Thursday, 27 December 2012
ပါရီ ခရီး
ကျမတို့ နေတဲ့နေရာနဲ့ ပြင်သစ်က ကပ်နေပေမဲ့ ပါရီ ကို ကျမမရောက်ဖြစ်ခဲ့ပါဘူး။
ဒီနှစ်ခရစ်စမတ်အချိန်မှာ အလုပ်လည်းပိတ်တုန်း၊ဦးသောမတ်စ်လည်း ခရီးမထွက်
တဲ့အချိန်နဲ့ ကြုံတုန်း ငယ်ငယ်ကတည်းက စိတ်ကူးထဲရောက်နေတဲ့ ပါရီကိုသွားဖို့ 
စီစဉ်ဖြစ်ပါတယ်။
ကျမတို့  အိမ်ကနေ မိနစ်၂၀လောက်ကားမောင်းပြီး ပြင်သစ်နိုင်ငံက Mulhouse
ဖြစ်တာနဲ့ လမ်းကဘူတာမှာ နာရီဝက်လောက်ရပ်ထားရလို့ ပါရီကို နာရီဝက်နောက်
ကျရောက်ပါတယ်။ရထားဆိုက်တဲ့ ဘူတာ  Gare de Lyon  ကနေ ကျတို့ တည်းမည့်
ဟိုတယ် ရှိတဲ့ Gare de l'Est ကို Metro စီးပြီးခရီးဆက်ခဲ့ပါတယ်။
ပထမဆုံးပါရီရဲ့ အတွေ့ အကြုံကတော့ မြေအောက်ရထားတွေက တစ်ခုနဲ့ တစ်ခု
ချိတ်ဆက်မိပြီး အဆင်ပြေတာကို တွေ့ ရတယ်။ ပြင်သစ်သူ ချောချောတွေ အစား
အာဖရိကန်တွေ အများကြီးတွေ့ ရတယ်။ ကျမတို့ တည်းတဲ့နေရာက အာဖရိကန်၊
အိန္ဒိယ ရပ်ကွက်တွေနဲ့ နီးတော့ သူတို့ ကို နေရာတိုင်းတွေ့ နေရတယ်။
ခဏနားပြီးတော့ ဦးသောမတ်စ်သွားချင်လှချီရဲ့ ဆိုတဲ့ အာရပ်-အာဖရိကန်ရပ်ကွက်
ရှိတဲ့Barbes-Rochechouart ကိုသွားကြပါတယ်။ ရထားပေါ်ကဆင်းတယ်ဆိုရင်ပဲ
ကျမတို့ ဥရောပကနေ အာဖရိကရောက်သွားသလိုခံစားလိုက်ရပါတယ်။
ဈေးဆိုင်တွေကလည်း ကျမတို့ တိုင်းပြည်ကဈေးဆိုင်တွေလိုပဲ။ လမ်းလည်မှာ
ဘန်းနဲ့ ထဲ့ရောင်းသူ၊ လမ်းမှာခင်းရောင်းသူလမ်းလျှောက်ပြီးရောင်းနေသူ၊
စုံလို့ ပဲ။ ကျမတို့ ရှိနေချိန်မှာပဲ မြန်မာပြည်မှာ စည်ပင်လာသလို ပြေးကြတာတွေ့ 
တော့ သြော် ပုလိပ် ၂ ယောက်လာနေတာကို....
ငါးတွေ၊ အသားတွေအများကြီးပဲ။ အမဲကလိစာတွေတွေ့ တော့ အမဲအူပြုပ်
စားချင်မိတယ်။ မီးဖိုချောင်တစ်ခုသာ ခဏငှားလို့ ရရင်...တွေးမိပါတယ်။
ငါးကြပ်တင်ထားတာတွေလည်းတွေ့ တယ်။ ကုန်ခြောက်ဆိုင်တွေမှာ
ငါးဆားနယ်တွေတွေ့ တော့ ၀ယ်ချင်ပေမဲ့ .... အနံတွေ ဟိုတယ်မှာ နံကုန်မှာ။
အာဖရိကကုန်ခြောက်ဆိုင် ပိုင်ရှင်က တရုတ်၊
ကျမတို့ လည်းဟိုငေးဒီမော့နဲ့  ပြန်လာခဲ့တယ်။ နေရာတနေရာရောက်တိုင်း
ဈေးတန်းအရင်သွားချင်တဲ့ကျမအတွက် အကောင်းဆုံးနေရာတစ်ခုပါ။
လိုင်းတွေ၊ ရထားလိုင်းတွေကလည်းအများကြီး၊ ကျမလည်း Marco polo
ခရီးလမ်းညွှန်စာအုပ် အားကိုးနဲ့  မြို့ ထဲထွက်ခဲ့ပါတယ်။ ပထမဆုံး သွားဖြစ်တဲ့နေရာ
ကတော့ Notre-Dame ကိုပါ။ပါရီမှာ ကျမအကြိုက်ဆုံးထဲက တစ်နေရာပါပဲ။
ကျမလည်းကျောင်းထဲခဏ၀င်ကြည့်ဖြစ်ပါတယ်။ Tourist တွေအများကြီးပေါ့။
အဲ့ဒီကမှတဆင့် ကျော်ကြားလှတဲ့ Eiffel Tour ကိုသွားပါတယ်။ အပေါ်ကိုတတ်
ဖို့ ဓါတ်လှေခါးဘက်မှာတန်းစီနေတဲ့လူတန်း ကိုရှောင်ရင်း အနောက်ဖက်က
ခြေချင် တတ်တဲ့နေရာက နေ အပေါ်ကိုတတ်ခဲ့ပါတယ်။ ဦးသောမတ်ကတော့
ခြေထောက်နာတာကြောင့် အနားက ကာဖီဆိုင်မှာထိုင်ပြီးကျမကိုစောင့်နေတယ်။
အပေါ်ရောက်တော့ ပါရီမြို့ ကြီးကို စီးမြင်ရလို့ မောလာတာ တန်သွားပါတယ်။
ညဖက်ဆိုမီးရောင်တွေနဲ့ ပိုလှမှာသေချာပါတယ်။
အဲ့ဒီကအပြန် Arc de Triomphe  နဲ့ Champs-Elysees ဘက်ကိုခရီးဆက်ခဲ့ပါတယ်။
Champs-Elysees ရောက်တော့ ဆိုင်တွေကိုငေးရင်းလမ်းလျှောက်မှန်းမသိတော့
အောင်ဖြစ်ရတယ်။ ဦးသောမတ်စ်က ဆက်မလျှောက်နိုင်တော့ဘူးဆိုမှပဲ....
အဲ့ဒီမှာပဲ သူက ဟိုတယ်ပြန်၊ကျမက ခရီးဆက်ရင်းလမ်းခွဲခဲ့တယ်။ ကျမလည်း
Louvre ပြတိုက်ကိုသွားခဲ့ပါတယ်။ 
အဲ့ဒီကတဆင့် တရုတ်တန်းကိုသွားဖြစ်ပါတယ်။ တရုတ်တန်းရောက်တော့လည်း
နေရာတိုင်းတရုတ်စာ၊တရုတ်စကားသံတွေကြားရတယ်။ ဘဲကင်၊အသားကင်၊
တရုတ်အစားအစာအစုံပါပဲ။ ကျမလည်း ဆိုင်တဆိုင်မှာ နေ့ လည်စာဝင်စားဖြစ်ပါတယ်။
တရုတ်ဆိုင်ကနေ လိုအပ်တဲ့ပစ္စ္စည်းနဲနဲဝယ်ခဲ့ပါတယ်။ အဲ့ဒီကမှ ဟိုတယ်ကို
ပြန်လာခဲ့တယ်။ ညနေစောင်းတော့ အနားက ကုလားဆိုင်မှာ ဒန်ပေါက်စားဖြစ်ပါတယ်။
မြန်မာပြည်လို ဆီမများပဲ နဲနဲစပ်ပါတယ်။
နောက်နေ့ မှာတော့ ပါရီမြန်မာဘုန်းကြီးကျောင်းကိုသွားကြပါတယ်။ ဆရာတော်က မနက်
၉နာရီလာခေါ်ပါတယ်။ ဘုန်းကြီးကျောင်းရောက်တော့ မြန်မာ ပြည်ပြန်ရောက်သလို
ခံစားရပါတယ်။ မနက်စာကိုတော့ ဘုန်းကြီးကျောင်းနားက ဂျပန် (တရုတ်)ဆိုင်မှာ
ဆရာတော်ကိုဆွမ်းကပ်ရင်းစားဖြစ်ပါတယ်။
ကျောင်းကအပြန် ကျမတယောက်ထဲ ဟိုတယ်ကသိပ်မဝေးတဲ့ Sacré-Cœur de Montmartre
သဘောကျမိပါတယ်။
နောက်နေ့ မှာတော့ မြို့ ထဲဘက်နေရာတွေ သွားဖြစ်ပါတယ်။ ဈေးဆိုင်တွေ၊ အင်္ကျီဆိုင်တွေ၊
ဖိနပ်ဆိုင်တွေ.... ဂျာမနီထက်ဈေးကြီးပါတယ်။ ဂျာမနီက ထက်လည်းလှပါတယ်။
ကျမတော့ အင်္ကျီတစ်ထည်နဲ့ ဘောင်းဘီတစ်ထည်ပဲဝယ်ခဲ့ပါတယ်။
ပါရီခရီးက ကျမအတွက် စိတ်လှုပ်ရှားရတဲ့ ခရီးပါ။ ငယ်ငယ်က ပြင်သစ်စာအတူတူ
သင်ခဲ့ကြတဲ့ သူငယ်ချင်းတွေကို သတိရမိပါတယ်။၊ စာတွေထဲမှာ သင်ခဲ့၊ဖတ်ခဲ့ရတဲ့
အရာတွေ ကိုယ်တိုင်မြင်ရတော့  စိတ်လှုပ်ရှားရပါတယ်။ သူငယ်ချင်းတွေသာပါလာ
ရင်ဆိုပြီးမကြာခဏတွေးမိပါတယ်။
ပါရီက လူမျိုးစုံ၊ ကြည့်စရာစုံတဲ့နေရာပါ။ မြေအောက်ရထားလိုင်းတွေကိုလည်း
အဆင်ပြေအောင်လုပ်ထားလို့ သွားရတာအဆင်ပြေပါတယ်။ မြေအောက်ရထား
စီးရလွန်းတော့ နေရောင်နဲ့ သဘာဝလေကို တောင်းတလာမိတယ်။
ကိုယ့်ကိုကိုယ် မြေကြွက်တကောင်လိုထင်လာမိပါတယ်။
ဘာပဲဖြစ်ဖြစ် ပါရီခရီးက ကျမအတွက် အမှတ်တရဖြစ်နေမှာပါ။
10 comments:
ဇွန်မိုးစက် said...
အစ်မရဲ့ ပါရီခရီးစဉ်အကြောင်း ဖျတ်ခနဲတွေ့လိုက်လို့ လာဖတ်တာ။
ပါရီရောက်ဖူးတဲ့ ဇွန့်သူငယ်ချင်းတစ်ယောက် အာဖရိကန်တွေ အများကြီးတွေ့လိုက်ရတော့ အံ့သြသွားတယ်တဲ့။
ဇွန်လည်း သိပ်ရောက်ဖူးချင်တာပဲ။
မြို့ထဲမှာ အစ်မတစ်ယောက်တည်း သွားလည်သေးတယ်ဆိုလို့ ပြင်သစ်စကားလည်း ပြောတတ်မှာပဲလို့ တွေးနေမိတယ်။
ကိုယ်မရောက်ဖူးသေးတဲ့ဒေသအကြောင်း ဖတ်ရလို့ရော ပုံတွေပါမျှဝေပေးလို့ ကျေးဇူးပါ အစ်မ။း)
Anonymous said...
Thank you Ma Shin Lay for sharing this wonderful trip, which definitely makes me want to visit Montmartre and Sacre Coeur.
Mon Petit Avatar
စူးနွယ်လေး said...
ဟုတ်တယ် ကျမလည်း အာဖရိကန်တွေကို နေရာတကာမှာတွေ့တော့ တော် တော်အံ့သြမိတယ်...ကိုလိုနီနယ်ချဲ့ထားခဲ့တော့လည်း လာကြမှာပဲလေလို့ ပြန်တွေးမိတယ်... ကျမသွားခဲ့တဲ့ ပါရီခရီးကိုပြန်စဉ်းစားမိရင် တချိန်လုံး မြေအောက်ရထားဆီ ၂ထပ် ၃ထပ်လောက်ဆင်းလိုက်၊ ထွက်ပေါက်ရောက်တဲ့အထိ ၂ထပ် ၃ထပ်ပြန်တက်လိုက်... စင်္ကြန်တွေကူးလိုက်နဲ့ မြေပေါ်ပြန်ရောက်တော့လည်း သွားလိုတဲ့နေရာရောက်အောင် လမ်းပြန်လျှောက်ရသေးတော့ တော်တော်ညောင်းခဲ့တာ ပြန်သတိရမိတယ်... :D
Anonymous said...
စိတ်ဝင်စားစရာကောင်းတဲ့ ခရီးလေးပဲ အမ။
ကျွန်မလည်း တနေ့တော့ ရောက်ဖူးချင်တယ်လို့ တွေးနေမိပါတယ်။
Shinlay said...
သူငယ်ချင်းတို့ ရေ လာလည်တာကျေးဇူးတင်ပါတယ်။
နောက်တခါ အတူတူသွားလည်ကြမယ်နော်။
ညီလင်းသစ် said...
Musée d'Orsay တို့၊ Musée Guimet တို့ကော ရောက်ဖြစ် ခဲ့သေးလား အစ်မရှင်လေး? ပါရီကတော့ ပြတိုက်ချည်းသက်သက် လည်ဖို့ဆိုရင်တောင် ၂ ရက်၊ ၃ ရက်လောက် အချိန်ပေးမှ ရမယ်၊
အစ်မရဲ့ ပါရီခရီးစဉ်က အာဖရိက ရောက်သွားလိုက်၊ တရုတ်ပြည် ရောက်သွားလိုက်၊ မြန်မာပြည် ပြန်ရောက်သွားလိုက်နဲ့... မိုက်တယ်၊း)
Me said...
What a nice trip, ma ma shin lay!
I want to visit all famous places there as well.
I do wish I could join your trip.
Happy New Year :-)
Shinlay said...
Moe Sett: from July onward there will be direct train from our place to Paris.. we can go together...
Shinlay said...
ကိုညီရေ Musée တွေကို မရောက်ဖြစ်ဘူး။
၂၅ရက်နေ့ က ပိတ်ရက်ဖြစ်နေတာကြောင့်လည်းပါတယ်။
တနေ့ ရာထဲနဲ့ ကမ္ဘာပတ်သလိုခံစားလိုက်ရတာကတော့ အကောင်းဆုံးအတွေ့ အကြုံပါပဲ။
ကျော်နှင်းဆီလွင် said...
မရှင်လေးရေ
ပါရီကိုအရမ်းသွားချင်တာ
ပိုသွားချင်စိတ်ပေါက်သွားပီ
မုန့်ဖိုးစုလိုက်ဦးမယ်နော်
:)))