Saturday 24 May 2014

အရှေ့ အနောက် တန်ဖိုး

လူတိုင်းမှာ မိမိတို့ ဘ၀အတွက် စံသတ်မှတ်ထားတဲ့ အရာတွေရှိပါတယ်။
ဒီစံတွေ၊တန်ဖိုးထားမှုတွေဟာ မိမိတို့ ကြီးပြင်းရာ ဒေသတွေရဲ့ ယဉ်ကျေးမှု၊
ဘာသာရေး၊ ဓလေ့ထုံးစံတွေပေါ် မူတည်ပြီး ကွဲပြားမှုတွေရှိလာတာပါ။
အဲ့ဒီ ဘ၀ရဲ့ တန်းဖိုးထားမှုတွေ ဟာ လူတိုင်းအတွက် မတူနိုင်ကြပါဘူး။
ယေပူယျအားဖြင့်တော့ အရှေ့နဲ့  အနောက် နိုင်ငံတွေရဲ့ ဘ၀စံထားမှုတန်ဖိုးတွေ
ကကွဲပြားပါတယ်။

အနောက်နိုင်ငံတွေရဲ့ တန်ဖိုးထားတဲ့စံနှုန်းတွေက ကျမတို့ လို အာရှကသူတွေ
ရဲ့ တန်ဖိုးထားမှုတွေနဲ့ တော်တော်လေးကွဲပါတယ်။ သူတို့  က ရုပ်ပိုင်းဆိုင်ရာ
တိုးတက်မှု၊ပိုင်ဆိုင်မှု၊ အောင်မြင်မှုတွေကို တန်ဖိုးထားတတ်ပြီး၊ ကျမတို့  ကတော့
စိတ်ပိုင်းဆိုင်ရာ အေးချမ်းမှု၊ ရောင်ရဲမှုတွေကို တန်ဖိုးထားတတ်ကြပါတယ်။
သူတို့ ကတော့ မိမိသာ အဓိကဖြစ်ပြီး၊ ကျမတို့ ကတော့ မိမိနဲ့  ပတ်သက်နေတဲ့
မိသားစု၊ဆွေးမျိုး ၊အသိုင်းအ၀ိုင်းကို အဓိကထားပါတယ်။

အနောက်နိုင်ငံကသူတွေက လူတယောက်မှာ ရှိသင့်တဲ့ အိမ်ထောင်ဖက်၊ သားသမီး၊
အိမ်၊ကား ခေတ်မီ အသုံးအဆောင်စတာတွေက သူများတန်းတူရှိရမယ်။ မရှိသေးရင်
ရှိအောင်လုပ်မယ်၊ ရလာရင်ခံစားကျေနပ်မယ်လို့  ယုံကြည်လုပ်ဆောင်ကြပါတယ်။

ကျမ မိတ်ဆွေတစ်ယောက်ကမေးဖူးပါတယ်။ ကျမနေတာက ရိုးစင်းလွန်းတယ်။
ကျမဘ၀မှာ ကျေနပ်ပျော်ရွှင်မှုရှိရဲ့ လားတဲ့။ ပြီးတော့ကျမကို ဘ၀မှာ ပျော်ပျော်နေ၊
ပျော်ပျော်ခံစားပါလို့ တိုက်တွန်းပါတယ်။ သူကတော့ အခု ကားရှိတယ်။အိမ်ရှိတယ်၊
သားရှိတယ်။အလုပ်ရှိတယ်။ အားတဲ့အချိန်မှာ ဟိုဒီလျှောက်လည်တယ်၊စားတယ်၊
သောက်တယ်။ဘ၀ကို ပျော်ပျော်နဲ့  လျှောက်နေတယ်ဆိုပဲ။
ကျမကပြန်မေးလိုက်ပါတယ်။နင့်ဘ၀မှာ တယ်ရောပျော်ရဲ့ လားလို့ ။သူ့ သားက
မလိမ္မာ၊ ကျောင်းထုတ်ခံရ၊ အလုပ်မှာ အလုပ်ရှင်နဲ့ အဆင်မပြေ၊ စတဲ့ ဒုက္ခ
တွေကို သူ မ ပြောတော့သလို၊ ကျမကလည်း သူ့ လိုဟိုပွဲတက်ဒီပွဲတက်မလုပ်၊
အသောက်အစားမလုပ်ပေမဲ့  ကိုယ်ပိုင်အချိန်တွေမှာ မိသားစုအတွက် အချိန်ပေး
တယ်၊ ဘ၀အတွက်အကျိုးရှိမှာတွေလုပ်ရင် ပျော်ရွှင်ကျေနပ်နေတာ။ ကျမဘ၀အတွက်
အကျိုးရှိမယ့်အရာတွေဟာသူထင်ထားသလိုမဟုတ်တာကိုတော့ မပြောပြခဲ့ပါဘူး။

တခါတလေ မတူညီတဲ့စံထားမှု တန်ဖိုး နှစ်ခုကို အကြောင်းပြုပြီး ငြင်းခုန်မနေချင်
ပါဘူး။ ကျမကိုလာငြင်းခုန်နေရင်လည်း အလွန်ကသိကအောက်ဖြစ်ရပါတယ်။
လူတိုင်းရဲ့  မတူညီနိုင်တဲ့  အတွေးအမြင် တန်ဖိုးထားမှုတွေကြား တယောက်နဲ့ 
တယောက် ငြင်းခုန်မနေပဲ၊ တယောက်တန်ဖိုး ကိုတယောက် လေးစားကြရင်
သိပ်ကောင်းမှာပါ။ မိမိတန်ဖိုးထားမှုသာ အကောင်းဆုံးထင်ပြီး ကျန်တဲ့သူလိုက်
လုပ်ရမယ်ဆိုတာကတော့ တရားသေမဖြစ်နိုင်ပါဘူး။

4 comments:

စူးနွယ်လေး said...

ဟုတ်တယ် မရှင်လေး... ကျမလည်း ငြင်းခုံတာကိုတော့ စိတ်အပျက်ဆုံးပဲ.. ကိုယ်မလုပ်သလို သူများလာငြင်းရင်လည်း လုံးဝသဘောမကျဘူး... တယောက်သဘော တယောက် သိထားရင်တော်ပြီ.. ဘယ်ဟာမှန်တယ်မှားတယ် ဆိုတာ ဆက်ငြင်းစရာမလိုဘူးလို့ ယူဆတယ်

Anonymous said...

ုငြင်းခုံတာဘာမှအကျိးမရှိပဲမိတ်ပျက်တာသာအဖတ်တင်တယ်ဆိုတာကိုယ်လည်းခံယူတယ်။
လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ်လေနော်။
ကိုယ်လည်းရှင်လေးလိုဘဲ။ လောကမှာစိတ်အေးချမ်းပြီးပျော်ရွှင်နေဘို့ အဓီကဘဲ။
အဲဒါကလည်းကိုယ်တို့ ကမိသားစုကိုစောင့်ရှောက်တာ မျှဝေခံစားတာတွေမှာအဓီကထားပြီးပျော်ရွှင်တာမပျော်ရွှင်တာတွေဖြစ်လာတာဘဲ။ ကိုယ်ကသူများကိုပေးဆပ်နိုင်ရင်ပျော်တယ်။ ကိုယ်ကရယူရရင်မပျော်ဘူး။
အိုင်အိုရာ

Anonymous said...

ဟုတ်တယ် အိသူရေ အနောက်နိုင်ငံမပြောနဲ. စင်ကာပူမှာတောင် အဲလိုလူတွေရှိတယ် ကိုယ့်ဖာသာကိုယ်နေတတ်သလိုနေတာတောင် သူတို.လိုလည်ပတ်စားသောက်မလုပ်တာနဲ.ပဲ
လူဖြစ်ရကျိုးမနပ်သလို ပြောတတ်ကြတာ
မိုချီ

Anonymous said...

အဲလိုမျိုး ခဏခဏ အမေးခံရ တယ်။
အရှေ့တိုင်းနဲ့အနောက်တိုင်းက (စံနှုန်းထားပုံခြင်း) ဆန့်ကျင်ဘက်ပဲနော်။