Sunday 17 March 2013
Solution
ဒီနေ့  ကိုသောမတ်စ်က ကျမ တရားနာပြီးချိန်မှာ မေးခွန်းတစ်ခု
မေးပါတယ်။ တရားထဲမှာ ကြားလိုက်ရတဲ့ Solution ဆိုတာဘာလဲတဲ့။
ကျမ ရုတ်တရက် ကြောင်သွားတယ်။ ဆရာတော်ဟောတဲ့ထဲ Solution
ဆိုတာမပါပါဘူး။ ဘယ်က ဘယ်လိုကြားတာပါလိမ့်။
ပြန်မေးတော့ ကျမလည်းအဲ့ဒီSolution ဆိုတာကို မကြာခဏပြောလေ့
ရှိတာ သူ ကျမဖုန်းပြောရင် သတိထားမိတယ်တဲ့။
ဒါနဲ့ သူမေးချင်တဲ့ Solution ဆိုတဲ့မြန်မာအသံထွက်တစ်ခုခု ဖြစ်မယ်ဆိုတာသိရပါတယ်။
တရားခွေပြန်ရစ်ပြီး နားထောင်ကြည့်တော့မှ သူပြောချင်တဲ့ Solution
ကိုသိရပါတော့တယ်။ မြန်မာအသံထွက်  "ဆိုလို့ ရှိရင်" ဆိုတာကိုမေးကြောင်းသိရပါတယ်။
ဒါနဲ့ ပဲ သူသိချင်တဲ့ Solution ("ဆိုလို့ ရှိရင်") ဆိုတာကိုရှင်းပြရပါတယ်။
မသေချာသေးတဲ့ မလုပ်ရသေးတဲ့ အကြောင်းတစ်ခုခု ၊အခြေအနေတစ်ခုခု ကို
ပြောကြောင်း၊ အဲ့ဒီအခြေအနေ က ရလာမယ် အကျိုးဆက်ကို ရည်ရွယ်တဲ့အခါပြော
ကြောင်း ၊ (If.. / Wenn...) ဥပမာတွေပေးပြီးရှင်းပြလိုက်ပါတယ်။
မရေရာ၊မသေချာတဲ့ အခြေအနေတွေတဲ့  ကြုံတွေ့ လေ့ရှိတာတွေကြောင့်၊ "ဆိုလို့ ရှိရင်"
ဆိုတာကို ကျမ ပြောလေ့ရှိနေတာများလား၊
မသေချာ၊ မရေရာ၊ အစိုးမရတဲ့ လောက ကြီး နဲ့ ကိုက်ညီတဲ့ အဲ့ဒီစကားလုံး "ဆိုလို့ ရှိရင်"
ဆိုတာကို မကြာခဏပြောမိနေသလား။.... .... ...တွေးမိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီနေ့  တစ်နေ့ လုံး ကိုသောမတ်စ်ကတော့ သူ့ ရဲ့ Solution ကိုပါးစပ်က
ကျမကလည်း အတွေးထဲမှာ အလုပ်ကခွင့်ရမယ်ဆိုလို့ ရှိရင်..... ..... ......တွေးနေမိပါတယ်။
9 comments:
လပြည့်ရိပ် said...
ဟားဟား .. ဦးသောမတ်စ်က ကြံကြံဖန်ဖန် အဲလိုကြားတတ်တယ်။
Thagyi said...
မရှင်လေး။ ကျွန်တော့်ကို နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်က တရားထိုင်နည်းသင်ပေးတယ်။ သတိတို့ ၀ီရိယတို့ သမာဓိတို့အကြောင်းလဲ ရှင်းပြသွားတယ်။ သူနဲ့ နောက်ထပ် တွေ့ဖို့ မလွယ်တော့လို့ ဦးသောမတ်ကို ဘာဆက်လုပ်ရမလဲဆိုတာ ကျွန်တော့်အတွက် မေးပေးပါလား။ ကျွန်တော် ထိုင်တော့ ထိုင်တတ်ပါပြီ။ ဒါပေမယ့် တစ်နာရီလုံး ထိုင်နိုင်ဖို့ခက်နေတယ်။ နှာသီးဖျားကနေ စိတ်တွေ ဟိုရောက်ဒီရောက် ဖြစ်နေတာ ဘယ်လို ပြန်ဖမ်းရလဲ။ နောက်ပြီး- သူ့ဟာသူ တစ်ခုခုထလုပ်နေရင် အတွေးတွေက တွေးနေတာ ဒီလောက်မသိသာဘူး။ တရားထိုင်လိုက်ရင် တွေးစရာမှန်သမျှ စိတ်ထဲ အတင်းတိုးဝင်လာလားမှတ်ရတယ်။ အရမ်းများလာေ၇ာ။ အဲဒါကျ ဘယ်လိုလုပ်ရမလဲလို့။ အင်္ဂလိပ်လိုတော့ အစ်မပဲ ဦးသောမတ်ကို ပြန်ပေးပါဗျာ။ ကျွန်တော်တိုက်ရိုက်မေးရင် ဆိုလိုရင်းမပေါက်မှာ စိုးလို့။ Thanks in advance အစ်မ။
Shinlay said...
this is thomas, no need to sit 1 hour, no need especially to sit one hour with no movements,these mind activities are very normal too, just to come back always.
AMK said...
အစမှာ စဉ်းစားလိုက်ရတာအစ်မရယ် နောက်မှ သိပြီး ၇ီသွားတယ်..
မီးမီးငယ် said...
အိမ်မှာ ပြောပြီးရီနေကြတယ်။
ဦးကိုကိုနိုင်က ပေါက်ပေါက်ရှာရှာ စေ့စေ့စပ်စပ်၊
တွေးတတ်တယ်နော်..:P
Shinlay said...
လာလည်ကြတဲ့သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါ တယ်။
ဇွန်မိုးစက် said...
ညီမလည်း ဖတ်နေရင်းနဲ့ စဉ်းစားသွားတာ... ဘာများပါလိမ့်ဆိုပြီးတော့။း) သြော်... လတ်စသပ်တော့ ဦးသောမတ်စ်ရဲ့ solution ဆိုတာ မြန်မာဗာရှင်းနဲ့ “ဆိုလို့ရှင်ရင်...” ကို ဆိုလိုတာကိုး... :D
ညီလင်းသစ် said...
အစ်မရှင်လေး ပြောမှပဲ “ဆိုလို့ရှိရင်” ကို ကိုယ့်ဟာကိုယ် အသံထွက်ပြီး ရွတ်ကြည့်တော့ solution နဲ့ အတော်လေး နီးစပ်တာ သတိထားမိ တော့တယ်၊း)
ကျနော့်ဦးလေး တစ်ယောက်ကတော့ အဲဒီစကားလုံးသုံးရင် သူများထက်ကို ပိုတယ်.. “ဆိုလို့ရှိလို့ ရှိလို့ ရှိရင်” တဲ့..၊ သူုပြောတိုင်း ကျနော့်မှာ ရယ်ချင်နေရောပဲ၊းD ဦးသောမတ်စ်ဆိုရင် အဲဒါကို ဘယ်လိုများ ကြားမလဲ မသိဘူးနော်...။း)
Shinlay said...
ပြောပြလိုက်မယ်နော်ကိုညီ။ :)