Sunday 24 May 2009

Fest in Rheinfelden



ဒီနေ့ ( ၂၃.၅.၀၉) ဂျာမနီ-ဆွစ်ဇာလန်နယ်စပ်မှာ

လုပ်တဲ့ international Cultural Festival ကို

Thomas,Ludwig ၊ ကျမတို့ သွားကြတယ်။

အဲ့ဒီမြို့ လေးနံမည်က Rheinfeldenတဲ့။မြို့လေး

ကိုအလည်က Rheinမြစ်ကခြားထားပြီး၊

တခြမ်းက ဂျာမနီကပိုင်ပြီး၊တခြမ်းကို ဆွစ်

ကပိုင်တယ်။ မြစ်ကူးတံတားလေးကနေကူးကြတယ်။ဒီနေ့ တော့ အဲ့ဒီတံတားပေါ်မှာ

ဆိုင်တန်းလေးတွေလုပ်ပြီး နိုင်ငံခြားသားတွေက မိမိတို့ နိုင်ငံထွက်ပစ္စည်းတွေ

ရောင်းကြတယ်။အများစုကတော့ အာဖရိကန်တွေပါ။ သူတို့ က ဆွဲကြိုးတွေ၊

လက်ပတ်တွေ၊ဗုံတွေ ရောင်းကြတယ်။ Indonesia ကသူငယ်ချင်းကတော့

သူတို့ နိုင်ငံထွက်ပန်းပုတွေရောင်းတယ်။ဆွစ်အမျိုးသမီးတယောက်ကတော့

မဆလာတွေ၊ငရုပ်သီးမှုန့် တွေရောင်းတယ်။သူ့ ဆိုင်မှာ Curry Burma ဆိုတဲ့

မဆလာတွေ့ ခဲ့တယ်။ Ludwig ကိုလက်ဆောင်ဝယ်ပေးလိုက်တယ်။ ကျမကတော့

Thai green curry ၀ယ်လာတယ်။

Thomas ကထိုင်းအစားအစာကြိုက်

တယ်လေ။Chai Tea currymix လည်း

ဝယ်ဖြစ်တယ်။ အစားအစာတွလည်း

ရောင်းကြတယ်။

ကျမတို့  Togo ကရောင်းတဲ့ထမင်းနဲ့ 

အသားကင်ဝယ်စားတယ်။ Moroko Tea

ဝယ်သောက်တယ်။ ဆွစ်ဇာလန် ဘက်

ဆိုင်တချို့ က €uro ကိုယူတယ်။

ဒါပေမဲ့ ပြန်အမ်းရင် ဆွစ်ငွေပဲ ပြန်အမ်းတယ်။ အဲ့ဒီတော့ဈေးမ၀ယ်ခင်ကတည်းက

ကြိုမေးထားရတယ်။

ပျော်စရာကောင်းတဲ့နေ့ လေးတနေ့ ပါ။



3 comments:

shin said...

Hi, Ma shinLay... It's a very nice blog of yours to read through for me... All your post are so attractive until I read until your very first post without notice.

From your different post, I learn about lifestyle, culture of Germany. When I read the post on how hard you tried to survive in Germany, I feel that I should try harder to stay at my current place as well... That post of yours really give me strength. And really proud to learn that you still don't forget that you are from Myanmar even though you stay in Germany for 10 years. Hope can read more of your update soon.

Shinlay said...

ွှThanks Shin
your are right. It is hard to stay in different culture. But we have to try the best.Take care...

Andy Myint said...

I feel the same as "shin". For me, Germany is a place I cant even dream to be there. But I love to know culture, place or things over there; especially the view from a Burmese.