Friday 6 December 2013

နောက်တစ်ပတ်ဆိုရင်... ... ...

နောက်တပတ်ဆို မြန်မာပြည်ပြန်ရမယ်။ အမေ့ကိုပြန်တွေ့ ရမှာကြောင့်
ဝမ်းသာရပါတယ်။ သူငယ်ချင်းတွေနဲ့ လည်းပြန်တွေ့ ဖြစ်၊စကားတွေပြောဖြစ်
ကြမှာမို့ လည်း ကြိုးတွေးပြီးဝမ်းသာရပါတယ်။

လေးပတ်ဆိုတဲ့ အချိန်အတွင်းမှာ အမေ့နားမှာပဲ အနေများမှာပါ။ မြန်မာနိုင်ငံ
အနှံ့  ခရီးဆန့် ချင်ပေမယ့် အမေ့ ကိုတွေ့ ခွင့်ရတဲ့ အချိန်တိုလေးအတွင်းမှာ
သူ့ ကို ထားပြီးမသွားရက်ခဲ့တာ။ သူငယ်ချင်းတွေ ဘလော့မှာတင်ထားတဲ့
မြန်မာပြည်ရှုခင်းတွေ ကိုပဲ ကြည့်ရင်း ဘလော့တွေထဲမှာ မြန်မာပြည်အနှံ့ 
ရောက်ခွင့်ရလို့  သူငယ်ချင်းတွေ ကိုကျေးဇူးတင်ရပါတယ်။

မှောင်လည်းမှောင်၊အေးလည်းအေးတဲ့ ဂျာမန် ဆောင်းတွင်းက တစ်လလောက်
လွတ်ခွင့်ရတာလည်း ကြို ပြီးဝမ်းသာနေပါတယ်။တစ်လလောက်မနက်စောစော
အိပ်ရာက မထရတော့မှာကိုလည်းတွေးပျော်မိပါတယ်။ တစ်ခုနဲ့ တစ်ခု အဆက်
မပြတ်လည်နေတဲ့ ပရောဂျက်တွေကနေ တစ်လလောက် လွတ်ခွင့်ရမှာကိုလည်း
တွေးရင်းကြိုပျော်နေမိပါတယ်။ ဂျာမနီရဲ့  ခရစ်စမတ်ရက်တွေ နဲ့  New Year ည
တွေကိုတော့ ကျမ သတိရနေမိမှာပါ။

အမြဲတမ်းမပြောဖြစ်တဲ့ မြန်မာစကားတွေ၊ အမြဲတမ်းမစားဖြစ်တဲ့ မြန်မာအစားအစာတွေ၊
အဝေးကနေ လွမ်းနေရတဲ့ အရာတွေ ကို မကြာခင် အချိန်မှာ ပြန်ရတော့မှာလို့ 
တွေးမိတိုင်း စိတ်လှုပ်ရှား ပြီးပျော်နေမိပါတယ်။

10 comments:

Aunty Tint said...

နွေးထွေးစွာကြိုဆိုနေပါတယ် ရှင်လေးရေ... မြန်မာပြည်ကို အလည်ပြန်လာခွင့်ရတဲ့ သူတိုင်းရဲ့ ရင်တွင်းလှုပ်ရှားမှုလေးတွေဟာ တူညီကြတယ်...

မေတ္တာဖြင့်
တီတင့်

Shinlay said...

ကျေးဇူးတင်ပါတယ်ရှင်။

Anonymous said...

အမေနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောခွင့်လေးရတာနဲ့ တင်အားလုံးပြည့်စုံသလောက်ပါဘဲရှင်လေးရယ်နော်။
အစစအရာရာအဆင်ပြေပါစေ။
အိုင်အိုရာ

Sint Si said...

Have a nice trip!

Shinlay said...

ကျေးဇူးပါသူငယ်ချင်း အိုင်အိုရာ..
ကျေးဇူး Sint Si

Anonymous said...

Have a safe and happy trip

Shinlay said...

thanks..

မီးမီးငယ် said...

ပျော်စရာကြီး...
မနှစ်ကကိုယ်လည်းဒီအချိန်မှာနေခဲ့တာ
အရမ်းသတိရတယ်
အမေအရမ်းဝမ်းသာနေမှာဘဲနော်...
အေးချမ်းသာယာပါစေ..

Shinlay said...

thanks Daw Mie Mie..

NSA said...

မ၇ှင်လေး..ညီမလဲ မြန်မာပြည်ပြန်တိုင်း ဘယ်မှ မသွားဖ်ြစဘူး..ရသမျှ အိမ်မှာချည်း ကုတ်ကပ်နေတာပဲ ..။
အစ်မ မြန်မာပြည်က ပြန်လာမှ ပြည်တော်ပြန် ရန်ကုန် အတွေ့အကြုံတွေ ဖတ်ရသီးမယ်။