတ်မယ်ဆိုဘယ်ခါဆုံးလိမ့်၊ နှလုံးရောဂါရပါ့မယ်၊
သင့်တင့်အောင်သာ နှလုံးသွင်းမှ၊ ဆိုးကောင်းကျော်နင်းလွတ်မြောက်မယ်။
အေးအေး ကြည်ကြည် မွေ့ မွေ့ ချောလို့ ၊ လောကဓံပီးတဲ့ ဆေးတမယ်။
သုံးကွယ်၊ သုံးကွယ်။
(မိတ်ရှား၊မိတ်ကြွယ်) (ကဲ့ရဲ့  ဂုဏ်တင်) (ဆင်းရဲချမ်းသာ) ဖြည့်ဆိုပါ။

သာသနာအမှိန်မဲ့ အလင်း

၁။ တရားနာသူ ကျို့ တို့ ကျဲတဲ သာသနာကြီးမှိန်ဖို့ ပဲ
၂။ နာတော့နာတယ် မသင်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၃။ သင်တော့သင်တယ် မဆောင်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၎။ ဆောင်တော့ဆောင်တယ် မကြံပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၅။ ကြံတော့ကြံတယ်မကျင့်ပြန်လည်း သာသနာကြီးမှိန်ဖို့ ပဲ
၆။ နာတယ် သင်တယ် ဆောင်တယ် သာသနာကြီးလင်းဖို့ ကွယ်
၇။ ကြံကြတယ် စည်ကြတယ် ပွင့်တော့မယ်၊ လင်းတော့မယ်။
၈။ မြိန်မြိန်ကျင့်ကြတော့ ထိန်ထိန်ပွင့်လှပေါ့။

ကံချင်းမတူ၍
၁။ သူ့ ကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ်အသက်ရှည်။
၂။ ညှင်းဆဲသူကား၊ အနာများ၊ အနားကျန်မာသည်။
၃။ ဒေါသမီးလျှံ၊ အကျည်းတန်၊ သည်းခံလှပသည်။
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာခြွေရံစည်။
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှပေါကြွယ်သည်။
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။
၇။ မမေးမမြန်း၊ ဥာဏ်မြက်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။
၈။ ဆိုးတာပြုက၊ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။
၉။ ဆိုးကောင်းနှစ်တန်၊ ကံစီမံ၊ခံစံကြရသည်။
(မဟာစည် ဆရာတော်)

လောကဓံ သံဝေဂ
၁။ ချမ်းသာသုခ၊ ပြည့်စုံကြလည်း၊ ဒုက္ခ နောက်ဆုံးပါတကား
၂။ ပွဲလည်ပြင်ပ၊ချီးမွမ်းကြလည်း၊ ရှုတ်ချ နောက်ဆုံးပါတကား
၃။ ခုံမင်ခယ၊ ပျော်ရွှင်ကြလည်း၊ သောက နောက်ဆုံးပါတကား
၎။ တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း လျှောကျ နောက်ဆုံးပါတကား
၅။ ဥစ္စာဆင်မြင်း၊ ပေါများခြင်းကား၊ယိုယွင်း နောက်ဆုံးပါတကား
၆။ နုနယ်ရုပ်ဆင်း၊ ပျိုမျစ်ခြင်းကား အိုမင်း နောက်ဆုံးပါတကား
၇။ ချစ်ခင်ပေါင်းသင်း၊ ဆက်ဆံခြင်းကား၊ ကွေကွင်း နောက်ဆုံးပါတကား
၈။ ဇီဝိန်တင်းလင်းသက်ရှင်ခြင်းကား၊ သေခြင်း နောက်ဆုံးပါတကား

ဒုစရိုက်နဲ့ သုစရိုက်
ဒုစရိုက် ၁၀ပါး
ကိုယ်အမှု ၃ ပါး
၁။ သတ်ဖြတ် ၂။ ခိုးတိုက် ၃။ ဖောက်ပြား
နှုတ်အမှု ၄ ပါး
၎။ လိမ်ညာ ၅။ ကုန်းချော ၆။ ကျိန်ဆဲ ၇။ အဖျင်းပြော
စိတ်အမှု ၃ ပါး
၈။ အပိုင်စီးလိုမှု ၉။ ချောက်တွန်းလိုမှု ၁၀။ အယူမှားမှု

သုစရိုက် ၁၀ပါး

ကိုယ်အမှု ၃ ပါး
၁။သတ်ဖြတ်ရှောင်၂။ ခိုးတိုက်ရှောင် ၃။ ဖောက်ပြားးရှောင်
နှုတ်အမှု၎ ပါး
၎။ လိမ်ညာရှောင် ၅။ ကုန်းချောရှောင် ၆။ ကျိန်ဆဲရှောင် ၇။ အဖျင်းပြောရှောင်
စိတ်အမှု ၃ ပါး
၈။ အပိုင်စီးလိုမှုရှောင် ၉။ ချောက်တွန်းလိုမှုရှောင် ၁၀။ အယူမှားမှုရှောင်