Friday 13 August 2010

နွေအားလပ်ရက်

ဒီနေ့ ကစပြီး ၄ပတ် အနားရပါတယ်။
နောက် ၄ပတ်ကြာမှ သူငယ်ချင်းတို့ နဲ့ ပြန်ဆုံပါမယ်။
အမေ့ဆီပြေးလိုက်ပါအုံးမယ်။

Monday 9 August 2010

မုန့် လုပ်ဆောင်း

နွေရောက်လာတော့ မုန့် လုပ်ဆောင်းလုပ်စားဖြစ်ပါတယ်။ မုန့် လုပ်တတ်တဲ့သူကို
လောနိုင်ငံက သူငယ်ချင်းနဲ့ လိုက်မေးပေမဲ့ မရခဲ့ဘူး။ နောက်တော့ သူ့ သူငယ်ချင်းတွေကို
ဖုန်းတဂွမ်ဂွမ်ဆက်မေးရာက တစစီရလာတဲ့နည်းပါ။ ၂ကြိမ်၊၃ကြိမ်လောက် ကြိုးစား
ပြီးမှ အဆင်ပြေလာတဲ့ နည်းပေါ့။
လုပ်တတ်သွားတော့လည်း ခပ်လွယ်လွယ်လေး၊ မြန်မြန်လေး လုပ်လို့ ရသွားပါတယ်။
ဦးသောမတ်စ်လည်းကြိုက်တော့ မကြာမကြာလုပ်စားဖြစ်ပါတယ်။

လိုအပ်တာတွေကတော့
ဆန်မှုန့်  ၂၀၀ ဂရမ်
အာလူးမှုန့်  ထမင်းစားဇွန်း ၄ ဇွန်း ( မောက်မောက်)
ထုံ လက်တဆစ် တ၀က်ခန့်  ကို ရေ 50 mlလောက်နဲ့  ညအိပ် စိမ်ထားပါ။
ဆူးမွှေးရွက် အထုပ် တ၀က်(သို့ ) တထုပ် ၊ ထောင်းပြီးအရည်ညှစ်ပါ။
(ဆူးမွှေး အရသာရှိတဲ့ အရည် နဲ့ အစိမ်းရောင်အမှုန့် သုံးလည်းရပါတယ်။)
ထုံးရည် ၊ ဆူးမွှေးရည်၊ ရေ စုစုပေါင်း 1100 ml
ရေခဲတုံး အတုံးကြီး၂တုံး ခန့် ခဲထားပါ။
ဆား အနည်းငယ်
လုပ်ပုံကတော့
ဆန်မှုန့် ၊ အာလူးမှုန့် ၊ဆားတို့ ကိုရောပါ။ ထုံးရည် ၊ ဆူးမွှေးရည်၊ ရေ ကို ထည့်ပါ။
အမှုန့် များကြေသွားအောင်မွှေပေး(ခြေပေးပါ)။
ပြီးရင် ကြိုပါ။ အဆက်မပြတ်
မွှေပေးပါ။ မွှေလျှင် တဖက်ထဲမွှေပေးပါ။ တော်တော်လေးပစ်တဲ့အထိကြိုရပါမယ်။
မုန့် သားပြောင်တက်လာတဲ့အထိမွှေပေး(ကြိုပေး)နေပါ။
ဇလုံကြီးကြီးထဲမှာရေခဲတုံးကိုရေစိမ်ထားပါ။
ကြိုထားတဲ့မုန့် နှစ်ကို ရေခဲရေထဲ ညှစ်ထည့်ပါတယ်။
ကျမကတော့အာလူးညှစ်တာနဲ့ ညှစ်ပါတယ်။
အလည်အလတ် ဇကာနဲ့ ဆို အနေတော်လောက်ပါပဲ။သတိပြုရန်များ

ထုံးများလျှင် အာတတ်ပါတယ်။ အရည်ကြည်သာသုံးပါ။
မုန့် ကြိုလျှင် တဖက်ထဲမွှေပါ။ မုန့် သားတက်တဲ့အထိကြိုပေးပါ။
( Duisburg က မမ မုန့် လုပ်တာအဆင်ပြေပါစေ...)

Saturday 7 August 2010

Procol Harum in Bad Krozingen

မနေ့ ညက Bad Krozingen ရဲ့  Kurpark မှာ Openair Concert လုပ်ပါတယ်။
ကျမတို့ Procol Harum အဖွဲ့ ကို သွား အားပေးဖြစ်ပါတယ်။
ပွဲလာကြည့်ကြတဲ့သူတွေကတော့ အသက် ၅၀၊ ၆၀ တန်း အရွယ်တွေများပါတယ်။
လွန်ခဲ့တဲ့ နှစ် ၄၀ ကျော်က အရသာကိုပြန်လည်ခံစားကြည့်ကြတာပေါ့။

A whiter shade of pale

Tuesday 3 August 2010

Bodhi Vihara သို့ တခါက်


သွားချင်နေတာကြာပြီဖြစ်တဲ့နေရာတစ်ခုပါ။
ဂျာမနီက Bodhi Vihara ကို သိတာ ၄ လလောက်ရှိပါပြီ။
ကျမအမျိုးသားကရောက်ဖူးပေမဲ့ ကျမကတော့ဓါတ်ပုံတွေထဲမှာပဲ တွေ့ ဖူးနေခဲ့တာပါ။

အဲ့ဒီကျောင်းမှာ မြန်မာဥူးဇင်းတစ်ပါး နဲ့  ဂျာမန်ဥူးဇင်းတစ်ပါး သတင်းသုံးပါတယ်။
မြန်မာဥူးဇင်း ရေးတဲ့ မြတ်ရောင်နီ ဘလော့ လေးကြောင့် ကျမရဲ့ စိတ်ဝင်စားမှု
ပိုပြင်းလာပါတယ်။ မြန်မာဘုန်းကြီးတစ်ပါး အနေနဲ့  ဂျာမနီလိုနေရာမျိုးမှာ
သာသနာပြုရတာ ပါရမီထူးလို့ ပါ။ ဥူးဇင်းရဲ့  ဂျာမဏီမြေပေါ်ကခြေလှမ်းများ
အကြောင်းဖတ်လိုက်တော့ ကျမ ပိုပြီးလေးစားကြည်ညိုမိပါတယ်။
ကျမတို့ သာမန်လူဝတ်တွေတောင် ဒီမှာတော်တော်ဒုက္ခေ၇ာက်ကြတာမဟုတ်လား။

အဲ့ဒီကျောင်းက ဂျာမန်ဥူးဇင်းကိုလည်း လေးစားကြည်ညိုမိပါတယ်။
ဗုဒ္ဓဘာသာကို ယုံကြည်မှုနဲ့ သူ့ ရဲ့ စွမ်းဆောင်မှုကို မြင်တော့ ကျမကိုယ်ကျမ
အားမရဖြစ်ရတယ်။ ဘာသာရေးဘက်မှာ ကျမဒီထက်မက ကြိုးစားရအုံးမှာပါ။

ကျမနေတဲ့နေရာနဲ့ ဝေးတယ်လို့ ဆိုပေမဲ့ သွားချင်စိတ်ပြင်းပြလို့ လားမသိပါ၊
မမျှော်လင့်ပဲ စကားစပ်မိရာက ရောက်သွားတာပါ။ ဂျာမနီမှာ ပထမဆုံး
မြန်မာဘုန်းကြီးရှိတဲ့ ဘုန်းကြီးကျောင်း ကို သွားရခြင်းပါ။
လိပ်စာကတော့

Bodhi Vihara (http://yaungni-oo.blogspot.com)
Domberg 10
85354 Freising
Germany

ပြန်လာတော့ ရှေ့ဆက်ပြီး ဒါန၊သီလ၊ဘာဝနာလုပ်ငန်းများ ပိုမို လုပ်နိုင်ဖို့ 
အင်အားတွေရလာပါတယ်။

တရားနာခွင့်၊ တရားထိုင်ခွင့်၊ တရားဆွေးနွေးခွင့်၊ ဒါန၊သီလ၊ဘာဝနာ ပွားများ
ခွင့်များရခဲ့လို့ လည်း ဥူးဇင်း(၂)ပါးအားကျေးဇူးအထူးတင်ပါတယ်။

ထိုခရီးစဉ်ဖြစ်မြောက်အောင် အစစ ကူညီပေးကြသော သူများအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။