Friday 14 February 2014

အမေ့ ရဲ့ အတွေးများလား


မနက်လင်းခဲ့ပေမဲ့ မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ
ကင်းမဲ့နေတဲ့ နေ့ သစ်ကို အင်အားချိနဲ့ စွာနဲ့ စရအုံးမယ်။

ငယ်ငယ်ကလိုဒိုးဒိုးဒေါက်ဒေါက် အိပ်ရာကထလိုက်ချင်ပေမဲ့၊
ကိုယ့်အားကိုယ်မကိုးနိုင်တော့၊ လာကူထူပေးမဲ့အဖေါ်ကိုမျှော်ရင်း။
လာပါဟဲ့၊ကူပါဟဲ့လို့ ပြောချင်ပေမဲ့လည်း၊ တပါးသူကြည်ဖြူ  အောင်၊
နေတတ်၊ထိုင်တတ်ဖို့ ကလိုသေးတယ်မဟုတ်လား။

ထုတ်ပေးတဲ့အ၀တ်ကိုဝတ်၊ချက်ကျွေးတဲ့ဟင်းကိုစား၊
အရှက်လုံအောင်၊ အဟာရဖြစ်အောင် ၀တ်ဖို့ စားဖို့ ကအဓိကပါ။
ဇီဇာကြောင်၊ဂျီးများနေဖို့ ဆိုတဲ့အချိန်မဟုတ်တော့ဘူးလေ။
တော်ကြာ အဖွားကြီးဂျီးများတယ်ဆိုပြီး စေတနာကုန်သွားမှဖြင့်။

တနေ့ လုံး ဘာအလုပ်မှမရှိ၊အတွေးတွေက ဟိုပြေး၊ဒီလာ၊ဟိုရောက်၊ဒီရောက်၊
အသိတရားတွေက ပေါ်လိုက်၊ပျောက်သွားလိုက်၊
အရှေ့ကဖွင့်ထားတဲ့ တီဗီလည်းဘာတွေပြနေမှန်းမသိ၊
ကြားတစ်ချက်၊မကြားတစ်ချက်။
တခါတလေလည်းဘုရားစာလေးရွတ်လိုက်၊ပုတီးစိတ်လိုက်၊တရားမှတ်လိုက်
ဒါပဲကိုယ်နောက်ပါမှာမဟုတ်လား။

ထိုင်ရတာကြာလာတော့သွားလှဲအုံးမှ၊ အိပ်ချင်တာ၊မအိပ်ချင်တာထက်
လှဲရင်းအိပ်ပျော်သွားလည်း အချိန်ကုန်တာမြန်သွားတာပေါ့လေ။

အင်အားတွေချိနဲ့ လာတဲ့အရွယ်မှာ၊ကိုယ့်ကိုကိုယ်အားမရ၊စိတ်တိုင်မကျ၊
လုပ်နေကြအရာတွေမလုပ်နိုင်ပဲသူများမှီခိုနေရတဲ့ အခါ
တယောက်ထဲဆိုတော့ အားငယ်မိတယ်။

ဒါပေမဲ့လည်း မွေးလာတာလည်း တစ်ယောက်ထဲပဲ အတွေးကိုမွေးရင်း
ကျန်နေသေးတဲ့ရက်တွေအတွက် အားမွေးရအုံးမယ်။
ဒါမှ အဝေးရောက်နေတဲ့သမီးပြန်လာရင် ပျော်ရွှင်စွာပြန်တွေ့ နိုင်မှာလေ။

7 comments:

ညီလင်းသစ် said...

လူကြီးမိဘတွေ အသက်အရွယ် တစ်ခုကိုရောက်တဲ့အခါ အခုလို အတွေးမျိုးတွေ အမြဲတမ်း မဟုတ်ဘူး ဆိုရင်တောင် တစ်ချိန်မဟုတ် တစ်ချိန်မှာ တွေးဖူးကြမှာ သေချာပါတယ်၊ ဖတ်ရင်း စိတ်မကောင်း ဖြစ်ရသလို အမေ့ကိုလည်း သတိရသွားမိတယ် အစ်မရှင်လေး…။

Shinlay said...

ဟုတ်တယ်ကိုညီ။ အဝေးမှာအမေ့ကို ထားရတာ စိတ်မကောင်းပါဘူး။

Anonymous said...

So touching of ur composing style. At one day we all might face the same situation as elder as well.

ညိုလေးနေ said...

သနပ်ခါးဖွေးဖွေးနဲ့ အမေ
မြန်မာဆန်တဲ့ အမေ
မြန်မာပြည်က အမေ
အဝေးက အမေ
အမေ

သိပ်သတိရတယ် အမေ

khaing said...

touching post, Ma Shin Lay!
After reading it, feel very sad. :(

စုချစ် said...

တရားရစရာ ပိုစ့်လေးပါ အစ်မရှင်းလေးရေ... အိမ်က ဖေဖေ နဲ့ မေမေ ရယ် အဒေါ်အပျိုကြီးရယ်ကို သတိရမိတယ်... အဒေါ်အပျိုကြီးဆို နာစ့်နဲ့ ထားရတယ်...သူ့ဘာသာ သိပ်မလုပ်နိုင်တော့လို့...

ကိုယ်အသက်ကြီးလာရင်လည်း ဒီလိုပဲနေမှာ... သားသမီးလည်းမရှိတော့ ပြုစုမယ့်သူလည်း ရှိမှာ မဟုတ်...
အချိန်တွေကလည်း အကုန်မြန်တာဆိုတော့ အဲ့အရွယ်မျိုးကို အဟမ်းဆို တော်ကြာရောက်လာတော့မှာ... အင်းလေ... ကိုယ်သာ အဲ့အရွယ်ထိ အသက်ရှည်သေးတယ်ဆိုရင်ပေါ့...နော်...

Shinlay said...

ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ ရေ။