Wednesday 15 January 2014

အဝေးမှ အတွေးများ

မြန်မာပြည်ကပြန်လာပြီး ဂျာမနီကိုပြန်ရောက်တယ်ဆိုတာနဲ့  အအေးဒဏ်
ရယ်၊ အမှောင်နေ့ ရယ်၊ တိတ်ဆိတ်နေတဲ့ လမ်းတွေရယ်ကဆီးကြိုနေပါတယ်။
ရန်ကုန်မှာ ကြားနေလေ့ရှိတဲ့ ကားစက်သံတွေ၊ ဟွန်းတီးသံတွေ၊ ဈေးရောင်းသံ၊
သီချင်းသံ၊အော်သံဆူသံတွေ ရုတ်တရက် မရှိတော့တာ အရင်သတိထားလိုက်
မိပါတယ်။
ကျမတယောက်ထဲရှိတဲ့အိမ်မှာ ရန်ကုန်ကအိမ်လို မိသားစုတွေရဲ့ စကားသံတွေ၊
တီဗီသံတွေ ပြန် သတိရနေသလိုပါ။ ဖုန်းတွေဆက်လေ့ရှိတဲ့ သူငယ်ချင်းတွေ၊
ဆွေမျိုးတွေရဲ့  ဖုန်းခေါ်သံတွေ တိတ်နေတဲ့ ကျမရဲ့  ဖုန်းလေးလည်း အနားရနေတယ်။

မနက်စောစော အမေ့အိမ်အသွားလမ်းမှာ ၀ယ်စားလေ့ရှိတဲ့ ပဲပြုတ်နံပြား ကို
Müsli  စားရတဲ့အချိန် တိုင်းသတိရမိတယ်။ အိမ်ကနေ အလုပ်ကို ရထားနဲ့ 
သွားတိုင်း ရန်ကုန်မှာ မြို့ ပတ်ရထားစီးခဲ့ရတဲ့အရသာကိုပြန်တွေးမိပါတယ်။
 
တယေက်ထဲဖြစ်သလိုချက်စားတော့လည်း အဒေါ်ချက်တဲ့ဟင်းတွေ အဆင်သင့်စား
ခဲ့ရတဲ့အချိန်တွေ၊ သူငယ်ချင်းတွေချက်ကျွေး၊၀ယ်ကျွေးကြတဲ့ ထမင်းဟင်းတွေ
ကိုသတိရပါတယ်။

မနက်စောစောဘုရားရှိခိုးတိုင်း ရွှေတိဂုံဘုရားကိုလှမ်းမြင်နေရတဲ့ ကျမတို့ အိမ်
ခန်းလေးကို လွမ်းမိသလို၊ ရွှေတိဂုံ ကို သွားဖူးခဲ့တာတွေ ပြန်မြင်ရောင်မိပါတယ်။

မြို့ ထဲမှာ လူတချို့ ပိုက်ဆံတောင်းနေတာတွေ့ တော့ ရန်ကုန်လမ်းတွေပေါ်က
အဖိုးအို၊ အဖွားအိုတွေကို အမှတ်ရပြီး ၀မ်းနည်းမိတယ်။

အလုပ်ထဲမှာ လူတွေနဲ့ ပြောဆိုနေချိန်တွေကြားက မြန်မာပြည်က သူငယ်ချင်း
တွေနဲ့ ပြောဆိုရီမောခဲ့ကြတာ လွမ်းမိတယ်။

အလွမ်းတွေထဲမှာ အလွမ်းဆုံးကတော့ ကျမ အမေကိုပါပဲ ။ သူလည်းကျမကို
လွမ်းနေမှာသေချာပါတယ်။ အမေ... နောက် ၆လ ဆိုရင် ပြန်ရောက်လာမှာပါ။
အခုလည်း ကျမ ကိုယ်စား ကိုသောမတ်စ်က အမေ့ အနားမှာရှိနေ သေးတယ်
ဆိုတော့ အမေလည်း အဖေါ်ရှိနေမှာပါလို့ တွေးမိပါသေးတယ်။

အြော် အလွမ်းတွေအသားထားလို့ အခုလောလောဆယ်တော့ မနက်ဖြန်အလုပ်
သွားဖို့  ပြင်လိုက်အုံးမယ်။
နောက်မှ ဆက်လွမ်းတာပေါ့။

5 comments:

ဇွန်မိုးစက် said...

အစ်မရေ ပြန်ရောက်နေပြီလား။ ဟုတ်တယ်နော်... မြန်မာပြည်က ပြန်လာတိုင်း အဲလိုခံစားချက်မျိုး ရတတ်တယ်။ အိမ်မှာ အစ်မတစ်ယောက်တည်း ဖြစ်နေတော့ အလွမ်းပိုနေမှာကို နားလည်ခံစားလို့ရတယ်။ ညီမလည်း အိမ်ပြန်ဖို့ နောက်ထပ်ခြောက်လလောက်တော့ စောင့်ရဦးမှာ။

Anonymous said...

အမေနေကောင်းတယ်နော်။
လွမ်းသံသရာထဲမှာချာလည်လည်နေကြရတာဘဲနော်။
အိုင်အိုရာ

Shinlay said...

ဟိုရောက်တော့ဒီလွမ်း၊ ဒီရောက်တော့ဟိုလွမ်းနဲ့ ပါ။
အမေနေကောင်းပါတယ်။ ကျေးဇူးနော်။

မီးမီးငယ် said...

၆ လတခါပြန်ဖြစ်တဲ့
မရှင်လေးကို အားကျတယ်ဗျာ...
ဒီလိုပါဘဲ..
စားတိုင်းအားတိုင်းလွှမ်းတယ်ပြောရင်..
ပိုတယ်လို့ ထင်ကြမှာစိုးခဲ့တာ...
ခုတော့ ကျမလိုဘဲ..
လွှမ်းတတ်တဲ့သူရှိတာဘဲနော်...

zunelamoe said...

Hello! Are you come back from YGN? I am now in Kunming.