Saturday, 25 January 2014
Nose piercing အတွေ့ အကြုံ
ကျမ လုပ်မယ်လုပ်မယ်နဲ့  မလုပ်ပဲကြာနေတဲ့ထဲမှာ nose piercing လည်း ပါ
ပါတယ်။ ကိုသောမတ်စ်က အိန္ဒိယက အမျိုးသမီးတွေ နှာခေါင်းမှာ နားကပ်
ပန်တာ သဘောကျသလို၊ ကျမကလည်း စိတ်ဝင်စားပါတယ်။ နားပေါက်တောင်
မရှိတဲ့ကျမမှာ နှာခေါင်းမှာဖေါက်ဖို့ တော့ လွယ်လွယ်နဲ့  အကောင်အထည်
အဖေါ်ဖြစ်တာမဆန်းပါဘူးလေ။
မနှစ်က အလုပ်ကသူငယ်ချင်းနဲ့ စကားစပ်မိရင်း သူလည်းဖေါက်ချင်ကြောင်း
ပြောပြီး အတူတူ သွားဖေါက်မယ်လို့ စီစဉ်ကြပါတယ်။
(တကယ်တမ်းကျတော့ သူမဖေါက်ဖြစ်ခဲ့ပါ။)
nose piercing ကို တကယ်ဖေါက်မယ်ဆိုတော့ ဘယ်မှာ ဖေါက်ရမလဲလို့ ရှာရပါတယ်။
တချို့ က နားကပ်တွေဘာတွေရောင်တဲ့ဆိုင်မှာ သေနတ် နဲ့ ဖေါက်တယ်။
စဉ်းစားပြီး ဆိုင်ရှာပါတယ်။ သူတို့ က နေ့ တိုင်းဖေါက်နေကြဆိုတော့ အတွေ့ 
အကြုံ ပိုမယ်လို့ ထင်လို့ ပါ။ ဆိုင်ကို Internet မှာရှာပါတယ်။ piercer က အမျိုး သမီး
ယောက်ဖြစ်ပြီး အတွေ့ အကြုံ လည်းတာနဲ့  သူ့ ဆိုင်ကိုရွေးလိုက်ပါတယ်။
http://www.tattoo-art-freiburg.de/
ဆိုင်ရောက်တော့ မဖေါက်ခင် သိသင့်တာတွေ ကို စိတ်ရှည်ရှည်ရှင်းပြပါတယ်။
ဖေါက်တာက ၃ မိနစ်လောက်အတွင်း အားလုံးပြီးပါတယ်။  နာသလားဆိုတော့။
နာပါတယ်။ မျက်ရည်ကျလောက်အောင်နာပါတယ်။ ဒါပေမဲ့ ခဏလေးပါ။
နှာခေါင်းမှာ နားကပ်လေးပါလာတော့ (ကိုယ်လုပ်ချင်တာလုပ်လိုက်ရလို့ )
နာတာကိုခံနိုင်ပါတယ်။
ပထမနေ့ မှာ တော့ နှာခေါင်းကို မထိရဲ ပါဘူး။ ထိရင်နာမယ်ဆိုတာသိနေတယ်။
ဒါပေမဲ့  နောက်နေ့ တွေမှာ တနေ့ ပြီးတနေ့  တိုးတက်လာတာတွေ့ ရတယ်။
တပတ်လောက်နေတော့ တော်တော်ပုံမှန်ဖြစ်လာပါတယ်။
တနေ့ ကို ၂ခါတော့ desinfektionsspray နဲ့ ဆေးပေးရပါတယ်။
၅ပတ်လောက်ကြာတော့ ကျမ အသစ်တစ်ခု လဲလိုက်ပါတယ်။ တကယ်တော့
ဖေါက်ပြီး ၈ပတ်လောက်ကြာမှ လဲပေးလေ့ရှိပေမဲ့ ကျမက ခရီးထွက်စရာရှိ
တာနဲ့  လဲဖြစ်တာပါ။
nose piercing မှာ အဓိက စနစ် ၂မျိုး ရှိပါတယ်။
 ကျမသုံးတာကတော့ အကောက်ကလေးပါတဲ့
စနစ်ပါ။ သူကတော့ တတ်ရတာ အစပိုင်းတော့
နဲနဲခက်ပေမဲ့  လွယ်လွယ်နဲ့ မကျွတ်ထွက်ပါဘူး။
ကျမ ပထမဆုံး လဲတုန်းကတော့ ဆိုင်မှာသွား
လဲပါတယ်။
nose piercing တတ်ထားရင်ဂရုစိုက်ရမှာ ကတော့ မျက်နှာသစ်တဲ့အခါ၊ မျက်နှာသုပ်
တဲ့အခါ၊ အင်္ကျီ ၀တ်တဲ့အခါတွေမှာပါ။ တခါတလေချိတ်မိပြီး နားကပ်ထွက်လာတတ်
ပါတယ်။
နားကပ်လေးကိုတော့ တနေ့ ကို ၂ခါလောက် လှည့်လှည့်ပေးပါတယ်။ ဒါမှ တနေရာထဲ
အသားသေမသွားအောင်ပါ။
သူ့ ကို မတတ်ပဲ ထားရင် ၄ ရက်လောက်ဆို ပြန်ပိတ်သွားပါတယ်။
 အခုအထိတော့ အဆင်ပြေနေပါတယ်။ အမေကတော့ လှလည်းမလှဘူးတဲ့။
ဒါပေမဲ့ကျမကတော့ လှတယ်လို့ ထင်နေတုန်းပါပဲ။
Wednesday, 15 January 2014
အဝေးမှ အတွေးများ
မြန်မာပြည်ကပြန်လာပြီး ဂျာမနီကိုပြန်ရောက်တယ်ဆိုတာနဲ့  အအေးဒဏ်
ရယ်၊ အမှောင်နေ့ ရယ်၊ တိတ်ဆိတ်နေတဲ့ လမ်းတွေရယ်ကဆီးကြိုနေပါတယ်။
ရန်ကုန်မှာ ကြားနေလေ့ရှိတဲ့ ကားစက်သံတွေ၊ ဟွန်းတီးသံတွေ၊ ဈေးရောင်းသံ၊
သီချင်းသံ၊အော်သံဆူသံတွေ ရုတ်တရက် မရှိတော့တာ အရင်သတိထားလိုက်
မိပါတယ်။
ကျမတယောက်ထဲရှိတဲ့အိမ်မှာ ရန်ကုန်ကအိမ်လို မိသားစုတွေရဲ့ စကားသံတွေ၊
တီဗီသံတွေ ပြန် သတိရနေသလိုပါ။ ဖုန်းတွေဆက်လေ့ရှိတဲ့ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေရဲ့  ဖုန်းခေါ်သံတွေ တိတ်နေတဲ့ ကျမရဲ့  ဖုန်းလေးလည်း အနားရနေတယ်။
မနက်စောစော အမေ့အိမ်အသွားလမ်းမှာ ၀ယ်စားလေ့ရှိတဲ့ ပဲပြုတ်နံပြား ကို
Müsli  စားရတဲ့အချိန် တိုင်းသတိရမိတယ်။ အိမ်ကနေ အလုပ်ကို ရထားနဲ့ 
သွားတိုင်း ရန်ကုန်မှာ မြို့ ပတ်ရထားစီးခဲ့ရတဲ့အရသာကိုပြန်တွေးမိပါတယ်။
တယေက်ထဲဖြစ်သလိုချက်စားတော့လည်း အဒေါ်ချက်တဲ့ဟင်းတွေ အဆင်သင့်စား
ခဲ့ရတဲ့အချိန်တွေ၊ သူငယ်ချင်းတွေချက်ကျွေး၊၀ယ်ကျွေးကြတဲ့ ထမင်းဟင်းတွေ
ကိုသတိရပါတယ်။
မနက်စောစောဘုရားရှိခိုးတိုင်း ရွှေတိဂုံဘုရားကိုလှမ်းမြင်နေရတဲ့ ကျမတို့ အိမ်
ခန်းလေးကို လွမ်းမိသလို၊ ရွှေတိဂုံ ကို သွားဖူးခဲ့တာတွေ ပြန်မြင်ရောင်မိပါတယ်။
မြို့ ထဲမှာ လူတချို့ ပိုက်ဆံတောင်းနေတာတွေ့ တော့ ရန်ကုန်လမ်းတွေပေါ်က
အဖိုးအို၊ အဖွားအိုတွေကို အမှတ်ရပြီး ၀မ်းနည်းမိတယ်။
အလုပ်ထဲမှာ လူတွေနဲ့ ပြောဆိုနေချိန်တွေကြားက မြန်မာပြည်က သူငယ်ချင်း
တွေနဲ့ ပြောဆိုရီမောခဲ့ကြတာ လွမ်းမိတယ်။
အလွမ်းတွေထဲမှာ အလွမ်းဆုံးကတော့ ကျမ အမေကိုပါပဲ ။ သူလည်းကျမကို
လွမ်းနေမှာသေချာပါတယ်။ အမေ... နောက် ၆လ ဆိုရင် ပြန်ရောက်လာမှာပါ။
အခုလည်း ကျမ ကိုယ်စား ကိုသောမတ်စ်က အမေ့ အနားမှာရှိနေ သေးတယ်
ဆိုတော့ အမေလည်း အဖေါ်ရှိနေမှာပါလို့ တွေးမိပါသေးတယ်။
အြော် အလွမ်းတွေအသားထားလို့ အခုလောလောဆယ်တော့ မနက်ဖြန်အလုပ်
သွားဖို့  ပြင်လိုက်အုံးမယ်။
နောက်မှ ဆက်လွမ်းတာပေါ့။