ဒီနေ့ တော့ သီရိလင်္ကာလူမျိုးတွေရဲ့ တရားပွဲကို
ရောက်ဖြစ်ပါတယ်။
ဂျာမနီ Marburg မှာ ကျောင်းတက်နေတဲ့ ဘုန်းကြီးတစ်ပါးရယ်၊
ဆွစ်ဇာလန်က ဘုန်းကြီးတစ်ပါးရယ် စုစုပေါင်း ဘုန်းကြီး၂ပါး ဖူးရပါတယ်။
ဒီမှာ ထေရ၀ါဒ သံဃာ တစ်ပါးဖူးရဖို့ ဆိုတာ လွယ်တာမဟုတ်ပါဘူး။
အခုလိုကြုံတောင့်ကြုံခဲ အခွင့်အရေးရတုန်း အလွတ်မပေးပဲ ပြေးဖူးရတယ်။
ပွဲလေးကတော့ ရိုးရိုးလေးပါ။ လူလည်း သိပ်မများပါဘူး။
ပထမ သီလပေးပြီး
ဘုန်းကြီးများကို ဆွမ်းကပ်ကြပါတယ်။
တယောက်တမျိုးစီ ယူလာကြပါတယ်။
အလှူ့ ရှင်တွေကတော့ ထမင်းတွေ
ဟင်းတွေ ပိုချက်ထားကြပါတယ်။
ကျမကတော့ ပဲပြားနဲ့ ခရမ်းချဉ်သီး
သက်သတ်လွတ်ချက်တယ်။
ကြက်ဟင်းခါးသီးနဲ့ မျှစ်နဲ့ ကြော်တယ်။
စားကြတယ်။ စားပြီးတော့ တရားနာကြတယ်။
တရားထိုင်ကြတယ်။ မေတ္တာပို့ ၊အမျှဝေကြတယ
Marburg ကဘုန်းကြီးနဲ့ သောမတ်စ်က သိနေပြီးသားဆိုတော့
ညနေပွဲပြီးတေ
အိမ်ကိုပင့် လာတယ်။ အိမ်မှာ
မေတ္တာသုတ် စတာတွေ ရွတ်ပေးပါတယ်။
ဒီနေ့ ကုသိုလ်တွေလုပ်ဖြစ်ပါတယ်။ ကြုံတောင့်ကြုံခဲ
အခွင့်အရေးလေးမို့ အထူးဝမ်းမြောက်မိပါတယ်။
10 comments:
လုံခြည်လေးကို တအားကြိုက်တယ်။
မရှင်လေး ၀တ်စုံလေးက လှလိုက်တာ ။
လူလှလို့ထင်ပါရဲ့နော်။း)
မြန်မာဝတ်စုံလေးနဲ့ အစ်မ တအားလှတယ်။ ဦးသောမတ်စ်ကို လည်းနှုတ်ဆက်တယ်လို့ပြောပေးပါနှော်။
တွေ့ရတာဝမ်းသာ ပိန်ပိန်လေး မိုက်တယ်။
ဟုတ်တယ်။ အစ်မမြန်မာဝတ်စုံလေးနဲ့ သိပ်လှတယ်။ ပုဝါလေးလည်းလှတယ်။း)
အဲလိုမြန်မာဝတ်စုံလေး အရမ်းကြိုက်တယ်။ ချပ်ချပ်ရပ်ရပ်လေး လှလိုက်တာ
Tardu..Tardu..Tardu par Ma Shinlay....Su
မမရှင်လေးရေ့ 
အရမ်းကို ကြည်နူးမိတယ်နော်။
ကုသိုလ်လည်းရမှာ။
မြန်မာဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်နေတာ။
ThuHninSee,လပြည့်ရိပ်, khin oo may, ဇွန်မိုးစက် , subuueain,Su and ma Lu
လာအားပေးတာကျေးဇူးတင်ပါတယ်။
ကုသိုလ်အတွက် သာဓုသာဓုသာဓုပါ
မမရှင်လေး..
ဟုတ်တယ် မမလှလှ.. ချစ်စရာ ယဉ်ယဉ်လေး..
ဒီဘ၀ ကုသိုလ်လုပ်နေတာ နောက်ဘ၀ ဒီထက်လှဦးမှာ သေချာတယ် =) ။
ချစ်စရာ ချောချောလေးပဲ။ ဒီကိုယ်လုံးမျိုးလေး လိုချင်ပါ့။
Post a Comment