Friday 8 May 2009

ကဆုန်လပြည့်နေ့ 

ဒီနေ့ ကဆုန်လပြည့်နေ့ ။ မနက် ၅နာရီလောက်အိပ်ရာကနိုးတော့
မိုးတွေရွာ၊မိုးတွေခြိမ်းနဲ့ ...ကဆုန်လပြည့်နေ့ ဆို မိုးရွာလေ့ရှိတာကို
အမှတ်ရမိတယ်။ ကျမတို့ ငယ်ငယ်က နွေရာသီမှာ မိုးကိုမျှော်တဲ့အခါ
အဖွားက ကဆုန်လပြည့်နေ့ ဆိုမိုးရွာမှာလို့ ပြောလေ့ရှိတယ်။
ဂျာမနီရောက်တော့လည်း ကဆုန်လပြည့်နေ့ ဆိုမှတ်မှတ်ရရ မိုးကို
မျှော်မိတယ်။ဒီမှာလည်း အဲ့ဒီနေ့ ဆိုမိုးရွာတယ်။

ဒီနေ့ မနက်က ဘုရားမှာ သစ်သီးဆွမ်းကပ်တယ်။ တရားနာဖြစ်တယ်။
တရားထိုင်ဖြစ်တယ်။ ကုသိုလ်လုပ်ဖြစ်တယ်ပေါ့။

ရန်ကုန်မှာဆိုရင်တော့ ရွှေတိဂုံသွားပြီး ညောင်ရေသွားလောင်း
ဖြစ်မလားပဲ။

အလုပ်သွားတော့ မြေသင်းနံ့ လေးတောင်ရသေးတယ်။ နေရာခြင်း
မတူပေမဲ့ သဘာဝကတော့ ဒီအတိုင်းပါပဲလို့ တောင်တွေးမိတယ်။

မြန်မာ့ပြည်မှာလည်း ဒီနေ့ ဆို မိုးရွာပြီး မြေသင်းနံ့ လေးတွေ မွှေးနေ
မှာပဲ.....

1 comment:

Anonymous said...

now I stay in touch!