Sunday 26 April 2009

နွေဦး Allergy

အအေးဒဏ်ရယ်၊ စောစောစီးစီးမှောင်တဲ့ဒဏ်ရယ် ဒါတွေကိုဆောင်းတွင်းတခုလုံး
ခံခဲ့ရလို့ နွေသီးရောက်ပြီဆိုရင် ကျမအရင်ကသိပ်ပျော်ခဲ့တာပေါ့။ နွေဦးရောက်ရင်
ပန်းပွင့်လေးတွေစပွင့်ကြပြီ၊ သစ်ပင်တွေလည်းရွက်နုလေးတွေစထွက်ကြပြီ။
ပန်းပင်လေးတွေ၊သစ်ပင်တွေကသိပ်တာဝန်ကျေတာပဲ။ နေရောင်နွေးနွေးနဲ့ 
ကောင်းကင်ပြာပြာကလည်း နွေဦးရဲ့ အလှတစ်ခုပေါ့။ နွေဦးရဲ့ နေရောင်ခြည်က
မပြင်းတော့ကျမအတွက်နေပူစာလှုံလို့ အကောင်းဆုံးပဲ။ နွေရောက်ရင် နေရောင်
ကဒီမှာအရမ်းပြင်တယ်။ကျမနေတဲ့ဂျာမနီတောင်ပိုင်းမှာဆို နွေရောက်ရင်
၄၀ ဒီဂရီလောက်အထိ တစ်ခါတစ်လေပူတတ်တယ်။ နွေဦးရာသီကတော့
ကျမအတွက် စိတ်သစ် လူသစ်နဲ့  အတက်ကြွဆုံးအချိန်ပေါ့။

ဒါပေမဲ့ ဒီရောက်ပြီး ၃ နှစ်လောက်ကြာတော့ နွေဦးရာသီဟာ ကျမအတွက်
သိပ်မလှတော့ဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ ကျမမှာ Heuschnupfen
ဆိုတဲ့ Hay Fever ရှိလာလို့ ပဲ။ နွေဦး Pollen Allergy လို့ ဆို
မလားပဲ။နွေဦးရောက်လို့ ပန်းတွေပွင့်ပြီဆိုတာနဲ့  ပန်းဝတ်မှုံလေးတွေက
လေထဲကိုလွင့်ကုန်ရော။ သူတို့ ကိုရှူမိရင် သာမန်အားဖြင့်ဘာမှမဖြစ်ပေမဲ့၊ တချို့ 
လူတွေကြတော့ Allergy ဖြစ်တယ်။ အဲ့ဒီလူတွေထဲမှာကျမလည်း
အပါအ၀င်ပေါ့။

ရောဂါလက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ ရုတ်တရက် အဆက်မပြတ်
နှာချေခြင်း၊ လည်ချောင်းယားခြင်း၊ မျက်စိယားခြင်းစတဲ့ထင်ရှားတဲ့
လက္ခဏာ
တွေဖြစ်ပြီး။အဲ့ဒီအပြင် ခေါင်းကိုက်ခြင်း၊ခေါင်းမူးခြင်း၊အာရုံကောင်းစွာမစိုက်
နိုင်ခြင်း၊ အလင်းရောင်ကိုခံနိုင်စွမ်းမရှိခြင်းစတာတွေလည်းဖြစ်တတ်သေး
တယ်။

စစဖြစ်ချင်းကတော့ ဘာမှန်းမသိဘူး။တခြားလူတွေက Allergy ဖြစ်
တာလို့ ပြောကြတာနဲ့ ဆရာဝန်ဆီသွားပြဖြစ်တယ်။ဆရာဝန်က Allergy
Test(Prick Test)လုပ်ကြည့်တယ်။ဒီတော့မှကျမမှာ ဘာတွေနဲ့ 
Allergy ဖြစ်မှန်းသိရတော့တယ်။ကျမမှာက နွေဦးရာသီမှာပွင့်တဲ့ပန်းတွေ
နဲ့ မတဲ့တာ။ဒီတော့နွေဦရာသီရောက်တာနဲ့ ကျမလည်း နှာရည်တွေကျ၊
လည်ချောင်းတွေယား၊မျက်လုံးတွေယားနဲ့ နှာကလည်းချေနဲ့ အလုပ်ကိုများ
နေရော။ ဖေဖေါ်ဝါရီလလောက်ကစလိုက်တာ မတ်လအလည်လောက်အထိ
ဒုက္ခရောက်လိုက်တာ။ ညညဆို နှာချေလိုက်၊နှာညှစ်လိုက်နဲ့ ကောင်းကောင်း
မအိပ်ရဘူး။

ဆရာဝန်က Allergy ဆေးတွေပေးတယ်။ Lorano ဆိုတာ။ဒီဆေး
သောက်ပြီးရင် ၂ရက်၊၃ရက်လောက် ခေါင်းနောက်နေရော။မျက်စဉ်းကို
တော့ Wela ကထုတ်တဲ့ Euphasia ကိုသုံးတယ်။ နှာခေါင်းပိတ်ရင်
Otriven1% ကိုသုံးတယ်။ နှာခေါင်းထဲထည့်ရတဲ့ Nasensalbe
ကလည်းအသုံးဝင်တယ်။ အိုရေ ဒုက္ခကိုများနေတာပဲ...။

တံခါးတွေ၊ပြူတင်းပေါက်တွေလည်းအတတ်နိုင်ဆုံးပိတ်ထားရတယ်။
အပြင်သွားတုန်းက၀တ်ထားတဲ့အင်္ကျီတွေကို အိမ်ရောက်တာနဲ့ လည်း
ပြီးအိပ်ယာနဲ့ ဝေးဝေးမှာထားရတယ်။ ဖြစ်နိုင်ရင် အိပ်ယာဝင်ခါနီး
ခေါင်းလျှော်ဖို့ အကြံပြူကြတယ်။ဂျာမနီကသူငယ်ချင်းတွေအတွက်
http://www.allergie.com ဒါလေးကအသုံးဝင်တယ်။
လေ့လာကြည့်လို့ ရတာပေါ့။



Friday 24 April 2009

အမေနဲ့ ခွဲနေရတာ ( ၁၀ )နှစ်ရှိပြီ....

အမေ့ကိုတစ်ယောက်ထဲထားခဲ့ရတာ၊ ဘာလိုလိုနဲ့ (၁၀)နှစ်ရှိခဲ့ပြီ။
တစ်နှစ်တခါပြန်တွေ့ ခွင့်ရလို တော်ပါသေးတယ်လို့ ပြောရမယ်။
ကျမပြန်အလာကို နေ့ တိုင်းမျှော်နေမယ့်အမေ၊
ဖုန်းဆက်တိုင်း ဘယ်တော့ပြန်လာမှာလဲလို့ မေးတတ်တဲ့အမေ၊
နေကောင်းရဲ့ လားလို့ ဖုန်းတစ်ခါဆက်ရင် အထပ်ထပ်မေးတတ်တဲ့အမေ၊
ကျန်းမာရေးကိုဂရုစိုက်ဖို့ ၊အဝေးမှာနေရလို့ စိတ်ပူနေရတယ်ဆိုတဲ့အမေ၊
ငါ့သမီးနဲ့ ပြန်တွေဖို့ ကျန်းမာအောင်နေနေရတယ်ဆိုတဲ့အမေ၊

ဪ...အမေလွမ်းနေသလို ကျမလည်းလွမ်းတာပေါ့အမေ၊

ကျမပြန်လာရင်အားလုံးအဆင်သင့်ရှိစေဖို့ စီစဉ်နေမယ့်အမေ၊
ကျမကြိုက်တတ်တာတွေကို ချက်ပြုတ်ပြီးကျမကိုကြိုနေမယ့်အမေ၊
ကျမပြန်ရင်ယူသွားဖို့ မြန်မာဆေးပေါင်းစုံနဲ့ စားစရာတွေဝယ်ထားပြီး
စောင့်နေမယ့်အမေ၊
ကျမရောက်လာရင် ပျော်ရွှင်တက်ကြွနေတဲ့အမေ့မျက်နှာ၊
ကျမသူ့ အနားမှာရှိတုန်း ပြောချင်တာတွေရင်ဖွင့်တတ်တဲ့အမေ၊
ကျမပြန်မယ့်ရက်ကိုပြက္ခဒိန်မှာကြည့်ပြီး ၀မ်းနည်းစွာရေတွက်နေတဲ့
အမေ့မျက်နှာ၊
မခွဲချင်ခွဲချင်နဲ့ ကျမပြန်မယ့်နေ့ ဆိုစိတ်မကောင်းဖြစ်ကျန်ခဲ့တဲ့
အမေ့ရဲ့ မျက်နှာ၊
ငါ့သမီးပြန်ရင် အမေကတရားရိပ်သာသွားမှာ...ဘာမှမပူနဲ့ နော်တဲ့
ဆိုပြီးတစ်လတစ်ခါ ရိပ်သာဝင်တဲ့အမေ၊
တစ်နှစ်တစ်ခါပြန်တွေ့ တိုင်း သတိထားမိတဲ့ အမေနဲ့ ဇရာ၊
ကျေးဇူးတွေခဏခဏတင်ပြီး၊ဆုတွေပေးတတ်တဲ့အမေ၊
အမေ့ကိုအဝေးမှာတစ်ယောက်ထဲထားရတာ စိတ်မကောင်းပေမဲ့
ဘုရား၊တရား၊သံဃာရှိတဲ့နေရာမှာ အမေ့အသိုင်းအ၀ိုင်းနဲ့ နေရတာ
ပိုကောင်းမှာပါအမေ၊
ဒီမှာကမတူတဲ့ဓလေ့၊မသိတဲ့စကား၊နားမလည်နိုင်တဲ့အပြုအမူ။
အဲ့ဒီမတူတာတွေကြားထဲမှာ အမေနေနိုင်မှာမဟုတ်ဘူး။
ကျမအဝေးမှာနေပေမဲ့ အတွေးထဲ၊အိပ်မက်ထဲမှာတော့ အမေပါပဲ။

ဪ...အမေလွမ်းနေသလို ကျမလည်းလွမ်းတာပေါ့အမေ။

အမေ့ကိုဒီစာပေးဖတ်ရင် အမေမျက်ရည်ကျမလားပဲ။
ဒါကြောင့် Blog ထဲမှာပဲသိမ်းထားလိုက်တော့မယ်။
အမေစိတ်ချမ်းသာပါစေ၊ ကျန်းကျန်းမာမာရှိပါစေ၊
တရားထူးတရားမြတ်ရပြီး နိဗ္ဗာန်သို့ ရောက်ရန် အထောက်အပံ့များ
ရရှိပါစေလို့ ဆုတောင်းလျှက်....






Friday 17 April 2009

New Year Day (1371)

Today is our Myanmar New Year day.
This morning I played Paritta and Patthana. I took 8 precepts today.
We cleaned Buddha images and offered flowers.
I cooked shan wet thachin and I had to eat before 12:00 am.
In Myanmar during new year time we are making good deeds as much as
possible.
At home my Aunty will distribute Myanmar traditional Shampoo
to neighbours and relatives. They will make sweet and distribute them.

Some people will make Satuditha. This means they made food and everybody
can come and eat as they like. Some will do jiwitadhana, they released fish ,
cows or bird.That is why this day is full of Kusala and everybody is happy
for that.

In evening they will invite monks and the monks will chant Paritta
on the street. This ceremony will be celebrated nearly in every street .
Some will make thet kyi pu zaw pwe; pay respect to the elder. They will invite
old men and ladies above 70 years old in the street and will give Dahnna to
them.

At night they will sitting together and sharing their Kusala to family members.
In this way we started our new year in Myanmar.

Thursday 16 April 2009

သင်္ကြန်အတက်နေ့ 

ဘာလိုလိုနဲ့ ကျမလွမ်းခဲ့ရတဲ့သင်္ကြန်လည်းပြီးသွားပြန်ပြီ။ ရန်ကုန်သင်္ကြန်နဲ့ 
မဆုံဖြစ်တာ(၇)နှစ်ရှိခဲ့ပြီ။သင်္ကြန်ရောက်တိုင်း မြန်မာပြည်နဲ့ ရန်ကုန်
သင်္ကြန်ကို အမြဲလွမ်းမိတယ်။ ငယ်ငယ်တုန်းကသင်္ကြန်ဆိုရင် TTC က
သူငယ်ချင်းတွေနဲ့ ကလိုက်၊ခုန်လိုက်နဲ့ ပျော်ခဲ့တာတွေကိုသတိရမိသေး
တယ်။ အမေ့မှာတော့ဥပုသ်မစောင့်နိုင်ပဲ၊ကျမနောက်ကအထုပ်ဆွဲပြီး
လိုက်ရရှာတာ။
ကိုမျိုးစီစဉ်ပေးလို့ မောင်နှမတွေ ရေပက်ခံထွက်ကြတာ၊ မမသီတာတို့ နဲ
့ရေပက်ကြတာတွေကို သင်္ကြန်ရောက်တိုင်း သတိရတယ်။
သူငယ်ချင်းဘဲဥ၊စန္ဒီတို့ နဲ့ ရွှေစက်တော်မှာသင်္ကြန်ကျခဲ့ကြတာလည်း
မမေ့နိုင်ပါဘူး။
အခုတော့ ကျမတို့ တွေအားလုံး တနေရာဆီမှာ...
သူတို့ တွေလည်း သင်္ကြန်ရက်တွေမှာ ကျမလိုပဲသတိရနေကြမှာပဲ။
ဒီနှစ်တော့ ပိတောက်မရှိ၊ သင်္ကြန်မရှိတဲ့ နေရာကနေပဲ သူငယ်ချင်းများနဲ့ 
သင်္ကြန်ကိုသတိရလျှက်...

Wednesday 15 April 2009

Thingyan ( 15.04.09), သင်္ကြန်အကြတ်နေ့ 


ဒီနေ့ တော့ မုန့် လုံးရေပေါ် လုပ်တယ်။
စားသွားပါအုံး။

Tuesday 14 April 2009

2009 Thingyan(13.04.09) , သင်္ကြန်အကြိုနေ့ 


နှစ်သစ်အတွက် အတာအိုး...












ကော်ရည်ခေါက်ဆွဲအတွက် ပဲပင်ပေါက်
ဖေါက်ထားတာ။









မုန့် လုပ်ဆောင်း ကတော့ရွှေရင်အေးအတွက်...
(ကိုယ်တိုင်လုပ်ထားတာလေ။)









ကော်ရည်ခေါက်ဆွဲ ရပါပြီ။










အချိုပွဲအတွက်...
ရွှေရင်အေး စားပါနော်။









ကော်ရည်ခေါက်ဆွဲကို ရန်ကုန်မှာတုန်းက
မရင်ရင်မြင့် ချက်ပြတဲ့အတိုင်း
ချက်တာ အဆင်ပြေတယ်။ ကျေးဇူးပဲ
မရင်ရင်မြင့် ရေ....


Sunday 12 April 2009

New Year Festival in Ketsch








Here are some photos from Laos-Thai
New Year festival in Ketsch near Mannheim.
We went there and made Sangha Dhanna. There were always nice food.
I feel like I am in Yangon.

Friday 10 April 2009

Sati...

I didn't want really to do it.
But sometimes I could not control my emotion.
One moment action... making my heart pain,
regret and sad...
I have to take lesson from that
Next time.... I should be more careful and patient
Try to keep more sati....
Without sati I would act like a mad again.

Happy Thingyan and Happy New Year...



Happy Thingyan and Happy New Year....

နှစ်သစ်မှာမင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ 

ဆုတောင်းလိုက်ပါတယ်။


Spring in Bad Krozingen












Spring time in our Kur Park, Bad Krozingen.



Shinlay in Kur park under the Palm Tree.

Thursday 9 April 2009

ကျမနဲ့ ရထား

ကျမနေတဲ့မြို့ ကနေ Freiburg ကိုရထားနဲ့ ဆို ၁၀ မိနစ်လောက်ကြာတယ်။ ကျမက
Freiburg ကိုအမြဲတမ်းသွားရတယ်။ ကျောင်းတက် တာ၊ဈေးသွားတာ၊အလုပ်သွား
တာ အားလုံးကို ရထားနဲ့ ပဲသွားတယ်။ ဒီတော့ တပတ် ကို ၆ရက်လောက်
ကရထားပဲစီနေရတာ။ဘူတာတို့ ၊ ရထားတို့ ဆိုတာကျမရဲ့ မိတ်ဆွေတွေဖြစ်နေပြီ။
Thomas ကခရီးသွားတာအလွန်ဝါသနာပါတယ်။ကျမတို့ မကြာမကြာခရီး
ထွက်ဖြစ်ကြ တယ်။တခြားမြန်မာသူငယ်ချင်းတွေဆီလည်းသွားကြတယ်။ အစပိုင်း
တော့ Thomas နဲ့ အတူတူသွားတယ်။အခုတော့ ကျမတစ်ယောက်ထဲသွားတာများ
တယ်။ ကျမလည်းရထားနဲ့ ခရီးသွားရတာပျော်တယ်။ ရထားပေါ်မှာအေးအေးဆေးဆေး တွေးချင်ရာတွေး၊ငေးချင်ရာငေး၊ရေးချင်တာရေးပေါ့။ဂျာမန်တွေကတော့စာဖတ်လေ့
ရှိတယ်။ သတင်းစာ၊ မဂ္ဂဇင်း၊၀တ္ထု စတာတွေဖတ်ကြတယ်။
ကျမကတော့ရထားစီးရင်း ဂျာမန်တွေကိုလေ့လာမိတယ်။ သူတို့ စကားပြောတာနား
ထောင်မိတယ်။ကျမက ရထားပေါ်မှာစာတော့မဖတ်တတ်ဘူး။
ဘာပဲဖြစ်ဖြစ် ရထားနဲ့ သွားရလာရတာ ဒီမှာအဆင်ပြေတယ်။စိတ်လည်းချရတယ်။
ရထားနောက်ကျရင်လည်း Connection အတွက်စီစဉ်ပေးတယ်။ဒါကြောင့်ဒီမှာ
လူတော်တော်များများ ကားကိုမသုံးတော့ပဲ ရထားပိုစီလာကြတယ်။ ကားကဓါတ်ဆီဖိုး၊
ကားရပ်ခတွေအပြင် လမ်းမှာ ကားပိတ်တာတွေစတဲ့ပြသာနာတွေလည်းရှိသေးတယ်လေ။
ကျမကတော့ ရထားစီးရတာ ပျော်နေတာပဲ။

Wednesday 8 April 2009

ဂျာမန်မီးရထားများအကြောင်း (၂)








ရထားတွေအကြောင်းရေးရင် ဘူတာတွေအကြောင်း
လည်း ရေးရအုံးမယ်။ ဘူတာတွေမှာ
Information Center, Ticket Automat စသည်ဖြင့် ဘူတာအကြီး အသေးပေါ်မူတည်
ပြီးရှိတယ်။ရထားအ၀င်၊အထွက်အချိန်ပြတဲ့ဆိုင်းဘုတ်လေးတွေလည်းရှိတယ်။ အ၀င်
ရထားတွေကိုအဖြူရောင်စာရွက်ပေါ်မှာရေးထားပြီး၊ အထွက်ရထား အချိန်စာရင်းကို
တော့အ၀ါရောင်စာရွက်ပေါ်မှာရေးထားတယ်။ ထွက်တဲ့အချိန်၊ ရောက်မဲ့အချိန်၊ ပလက်
ဖေါင်းနံပါတ် တွေကိုအသေးစိတ်ရေးထားပါတယ်။ ဘူတာကြီးတွေမှာတော့ ရထားအ၀င်၊
အထွက်အချိန်ပြတဲ့ဆိုင်းဘုတ်ကြီးကိုတွေနိုင်ပါတယ်။ အခက်အခဲရှိရင်Bahn Service Center
မှာမေးလို့ ရပါတယ်။ ဘူတာမှာ ပေါင်မုန့် ဆိုင်၊ စာအုပ်ဆိုင်၊ကော်ဖီဆိုင် စတာ တွေလည်း
ရှိတယ်။ မြို့ အကြီးအသေးပေါ်မူတည်ပြီး အနည်း အမျ
ားကွာတာပေါ့။ အဲ့ဒီဆိုင်တွေက
တနင်္ဂနွေနေ့ တွေပါဖွင့်တယ်။ ဂျာမနီမှာ တနင်္ဂနွေနေ့ ဆိုရင် ဆိုင်
တွေပိတ်တယ်။
ကော်ဖီဆိုင်နဲ့ ပေါင်မုန့် ဆိုင်လောက်ပဲဖွင့်တယ်လေ
လက်မှတ်ရောင်းတဲ့နေရာမှာ
တန်းစီပြီး လက်မှတ်ဝယ်ရတယ်။ အခုတော့ စက်တွေ
အများကြီးထားထားတယ်။
အစပိုင်းတော့ ဟိုနှိပ်ဒီနှိပ်နဲ့ ပေါ။ ပြပေးတဲ့လူလည်း
ရှိပါတယ်။ တချို့ လက်မှတ်တွေက စက်မှာပိုပြီးသက်သာတယ်။ ရထားပေါ်မှာ တော့လက်မှတ်မ၀ယ်စေချင်ဘူး။ ဈေးကြီးတယ်။
တချို့ ရထားပေါ်မှာက လက်မှတ်
စစ်ပဲပါတယ်။ သူကလက်မှတ်မရောင်းဘူး။
လက်မှတ်မပါရင် ဒါဏ်ရိုက်တယ်။
စင်္ကြန်မှာ လည်း လောလောဆယ်ထွက်မဲ့ရထား၊
ဘယ်အချိန် ဘယ်ကို ထွက်မယ်
ဆိုတာရေးထားပါသေးတယ်။အမြန်ရထားအတွက်ဆိုရင်တော့
ဘယ်နေရာမှာ
ဘယ်တွဲနံပါတ်ရပ်မယ်ဆိုတာရေးထားတော့ မိမိ reserved လုပ်ထားတဲ့
တွဲနေရာ
မှာစောင့်နေရုံပဲ။ တခါတလေတွဲမှားချိတ်တာလည်းရှိပါတယ်။ ဒါပေမဲ့ ရထားမလာခင်ကြေငြာပေးပါတယ်။





ဂျာမန်မီးရထားများအကြောင်း (၁)

ကျမဂျာမနီကိုရောက်ရောက်ခြင်း ပထမဆုံးကြုံရတာက ဂျာမနီနိုင်ငံရဲ့  ရထားတွေပါ။
Frankfurt လေဆိပ်ကနေ ကျမနေတဲ့မြိုလေးအထိ ၂ နာရီကျော်ရထားထပ်စီးရတယ်။
ဒီမှာက ရထားတွေဟာ သိပ်အသုံးများတယ်။ ရုံးသွား၊ကျောင်းသွား၊ အလုပ်သွား၊ ခရီးသွား
ကြရာမှာ ရထား
ကိုအများကြီးအသုံးပြုကြတယ်။ဒီတော့ ရထားတွေအကြောင်း နဲနဲရေး
ပြချင်တယ်။
ဂျာမနီမှာ ရထားအမျိုးမျိုးရှိတယ်။ ICE ဆိုတဲ့ Intercity Express ၊ IC ဆိုတဲ့ Intercity ၊
EC
ဆိုတဲ့ Eurocity, CNLဆိုတဲ့ City Night Line စတဲ့ အမြန်ရထားတွေအပြင်
IREဆိုတဲ့ Interregioexpress, REဆိုတဲ့ Regional Express နဲ့  RB ဆိုတဲ့ Regional
Bahn ရယ် S-Bahn ဆိုတာတွေလည်းရှိသေးတယ်။ အမြန်ရထားတွေက ဘူတာတိုင်း
မရပ်ဘူး။ တစ်နာရီကို ကီလိုမီတာ ၂၀၀ ကျော် ၃၀၀ ကျော် လောက် မောင်းကြတယ်။
ရထားထဲမှာတော့ ငြိမ်နေတာပဲ၊ မောင်းနေမှန်းတောင်မသိရဘူး။ လက်မှတ်ခတွေကတော့
အမြန်ရထားအတွက် ပုံစံအမျိုးမျိုးနဲ့ ဝယ်လို့ ရပါတယ်။ ဆိုလိုတာက မိမိသွားချင်တဲ့ရက်
ရယ်၊ အခ
ျိန်ရယ်ကို အတိအကျသတ်မှတ်ပြီး၊ အဲ့ဒီသတ်မှတ်ထားတဲ့ ရထားကိုပဲ စီးမယ်
ဆိုရင် ဈေးသက်သာတယ်။ ၃လလောက်ကြိုဝယ်ထားရင် တော့ တော်တော်လေးကို
သက်သာပါတယ်။ ရံဖန်ရံခါ ဈေးတော်တော်သက်သာတဲ့ အထူးလက်မှတ်တွေလည်း
ရတတ်တယ်။ထိုင်ခုံအတွက်ကတော့ သွားခါနီးမှ reserved လုပ်လို့ ရတယ်။ အဲ့ဒီအတွက်
နောက်ထပ် ၃-၄Euro လောက်ထပ်ပေးရတယ်။
ပုံမှန်ရထားတွေအတွက်ကတော့ထိုင်ခုံကဦးရာလူစနစ်ပဲ။
များသောအားဖြင့်ချောင်ပါတယ်။ ရထားခကတော့ အသွားအပြန်အခေါက်တိုင်းဝယ်လို့ 
ရသလို၊တစ်လစာလက်မှတ်
လည်းဝယ်လို့ ရပါတယ်။ အဲ့ဒါက အများကြီးသက်သာတယ်။
ကျမနေတဲ့ နေရာမှာတော့ တစ်လ လက်မှတ်ကို ၄၆ ယူရိုပေးရတယ်။ ဟိုနားဒီနား အသွား
အပြန်ပဲဝယ်မယ်ဆိုရင်တော့ ၇ ယူရို လောက်ပေးရတယ်။ အမြဲတမ်းသွားမယ်ဆိုရင်တော့
လပေးလက်မှတ်ကတန်တာပေါ့။ အချိန်မရွေး၊ဘယ်နှစ်ခေါက်ဖြစ်ဖြစ် စီးလို့ ရတယ်လေ။
နောက်ပြီးဘယ်ရထား၊ဘယ်ဘတ်စ်ကား ပဲ
ဖြစ်ဖြစ် စီးလို့ ရတယ်။ 1st Class နဲ့ 
2nd Classလို့ ခွဲထားပေမဲ့ 1st Class မှာစီးမဲ့သူတောင်မရှိဘူး။ လက်မှတ်မပါပဲ
ခိုးစီးရင်တော့ အနည်းဆုံးယူရို ၄၀ ကနေ၊အများဆုံး လက်မှတ်ရဲ့  ၂ဆဒါဏ်ရိုက
်တယ်။ လက်မှတာစစ်က အမြဲမလာပေမဲ့ ကိုယ့်အသိစိတ်ဓါတ်နဲ့ လက်မှတ်ဝယ်
စီးကြပါတယ်။ ခိုးစီးတာတွေလည်းရှိတာပါပဲ။

Tuesday 7 April 2009

ကျမ နှင့် ဘဲဥ

ရန်ကုန်တက္ကသိုလ်တုန်းက ကျမမှာ ဘဲဥဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူ့ ကို
နောက်ရင်းပြောင်ရင်းနဲ့  သူ့ နံမယ်လှလှလေးကနေ ဘဲဥ ဆိုပြီးတက္ကသိုလ်တောက်
လျှောက် အမည်တွင်ပါလေရော။
ဝဋ်ဆိုတာ နောက်ဘ၀မကူးဘူးတဲ့။ အဲ့ဒါ တကယ်မှန်တယ်။
ကျမ နံမယ်က ဂျာမနီမှာ တော်တော်ရီစရာကောင်းနေတယ်။ Ei ဆိုတာ ဂျာမန်လို
ဥလို့ အဓိပ္ပါယ် ရတယ်။ ဘဲဥ၊ကြက်ဥပေါ့။ ဒီမှာ ကျမ နံမယ်ကိုပြောရင် သူတို့ မျက်နှာက
စပ်ဖြဲဖြဲဖြစ်ကုန်ရော။ အားနာလို့ သာ မရီတာနေမှာ။ ကွယ်ရာမှာတော့ ကျမတို့ သူငယ်
ချင်းကိုကျမတို့ နောက်သလို ကျမကိုလည်း "ဘဲဥ ဒါမှမဟုတ် ကြက်ဥ" လို့ ခေါ်ကြမှာပဲ။
အခုလို Ostern အချိန်ဆို ဂျာမနီမှာ ကြက်ဥလေးတွေကို ဆေးရောင်စုံလေးတွေဆိုး ပြီး
Ostern Eier အဖြစ်ရောင်းကြတယ်။ စက္ကူဘူးခွံတွေမှာ Ei ဆိုပြီးတောင် ရေးထားလိုက်
သေးတယ်။
အဲ့ဒါလေးတွေတွေ့ တိုင်း ကျမ နံမယ်ကို ကျမရီချင်မိသလို၊ ငယ်ငယ်က ငယ်ချင်းလေး
ဘဲဥလေးကိုလည်း သတိရမိတယ်။

ကျမနဲ့ ဂျာမနီ

ကျမ ဂျာမနီကိုရောက်တာ ဘာလိုလိုနဲ့ ( ၁၀) နှစ်ရှိခဲ့ပြီ။ ဒီနှစ်တွေအတွင်းမှာ ပျော်စရာ
ကောင်းတဲ့ အတွေ့ အကြုံတွေရော၊ ခါးသီတဲ့အတွေ့ အကြုံ တွေရော တော်တော်လေး
ှိရှိလာခဲ့ပြီ။ ရောက်စကတော့ ဟိုဟာလည်း သင်ရ၊ ဒီဟာလည်းသင်ရနဲ့ တော်တော်လေး
ကိုစိတ်ညစ်ရတယ်။ ဘာသာစကားနားမလည်တဲ့ ဒုက္ခကတော့အဆိုး ဆုံး ပါပဲ။သူပြော
တာကိုယ်မသိ၊ ကိုယ်ပြောချင်တာ သူမသိ နဲ့  ကြာလာတော့ စိတ်ညစ်လာမိတာအမှန်ပဲ။
ကျမကိုယ် ကျမအင်္ဂါဂြိုလ်က ကျလာတဲ့ (ET) တစ်ကောင်လိုခံစားမိခဲ့တယ်။
အဲ့ဒါကြောင့် ဂျာမနီ ကိုလာ မယ်ဆိုရင်တော့ဂျာမန်စကားကို သင်လာကြပါလို့ အကြံပေး
ချင်ပါတယ်။ အဲ့ဒီတုန်းက ကျမအသက်က (၃၁)နှစ်၊ဦးနှောက်ကဘာသာခြား စကားကို
သင်ယူဖို့  ခက်ခဲစပြုနေပြီလေ။ ဒါပေမဲ့ ကျမကြိုးစားခဲ့တယ်။ စကားတတ်လာ
လေလေသူတို့ တွေနဲ့  ဆက်ဆံရာမှာ ပိုအဆင်ပြေလာလေဆိုတော့ ကျမပျော်လာတယ်။
ကိုယ့်ကိုကိုယ်ယုံကြည်ချက်ပိုရလာတယ်။
အဲ့ဒီလိုနဲ့ အသက် (၃၄) နှစ်မှာ အသက်မွေးဝမ်းကြောင်း သင်တန်းတခုကို တက်ပြီး ၊
(၃၆)နှစ်မှာဂျာမန်အောင် လက်မှတ်တစ်ခုကိုရခဲ့တယ်။ အဲဒီနောက်တော့ ကျမ ဂျာမန်တွေကိုမကြောက်တော့ဘူး။ ဂျာမနီမှာနေရတာ လည်း
ပျော်လာတယ်။ အခုတော့ ကျမသင်ထားတဲ့ပညာနဲ့  အလုပ်တစ်ခုကို ရတယ်။
သူတို့ တွေနဲ့ တမ်းတူ ငါလည်းလုပ်နိုင်ပါလားဆိုပြီး ကိုယ့်ကိုကိုယ် ယုံကြည်ချက်ပိုရ
လာတယ်။ ဒီအခြေအနေကိုရောက်ဖို့  အခက်အခဲတွေတော့အများကြီးပေါ့။ စာဖတ်ရင်း
ငိုခဲ့ရတဲ့ရက်တွေ၊ မြန်မာပြည်ပြန်ပြေးချင်တဲ့ရက်တွေ၊နှင်းတွေကြားထဲ ချော်လဲကျတဲ့
နေ့ တွေ.....ဒီရက်တွေကိုတော့ ကျမပြန်မရချင်တော့ဘူး။
အဲ့ဒီ အခက်အခဲတွေ တွေ့ တဲ့အခါတိုင်းတော့
အမေ့မျက်နှာကို ပြေးမြင်မိပြီး ကျမအတွက် ခွန်အားအသစ်ကိုပြန်ရခဲ့တယ်။
ကျမလိုမိဝေးဖဝေးနဲ့ ရေခြားမြေခြားမှာ ရှိနေကြတဲ့သူတွေလည်း အခက်အခဲတွေ
တွေ့ တဲ့အခါတိုင်းစိတ်ဓါတ်မကျပဲ၊ အားတင်းပြီး ရည်မှန်းချက် ပန်းတိုင်ကို ရောက်
နိုင်ကြပါစေလို့ ဆုတောင်းလျှက်........

Monday 6 April 2009

ကျမနေတဲ့မြို့ လေး

ကျမနေတဲ့မြို့ လေးကဂျာမနီနိုင်ငံတောင်ပိုင်းမှာရှိတဲ့ Bad Krozingen ဆိုတဲ့မြို့  ငယ်လေးပါ။ မြို့ ကလေးအဖြစ် ၂၀၀၅ခု မှသတ်မှတ်တာ။ ကျမတို့ မြို့ နားမှာ Freiburg ဆိုတဲ့ မြို့ ရှိတယ်။အဲ့ဒီမြို့ ကတော့ တက္ကသိုလ်မြို့ အဖြစ်ကျော်ကြားတယ်။ ကျမတို့ မြို့ မှာ ဆေးရုံတွေ၊ rehabilitation အနားယူတဲ့ဆေးရုံတွေကအများတယ်။
အဲ့ဒီတော့ လူကြီးပိုင်းတွေကို မြို့ ထဲမှာတော်တော်တွေ့ ရတယ်။ ကျမအမျိုးသားက တော့ ကျမတို့ မြို့ လေးကို ဘိုးဖွားရိပ်သာနဲ့ တူသတဲ့လေ။
မြို့ လေးမှာ သိပ်လှတဲ့ ပန်းခြံတခုလည်းရှိသေးတယ်။ ပန်းခြံက တော်တော်လေး ကျယ်တယ်။ နွေကူးတဲ့အချိန်ကစပြီး ပန်းတွေအမြဲတမ်းစိုက်ထားတယ်။ ကျမကတော့ အချိန်ရတိုင်း ပန်းခြံထဲလမ်း လျှောက်ဖြစ်တယ်။ ကျမမှာHay Fever ရှိတော့ပန်းပွင့်တွေကြားလမ်းလျှောက်ရတာ သိပ်မလွယ်ဘူးလေ။ဒါပေမဲ့ ဒုက္ခခံပြီးသွားဖြစ်တယ်။မြို့ လေးမှာရေပူစမ်းလည်းရှိသေးတယ်။ အဲ့ဒီရေပူစမ်းကြောင့် မြို့ လေးကိုလူပိုသိကြတယ်။
ဒီမြို့ လေးမှာနေရတာ တိတ်ဆိတ်တယ်။ အေးအေးဆေးဆေးရှိတယ်။ Freiburg နဲ့ လည်းရထားနဲ့ သွားရင် (၁၀)မိနစ်ပဲကြာတော့ အဆင်ပြေတယ်လေ။ ညနေစောင်းပန်းခြံထဲမှာလမ်းလျှောက်ရတာလည်း ကြိုက်တယ်။
ဒါပေမဲ့ ဒီမြို့ လေးမှာ ကျမရဲ့ သူငယ်ချင်းတွေမရှိကြဘူး။ ကျမသူတို့ ကို မကြာမကြာသတိရမိတယ်။
ကျမသူငယ်ချင်းတွေလည်း တခါတလေတော့ ကျမကို သတိရနေမှာပဲနော်....

Invitation....to Shinlay's Thingyan

နှစ်သစ် သင်္ကြန် ပွဲ လေးကို
၁၃.၀၄.၀၉ တနင်္လာနေ့  တွင်
ကျမ တို့ နှင့်အတူကျင်းပရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ကော်ရည်ခေါက်ဆွဲ နှင့် ရွှေရင်အေးသုံးဆောင်ရင်း
သင်္ကြန် အကြောင်း အမှတ်တရလေးများပြောပြီး
နှစ်သစ် သင်္ကြန်ပွဲလေးကိုကျင်းပကြတာပေါ့။

ရက်စွဲ။ ။ ၁၃.၀၄.၀၉ ၊ တနင်္လာနေ့ 
အချိန်။ ။ နေ့ လည် (၁၂)နာရီမှ ညနေ (၆)နာရီ
နေရာ။ ။Karolingerstr.5
79189 Bad Krozingen


Wednesday 1 April 2009

ဇရာ....

တနေ့ တနေ့  အချိန်တွေက ကုန်လွယ်လိုက်တာ
အသက်တွေလည်း ကြီးမြန်လိုက်တာ
အယင်တုန်းက ဓါတ်ပုံတွေထဲ နုပျိုတဲ့ ပုံရိပ်များ
အတွေးထဲမှလည်း ဒီအတိုင်းပဲ
တကယ့်လက်တွေ့ မှာတော့
ပြန်တွေ့ ကြမှဇရာဆိုတာ သတိရတော့တယ်။
အမေလည်း အသက်ကြီးပြီ၊
ဆွေမျိုးတွေရော၊ သူငယ်ချင်းတွေရော၊
သြော်.....
ကျမ တောင် ဘာလိုလိုနဲ့ 
အသက်လေးဆယ်ကျော်ခဲ့ပြီပဲ။

Challenge

ဒီနေ့ မြန်မာလက်ကွက် စကျင့်တယ်။
ခက်လိုက်တာ။ ခေါင်းကိုမူးနေတာပဲ။
တနေ့ နဲနဲ၊ နဲနဲ ကျင့်ရင်တော့ရမယ်ထင်တာပဲ။
စိတ်မပျက်ပါဘူး။ ကြိုးစားနေပါတယ်။