Saturday 27 November 2010

cookies ဖုတ်ကြတယ်။


အရင်နှစ်တွေကတော့ အိမ်မှာတစ်ယောက်ထဲ ပဲ Christmas cookies
တွေ ဖုတ်ဖြစ်ပါတယ်။ ဒီနှစ်တော့ ကိုThomas ကလည်း အိန္ဒိယ ၊ ဗုဒ္ဓဂါယာ
က တိပိဋက ရွတ်ပွဲကို သွားတယ်။ သူက ဟိုမှာ ၄ပတ်ကြာမှာဆိုတော့
ခရစ္စမတ်ပြီးမှပြန်ရောက်မယ်။ ဒီတော့တယောက်ထဲ မုန
့် တွေအများကြီး
နဲ့ မဖြစ်ပြန်ဘူး။ အဲ့ဒါနဲ့ ပဲဒီနှစ် အိမ်မှာ cookies တွေမလ
ုပ်တော့ပါဘူး။

ပြီးခဲ့တဲ့ အပတ်ကတော့ မိတ်ဆွေတယောက်အိမ်မှာ Christmas cookies
စုပြီးဖုတ်ကြမယ်လိုဆိုတာနဲ့ ဝါသနာအရ သွားလိုက်ပါတယ
်။
ကလေး၊လူကြီးစုစုပေါင်း ၇ ယောက်စုပြီး မုန့် တွေဖုတ်ဖို့ လ
ုပ်ကြပါတယ်။







ကလေးတွေကတော့ အဆင်သင့်ဖုတ်လို့ ရတဲ့ အထုပ်တွေကို သုံးပါတယ်။
ကျမတို့ လူကြီးအုပ်စုကတော့ မုန့် ဖုတ်စာအုပ် အကူအညီနဲ့  လက်စွမ်းပြကြ
ပါတယ်။ တက်ညီလက်ညီနဲ့ နေ့ ခင်း ၃နာရီကစလိုက်တာ
ည ၇နာရီမှပြီးပါတယ်။


စုပြီးလုပ်ကြတော့ စကားတပြောပြောနဲ့ အချိန်က ကုန်မှန်းတောင်မသိလိုက်ပါဘူး။
ဆေးကြောရှင်းလင်း စရာတွေလည်းခဏလေးနဲ့ ပဲပြီးသွားပါတယ်။
အပြန်ကြတော့ မုန့် လေးတွေခွဲဝေယူခဲ့ကြပါတယ်။
ပျော်စရာကောင်းတဲ့ နေ့ တနေ့ ပါ။

Wednesday 24 November 2010

SIXTH INTERNATIONAL TIPITAKA CHANTING CEREMONY

The Sixth International Tipitaka Chanting ceremony will be held
in Bodhgaya from December 2-12th 2010.

Senior monks and their followers from ten countries will come
together to chant from the Pali Tipitaka at the ancient Mahabodhi
Mahavihara temple in Bodhgaya, Bihar, India.

In 2010 the Sanghas of Laos and Bangladesh will organize
the event, bringing together an estimated 2000 monks from
the countries of Bangladesh, Cambodia, Laos, Indonesia, India,
Nepal, Myanmar, Thailand, Sri Lanka and Vietnam.

Travel information you can read here.

Sunday 21 November 2010

ကျမနဲ့ အရက်ယဉ်ကျေးမှု

ဂျာမနီမှာ ကြုံရတဲ့ သူတို့ ရဲ့ ယဉ်ကျေးမှုတခုပါ။ ဂျာမနီမှာ အရက်က
ပုံစံအမျိုးမျိုးနဲ့  နေရာတော်တော်များများမှာတွေ့ ရပါတယ်။
Beer, Wine, Sekt (Sparkling wine), Schnaps....စုံလို့ ပါပဲ။
အရက်ကို ထမင်းစားပွဲတွေ၊ ဧည့်ခံပွဲတွေ၊ မိတ်ဆုံစားပွဲတွေ၊ မွေးနေ့ ပွဲ
တွေ၊ ရိုးရာပွဲတော်တွေမှာ ပုံစံအမျိုမျိုးနဲ့ ဧည့်ခံလေ့ရှိပါတယ်။
ဝိုင်အသစ်ပေါ်ချိန်ပွဲတွေ၊ ၀ိုင်ပွဲတွေ၊ ဘီယာပွဲတွေတောင်ကျင်းပကြပါတယ်။

ဒါ့အပြင် ချောကလက်ထဲ၊ ကိတ်မုန့် ထဲ၊ သကြားလုံးထဲ၊ ဟင်းတွေထဲမှာလည်း
အရက်ကို အသုံးပြုကြပါတယ်။

ကျမတို့ အတွက်တော့ မအပ်စပ်တဲ့ ယဉ်ကျေးမှုလို့ ပြောရမှာပဲ။ အရက်နဲ့ှ
ဧည့်ခံကြရင်တော့ ယဉ်ကျေးစွာနဲ့ ငြင်းပယ်ရပါတယ်။ ကျမ အရက်မသောက်လို့ 
အချိုရည်တစ်ခုခုပေးပါဆိုရင် စီစဉ်ပေးပါတယ်။
တချို့ ကတော့ ဘာဖြစ်လို့ မသောက်တာလဲလို့ မေးကြပါတယ်။ ကျမ သီလစောင့်
ထားလို့ ပါ လို့ ဖြေရင်တော့ သူတို့ နားလည်မှာမဟုတ်ပါဘူး။ ကျမကတော့
ကျမသောက်လေ့မရှိလို့ မသောက်ပါလို့ ခပ်ပြတ်ပြတ်ငြင်းပါတယ်။
ရင်းနှီးတဲ့သူဆိုရင်တော့ ဘာသာရေးကြောင့်လို့ ပြောပြပါတယ်။

တချို့ ကတော့မသောက်ဘူးလို့ ငြင်းရင် အားနာဖို့ ကောင်းတယ်လို ဆိုပါတယ်။
မိမိယုံကြည်ချက်၊ခံယူချက် တစ်ခုကိုတော့ အားနာမှုကြောင့် မဖျက်စီးနိုင်ပါ။
သူတို့ ဘက်က ကြည့်တော့ သူတို့ ယဉ်ကျေးမှု ဆိုသလို ကျမတို့ ဘက်က
ကြည့်တော့လည်း ကျမတို့ ယဉ်ကျေးမှု ပေါ့။ နှစ်ဦးနှစ်ဘက် လေးစားကြရင်
ကျမရဲ့ ငြင်းဆိုမှုကိုလက်ခံနိုင်မှာပါ။

ကျမ အရက်ရဲ့ ဆိုးကျိုးတွေကိုလည်း သူတို့ နဲ့ မဆွေးနွေးပါဘူး။ အရက်
ကြောင့် ဒီမှာ လူငယ်တွေဘယ်လောက်ဒုက္ခရောက်နေကြတယ်ဆိုတာ
မြင်တွေ့ ကြားသိနေတာပါပဲ။

ကျမကိုယ်တွေ့ အရတော့မသောက်ဘူးလို့  ငြင်းရင်လက္ခံကြပါတယ်။
ကိတ်မုန့် ထဲမှာလည်း အရက်ပါမပါမေးပြီး ၀ယ်ပါတယ်။ ဧည့်သည် အဖြစ်
သွားတယ်ဆိုရင်လည်း သံသယရှိရင် မေးလိုက်တာပါပဲ။

သူတို့ ဘက်က ဘယ်လိုပဲထင်ထင် အဓိကကမိမိယုံကြည်ချက်မပျက်စေဖို့ ပါပဲ။

Saturday 13 November 2010

ဘက်စုံကျွမ်းကျင်သူ

ယခုခေတ်မှာနည်းပညာတွေ နေရာတိုင်း မှာတအားတိုးတက်လာပါတယ်။

တိုးတက်လာတဲ့နည်းပညာတွေနဲ့ အတူကျမတို့ ရဲ့ ဦနှောက် ကလည်း

လိုက်လျှောညီထွေတိုးတက်နေရပါတယ်။ ကျမ ဒီကို (ဂျာမနီကို)ရောက်

တော့ တော်တော်လေးလေ့လာရတယ်၊သင်ယူရတယ်။ မြန်မာပြည်မှာတုန်းက

မတွေ့ ဘူး၊မသုံးဘူးတာတွေ ကိုနည်းမျိုးစုံနဲ့ ကြိုးစားသင်ယူခဲ့ရတယ်။

(၁၀)နှစ်ကျော်လာတော့ တော်တော်လေးသိလာပြီပေါ့လေ။

ဒါပေမဲ့ဒီ(၁၀)နှစ်အတွင်းမှာပဲ သင်ခဲ့သိခဲ့တာတွေက ခေတ်မမီတော့ပြန်ဘူး။

ဆက်သင်နေရပြန်ရော။


အရင်က ရထားလက်မှတ်ဝယ်ရင် ဘူတာက ကောင်တာမှာသွားဝယ်ရုံပဲ။

ဘယ်လိုပြောဝယ်ရမယ်ဆိုတာ ကျမသင်ထားပြီပါပြီ။ ၀ယ်လည်းဝယ်တတ်နေပြီ။

အခုတော့ ဘာတဲ့ Fahrkartenautomat လက်မှတ်ရောင်းတဲ့စက်မှာဝယ်ရမယ်တဲ့။

တချို့ လက်မှတ်တွေက စက်မှာပဲဝယ်လို့ ရသလို၊ စက်မှာဝယ်ရင်ဈေးသက်သာ

ပြန်ရော။ အရင်တုန်းကရှိတဲ့ စက်တွေကသာမန် ရိုးရိုးစက်တွေပါ။ အခုနောက်ပိုင်း

စက်အသစ်တွေ လဲလိုက်တော့ ကျမလည်းစက်အသစ်ကို လေ့လာရတော့တာပေါ့။

အစပိုင်းတော့ ဟိုနှိပ်ဒီနှိပ်။ လိုချင်တာက မထွက်၊ မလိုချင်တာတွေထွက်လာ။

အနောက်မှာစောင့်နေတဲ့လူတွေက စိတ်မရှည်။ ကျမကနိုင်ငံခြားသားဆိုတော့

စာမှဖတ်တတ်ရဲ့ လားလို့ ထင်ချင်ထင်မှာ။ မတတ်နိုင်ပါဘူး။ ကိုယ်လိုချင်တာ

ရအောင်တော့ နှိပ်ရမှာပဲ။ စောင်ကြပစေ။ ကျမအလှည့်ရောက်အောင် လည်း

စောင့်ခဲ့ရတာပဲ။

တချို့ ဘူတာကြီးတွေမှာတော့ ပြပေးတဲ့ သူတွေရှိတယ်။ သူတို့ က ပြောရင်း

လုပ်သွားတော့ ဘာမှ မှတ်မိပြန်ဘူး။


နောက်ပိုင်းတော့ ဘူတာမှာရထားစောင့်နေတုန်း လက်မှတ်စက်တွေမှာလူရှင်းရင်

ဟိုနှိပ်၊ဒီနှိပ် နဲ့ ကိုယ်အမြဲဝယ်ရမယ့် လက်မှတ် ကိုအလွယ်တကူဝယ်လို့ ရအောင်

ကျင့်ရတာပေါ့။ နောက်တော့တဆင့်တက်ပြီး တခြားမြို့ တွေအတွက်လက်မှတ်ဝယ်

ရင်ဘယ်လိုနှိပ်ရမယ်။ အသွားအတွက်၊ အပြန်အတွက်၊ ထိုင်ခုံ အတွက်၊ Special offer

တွေ ဘယ်လိုရှာရမယ်....အခုတော့ ကျမတော်တော်လေးကျွမ်းကျင်သွားပါပြီ။

ရထားအချိန်စာရင်းတွေ၊ connection တွေကို စက်မှာတောင်မဟုတ်ပဲ Internet မှာ

တောင်ရှာတတ်နေပြီ။ဂျာမန်မီးရထားမှာတောင် လက်မှတ်ရောင်တဲ့အလုပ်

လုပ်ရင်ရလောက်ပြီ။


ရထားပေါ်မှာလည်းကြည့်အုံးမလား။ အရင်က ရထားပေါ်မှာ သူတို့ တွေက

စာအုပ်တွေဖတ်ကြတယ်။ အရင်က ကျမမှာ ခရီးသွားရင်စာမဖတ်တတ်ဘူး။

ဟိုကြည့်ဒီကြည့်၊ ဟိုတွေးဒီတွေးပေါ့။ နောက်တော့ကျမလည်း ခရီးသွားရင်

စာအုပ်လေးနဲ့ ။ စာဖတ်တာအကျင့်လေးရလာတယ်။ အခု တော့ခေတ်ကပြောင်း

နေပြီ။ စာအုပ်ခေတ်ကနေ MP3 တို့ ၊ Netbook , Laptop, Notbook , iPad ,

ebook တို့ ခေတ်ကိုပြောင်းလာတယ်။


Intercity အမြန်ရထားတွေပေါ်မှာ ဆို computer တွေကြီးပဲ။ ကျမတောင်

စာရေးရင် စာရွက်ပေါ်ရေးရာကနေ၊ Computer ပေါ်မှာရေးနေတာကြည့်။

ဒီတော့Computer နဲ့ ပတ်သက်လို့ နဲနဲပါးပါးသိသင့်တာသိရပြန်ရော။

Computer တွေနဲ့ အလုပ်လုပ်ရတာတော့ကောင်းပါရဲ့ ၊ ပြသနာက

Password အလုပ်မှာ Computer ဖွင့်ဖို့ုတောင် (၅)မျိုးလောက်မှတ်နေရတယ်။

အသက်ကရလာပြီဆိုတော့ တခါတလေမှားနှိပ်မိသေးတယ်။ ကျမလည်း

နံပတ်တွေ၊ Password တွေကို မှတ်ရင်း ဥာဏ်ကောင်းလာမလား။ ဒါမှမဟုတ်

မေ့တတ်တဲ့ရောဂါများ ဖြစ်တော့မလားပဲ။


အရင်ကကျမတို့ ခရီးသွားမယ်ဆိုရင် Travel Agent ဆီသွား၊ သူနဲ့ တိုင်မင်ပြီး

ခရီးစဉ်ဆွဲ၊ လေယာဉ်လက်မှတ်ဝယ်လေ့ရှိတယ်။ အခုတော့ Internet မှာ

ဟိုနှိပ်ဒီနှပ်နဲ့ တော်တော်လေးအလုပ်ဖြစ်သား။ ဈေးသက်သာတဲ့လေယာဉ်တွေ၊

ဟိုတယ်တွေ စိတ်ကြိုက်ရှာလို့ ရနေပြီ။ ခေါင်းတော့ကိုက်တာပေါ့လေ။မကြာခင်

ကျမတောင် Travel Agent ဖြစ်တော့မယ်။


ရန်ကုန်မှာတုန်းက ဘဏ်တွေဘာတွေနဲ့ မပတ်သက်ခဲ့ဘူး။ အကြောင်းမှမရှိတာ။

ဒီရောက်တော့ ပိုက်ဆံထုတ်တာ။ ငွေသွင်း၊ငွေလွှဲတာတွေ အတွက် ဘဏ်နဲ့ ပတ်

သက်ရပြန်ရော။ Thomas ကသင်ပေးပါတယ်။ မလုပ်တတ်တော့၇င်တော့

ကောင်တာ က ဘဏ်ဝန်ထမ်းတွေဆီသွားအကူအညီတောင်းရင် အဆင်ကိုပြေလို့ ။

အခုတော့ ဘဏ်တွေလည်းခေတ်မီလာပြီ။ စက်တွေနဲ့ ပေါ့။ ငွေထုတ်တာ၊ငွေလွှဲတာ။

စတာတွေကို စက်တွေမှာပဲလုပ်ရတော့တယ်။ ကောင်တာမှာ လုပ်ခိုင်းရင် ပိုက်ဆံ

ပေးရမှာ။ ကျမကတေ့ကိုယ့်အားကိုကိုးပေါ့။ ဒီတော့ ငွေတခါလွှဲရင်

စက်ရှေ့ကတော်တော်နဲ့ မခွာနိုင်ဘူး။ နံပတ်တွေများမှားရိုက်မလား၊ ငွေပမာဏ

များမှားရိုက်မလား.....စိုးရိမ်နေတာနဲ့ အပြန်ပြန်စစ်။ ကြာရင် အစိုးရိမ်လွန်ရောဂါ

များစွဲမလားထင်မိတယ်။ အခုဒါတောင်ခေတ်မမီတော့ဘူး။ အခုတခါ Online Banking

တဲ့။ အိမ်ကနေ အလုပ်ကိုဖြစ်လို့ ။ ကျမလည်း မကြာခင် ဘဏ်မှာ

သင်တန်းတက်စရာမလိုပဲ အလုပ်ဝင်လုပ်နိုင်တော့မှာ။။။


တလောက ကျမ အိမ်မှာအားကစားလုပ်ဖို့ အိမ်တွင်းစီးစက်ဘီးတစ်စီးဝယ်တယ်။

ဆိုင်ကရောင်းလိုက်တာက စက်ဘီးထဲ့ထားတဲ့ စက္ကူဘုံး တစ်ခု။ အိမ်မှာဖွင့်လိုက်

တော့ အပိုင်းအစတွေ။ စက်ဘီးဖြစ်အောင် ကိုယ်ဘာသာကိုပြန် ဆင်ရမှာတဲ့။

Thomas ကတောု့မလုပ်တတ်ဘူးတဲ့။ ဒီတော့ ကျမပဲ လက်စွမ်းပြရတာပေါ့။

Instruction စာရွက်ကြီးရှေ့ချ၊ ခေါင်းတကုတ်ကုတ်နဲ့ ဟိုတတ်၊ဒီတတ်၊ဟိုလှည့်၊

ဒီလှည် နဲ့ စက်ဘီးက တော်ပါသေးရဲ့ ပြီးသွားလို့ ။ အခုထိတော့ နင်းလို့ ရနေ

သေးတယ်။ကျမက ဈေးသက်သာတာကိုဝယ်တာကို။ အိမ်မှာလိုအပ်တဲ့ ပရိဘောဂ

တချို့ ဆိုလည်း အိမ်ရောက်မှ ကိုယ့်ဘာသာကို ပြန်ဆင်ရတာ။ အစတော့စိတ်ညစ်

မိတယ်။ နောက်တော့လည်း ကျွမ်းကျင်သွားတာပါပဲ။


နေရာတိုင်းမှာ စက်တွေ၊ခလုပ်တွေပဲ ကြီးစိုးနေတယ်။ အစကတော့ ခလုပ်တခုခု

မှားများနှိပ်မိရင် ဘာများဖြစ်မလဲလို့ စိုးရိမ်မိသေးတယ်။ အခုတော့ နဲနဲရိုးသွားပြီ။

မှားလည်း မှားပေါ့ မတတ်နိုင်ပါဘူး။

နည်းပညာတိုးတက်မှုတွေကြောင့်နေရာတိုင်းမှာ ကိုယ့်အားကိုယ်ကိုးနေရတယ်။

အလုပ်တွေမှာ လူအစားစက်တွေသုံးကြတယ်။ ၀န်ထမ်းတွေလျော့ကြတယ်။

အလုပ်လက်မဲ့တွေများလာတယ်။ အလုပ်ရှိတဲ့သူကြတော့လည်း လုပ်ရတဲ့ အလုပ်တွေက

ရှိသင့်တာထက်များလာတယ်။ ဒီတော့ စိတ်မရှည်ကြတော့ဘူး။

ဖေါက်သည်တွေအပေါ် အရင်လို စိတ်ရှည်လက်ရှည်ရှင်းမပြချင်တော့ဘူး။

နောက်မှာတန်းစီနေတဲ့ အလုပ်တွေပေါ် အာရုံရောက်နေတယ်။

ဒီတော့ တနေရာရာသွားပြီး၊ တခုခုလုပ်ရမယ်ဆိုရင် အိမ်မှာကတည်းက

Internet မှာကြိုကြည့်။ နားလည်အောင်ကြိုးစား။ နို့ မို့ ဆိုရင် စိတ်မရှည်တဲ့

ဝန်ထမ်းနဲ့ တိုးလို့ ဘာမှမသိဘဲ အမှားတွေဖြစ်ရော။

ဒီတော့တိုးတက်နေတဲ့ခေတ်ကြီးမှာ ကျမ ဘက်စုံကျွမ်းကျင်သူ ဖြစ်အောင်

ကြိုးစားနေရတယ်။ ဒါမှမဟုတ်ရင် ဘာမှဆက်လုပ်လို့ ရမှာမဟုတ်ဘူးလေ။

Saturday 6 November 2010

ဂျာမန် မနက်စာ ( German Breakfast)


တနေ့ က ကိုညီလင်းသစ်ရဲ့  မိသားစု မနက်စာ ဆိုတဲ့ Post လေးကိုဖတ်ပြီး
တော့ Thomas ကိုပြောဖြစ်သေးတယ်။ ကျမတို့ လည်း စနေတနင်္ဂနွေ တနေ့  နေ့ 
တော့ ဂျာမန် မနက်စာ စားရအောင်လို့ ... မနက်စာ ကိုကျမတို့ အတူတူမစားဖြစ်ကြဘူး။
ကျမက မနက်အစောကြီးအလုပ်ထသွား။ သူကအိပ်တုန်း။
စနေ၊တနင်္ဂနွေကြတော့ ကျမက မြန်မာလိုစားပြန်တော့... သူကလည်းဖြစ်သလိုပဲ
သေသေချာချာပြင်ဆင်ပြီးမစားဖြစ်ကြပါဘူး။
ဒီတပတ်တော့ ကျမတို့ မိတ်ဆွေ စုံတွဲက မနက်စာ စားဖို့ ဖိတ်လာတာနဲ့ ကျမ
ဆန္ဒလေးပြည့်သွားပါတယ်။
ကျမစားခဲ့ရတဲ့ ဂျာမန်မနက်စာမှာတော့ ပေါင်မုန့် (Brötchen)Brezel (Pretzel)
နဲ့ ကိတ်မုန့် အချိုမုန့် တွေကို ပြင်ဆင်ထားပါတယ်။ သူတို့ နဲ့ တွဲစားဖို့  ထောပတ်၊
ချိစ်အပြား၊ အသားပြား ( Salami) နဲ့ အီတလီက stangensalami တို့ အပြင်ကြက်ဥပြုပ်နဲ့ 
ယို Marmalade များလည်းပြင်ဆင်ထားပါတယ်။
သောက်စရာတွေကတော့ ကော်ဖီ၊ လက်ဖက်ရည်၊ အချိုရည်များပါပါတယ်။
နောက်ပြီး သစ်သီးများကိုခပ်သေးသေးလှီးပြီး ရိုးဂေါ့ နဲ့ ရောထားတာလည်း
ပါသေးတယ်။

စားပွဲပေါ်မှာ စားစရာတွေ အဆင်သင့်ဖြစ်တော့ အိမ်ရှင် အမျိုးသမီးက
သူတို့ ခရစ်ယာန်ဘာသာ က မင်္ဂလာရှိတဲ့ စာပိုဒ်တစ်ပိုဒ် ကိုဖတ်ပါတယ်။
ဘုရားကိုရှာတဲ့အခါမှာ အပြင်ဘက်မှာလျှောက်ရှာပေမဲ့ မိမိ ဆီမှာသာတွေ့ 
နိုင်ပါတယ်လို့  အဓိပ္ပါယ်ရပါတယ်။ ကျမတို့ ဗုဒ္ဓဘာသာအရတော့ တရားရှာ
ကိုယ်မှာတွေ့ လို့ ဆက်စပ်တွေးကြည့်မိပါသေးတယ်။

ကျမတို့ က နားထောင်ပြီး နောက်ပိုင်း တယောက်နဲ့ တယောက် လက်ချင်းတွဲ
ပြီး စားကောင်းကြပါစေလို့ ပြောကြပါတယ်။ ချစ်စရာ ဓလေ့လေးတခုပါ။
ဲပြီးတော့ ပျော်ပျော်ပါးပါး ဂျာမန်မနက်စာကို စားကြပါတယ်။
မစားဖြစ်တာကြာပြီဖြစ်တဲ့ ဂျာမန်မနက်စာကို ကျွေးသော မိတ်ဆွေစုံတွဲအား
ကျေးဇူးတင်ပါတယ်။
ီDanke für den netten Frühstückstisch....

Thursday 4 November 2010

ဟော်လန်ခရီး..

သူငယ်ချင်းတို့ နေရာ

ရထားတွေ




လျှောက်လည်ကြတုန်းက

အပြန်ခရီးမှာခဏနားကြတုန်းမှာ

dropjes


Haring


nagelkaas



သူငယ်ချင်းရဲ့ လက်ရာများ




ပြီးခဲ့တဲ့အပတ်က ဟော်လန်ကိုရောက်ခဲ့ပါတယ်။ သူငယ်ချင်းမိသားစုရှိတဲ့
Oostervoorde မြို့ လေးရှိရာကိုပါ။ ကျမတို့ နေတဲ့နေရာကနေ မနက် ၇နာရီ
၁၉မိနစ်ကရထားစစီးပြီး Oostervoorde ကို ညနေ ၁၈ နာရီ၁၅ မိနစ်မှာရောက်ပါတယ်။
သူငယ်ချင်းတို့ စုံတွဲက Rotterdam လာကြိုနေကြပါတယ်။ မတွေ့ တာကြာပြီဖြစ်တဲ့
သူငယ်ချင်း တို့ စုံတွဲကိုတွေ့ တော့ဝမ်းသာရပါတယ်။

အဲ့ဒီနေ့ က ကျမတော်တော်စိတ်လှုတ်ရှားနေတာပါ။ ကျမ ချစ်တဲ့ Holland ကိုမရောက်ဖြစ်တာ
တော်တော်ကြာခဲ့ပါပြီ။ ဂျာမန် နယ်စပ်ကိုဖြတ်ပြီးဟောလန်နိုင်ငံထဲဝင်လာတာနဲ့  ပြောင်းလဲ
သွားတဲ့ အိမ်ပုံစံတွေ ကိုသတိထားလာမိပါတယ်။ ဟောလန်မှာ ပြူတင်းပေါက်ကျယ်ကျယ်
နဲ့  အခန်းစီးတွေဘာတွေ ကာထားတာမရှိတဲ့ အိမ်တွေ ကိုကျမသိပ်ကြိုက်ပါတယ်။
ရထားတွေကလည်း အဖြူအနီ အရောင်တွေကနေ၊ အ၀ါ အပြာအရောင်တွေပြောင်းသွားတယ်။
ရထားပေါ်ကကြေညာတဲ့အသံကလည်း ဟော်လန်စကား...၊ တောင်ထူတဲ့နေရာမှာနေတဲ့
ကျမ ကမြေပြန့် တဲ့ ဟောလန်ရဲ့ မြင်ကွင်းကို သဘောကျပါတယ်။

ခရီးစကတဲက ဟောလန်မှာ ကျမ စားချင်တာတွေ၊လုပ်ချင်တာတွေကို Thomas အား ပြောထား
ပြီးသားပါ။ ရတဲ့ အချိန်တိုတိုအတွင်းမှာ ကျမစားချင်တာတွေ အားလုံးရဖို့ ကြိုးစားဖို့  သူ့ ခင်မျာ
လည်းစိတ်လှုတ်ရှားနေလေရဲ့ ။

ကျမတို့ Rotterdam ရောက်တော့ ကျမစားချင်တဲ့ Petatt (အာလူးချောင်းကြော်) ကိုသူ ၀ယ်
ကျွေးပါတယ်။ ဟော်လန်က Petatt met Majonese ကို ကျမတို့ နှစ်ယောက်စလုံး သိပ်ကြိုက်
ပါတယ်။ နောက်ပြီး ကျမသူငယ်ချင်းနဲ့ အတူ အာရှဆိုင်ကိုရောက်ပါတယ်။ ဟော်လန်က အာရှဆိုင်က
ကျမနေတဲ့ မြို့ လေးကဆိုင်ထက် အရမ်းကြီးပြီး ပစ္စည်းတွေလည်းစုံပါတယ်။
ဟော်လန်မှာကျမသွားချင်တဲ့နေရာထဲမှာ အာရှဆိုင်လည်းပါတာပေါ့။
သူငယ်ချင်းအိမ်ရောက်တော့ ဟော်လန်ပုံစံအိမ်လေးနဲ့ ဟောလန်လှေကားလေးကိုစတွေ့  ရပါတယ်။
သူငယ်ချင်းက အုန်းနို့ ခေါက်ဆွဲချက်ထားပါတယ်။ ကျမတို့ လည်း ဆာဆာနဲ့ 
တ၀စားလိုက်ကြပါတယ်။

နောက်တော့ Thomas ကဟော်တယ်ပြန်၊ ကျမက သူငယ်ချင်းအိမ်မှာ တည်းပါတယ်။
နောက်နေ့ ကတော့ Thomas ရဲ့ မွေးနေ့ ပါ။ မတွေ့ တာကြပြီဖြစ်တဲ့ ကျမယောင်းမ
က ကျမတို့ ကို လာတွေ့ ပါမယ်တဲ့။ ၀မ်းသာရသလို စိတ်လှုတ်ရှားမိပါတယ်။
အဲ့ဒီနေ့ မနက်က မိုးရွာတဲ့ကြားကပဲ ကျမသူငယ်ချင်းက မြို့ ဝန်းကျင်ကိုလိုက်ပြပေးပါတယ်။
နောက် ကျမနဲ့ Thomas စက်ဘီးလျှောက်စီးဖြစ်ကြပါတယ်။
ဟောလန်ရောက်ရင် Duinen မှာ စက်ဘီးစီးရတာကို ကျမတို့ ကြိုက်ကြပါတယ်။
အိမ်ရှင်သူငယ်ချင်းကလည်း Thomas မွေးနေ့ အတွက် အထူးချက်ပြုပ်စီမံထားပါတယ်။
ကျမတို့ ပျော်ပျော်ပါးပါးစားကောင်းလိုက်တာ။ တုံ့ ယမ်ဟင်းချို၊ ရှမ်းလိုချက်ထားတဲ့ ကြက်
သားဟင်း၊...ဗိုက်ကားသွားပါတယ်။ သူငယ်ချင်းရေ...ကျေးဇူးတင်ပါတယ်။
နေလည်စောင်းတော့ ကျမ၊ Thomas ရယ် ကျမသူငယ်ချင်းရယ် စက်ဘီးစီးပြီး
လျှောက်လည်ကြပါတယ်။ သိပ်လှတဲ့ကမ်းခြေကိုလည်းရောက်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ 
အဲ့ဒီအချိန်မှာ နေပူနေပါတယ်။ အလွန်ပျော်စရာကောင်းပါတယ်။

ညနေစောင်းတော့ Thomas မိတ်ဆွေ အိမ် ခဏသွားပါတယ်။ ဟောလန်လူမျိုးတွေရဲ့ 
ဖေါ်ရွေမှုကို ခံစားရပါတယ်။
ညစာကို သူငယ်ချင်းချက်ထားတဲ့ ဖွယ်ဖွယ်ရာရာဟင်းတွေနဲ့ တ၀စားပြီး စကားတောင်မပြောနိုင်ပဲ
အိပ်ပျော်သွားပါတယ်။

ပြန်မဲ့မနက်ကျတော့မနက်စာ ကျိုင်းတုံရှမ်းခေါက်ဆွဲ ကိုစားပြီး အပြန်ခရီးကိုစခဲ့ပါတယ်။

Utrecht ကိုရောက်တော့ Thomas ကသူဝယ်ချင်တဲ့ dropjes ကိုဝယ်၊ ကျမစားချင်တဲ့
Haring ဆိုင်ကိုပြေး၊ တထိုင်ထဲ စား၊ လမ်းစားဖို့ ပါ ပါဆယ်ထုပ်၊ မုန့် နှစ်နဲ့ ကြော်ထားတဲ့
ငါးကြော်ဝယ်။ ရထားစောင်းရင်းစား။ ကျမတို့ လွမ်းရတဲ့ nagelkaas (လေးညှင်းနဲ့ လုပ်ထား
တဲ့ချိစ်) ကို အပါဝယ်ရသေးတယ်။ Chocomel ကလည်း မ၀ယ်မဖြစ်ဝယ်ရသေး။
စာအုပ်ဆိုင်ကနေ ဟော်လန် ဟင်းချက်နည်းစာအုပ်လည်းဝယ်ခဲ့သေးတယ်။ သူငယ်ချင်း
ဆီမှာ အင်္ဂလိပ်လိုရေးထားတာတွေ့ ခဲ့တယ်။ ဒီမှာတော့ ဒတ်ခ်ျ လိုရေးထားတာပဲရှိလို့ 
ရှိတာပဲဝယ်ခဲ့ပါတယ်။ နောက်ဆုံးတော့ petatt ၀ယ်စားရင်းဘူတာမှာ ဟောလန်သားတွေကို
ငေးခဲ့ပါတယ်။

Köln ကိုရောက်တော့ ၁နာရီခွဲလောက် အချိန်ရတာနဲ့  ၀ယ်လာတဲ့ Haring စား၊Chocomel
သောက်၊ သူငယ်ချင်းထဲ့ပေးလိုက်တဲ့ cookies စားရင်း ဟိုငေးဒီငေး အချိန်ဖြုန်းလိုက်ပါတယ်။

ရတဲ့ရက်တိုတိုလေးပေမဲ့ ပျော်စရာကောင်းတဲ့ခရီးစဉ်လေးဖြစ်ခဲ့ပါတယ်။ ကျမတို့ ကို
လိုလေသင့်မရှိအောင် ချက်ပြုပ်ပြုစုပေးတဲ့ သူငယ်ချင်းစုံတွဲ ကို အထူးကျေးဇူးတင်ပါတယ်။
ကျမလုပ်ချင်တာ၊စားချင်တာတွေကို စီစဉ်ပေးတဲ့ Thomas ကိုလည်းကျေးဇူးတင်ပါတယ်။
ကျမအတွက် အမှတ်ရစရာတွေပြည့်နေမဲ့ အားလပ်ရက် လေးဖြစ်ပါတယ်။

Tuesday 2 November 2010

ဂျာမနီက Burn-out-Alarm

ဂျာမနီနိုင်ငံက စိတ်ကျန်းမာရေးဆိုင်ရာ ဆရာဝန်များတင်ပြထားတဲ့ ဆောင်းပါး
တပုဒ်ကိုဖတ်ပြီး ဒီ Post ကိုရေးဖြစ်တာပါ။ ဂျာမနီနဲ့  ဖွံ့ ဖြိုးပြီးစက်မှုနိုင်ငံ တွေမှာ
အဖြစ်များလာတဲ့ စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ ကိုဖြေရှင်းနိုင်ဖို့ နည်းလမ်းကို
တင်ပြထားပါတယ်။

ဂျာမနီမှာ စိတ်နဲ့ ပတ်သက်တဲ့ရောဂါတွေ၊ လူမှုရေးဆိုင်ရာ ပြသနာတွေ
တဖြေးဖြေးများလာတာ တွေ့ ရပါတယ်။ တနှစ်ကို ၃၀ ရာနှုန်းလောက်တက်
လာတာတွေ့ ရပါတယ်။ အများဆုံး တွေ့  ရတဲ့ ရောဂါတွေကတော Depression,
anxiety Disorder, Psychosomatic, addiction တို့ ဖြစ် ကြပါတယ်။ WHO ရဲ့ 
သုံးသပ်ချက်အရ ကမ္ဘာပေါ်မှာ၂၀၂၀ ခုနှစ်မှာ Depression ဟာ နှလုံးရောဂါ ပြီးရင်
ဒုတိယ အများဆုံးရောဂါ ဖြစ်လာပါမယ်လို့ ဆိုပါတယ်။ Heart Attack ကနေ
mind collapse အခြေအနေကိုရောက်လာပါလိမ့်မယ်။

ဒီလို စိတ်ပိုင်းဆိုင်ရာ ရောဂါ၊ ပြသနာတွေကြောင့် နိုင်ငံရဲ့ စီးပွားရေးထုတ်လုပ်မှု
အပိုင်းမှာကျဆင်းလာနိုင်သလို၊ ကုသမှုစရိတ်တွေ၊ နာမကျန်း ဖြစ်လို့ ထောက်ပံ့
မှုစရိတ်တွေ၊ အချိန်မတိုင်မီ ပင်စင်ပေးလိုက်ရတဲ့ စရိတ်တွေ တက်လာပါလိမ့်မယ်။
ဂျာမနီမှာ နာတာရှည်ရောဂါ တခုခုဖြစ်နေသူတွေအတွက် ကျန်းမာရေးအာမခံ
ကုမ္ပဏီများကတစ်နှစ်ခွဲ ကြာအောင်လစာရဲ့ ၉၀ ရာခိုင်နှုန်းခန့် ပေးထားပါတယ်။

Barmer Krankenkasse (ကျန်းမာရေး အာမခံ ကုမ္ပဏီ) ရဲ့ တင်ပြချက်အရ
၂၀၀၉ ခုနှစ်မှာ နေမကောင်းလို့  ခွင့်ယူတဲ့သူတွေထဲမှာ စိတ်မကျန်းမာလို့ ခွင့်
ယူကြသူတွေက ၁၇ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ စိတ်နဲ့ ပတ်သက်တဲ့ရောဂါ
တွေဟာ အသက်မပြည့် ခင်ပင်စင်စောစောပေးလိုက်ရတဲ့ အကြောင်းရင်း
တစ်ခုဖြစ်လာပါတယ်။ ၂၀၀၉ ခုမှာ အသက်မပြည့်ခင် ပင်စင် ယူကြတဲ့ အမျိုးသားတွေ
အားလုံးရဲ့  ၃၂ ရာနှုန်း ၊ အမျိုးသမီးတွေအားလုံးရဲ့  ၄၄ ရာနှုန်း ဟာ စိတ်နဲ့ ပတ်သက်တဲ့
ရောဂါတွေ ကြောင့်ပင်စင်ယူကြရသူတွေဖြစ်ပါတယ်။

အစိုးရရဲ့ စာရင်းအရ ၂၀၀၈ ခုမှာ စိတ်ကျန်းမာရေးအတွက် အသုံးပြုလိုက်ရတဲ့
ကုန်ကျမှု စရိတ်ဟာ ယူရို ၂၈.၇ မီလီယံ ဖြစ်ပါတယ်။ ၂၀၀၂ ခု စာရင်းနဲ့ ယှဉ်လိုက်ရင်
၂၃ ရာနှုန်း တက်လာတာ တွေ့ ရ ပါတယ်။
စိတ်ရောဂါ ဖြစ်ပွားမှုများလာပေမဲ့  စိတ်ပိုင်းဆိုင်ရာ ဆရာဝန်တွေ၊ကျွမ်းကျင်သူတွေ
ကနဲနေပါသေးတယ်။ လက်ရှိအခြေအနေမှာ စိတ်ပိုင်းဆိုင်ရာ ဆရာဝန်နဲ့ ကျွမ်းကျင်
သူတွေ ဟာ မိမိတို့ ကုသပေးနိုင်တဲ့ အရေအတွက်ထက် ၃ဆ ကနေ ၅အထိ
ပိုကြည့်ပေးနေရပါတယ်။

ဒီလို စိတ်မကျန်းမာသူတွေ များလာရတဲ့ အကြောင်းရင်းတွေကိုလည်း ဆက်ပြီး
ဆွေးနွေး ထားပါတယ်။ လက်ရှိလူ့ အဖွဲ့ အစည်းမှာ စိတ်ဖိစီးမှုတွေ နေရာတိုင်းမှာ
များလာပါတယ်။ တစ်ဦးချင်းစီမှာ စိတ်ဖိစီးမှုအမျိုးမျိုးရှိနေကြပါတယ်။ အလုပ်မှာ
မိမိလုပ်နိုင်တာထက်ပိုလုပ် နေကြရတယ်။ အလုပ်ရှင်တွေကအလုပ်သမားဦးရေ ကိုလျှော့ချပြီးချိုးခြံလာကြတာကို။
တိုးတက်နေတဲ့ အတတ်ပညာနည်းပညာတွေကို အမီလိုက်နေရတယ်။
ဒီလိုနဲ့ စိတ်ပင်ပန်း မှုတွေတဖြေးဖြေးများလာပြီး၊ ပြန်လည် အနားယူဖို့ အချိန်
မပေးနိုင်ကြဘူး။

တဖက်မှာတော့ လူတွေဟာ အချင်းချင်း ထိတွေ့ မှုနဲလာကြတယ်။ လူမှုရေးရာ
အပိုင်းတွေမှာ လျှော့နည်း၊အားနည်းလာကြတယ်။ မိသားစုတွေဟာ အချိန်ကြရင် တနေရာစီကိုခွဲထွက်သွားကြတယ်။ ပြိုကွဲနေတဲ့ အိမ်ထောင်ရေးတွေ များလာတယ်။
တခြား သူတွေအတွက်အချိန်မပြောနဲ့ ကိုယ့်အတွက်တောင် အချိန်မပေး
နိုင်ကြတော့ဘူး။ လူတွေဟာ ဒီလိုနဲ့ တဖြေးဖြေး အထီးကျန်ဆန်လာကြတယ်။
အလုပ်အကိုင်တွေအရ ဟိုပြေး၊ဒီပြေး၊ ဟိုပြောင်း ဒီပြောင်းနဲ့  မိမိရဲ့မိတ်ဆွေ
အသိုင်းအ၀ိုင်းနဲ့ တွေ့ ဆုံခင်မင်ခွင့် နဲလာတာတွေ့ ရပါတယ်။
Internet, email, Facebook တွေမှာပဲတွေ့ ကြ၊ပြောကြတာများနေပါတယ်။

နောက်အကြောင်းကတော့ လူတွေဟာ အပြင်ပန်း ရုပ်ဝတ္ထု တိုးတက်မှုတွေ
နောက်လိုက်နေကြပြီး မိမိရဲ့ အတွင်းစိတ်ငြိမ်းချမ်းမှုကို မေ့နေကြပါတယ်။
မန်နေဂျာတယောက်ရဲ့ ငွေဘယ်လောက်ရှာ နိုင်တဲ့ ဘယ်လို လုပ်ငန်းအောင်မြင်မှု
တွေရရှိတယ် ဆိုတာတွေနဲ့ သူ့ ရဲ့ အောင်မြင်မှုကိုတိုင်းတာပြီး တကယ်တမ်းသူ့ ရဲ့ 
အလုပ်မှာ စိတ်ချမ်းသာမှု ရှိမရှိကို မကြည့်ကြပါဘူး။
လူတွေဟာလိုချင်တာတွေများလာကြပြီး အဲ့ဒီလိုချင်မှုနောက်ကို လိုက်ကြပါတယ်။
လိုချင်မှုကြောင့် ပေးဆပ်လိုက်ရတဲ့စိတ်ဖိစီးမှုတွေကို လစ်လျူရှုထားကြပါတယ်။

ဒီအချက်တွေပေါ်မူတည်ပြီး စိတ်ပိုင်းဆိုင်ရာဆရာဝန်များရဲ့ ဆွေးနွေးချက်ကတော့
လူ့ အဖွဲ့  အစည်းရဲ့ လူနေမှုပုံစံကို ပြောင်းလဲပစ်ဖို့  လိုလာပြီလို့  ဆိုပါတယ်။
ဒီလိုပြောင်လဲလာဖို့ ဟာ လူတိုင်းမှာတာဝန်ရှိပါတယ်။ ဒီနေရာမှာ ကျမစဉ်းစားမိတာက
ကျမတို့ ငယ်ငယ်က သင်ကြား၊ မှတ်သားဖူးတဲ့ ရောင့်ရဲ တင်းတိမ် မင်္ဂလာဆိုတာပါ။
လူတိုင်းလူတိုင်း အစအစ အရာရာ မှာ ရောင့်ရဲ တင်းတိမ်နိုင်ကြမယ်ဆိုရင်...
စိတ်ချမ်းသာမှုကို ရကြမှာပါ။
Protect me from what I want....... Thomas တခါက ၀ယ်လာတဲ့ ပို့ စ်ကဒ်
က စာသားလေးပါ။
လောဘနဲ ပြီးတင်းတိမ်ရောင့်ရဲ နိုင်ဖို့  သတိပေးနေတဲ့စာတမ်းလေးပါ။

စိတ်ချမ်းသာစွာနဲ့  ကျန်းမာပျော်ရွှင်ကြပါစေ။