Thursday 30 September 2010

Kürbiscreamsuppe ( Pumpkin soup)


အခုတလော ရွှေဖရုံသီးတွေပေါ်တာနဲ့ အမျိုးမျိုးချက်စားဖြစ်ပါတယ်။ ဆီပြန်ချက်လိုက်၊
ပဲငံပြာရည်နဲ့ ချက်လိုက်၊ အုန်းနို့ နဲ့ ချက်လိုက်၊ ၀က်သားစင်းထားတာနဲ့ ရောပြီး
ကြော်လိုက်....
ဒီနေ့ တော့ Kürbiscreamsuppe ( Pumpkin soup) ချက်ဖြစ်ပါတယ်။
လိုတာတွေကတော့
500 g ရွှေဖရုံသီး ကို အခွံနွှာ၊အစေ့ထုတ်ပြီးခပ်သေးသေးတုန်းပါ။
အာလူးအသေး (၁)လုံး အခွံနွှာသေးသေးတုန်းပါ။ ဂျင်း (1 cm) ကို သေးသေးတုန်းပါ။
အားလုံးကို ရေ မြုပ်အောင်(500ml)ထဲ့ပြီးပြုပ်ပါ။ ကြက်သားဟင်းချိုတုန်း(သို့ )
အမှုန့် ထဲ့ပါ။ သံပုရာရည် နဲနဲထဲ့ပါ။ (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ) နူးသွားရင်
စက်နဲ့ ခြေ လိုက်ပါ။
Cream (၁၀၀ ဂရမ်) ထဲ့ပါ။ အပေါ့အငန်မြည်းပြီး စားလို့ ရပါပြီ။
ခွက်ထဲ ထဲ့ပေးပြီးမှ Cream နဲနဲ ရယ်၊ ဖရုံစေ့လှော်နဲနဲ(မထည့်လည်းရပါတယ်။)
ဖြူးပေးရုံပါပဲ။

Tuesday 28 September 2010

Grüne Erbsensuppe/ Green Peas Soup




ချက်ရတာလည်း မြန်၊ စားလို့ လည်းကောင်းတဲ့ Soup တစ်ခွက်ပါ။

စာအုပ်ထဲကတွေ့ တာနဲ့  ....အဖွင့်ပေါ့လေ။

ကြက်သွန်နီ (၂ လုံး)ကိုအတုံးလေးတွေတုံးပါတယ်။

ထောပတ်(သို့ )ဆီ (၂၀ ဂရမ်) နဲ့  ဆီသပ်ပြီး ကြက်သွန်နဲနဲနွမ်းရင်

ပဲစိမ်းလုံးလေးတွေ( ၃၀၀ ဂရမ်၊ ခဲထားတဲ့ အထုပ် ကိုသုံးပါတယ်။)နဲ့ 

အာလူး (၁လုံး ကိုခပ်သေးသေးတုံးပါတယ်။) ကိုထဲ့ပြီး ခဏလောက်မွှေပေးပါ။

ပြီးရင် ရေ ( 750 ml) ထဲ့ပါတယ်။ ကြက်သားဟင်းချိုမှုန့်  ထမင်းစားဇွန်း ၁ဖွန်း

မပြည့်တပြည့်ခန့် ထဲ့ပြီး ၁၂ မိနစ်ခန့် တည်ပေးပါ။

ပဲစိမ်းနဲ့ အာလူးနူးတော့ စက်နဲ့ ချေ ပေးပါတယ်။ ( အဖတ်လေးတွေတော့ကျန်နေပါလိမ့်မယ်။

မကြိုက်ရင် ဇကာနဲ့ စစ်ထုတ်လိုက်ပါ။) ပြီးတဲ့ အခါ Sahne ( Cream) 100 g ထည့်ပြီး

မွှေပါ။ ထပ်ပြီးဆူအောင်မတည်ပါနဲ့ တော့၊

ဆား အပေါ့၊အငန်မြည်းပါ။ ငရုပ်ကောင်းခပ်ပါတယ်။

Crouton နဲနဲဖြူးပေးပြီး ပွဲပြင်ပေးလိုက်ရုံပါပဲ။

Sunday 26 September 2010

ရာသီပြောင်းချိန်


ဘာလိုလိုနဲ့ နွေရာသီက ပြီးသွားပြန်ပြီ။၂၃.၉.၁၀ ကပဲ ဆောင်းဦးရာသီကိုရောက်
ပြီလို့ ပြောကြပါတယ်။ မနက်စောစော ဆိုရင်ပဲ အလင်းရောင်တော်တော်နဲ့ 
မရချင်တော့ဘူး။ မနက်အိပ်ရာက သွက်သွက်လက်လက် မထချင်တော့သတိထား
မိတယ်။
ပုံကို http://de.wikipedia.org/wiki/Jahreszeit ယူထားပါတယ်။
အပူချိန် လည်း လျှော့ကျလာတယ်။ မနက်ပိုင်းဆို အေးပြီး နေ့ ခင်းပိုင်းနေထွက်
လာရင်တော့အအေးနဲနဲသက်သာတယ်။ အနွေးထည်၊ ဂျာကင်အပါးတွေ စ၀တ်နေရပြီ။
နွေတုန်းကလို ပေါ့ပေါ့ပါးပါး အ၀တ်တွေ ၀တ်မရတော့ဘူး။
နွေရာသီ အ၀တ်တွေ ပြန်သိမ်းပြီး အအေးခံနိုင်မဲ့ အ၀တ်တွေပြန်ထုတ်....နွေစီးတဲ့
ဖိနပ်တွေလည်း သိမ်း၊ အအေးခံနိုင်မဲ့ဖိနပ်တွေ ပြန်ထုတ်.....

သစ်ပင်တွေကလည်း ၀ါစပြုနေကြပြီ။ မကြာခင်မှာပဲ သူတို့ လည်း အရိုးပြိုင်းပြိုင်း
ဖြစ်ကြတော့မှာ...
ငှက်တွေကလည်းနွေးတဲ့နေရာကို ပျံကြတော့မယ်။

ကျမလည်း အသက်ကြီးလာတော့ ရာသီပြောင်းတဲ့ ဒဏ်ကို သိသာလာတယ်။
ခေါင်းကိုက်တာ၊ ခြေလက်တွေနာတာ၊ ဒဏ်ဖြစ်ထားတဲ့ခါးက နာတာ စတဲ့
ဟိုနာဒီနာတွေ...

မိုတွေကရွာ၊ လေကတိုက်၊ အေးကအေးနဲ့ .... ရင်ဆိုင်ဖို့ အားမွေးထားပါတယ်။

Wednesday 22 September 2010

လက်စွမ်းပြဖို့ 

ဒီနေ့  အလုပ်က အဖွဲ့ သားများက ကျမအတွက် လက်ဆောင်နှစ်ခု
ပေးပါတယ်။ ကျမအတွက် အလွန်အသုံးဝင်စေမယ်ထင်လို့ တဲ့။
ဟုတ်ပါတယ်...... တကယ့်ကိုအသုံးဝင်တဲ့ လက်ဆောင်ပါ။


ဂျာမန် ဟင်ချက်နည်း၊မုန့် ဖုတ်နည်း...ကျမ လက်စွမ်းပြဖို့  စာအုပ်ရယ်။ ချက်ရင်း
မုန့် ဖုတ်ရင်း ၀တ်ဖို့ တဲ့။ Boss of the kitchen.....


စာအုပ်ကတော်တော်လေးကောင်းပါတယ်။ မကြာခင် တစ်ခုပြီးတစ်ခု လက်စွမ်းပြ
ဖြစ်တော့ပါမယ်။ ပါးစပ်အစွမ်းပြ ပြီး မြည်းကြည့်ဖို့  Thomas ကလည်း အဆင်သင့်ပါ
ပဲတဲ့။

Sunday 19 September 2010

ရန်ကုန်မှ အတွေ့ အကြုံများ (၃)

စားခဲ့တာတွေ
ထွေထွေထူးထူးတော့မရှိပါဘူး။ ကျမက ငါးကြိုက်တော့ နေ့ တိုင်းငါးချက်ပါတယ်။
မိုးတွင်းဆိုတော့ ငါး၊ပုဇွန်စားရတာကောင်းပါတယ်။ ဥုးပဇင်း ကို သူ့ ကျောင်းသူ
တွေက တနေ့ တယောက်ဆွမ်းချိုင့် ပို့ ကြပါတယ်။ ကျမကတော့ အချိုပွဲနဲ့ ၊
အရံပွဲလောက်ပဲပို့ ပါတယ်။ ဘုန်းကြီးကျောင်းမှာ ဆိုတော့ ဟင်စုံပါတယ်။
ဘုန်းကြီးတွေဆွမ်းစားပြီးရင် ကျမတို့ စားကြပါတယ်။ ကျမအတွက်ကတော့ ......
စားချင်နေတဲ့အရာတွေ အားရပါးရစားခဲ့ရပါတယ်။ သူငယ်ချင်းများကို
အရမ်းကျေးဇူးတင်ပါတယ်။

မကျည်းသီထောင်း၊ ကြောင်လျှာသီးကြော် (Thomas လည်းကြိုက်တယ်။)
ငပိသုပ်၊ ကတတ်ဟင်းခါး၊ ငါးနှပ်ဟင်း၊ ၀ဥသုပ်၊ မျှစ်နဲ့ ပင်စိမ်းကြော်၊
ငပိရည်နဲ့ တို့ စရာအစုံ၊ဘူးသီးနဲ့ ဂျူးမြစ်ချဉ်ရည်၊ ကင်ပွန်းချဉ်ရွက်နဲ့  ဇရစ်ရိုးချဉ်ရည် ........
ချက်စားတာတွေ ပြောရင်ကုန်မှာမဟုတ်ပါ။

မယု တို့ုဝယ်လာတဲ့ ၀က်ခေါင်းသုပ်နဲ့ အူစုံဟင်းကလည်း အခုထိ မမေ့နိုင်ပါ။
မယုတို့ ကျွေးတဲ့ တရုတ်စာများကိုအခုထိ အမှတ်ရနေပါတယ်။ ကျေးဇူးတင်ပါတယ်။

မနက်စာကိုတော့ မုန့် ဟင်းခါး၊ အီကြာကွေ၊ ဆမူဆာ၊ ကောက်ညှင်းပေါင်း၊
အုန်းနို့ ခေါက်ဆွဲတွေစားဖြစ်ပါတယ်။

နေ့ လည်ကို တော့ ဘိန်းမုန့် ၊ကောက်လှိုင်းကြည်မုန့် ၊ မုန့် ကြာစေ့၊ မုန့် လုပ်ဆောင်း၊
မုန့် ဦးနှောက်...စတာတွေစားဖြစ်ပါတယ်။ မုန့် လင်မယား၊ ရခိုင်မုန်တီ၊ပြောင်းဖူးပြုပ်၊
မြေပဲပြုပ်လည်းစားခဲ့တယ်။

၃၉လမ်းက အမဲအူသုပ်လည်းမြည်းခဲ့သေးတယ်။ တရုတ်ကောက်ညှင်းထုတ်၊
ဝက်သားလိပ်လည်းစားခဲ့တယ်။
ဂျင်းသုပ်နဲ့ ဆေးဘဲဥသုပ်လည်းမကြာခဏစားဖြစ်ပါတယ်။
ကျမချက်သမျှ ဘာမှမပြောပဲ စားရှာတဲ့ အမေနဲ့  Thomas ကိုလည်းကျေးဇူးတင်ပါတယ်။

တွေ့ ဖြစ်ခဲ့တဲ့သူငယ်ချင်းများ
ကျမ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ ကျမ အိမ်ကို မအားတဲ့ကြား
ကလာတွေ့  ပေးကြတဲ့သူငယ်ချင်းများကို လည်းကျေးဇူးတင်ပါတယ်။ ၆ နှစ်လောက
်မတွေ့ ဖြစ်တဲ့ သူငယ်ချင်းကိုလည်းပြန်တွေ့ ရတယ်။ ကျောင်းထဲကိုသွားလည်တုန်း
ဦးချစ်မှာ ထိုင်လေပစ်ကြတာ တကယ့်အရသာပါပဲ။ ငယ်ဘ၀ပြန်ရောက်သလိုပေါ့။
ဒါပေမဲ့ ပြောကြတဲ့ ခေါင်းစဉ်တွေတော့ ပြောင်းလဲနေကြပြီ။

Facebook မှာသိရတဲ့ ဂျာမန်သူငယ်ချင်းကိုလည်းတွေ့ ခွင့်ရခဲ့တယ်။ ငယ်ငယ်က
ဆရာတယောက်နဲ့ ၊ ဆရာမတယောက်ကိုလည်း တွေ့ ခွင့်ရခဲ့တယ်။ မတွေ့ ဘူးသေးတဲ့
ဆွေမျိုးတွေနဲ့ လည်း Thomas ကိုမိတ်ဆက်ပေးခဲ့ရတယ်။ ဗုဒ္ဓဂါယာတုန်းက
သိခဲ့ရတဲ့မိတ်ဆွေများနဲ့ ဥုးပဇင်းတို့ွကိုလည်း ပြန်တွေ့ ဖြစ်ပါတယ်။ ငယ်ငယ်က
စားအိမ်သောက်အိမ်လိုဖြစ်ခဲ့တဲ့ သူငယ်ချင်းစန္ဒီရဲ့  အဒေါ် ဆီလည်းသွားလည်
ဖြစ်ပါတယ်။ သူက အခုအသက် ၈၉ နှစ်ရှိပါပြီ။ ငယ်ငယ်က အကြောင်းတွေ ပြောပြတာ
စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။ မှတ်သားစရာတွေလည်းရခဲ့ပါတယ်။

သယ်လာတာလေးတွေ
အထွေအထူးတော့မ၀ယ်လာခဲ့ပါဘူး။ ထုံးစံအတိုင်း မရှိမဖြစ်လေးတွေပဲသယ်ခဲ့ပါတယ်။
ပဲမှုန့် အကျက်၊ငရုပ်သီးအလှော်မှုန့် ၊ ပုဇွန်ခြောက်၊ ငပိရည်အခြောက်ထုပ်၊
အာဗြဲခြောက်ကြော်၊ စားတော်ပဲ၊ လက်ဖက်ခြောက်၊
ရှောက်ရွက်၊ ငရုပ်သီးစိမ်း၊ ဂျင်း…..စတာလေးတွေသယ်လာပါတယ်။

ကျမတွေ့ ခဲ့ကြုံခဲ့ရတဲ့ အတွေ့ အကြုံတွေပါ။ ဘာပဲဖြစ်ဖြစ် အမေနဲ့ တွေ့ ရ၊နေရတဲ့
အချိန်တွေက အဖိုးအတန်ဆုံး အချိန်တွေဖြစ်ခဲ့ပါတယ်။ ကျမတို့ မိသားစု ပျော်ရွှင်စွာ
ဘုရားဖူး၊ ဘုန်းကြီးကျောင်းသွား၊ ကုသိုလ်ပြုကြရတဲ့အချိန်လေးတွေက
အမှတ်တရဖြစ်နေမှာပါ။ နောက်တခါ ပြန်ဖို့ အခွင့်သာမဲ့အချိန်ကို စောင်မျှော်နေပါတယ်။

Friday 17 September 2010

ဗုဒ္ဓဘာသာ ဖြစ်လာပုံ

C-box မှာ ကိုကျော်သက် မေးထားတာပါ။ ဦးသောမတ် ဗုဒ္ဓဘာသာ ဖြစ်လာပုံလဲ စိတ်ဝင်

စားလို့ သိပါရစေ။ ဆိုတာနဲ့  ဦးသောမတ် က ရေးပေးတာပါ။

My wife asked me to write in her Blog why and how I became Buddhist,

because this question was put by somebody (ကိုကျော်သက်) to her in her Blog.

There is one short and one a bit longer answer to this question.

The short one: I am quite sure I have been in contact with the Teaching

of the Buddha in past lives, so it is only natural that I am attracted to

Buddha, Dhamma, Sangha in this life as well.

The one a bit longer:

When I was about 20 years of age or so - it was the so called hippie

time - everybody in the West used to travel "hitch hiking" to the East,

so did I. I did not have any fixed goal or area to go to. The direction

was India. I did make a break in Istanbul, Turkey, in a coffee shop

and overheard a conversation of some people on the table next to me.

They talked about Vipassana. I immediately asked them what they

were talking about and were it could be learned. They gave me some

address in India. So in Bombay I did my first meditation course and

I knew this is it. Soon I found that the true Dhamma is preserved in

Burma, rather than India. So I went there. Thats all. Ever since I am

a Buddhist, walking slowly on the Path of Dana, Sila, Bhavana. You can

read also my website: www.thomasbruhn.de

Thursday 16 September 2010

ရန်ကုန်မှ အတွေ့ အကြုံများ (၂)

ဘတ်စ်ကားများ
ဘတ်စကားတွေက အရင်တုန်းကထက်စာရင်ချောင်လာတာတွေ့ ရပါတယ်။
၂၀၀ တန်ကားတွေကတော်တော်လေးများလာပါတယ်။ ချောင်ချောင်ချိချိ နဲ့ 
မြန်မြန်ရောက်စေတာဖို့ ကျမတော့ ကြိုက်ပါတယ်။ တက္ကစီတွေတက်စာရင် ဈေးလည်းအများကြီးသက်သာတယ်။မကြာခဏ စီးဖြစ်ပါတယ်။

ဖုန်းဆက်ဖို့ 
ကျမတို့ အိမ်မှာ ဖုန်းမရှိပါဘူး။ ဒါပေမဲ့ နေရာတိုင်းမှာ မြို့ တွင်း၊ မြို့ ပြင်ဖုန်း
ခေါ်နိုင်တဲ့ ဆိုင်လေးတွေနေရာအနှံ့ မှာ တွေရတော့ အဆင်ပြေပါတယ်။
၁မိနစ်ကို ၅၀ ကျပ်ကနေ ၁၀၀ကျပ်အထိတောင်းကြပါတယ်။ ကျမကတော့
လမ်းပေါ်ရောက်နေချိန် အဆင်ပြေသလို သူငယ်ချင်းတွေကို ဖုန်းဆက်ဖြစ်
ပါတယ်။ တခါတခါ အမေ့အိမ်ပြန်ရင်ဆက်ပါတယ်။
ဖုန်းတွေက မျာသောအားဖြင့် လမ်းမပေါ်၊ လမ်းမဘေးနေရာတွေမှာပါ။
ကားသံတွေဆူနေတော့ စကားပြောရတာတော်တော်အဆင်မပြေပါဘူး။
အေးအေးဆေးဆေး ပြောနိုင်မဲ့ လမ်းကြားထဲကဆိုင်တွေသွားပြန်တော့လည်း
ရေစက်မောင်းသံ၊ ကားသံ၊ ထီရောင်းတဲ့ကား၊ အလှူခံကား၊ ဆိုင်မှာ
အချင်းချင်းပြောနေတာကလည်း အော်ပြောနေကြတယ်ဆိုတော့ ကျမ
မနဲနားထောင်နေရတယ်။ တခါတခါလည်း ဖုန်းနံပါတ်ကပါမလာတာနဲ့ 
မဆက်ဖြစ်ပြန်ဘူး။ တခါတခါ ၁၀ ထပ်ကအောက်မဆင်းချင်တာနဲ့ 
မဆက်ဖြစ်ပြန်ဘူး။ မိုးရွာလို့ ၊မီးပျက်လို့ စသည်ဖြင့်ပေါ့။ ဖုန်းမရှိတော့
ကျမဆီကိုဆက်သွယ်ဖို့ လည်းခက်ပြန်ရော။
ရန်ကုန်ရောက်တုန်းဖုန်းမဆက်မိတဲ့သူငယ်ချင်းတို့ နားလည်နိုင်အောင်ပြောပြတာပါ။

လျှပ်စစ်မီး
လေဆိပ်ကရောက်လို့ ကားပေါ်ကလည်းဆင်းရော အမရေ မီးပျက်နေတယ်တဲ့။
၁၀ ထပ်ကို ပါလာတဲ့အထုပ်ဘယ်လိုတင်ရပါ့။ တော်ပါသေးရဲ့ မကြာလိုက်ဘူး၊
မီးပြန်လာပါတယ်။။
ဒီတခါတော့မီးလာပါတယ်။ ရေလည်းလာပါတယ်။ မီးက မနက် ၉နာရီကနေ၊
၁၁ နာရီလောက်အထိ မီးအားကျတတ်ပါတယ်။ မီးအားကျရင် ဓါတ်လှေကားမရပါ။
မလွှဲသာလို့ သွားရ၊ပြန်လာ ရမယ်ဆိုရင် ၁၀ ထပ်ကို ခြေထောက်နဲ့ သာ တက်ပေ
တော့ပဲ။ တခါတလေ နေ့ ခင်းပိုင်းလည်း မီးအားကျလို့  ဓါတ်လှေကားပိတ်ရပြန်ရော။
ရေခဲသေတ္တာကတော့ မလည်တာများပါတယ်။ အိမ်မီးရနေတာကိုပဲတော်ပါသေးရဲ့။
အသက်ကြီးတဲ့သူ၊ အမြင့်မတက်နိုင်တဲ့သူ၊ဓါတ်လှေကားထဲပိတ်မိမှာကြောက်တဲ့
မိတ်ဆွေတွေကိုတော့ အိမ်မလာပါနဲ့ လို့ ပဲပြောပြီး။
ကျမပဲကြိုးစားသွားတွေ့ ပါတယ်။ တခါတလေလည်း ဆိုင်တဆိုင်မှာချိန်းပြီး
စကားပြောကြရပါတယ်။

ဈေးနှုန်းများ
ပိုက်ဆံကုန်တာမြန်ပါတယ်။ အသုံးမခံပါ။ အသားဈေးတွေကတော်တော်ဈေးကြီးပါတယ်။ ဒီကထက်ဈေးကြီးပါတယ်။
ံ့လူသုံးကုန်တွေလည်းဈေးကြီးပါတယ်။ ပိုက်ဆံဘယ်များရောက်သွားပါလိမ့်လို့ တွေး မိတယ်။ တထောင်၊တသောင်းဆိုတာဘာမှမဟုတ်တော့တဲ့ ပမာဏပါ။ အကြွေ ဆိုတဲ့
၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေကတော့ ဘယ်လောက်စုတ်စုတ် ပြဲပြဲ ယူပါတယ်။
အ၀တ်အစားတွေကတော့ တော်တော်ခေတ်မီတာတွေ့ ရပါတယ်။
ဘောင်းမီတိုတိုလေးတွေ၊စကတ်တိုတိုလေးတွေ တော်တော်ဝတ်ကြတာတွေ့ ရပါတယ်။

Wednesday 15 September 2010

ရန်ကုန်မှ အတွေ့ အကြုံများ

ရန်ကုန် လေဆိပ်ကိုရောက်တာနဲ့  လ၀က မှာ ဘာမေးခွန်းတွေမဲ့ ရင်ဆိုင်ရမလဲ။
ဘယ်လိုမမျှော်လင့်တာတွေ ကြုံရမလဲဆိုတဲ့ အတွေးတွေနဲ့  စိတ်လှုပ်ရှားမိတယ်။
လိုအပ်တဲ့ စာရွက်စာတမ်းတွေ ကို အဆင်သင့်ပြင်ထားရင်း ကျမအလှည့်ကို
စောင့်နေခဲ့ပါတယ်။ ကျမအလှည့်ရောက်တော့ လိုအပ်တဲ့စာရွက်တွေပေး။ ပုံစံဖြည့်၊
အားလုံးပြီးတော့ အရာရှိက မေးခွန်းမေးလာပါတယ်။
စာအုပ်သက်တမ်းတိုးထားတဲ့ အထောက်အထားပါပါသလားတဲ့။ ကျမက
အထောက်အထားကတော့ စာအုပ်မှာ တုံးထုထားတာရယ်၊ လာခါနီးသံရုံး က
ထောက်ခံစာ ပေးထားတာရယ်ပဲရှိတယ်ပေါ့။
ဒီတော့သူက ကျမစာအုပ်က တံဆိပ်တုံးက အတု မဟုတ်ဘူးလို့ ဘယ်သူပြောနိုင်မလဲတဲ့။
ငွေရပြေစာမပါဘူးလား၊ သက်တမ်းတိုးကြောင်းစာထုတ်မပေးဘူးလားတဲ့။
ဘယ်လိုသက်တမ်းတိုးခဲ့တာလဲတဲ့။ ကျမလည်းသူမေးတာတွေဖြေပေးနေပါတယ်။
ကျမက ဆရာတို့ ဒီမှာ သက်တမ်းတိုးထားတဲ့ ထောက်အထားအတွက် လိုအပ်မဲ့
စာရွက်စာတမ်းကိုထုတ်ပေးဖို့ သံရုံးကို အကြောင်းကြားထားပေါ့၊ ကျမတို့ က ဆရာတို့ 
လိုအပ်တာဘယ်သိမှာလဲ လို့ ကျမပြောတော့ တခါ သူက ဒီသက်တမ်းတိုးတာက
နိုင်ငံခြားရေးဝန်ကြီးဌာနက တိုးတာ၊ သူက လ၀ကဌာနချင်းမတူဘူးဆိုတာလဲပါရဲ့ ။
ကျမကတခါ ၀န်ကြီးဌာနအချင်းချင်းပြောရတာပိုလွယ်တာပေါ့လို ဖြေပြန်ရော။
Thomas မှာလည်း ကျမထွက်လာမဲ့ နေရာထိပ်ကရပ်စောင့်နေပြီ။
ကျမတို့ က မေးလိုက်ဖြေလိုက်လုပ်ကောင်းနေတုန်း။ ဒီတော့မှ သူက ကျနော်က
တာဝန်အရမေးရတာပါတဲ့။ ဟုတ်ကဲ့ ကျမကလည်း တာဝန်အရ ပြန်ဖြေတာပါ
လို့ ပြောပြီး စာအုပ်ယူကာ ထွက်လာခဲ့ပါတယ်။ စာအုပ်ထဲရက်မှားရိုက်၊ ....မှာလားလို့ 
တောင်ပြန်စစ်ရသေးတယ်။

ဒုက္ခ..... ကျမစာအုပ်က ၂၀၀၈ မှာ တက်တမ်းတိုးထားတာပါ။
၂၀၀၈ နောက်ပိုင်း ဒီစာအုပ်နဲ့ ပဲ မြန်မာပြည်ပြန်လာတာ ဒီတခါပါဆိုရင် ၄ခါရှိနေတာ
စာအုပ်ထဲက တုံးတွေမြင်နိုင်တာပဲလေ။ သက်တမ်းကုန်နေတဲ့စာအုပ်အတွက် သံရုံးကရော
ထောက်ခံစာ ထုတ်ပေးပါ့မလား။ စာအုပ်ထဲက တုံးကို အတုလုပ်မှတော့ ပြေစာတို့  ၊
ဘာတို့ လည်းအတုလုပ်မှာပေါ့.....နားမလည်နိုင်ပါ။
ရန်ကုန်မှာပြန်ပြောတော့ ပိုက်ဆံလိုချင်လို့ ပါလို့ အားလုံးကပြောကြတယ်။
အဝေးကနေ ၁၈နာရီလောက် ပင်ပန်းစွာ ပြန်လာတဲ့ ကျမ ပိုက်ဆံပေးရမယ်ဆိုတာထက်၊ ပြန်လည်ချေပရမယ်ဆိုတဲ့ အတွေးပဲခေါင်းထဲမှာရှိပါတယ်။

အဲ နောက်နေ့ ကျတော့ Thomas အတွက်မြို့ နယ်လ၀က မှာ သတင်းသွားပို့ ရပါတယ်။
ဘာရယ်မဟုတ် အဲ့ဒီကိုသွားရမှာ အရင်တွေ့ အကြုံတွေအရ တက်တက်ကြွကြွမဖြစ်ဘူး။
ဘာပဲဖြစ်ဖြစ် အလှူသွားလုပ်တယ်လို့ ပဲစိတ်ထဲမှတ်ပြီးသွားလိုက်ပါတယ်။
အရာရှိက သူ့ ဆီမှာ ၆၀၀၀ ကျပ် ထားခဲ့ဖို့ နဲ့  ၊စာရွက်စာတမ်းကြေး ၆၀၀၀ ကို အပြင်မှာ သွင်းခဲ့
ဖို့ ပြောပါတယ်။ ပုံစံတွေထုတ်ပေးတဲ့ လူကိုတော့ အရင်ထဲကသိနေတာနဲ့  ၄၀၀၀
ပေးလိုက်ပါတယ်။ အဲ့ဒီနေ့ ကငွေ ၁၆၀၀၀ ကျပ် အလှူပေးခဲ့ပါတယ်။

ရန်ကုန်က တက္ကစီများ
လေဆိပ်ကထွက်တော့ တက္ကစီငှားရပါတယ်။ Marina residence မှာ Thomas ကို ချပေးပြီးမြေနီကုန်းကိုဆက်သွားဖို့  ၈၀၀၀ ပြောပါတယ်။ နောက် ၆၀၀၀ နဲ့ ဈေးတဲ့တယ်။
ကားပေါ်ရောက်တော့ ကားမောင်းတဲ့သူက မြေနီကုန်းအရင်ပို့ ပြီးMarina ကို
အပြန်မှာဝင်ပို့ မယ်။ သူ့ အိပ်က Marina နားမှာဆိုတော့ဝင်နားလို့ ပို အဆင်ပြေတယ်ဆိုပဲ။
မရကြောင်းပြောပြီး ကျမတို့ နဂို လမ်းကြောင်းအတိုင်းမောင်းခိုင်းရတယ်။
ကားပေါ်မှာ Thomas က ပူလိုက်တာဆိုတော့ Air Con. ရှိပါတယ်။ ဖွင့်ရင် ဈေးပိုပေးရ
မယ်ဆိုပြီး ဖွင့်ပေးပါတယ်။ ကျမတို့ လည်း တောသားမြို့ ရောက် အညာခံလိုက်ရတယ်ဆိုတာ နောက်မှသိရပါတယ်။ လူတွေမရိုးသားကြတော့ပါ။

တက္ကစီခကတော့ဟိုနားဒီနား ၁၀၀၀ ကျပ်ပါ။ မီတာတွေတတ်ထားတာတွေ့ ပေမဲ့ တခါမှ
မီတာဖွင့်မောင်းတာ မတွေ့ ရပါ။ တချို့ ကတော့ ရောက်ခါနီးမှဖွင့်တာတွေ့ ရပါတယ်။
Air Con. ပါတဲ့ တက္ကစီကို တော့ ၂ခါ။၃ခါလောက်စီးခဲ့ဖူးပါတယ်။ Thomas ကတော့
Air Con. ပါတဲ့တက္ကစီဆို ပိုက်ဆံပိုပေးရှာပါတယ်။ တချို့ ကတော့ ငှားရင်
ဈေးပိုတောင်းတယ်။ ဈေးဆစ်ရတာ မလုပ်ချင်ဆုံးပါ။ ပုံမှန်ဈေးအတိုင်းပြောတဲ့
သူဆိုရင်တော့ ကျမတို့  အပိုငွေ ထပ်ပေးပါတယ်။
တက္ကစီကားတွေက အားလုံးလိုလို အစုတ် တွေပါ။ တံခါးကို မ၀င်ခင်ကတည်းက
လက်ကိုင်ချပြီးမှ ပိတ်လို့ ရတဲ့ ကား၊ ဖွင့်ရင်အပြင်ကဖွင့်မှရတဲ့ကား၊ မိုးရွာရင်
မှန်တင်လို့ မရတဲ့ကား၊ ကားထဲက ကျိုးပဲ့ နေတာတွေနဲ့ ထိခိုက်မှု မဖြစ်အောင်
သတိထားစီးရတဲ့ကား။ အပြင်ဘက်က အသစ်လို့ ထင်ရပေမဲ့၊ ကားထဲမှာ
စုတ်ပြတ်နေတဲ့ကား။ ကြောင်သေးစော်နံနေတဲ့ကား စတဲ့တက္ကစီအမျိုးမျိုးကို
စီးခဲ့ပါတယ်။ Thomas မှာတော့ ဂရုစိုက်စီးနေတဲ့ကြားက မပြန်ခင်တရက်အလိုမှာ
တက္ကစီပေါ်အတွက် ကားပေါ်က ပြုတ်ထွက်နေတဲ့ အရာတခုနဲ့ တိုက်ပြီး ခြေမထိသွားလို့ 
အခုတော့ ခြေသည်းခွာလိုက်ရပါတယ်။ သူငယ်ချင်းတို့ ပြန်ရင် မေးခိုင်ရောဂါ
ကာကွယ်ဆေးထိုးပြီးမှ တက္ကစီ စီးကြဖို့ အကြံပေးပါတယ်။

Monday 13 September 2010

ရန်ကုန်ကရက်များ

ဒီနှစ်ရန်ကုန်ပြန်တာ Thomas ပါလိုက်ပါတယ်။ သူကရန်ကုန်မရောက်တာ၊အမေနဲ့ 
မတွေ့ ရတာ လေးနှစ်လောက်ကြာနေပြီ။ အမေက Thomas ကှိုတွေ့ တော့
ဝမ်းသာရှာတယ်။ ကျမတို့ မိသားစု သုံးယောက် အတူတူ နေကြတာဒါပထမဆုံး
ပါ။ အရင်ကဆို အမေက သူ့ အိမ်မှာ ကျမတို့ က နေ့ တိုင်းသွားလည်တာပဲရှိတာ။
အမေနဲ့  Thomas က သိပ်ကို အဆင်ပြေကြတာတွေ့ ရတော့ကျမ၀မ်းသာရပါတယ်။
သူတို့ နှစ်ယောက်သိပ်နားလည်မှုရှိကြတယ်။ အစကတော့ အတူတူနေရတာ
အဆင်ပြေပါ့မလားလို့ တွေးမိနေတာ။

အမေက တော်တော်လေးသတိမေ့တတ်နေပြီ။ အကြောင်းအရာ အသစ်တခု
ကို ၃ရက်၎ရက်လောက် အချိန်ယူပြီး မှတ်မိအောင်ပြောရတယ်။
အကြောင်းအရာအသစ်တွေကိုလည်း တစ်ခါတည်းအများကြီးပြောလို့ မရပါဘူး။
အရင်တုန်းကအကြောင်းတွေကိုတော့ အားလုံးမှတ်မိပါတယ်။
ကျမ Geriatrie မှာလုပ်တုန်းက အမေ့ လိုလူနာမျိုးတွေကြုံခဲ့ဘူးတယ်။

အမေ့ကို ရွှေတိဂုံ၊ဗိုလ်တထောင်တို့ လိုက်ပို့ ပေးတယ်။ ညနေဆို ကျမတို့ 
၃ယောက် ဟိုနား၊ဒီနား လမ်းလျှောက်ကြတယ်။ ဘုန်းကြီးကျောင်းတွေသွား
ကြတယ်။ ပျော်စရာနေ့ လေးတွေပါ။

ကျမတို့ ရောက်ပြီး ၅ ရက်ကြာတဲ့နေ့ မှာ Thomas ကဘုန်းကြီးဝတ်ပါတယ်။
သားမရှိတဲ့ ကျမအမေက Thomas ဘုန်းကြီးဝတ်တော့ ၀မ်းသာနေတာ။


ဘုန်းကြီးကျောင်းကိုသွားမယ်ဘဲပြောနေတာနဲ့ မကြာခဏလိုက်ပို့ ပေးဖြစ်တယ်။
ဥုးဇင်း က တစ်ရက် အိမ်ကြွလာ ပြီး အမေ့ကို တရားဟောတယ်။
ကျမကဘာသာပြန်ပေါ့။ အဲ့ဒီနေ့ က ကျမအဖေဆုံးတာ တစ်လပြည့်တဲ့နေပါ။
အဖေဆုံးတာ ၂၆.ရ.၂၀၁၀ကျမ ဂျာမနီမှာရှိနေတဲ့ အချိန်၊ဘယ်သူ ကမှ
(အဖေ့အမျိုးတွေ) အကြောင်းမကြားခဲ့ကြဘူး။
ကျမတို့ မိသားစုအကြောင်း ဒီမှာရေးဖူးပါတယ်
ဦးသောမတ်စ်ဘုန်းကြီးဝတ်ပြီးမှ အဖေ့တူမအိမ် ကျမရောက်တော့မှ အဖေမရှိတော့
တာသိရတယ်။ ရက်ပြန်တွက်ကြည့်တော့ ကျမ Freising မြို့ က ဘုန်းကြီးကျောင်း
မှာ ကုသိုလ်လုပ်တဲ့နေ့ ဟာ အဖေ ရက်လည်တဲ့နေ့ ဖြစ်နေမှန်း တိုက်တိုက်ဆိုင်ဆိုင်
သိလိုက်ရတယ်။ ဘာပဲဖြစ်ဖြစ် ကျမပြုသမျှ ကုသိုလ်တွေကို မိဘကို အမျှဝေနေကြဆိုတော့
အဖေ့အတွက်ကုသိုလ်လုပ်ပေးတယ်လို့ ပဲ မှတ်လိုက်ပါတယ်။
အဖေဆုံးတာသိချိန်နဲ့ တစ်လပြည့်ချိန် မှာ ဦးသောမတ်စ်ဘုန်းကြီးဝတ် နေတဲ့အချိန်
ဆိုတော့ ကျမတို့ မိသားစု အဖေအတွက် အကောင်းဆုံးကောင်းမှုတွေနဲ့  ကုသိုလ်
ပြု၊ အမျှဝေနိုင်ခဲ့ပါတယ်။
အမေ့ကိုတော့ အဖေမရှိတော့တဲ့အကြောင်းကို ၄ရက်လောက်အချိန်ယူပြောပြခဲ့ရတယ်။

ဘုန်းကြီဝတ်တဲ့နေ့ မှာ ဦးသောမတ်စ်ရဲ့ ကျောင်းသား၊ကျောင်းသူများက ၀ိုင်းပြီး
ကူညီပေးကြပါတယ်။ သူတို့ ကျေးဇူးကြောင့် အဆင်ပြေစွာပြီးစီးခဲ့ပါတယ်။
ဘုန်းကြီးဝတ်တဲ့ ရရက်မှာ နေ့ တိုင်း ဆွမ်းချိုင့်ပို့ ပေးကြ၊ လာရောက်ကူညီပေးကြတဲ့
ကိုသန့် ဇင်၊ ကိုအတွတ်၊ ရင်ရင်၊နီနီ၊ မတိုး၊ စုစု၊ နွဲ့ နွဲ့ ၊မရင်နွဲ့ တို့ ကို
အထူးကျေးဇူးတင်ပါတယ်။
ဒီတစ်ခေါက် သူငယ်ချင်းတွေနဲ့ လည်းတွေ့ ဖြစ်တယ်။ တစ်ရက်မှာ မိန်းထဲက
ဦးချစ်မှာ ၂နာရီခွဲလောက်ကြာအောင် သူငယ်ချင်းတွေနဲ့ ထိုင်ဖြစ်ခဲ့တယ်။
ငယ်ဘ၀အလွမ်းပြေပေါ့လေ။
ကျန်တာတွေနောက်တော့ဆက်ရေးပါမယ်။ အခုတော့ ...နားလိုက်ပါအုံမယ်ရှင်။