Wednesday 30 June 2010

လိုက်လုပ်ကြည့်ပါတယ်။

ကို Andy ရဲ့  Sausage Rolls လုပ်နည်းကိုဖတ်ပြီး ဒီနေ့ စမ်းလုပ်ကြည့်ပါတယ်။

အဆင်ပြေစွာနဲ့ ပြီးသွားပါတယ်။

အသားက Breadcrumb နဲ့ ဥနီ ကြက်သွန်တွေရောထားလို့ 

ခပ်စိုစိုလေးဖြစ်နေတာ အရသာရှိပါတယ်။ အပေါ်မှာတော့ Basil Seed ကိုဖြူးထားပါတယ်။

မြန်လည်းမြန်တာကြောင့် မကြာခဏ လုပ်ဖြစ်ပါလိမ့်မယ်။

ညနေ အိမ်ဦးနတ်ပြန်လာရင် အမောပြေပေါ့။ မျှဝေပေးတာကျေးဇူးတင်ပါတယ်။

ကျမ Sausage Rolls က ၂ယောက်စာကို တစ်ခုထဲလုပ်လိုက်တော့ ကြီးသွားပါတယ်။








Saturday 26 June 2010

ကျမ ယောက္ခမ...အမှတ်တရ


ကျမတို့ မိသားစုလေးအကြောင်းရေးပြီးတော့ကျမ ယောက္ခမ အကြောင်းဆိုပါတော့။
ကျမယောက္ခမကဟော်လန်နိုင်ငံသူပါ။ ကျမ ယောက္ခထီးကတော့ ဂျာမန်။ ဒုတိယ
ကမ္ဘာစစ်ဖြစ် တော့ အဖေက ဟော်လန်မှာ ဂျာမန်ရေတပ် ဗိုလ် အဖြစ်တာဝန်ကျရင်း
အမေနဲ့ တွေ့ ကြတာတဲ့။
အမေက သူ့ သားသမီး ၂ ယောက်ကိုသိပ်ချစ်တယ်။ အထူးသဖြင့် သားကိုပိုချစ်ပုံရတယ်။


Thomas မွေးကတည်းက ရိုက်ထားတဲ့ဓါတ်ပုံတွေ၊ စုထားတဲ့ အမှတ်တရတွေ တွေ့ ရတော့
သူ့ မေတ္တာကို လေးစားမိတယ်။ Thomas ရဲ့  ပထမဆုံး ဆံပင်၊ ပထမဆုံးကျိုးတဲ့သွား၊
ပထမဆုံး ရထား၊လေယာဉ်လက်မှတ်တွေကို
သူ့ ရဲ့ မိန်းမ အတွက်ဆိုပီး
သိမ်းထားတယ်။ ဟော်လန် နဲ့ ဂျာမနီ ကူးချီသန်းချီနဲ့  တနှစ်ကို အနဲဆုံး ဓါတ်ပုံစာအုပ် တစ်အုပ်နှုန်းပဲ။




သူ့ ကျေးဇူးကြောင့် Thomas ရဲ့ ငယ်ဘ၀လေးကို တွေ့ ခွင့်ရခဲ့တယ်။
ငယ်ငယ်ကဆွဲထားတဲ့ပန်းချီကားလေးတွေ မြင်ခွင့်ရခဲ့တယ်။
သိပ်ချစ်ဖို့ ကောင်းတဲ့မိသားစုလေးဘ၀ကို ခံစားခွင့်ရခဲ့တယ်။











Thomas က ကျမကို ဓါတ်ပုံထဲကနေရာလေးတွေ လိုက်ပြပေးတယ်။ အဲ့ဒီနေရာလေးတွေ
ရောက်တော့ အမေ့ဓါတ်ပုံလေးတွေနဲ့ ယှဉ်ကြည့်ရင်း ဟိုးတချိန်ကိုပြန်ရောက်သွားသလိုပါပဲ။










အမေ တကူးတက စုဆောင်းထားတဲ့ ဓါတ်ပုံ နဲ့ အမှတ်တရလေးတွေ
ကို ကျမ မကြာမကြာကြည့်မိတယ်။
သူ့ မြတ်နိုးတာလေးကို ကျမ လျစ်လျူမရှုထားပါဘူး။
အမေသိရင် သူဝမ်းသာမလားပဲ။


ဒါကတော့ Thomas ငယ်ငယ်ကကိုယ်တိုင်ရိုက်ထားတဲ့
ရှဥ့်လေးပါ။

Wednesday 23 June 2010

သူငယ်ချင်းဖတ်ဖို့ 

တနေ့ ကသူငယ်ချင်းတယောက်နဲ့ online ပေါ်မှာဆုံရင်း အတွေ့ အကြုံ
ခံစားသားချက်တွေဖလှယ်ဖြစ်ကြပါတယ်။
သူက ဒီကိုရောက်တာ သိပ်မကြာသေးတော့ နားမလည်နိုင်သေးတဲ့ အရာတွေ
ရှိသေးတာပေါ့။
ဒီကလူတွေကလည်း လူတွေပဲဟာ။ သူတို့ မှာ မနာလိုစိတ်၊ နှိမ်လိုစိတ်၊ အတ္တစိတ်
စတဲ့ မကောင်းတာတွေရှိသလို ကောင်းတဲ့ စိတ်ထားတွေလည်းရှိကြပါတယ်။

ဒီကလူတော်တော်များများဟာ ကျမတို့ လို အာရှ နိုင်ငံတွေကလူတွေကို
အထင်မကြီးကြပါဘူး။ ကျမတို့ နိုင်ငံတွေ အကြောင်းပြလေ့ရှိတဲ့ သတင်း
ကားတွေမှာလည်း အထင်ကြီးစရာ မပါအောင် ရိုက်ပြလေ့ရှိပါတယ်။
ဘယ်လောက်ဆင်းရဲကြောင်း၊ ခေတ်နောက်ကျကြောင်း စသဖြင့်
ဒုက္ခတွေသာများတာကို။

ကျမတို့ ကိုယ့်တိုင်းပြည်မှာဘယ်လိုနေ၊ဘယ်လိုထိုင်တယ်ဆိုတာ မမေးမြန်း
ပဲ။ ဆင်းရဲတဲ့သနားစရာသတ္တ၀ါလို တမ်းထင်ကြတယ်။ တချို့ ဆို
အင်္ကျီအဟောင်းလေးတွေတောင်ပေးလေ့ရှိတယ်။ ဒါစားဖူးလား၊
ဒါလုပ်ဖူးလား ဆိုတာကတမျိုး၊ သူတို့ စိတ်ထဲမှာ ဓလေ့စရိုက်ကွာခြားမှု
ကိုမေ့နေပြီး၊ သူတို့ ဓလေ့စရိုက် ကသာ တန်ဖိုးရှိတယ်လို့ ထင်နေကြတာပါ။
ကျမတို့ ဓလေ့အရ လက်နဲ့ စားတာကို သူတို့ ဓလေ့နဲ့ မတူတော့ ဓါး၊ခရင်း၊ဇွန်း
မရှိလို့ ပဲ လက်နဲ့ စားနေရရှာသလို၊ မသန့် ရှင်းသလို ...၊
ကျမတို့ ဓလေ့အရ ရိုသေကိုင်းရှိုင်းမှုကို တုံးလို့  အ လို့  လို ထင်ပြန်ရော။
တခါကတော့ ရှင့်ယောင်္ကျားက ရှင့်ကိုဝယ်လာတာလားတဲ့...မေးပုံကလေ။

သူတို့  ကတော့ လူမျိုးကြီး ချမ်းသာတဲနိုင်ငံကဆိုတဲ့ ကိုယ့်ကိုကိုယ်
အထင်ကြီးမှုတွေရှိနေတာလို့ ကျမတော့မြင်တာပါပဲ။

အလုပ်တခုခုကို သူတိုပဲလုပ်တတ်သလို၊ ကျမတို့ ကြိုးစား
လုပ်ရင်ပဲ မဖြစ်နိုင်သလို အထင်သေးမှုတွေ ကြုံတွေဖူးပါတယ်။
ကျမ ဒီမှာကျောင်းတက်တော့ အသိတယောက်က တကူးတက
စာရေးပြီး ဒီလောက်ခက်ခဲတဲ့အလုပ်ကိုဆက်မလုပ်ပဲ၊ အိမ် (ကျမတိုင်းပြည်)
ကိုပြန်သင့်ကြောင်း ပြောပါတယ်။ ကျမစာမေးပွဲအောင်တော့
ဘယ်အဆင့်ကအောင်ပါတယ်ဆိုတာကို ပို့ စကဒ် လှလှလေးဝယ်ပြီး
သတင်းပေးလိုက်ပါတယ်။ အဲ့ဒီထဲက သူနဲ့ အဆက်အသွယ်မရှိတော့ပါ။

ကျမ အလုပ်လုပ်တော့လည်း လုပ်နိုင်ပါ့မလား။ ပင်ပန်းလိုက်တာ စသဖြင့်
အားမရှိစရာစကားတွေနဲ့ ပြောလာကြပြန်တယ်။ အလုပ်ကဘယ်တော့
ထွက်မှာလဲလို့ ဖွင့်မေးတဲ့သူတွေတောင်ရှိပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ်၊
ဘယ်မှာပဲဖြစ်ဖြစ် တကယ်လုပ်ရင် တကယ်ပင်ပန်းပါတယ်။ သူတို့ အလုပ်တွေ
လည်းစိတ်ပင်ပန်းမှု၊လူပင်ပန်းမှု ရှိကြမှာပါပဲ။
တခါက ရန်ကုန်မှာ၃လလောက်နေပြီးပြန်လာတဲ့ကျမကို လမ်းမှာမိတ်ဆွေ
တယောက်က ဘာလို့ နင်ပြန်လာတာလဲ၊ ဒီမှာနင့်အလုပ်မှမရှိတာတဲ့။
အဲ့ဒီအချိန်မှာကျမက အလုပ်အသစ်ရနေပြီလို့ ပြောတော့ မျက်နှာပျက်သွားတယ်။
ကိုယ့်ယောင်္ကျားရှိ တဲ့နေရာဟာကျမအိမ်ပဲလိုထပ်ပြောတော့
နှုတ်တောင်မဆက်နိုင်ပဲထွက်သွားတဲ့လူမျိုးလည်းတွေ့ ဖူးခဲ့ပါတယ်။

ကျမတို့ လင်မယား ကြားဟိုပြောဒီပြောတွေလည်းရှိတာပဲ။ ကျမကို
နင်ဘယ်တော့မြန်မာပြည်ပြန်မှာလဲ။ ဘယ်တော့ အိမ်ခွဲဆင်းမှာလဲ
လို့ တကူးတကမေးတဲ့သူတွေလည်းကြုံတာပါပဲ။ ကျမယောင်္ကျားကို
ပြုစုပေးဖို့ မလိုကြောင်း၊ တာဝန်မရှိကြောင်းစတာတွေပြောပြီး
သွေးထိုးတာတွေလည်းကြားခဲ့ရဖူးပါတယ်။

အဲ့ဒီလို မကောင်းပြောကြတဲ့သူတွေဟာ သူတို့ ရဲ့ အိမ်ထောင်ရေး၊
အလုပ်အကိုင်တွေမှာ အောင်မြင်မှုမရသူတွေဖြစ်ပါတယ်။ သူတိုလို ပဲ
တဘက်သားဒုက္ခရောက်တာမြင်ချင်သူတွေသာဖြစ်ပါတယ်။
တယောက်နဲ့ တယောက် အခြေအနေ၊ သဘာဝချင်းမတူနိုင်ဘူးဆိုတာ
မေ့နေကြသူတွေဖြစ်ပါတယ်။
ဒီမှာတခုကောင်းတာက သူတို့ က ကွယ်ရာမှာ အတင်းမပြောဘူး။
စကားနှိုက်ပြီး နောက်ကြောက ဓါးနဲ့ မထိုးတတ်ဘူး။ မဟုတ်တာတွေ
ဇာတ်လမ်းစဉ်ပြီး မပြောတတ်ဘူး။ မိမိကို ကိုယ်တိုင်ဖွင့်ပြောတယ်။
ကိုယ့်ရှေ့မှာပဲ ဝေဖန်တယ်။

သူငယ်ချင်ရေ အဲ့ဒီသူတွေနဲ့ ကြုံတွေ့ ခဲ့ရင် ဘာပြောပြော နားမ၀င်လေနဲ့ ။
ကိုယ့်အကြာင်းနဲ့ ကိုယ်၊ မိမိမှန်တယ်ထင်တာကို မိမိအားကိုးရတဲ့သူနဲ့ 
့(မိမိအိမ်ထောင်ဖက်နဲ့ )တိုင်ပင်လုပ်ပါ။ ကျမသာ အဲ့ဒီတုန်းက
နားရောင်ခဲ့လို့ လိုက်လုပ်မိရင် အခုအချိန်ကျမဘာဖြစ်နေမှာလဲ.....
စဉ်းစားမိတာပါ။

မကောင်းတာတွေပဲပြောလို့ စိတ်ညစ်မသွားပါနဲ့ သူငယ်ချင်းရယ်။
ဒီမှာ ကောင်းတဲ့လူတွေလည်းရှိပါတယ်။ မိမိရဲ့ လုပ်ဆောင်မှုကို
သူတို့ အသိအမှတ်ပြုတာတွေလည်းကြုံရပါတယ်။

အဓိက ကတော့ မိမိအရည်အသွေးကို အတတ်နိုင်ဆုံးမြှင့်တင်
နိုင်အောင်ကြိုးစားရမှာပါ။ သူတို့ ထက်မသာရင်တောင် တန်းတူ
လိုက်နိုင်အောင်ကြိုးစားရမှာပါသူငယ်ချင်း။ ကြိုးစားနေစဉ်မှာ
ကြုံတွေ့ ရမဲ့ အခက်အခဲ၊ ဘေးစကားတွေကို အတတ်နိုင်ဆုံး
လျစ်လျူရှုပြီး မိမိ ပန်းတိုင်ကို ရောက်အောင်သွားပါသူငယ်ချင်း။
လောကဓံ တရားဆိုတာရှိသားပဲ။ မမေ့နဲ့ နော်သူငယ်ချင်း။

Saturday 19 June 2010

ဒီနေ့ 

ဒီနေ့ မနက် ၆ နာရီခွဲ လောက်အထိ အိပ်လိုက်တယ်။ မနက်စာကိုတော့ မနေ့ ကကျန်တဲ့
မုန့် ဟင်းခါး ပြန်နွေးစားလိုက်ပါတယ်။ နေ့ လည်စာကိုတော့ အချိန်ပေးပြီးပြင်ဆင်လိုက်ပါတယ်။ ပိန်းဥဆီပြန်လေးချက်တယ်။ ချဉ်ပေါင်( Sauerampfer) နဲ့ မျှစ်လေးရောပြီး
အရည်ပြစ်ပြစ်လေးချက်ပါတယ်။ ငပိဖျော်လေးနဲ့ တို့ စရာ လေးတွေပြင်ပါတယ်။
အချိုပွဲကိုတော့ မုန့် ကြာစေ့ကို အုန်းနို့ လေးနဲ့ ကြို ။


ဒီနေ့ တော့ အရာသာရှိတဲ့ နေ့ လည်စာလေးကို အားရပါးရ ၂ ပန်းကန်တောင်စားလိုက်တယ်။
ထမင်းစားပြီးနေ့ လည်ပိုင်းတဒ်ရေးလောက်တောင် အိပ်လိုက်သေးတယ်။
တစ်နာရီခွဲလောက်ကြာတယ်။ အခုတော့ အားပြည့်ပြီး လန်းဆန်းသွားတယ်။

ညနေကြတော့ အင်ဒိုနီးရှားကသူငယ်ချင်း တွေနဲ့  ထိုင်းဆိုင်မှာ သွားထိုင်လိုက်တာ ည ၁၁ နာရီမှ
အိမ်ပြန်ရောက်တယ်။

Friday 18 June 2010

Mohinga ( မုန့် ဟင်းခါး)

သူငယ်ချင်းများအတွက် မုန့် ဟင်းခါးချက်ထားပါတယ်။

Monhinga ist in Myanmar das traditionelle Gericht. Das ist eine
Fischsuppe mit Zitronengras, Ingwer, Fischsauce Knoblauch,
Kurkuma und Banannensprossen abgeschmeckt, zusammen mit
dünnen Reisnudeln. In Myanmar kann man es überall und
immer bekommen.

In Myanmar essen wir es den ganzen Tag, vom Frühstück bis zum Abendessen.
Fischsuppe zum Frühstück ist unvorstellbar für die Ausländer.
Aber wir essen es gerne morgens früh mit heißer Reisnudelnsuppe
und dem Geruch von Fisch.

Für 4-6 Personen brauchen wir:
250 - 300 g Lachsfilet oder Wels oder Catfish
1 TL Kurkuma
2 Stengel Zitronengras
3 EL Erdnüsse, geschält und geröstet oder 3 EL Kichererbsenmehl
3 EL weißen Longkornreis oder geröstetes Reispulver
2 EL Pflanzenöl
1 Zwiebeln,gehackt
5-6 Schalotten,
3 Knoblauchzehe,zerdrückt
5 cm Ingwerwurzel, geschält und fein gehackt
1 TL Chilli Pulver
2-3 EL Fischsauce
Salz und Pfeffer
900 ml Wasser
250 g Reisnudeln

Zum servieren:
2 hartgekochte Eier in kleinen Schreiben
Korianderblätter, gehackt
Frühlingszwiebeln,fein gehackt
Fischsauce
geröstetes Chillipulver
Knoblauchöl
Zitronensaft

Das Fischfilet mit Kurkuma und Salz vermischen, ins Fischfilet reiben und 30 Min. stehen lassen.
Das Fischfilet mit etwas (100 ml) Wasser, Kurkuma Pulver kochen lassen bis der Fisch gar ist.
Abkühlen lassen, und den Fisch mit der Gabel zerkleinern. Bitte die Gräten wegwerfen.


Das Zitronengras mit der Seite eines Nudelholz zerstoßen, damit sich das Aroma entfaltet und in kleine schneiden.

Die gerösteten Erdnüsse in einer Küchenmaschine oder einem Mörser fein zerstoßen

Eine trockene Bratpfanne erhitzen, den Reis goldbraun rösten und dann in einer Küchenmaschine oder einem Mörser fein zerstoßen

Das Öl in der Pfanne erhitzen. Die Hitze reduzieren, die zerdrückte Knoblauchzehe weich dünsten, danach die gehackten Zwiebeln zugeben und weich dünsten, Chilli Pulver, Zitronengras, Ingwer zugeben ca. 3 Min anbraten.

Zerkleinertes Fischfilet zugeben und weiter anbraten.

Die zerstoßenen Erdnüsse und den gemahlenen Reis mischen und in den Topf geben. 10 Min. köcheln lassen. Die gebratene Fischmischung, das Wasser, Schalotten und die Fischsauce zugeben und zum kochen bringen. Ab und zu rühren.... noch 15 Min. köcheln lassen. Gemahlenen Pfeffer zugeben. Jetzt haben wir Fischsuppe.... Abschmecken....

Für die Nudeln: Einen Topf mit Wasser zum kochen bringen und die Reisnudeln gar kochen.
(bitte schauen Sie für die Zubereitung auf die Verpackung der Nudeln.). Abgießen und mit kaltem Wasser abschrecken, dann abtropfen lassen.

servieren:
Die Nudeln auf die Suppenschüsseln aufteilen.
Die Fischsuppe über die Nudeln gießen und mit hartgekochten Eier, Korianderblättern oder Frühlingszwiebeln, Knoblauchöl, Fischsauce, Chillipulver und Zitronensaft nach Geschmack servieren.

စူးနွယ်အတွက် ပဲမှုန့် မပါပဲချက်ထားတဲ့
မုန့် ဟင်းခါးပါ။
ငါးဖယ်လုံးလေးတွေနဲ့ ချက်ထားတာပါ။

Wednesday 16 June 2010

ဟိုရောက်ဒီရောက်...

ရန်ကုန်ကပြန်ရောက်ကတည်းက ဒီမှာပြန်ပြီးနေသားမကျချင်ဘူး။
စိတ်ထဲမှာ မပျော်ဘူး။ အတွေးတွေထဲမှာ ဟိုရောက်၊ဒီရောက်နဲ့ ...။
သိပ်ကြိုက်တဲ့ ဘော်လုံးပွဲလည်း သေသေချာချာမကြည့်ဖြစ်ဘူး။
မြန်မာပြည်ကိုလွမ်းနေတာနဲ့ တူပါရဲ့ ။

တခုခုကို ကြောက်နေသလို၊ လွမ်းနေသလိုလိုနဲ့  မပျော်ဘူး။

ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေက အနားကမြို့ မှာလုပ်တဲ့ ထိုင်းပွဲကိုရောက်တယ်။
စားစရာတွေစုံတယ်။ မြန်မာသူငယ်ချင်းတွေသာပါရင်....ပိုကောင်းမှာနော်။

ရာသီဦးတုကလည်း နွေသာဆိုတယ်၊ မနက်ပိုင်းဆိုအေး၊ နေ့ ခင်းဆိုနဲနဲနေသာသေးတယ်။
မိုးကရွာ၊ လေကတိုက်။.....
တော်ပါသေးရဲ့ နေကတော်တော်နဲ့ မ၀င်လို့ ။

သူငယ်ချင်းတွေရဲ့  Blog တွေလည်း သိပ်မလည်ဖြစ်ပေမဲ့ စိတ်ထဲမှာတော့ သတိရနေပါတယ်။

တဖြေးဖြေးနဲ့ အင်အားတွေပြန်လည်စုစည်းပြီး နေ့ သစ်တွေအတွက် အားမွေးရမယ်။

စနေ၊တနင်္ဂနွေ ကျရင်တော့ တယောက်ထဲ အေးအေးဆေးဆေး အနားယူလိုက်မယ်။

Tuesday 8 June 2010

ကျမတို့ မိသားစုလေး

ငယ်ငယ်တုန်းကပါ။ မှတ်မိပါသေးတယ်။ ဒေါ်ရင်ဝိုင်းကျောင်းကို အဖေဆိုတဲ့သူ
အမေနဲ့ ပါလာတဲ့နေ့ ကိုပါ။ ဗလတောင့်တောင့်၊ပုဆိုးကို တိုတိုဝတ်တဲ့ လူကြီးက
ကျမဖေဖေတဲ့။ ကျမက ခပ်စိမ်းစိမ်းတော့ရှိနေတာမှတ်မိသေးတယ်။
ကျောင်းက အပြန် ခင်စိုးဓါတ်ပုံတိုက်မှာ ရိုက်ထားတဲ့ပုံလေးပါ။ မိသားစုပုံဆိုလို့ 
ဒီတစ်ပုံသာ အတော်ကြာကြာရှိခဲ့တာပါ။
ငယ်ငယ်က လက်ဝှေ့ ထိုးတဲ့ အဖေ၊ ဂေါက်သီးရိုက်လေ့ရှိတဲ့အဖေ၊ ကျမဘ၀မှာ မမေ့နိုင်
်စေတဲ့ဓမ္မ ပုံပြင်လေးတပုဒ်ပြောပြဘူးတဲ့အဖေ။
အဖေက မကြာမကြာသာကျမဆီလာတွေ့ ပေမဲ့ အဖေကို အမေ့လိုပဲချစ်ပါတယ်။
အခုတော့ အဖေနဲ့ မတွေ့ ဖြစ်တာ ၅နှစ်၊ ၆နှစ်လောက်ရှိရောမယ်။
တွေ့ ချင်ပေမဲ့ တွေ့ ချင်တိုင်းတွေ့ လို့ မရတာကြောင့်ပါ။
အခုတော့ အဖေတယောက် နေမကောင်းဘူးလို့ ကြားပါတယ်။ ကျမသွားတွေ့ ရင်
သူ့ မိသားစုက ကြိုက်မကြိုက် မသိတာကြောင့် ( မကြိုက်ဖို့ များပါတယ်) သွားမတွေ့ 
ခဲ့ပါဘူး။
လူကြီးတွေဖြစ်ခဲ့ကြတဲ့ ဇာတ်လမ်းမှာ ကျမ ဆက်ပြီးပြသနာအဖြစ်မခံချင်တော့တာပါ။
ကျမကြောင့် အဖေနဲ့ သူ့ မိသားစုကြားပြသနာမဖြစ်စေချင်တာပါ။
အဖေလည်း ကျမကို မေ့ရင်တောင်မေ့နေမလားပဲ။
ဘာပဲဖြစ်ဖြစ် အဖေကျန်းမာပါစေလို့  နေ့ တိုင်းဆုတောင်း၊ မေတ္တာပို့ ၊ အမျှဝေပေးနေပါတယ်။

Sunday 6 June 2010

အိမ်ပြန်ရောက်ပြီ...

ဒီနေ့ တော့ ဂျာမနီပြန်ရောက်ပါတယ်။
ရန်ကုန်မှာနေခဲ့တဲ့ ၁၃ရက်အတွင်းမှာတော့ အမေ့နားမှာပဲ
အချိန်ကုန်ခဲ့တာပါ။ အမေ့ကို ပြန်တွေ့ တော့ သူပိန်သွားတာ
တွေ့ ရတယ်။ ဒါပေမဲ့ ထင်ထားသလောက် မဆိုးပါဘူး။ တော်ပါသေးရဲ့။

ပထမ တပတ်ကတော့ လုပ်စရာလေးတွေ ရှိလို့  ဟိုနားဒီနားရောက်ဖြစ်
ပါတယ်။ တနေ့ ကို ၃_ ၄နာရီတော့ ထွက်ဖြစ်တယ်။ နောက်တပတ်တော့
အမေ့နားမှာပဲ နေဖြစ်တယ်။ အကြောင်းသိတဲ့ သူငယ်ချင်းတွေကတော့
အိမ်ရောက်လာကြလို့ တွေ့ ဖြစ်ခဲ့တယ်။ ကျေးဇူးပါ သူငယ်ချင်းတို့ ရေ...

အမေ ကတော့ ကျမပြန်လာတော့ သတိရနေမှာ။ ကျမရောပဲ။
၂ပတ်ထဲပေမဲ့ အမေ နဲ့  ကျမတို့ အတွက် အဖိုးတန်တဲ့အချိန်တွေပါ။

အစစ ကူညီကြတဲ့ သူငယ်ချင်းများအားကျေးဇူးတင်လျှက်ပါ။