Saturday, 27 February 2010
ရထားပေါ်မှာ တွေ့ ရတာတွေ
ကျမက ကားမမောင်းတတ်တော့ ဘယ်သွားသွား ရထားတွေ၊ Tram တွေ
သုံးရတာများပါတယ်။ ဒီကလူတော်တော်များများကလည်း ရထားတွေ၊ Tram
တွေသုံးတာများပါတယ်။ သွားရင်းလာရင်း ရထားတွေပေါ်မှာ တွေ့ ရတာ
လေးတွေ ရေးချင်စိတ်ပေါက်လာလို့ ပါ။
ကျမစီးလေ့ရှိတဲ့ရထားက အလုပ်ချိန်၊ ကျောင်းချိန်ဆိုတော့ အသွား၊အပြန်
အမြဲလိုလို ကြပ်ပါတယ်။ ကြပ်တယ်ဆိုပေမဲ့ ချောင်ချောင်လေးတော့ရပ်လို့ 
ရပါသေးတယ်။ တချို့ တွေက ရထားပေါ်မှာ သူများကို နေရာမပေးချင်ကြဘူး။
မိမိနေရာ ဘေးကထိုင်ခုံအလွတ်မှာ ကျောပိုးအိပ်တွေ၊ ပစ္စည်းတွေချထား
ကြတယ်။ လူဘယ်လောက်ကြပ်ကြပ်သူတို့ ပစ္စည်းတွေ ချထားတာပဲ။
တော်ရုံလူက ဖယ်ပေးပါလို့ မပြောတော့ဘူး။ အလိုက်တသိ ဖယ်ပေးမယ်
ဆိုတာမရှိဘူး။ ဘေးမှာ မတ်တတ်ရပ်နေသူရှိရင်တောင် မသိသလိုပဲ။
တချို့ ကတော့ ခပ်တည်တည်နဲ့ နေရာကပစ္စည်းတွေဖယ်ပေးထို့ ပြောတယ်။
ဒီလိုဆိုတော့လည်း ဖယ်ပေးပါတယ်။ တချို့ ကြတော့ ထိုင်ခုံ အလယ်မှာထိုင်တယ်။
ဘေးခုံမှာ ထိုင်လို့  မရအောင်ပေါ့။ ဒီအပြုအမူကို ကလေးတွေရော လူလတ်ပိုင်း
တွေမှာရောတွေ့ ရတယ်။
တနေ့ ကတော့ Tram ပေါ်မှာ ကလေး ၂ ယောက်က ၄ယောက် ထိုင်ခုံနေရာမှာ
ထိုင်နေတယ်။ အမျိုးသမီးကြီးတယောက်ရောက်လာပြီးနေရာ အားလားလို့ မေးတော့
ကလေးတွေက မအားဘူး သူတို့ မိန်းကလေးသူငယ်ချင်းလာမှာလို့ ပြောပါတယ်။
အမျိုးသမီးကြီး ထွက်သွားတော့ လှောင်ရီရီကြတယ်။ ဘေးကလူကြီးတွေကလည်း
ဒီကလေးတွေကို မဆုံးမ ကြဘူး။ သူတို့ သူငယ်ချင်းမလည်းမလာပါဘူး။
တခါတလေကြတော့ ရှေ့ကထိုင်ခုံပေါ်မှာ ခြေထောင်တင်ကြတယ်။ ရထားလူချောင်ချိန်ပေါ့။
တချို့ ကြတော့သီတင်းစာလေးတွေခင်းပြီးတင်ကြတယ်။ တချို့ ကြတော့ ဖိနပ်တွေနဲ့ ။
အမြင်မတော်တဲ့သူကပြောတော့ သူ့ ဖိနပ်က အသစ်ဆိုပဲ။
ဒီမှာ ကျောပိုးအိပ်တွေတော်တော်သုံးကြတယ်။ တချို့ က ကိုယ်ချင်းစာစိတ်မရှိဘူး။
ရှေ့ကနေတက်သွားပြီး ကျောပိုးအိပ်တရမ်းရမ်းနဲ့  နောက်ကလူခမျာ သူ့ ကျောပိုးအိပ်ရဲ့ 
ရိုက်ချက်တွေ ခံနေရသေးတယ်။ သူကတော့ ဂရုတောင်မစိုက်ဘူး။
အလုပ်ကပြန်လာချိန်ဆို လူကလည်းပင်ပန်း၊ ရထားပေါ်မှာ နဲနဲလေး အနားယူ
မလားမှတ်တယ်။ တခါတလေ ဖုန်းတဂွမ်ဂွမ်နဲ့  ကျယ်ကျယ်လောင်လောင်
ရှည်ရှည်ဝေးဝေးတွေပြောတဲ့သူအနားရောက်လို့ ကတော့ လူကပိုပင်ပန်းသွားရတယ်။
ရထားတွေ၊ Tram တွေ ပေါ် ရောက်ရင် လူတွေက ရှေ့ဆက်မတိုးကြတော့ပဲ
အပေါက်ဝမှာတင်ရပ်နေကြတယ်။ နောက်ကလိုက်ချင်တဲ့သူတွေခမျာ မတက်ရတော့ဘူး။
တခါတလေကြတော့ ရှေ့တိုးပေးဖို့  Tram မောင်းတဲ့သူကပြောရှာပါတယ်။
သိပ်ဂရုမစိုက်ကြပါဘူး။ ကျမတို့  ရန်ကုန်က ဘတ်စ်ကား စပယ်ယာတွေကို
ပြေးသတိရမိတယ်။ ဘာတဲ့ ၀ါသနာပါရင် ကလို့ တောင်ရတယ်ဆိုပဲ။
အရင်ကတော့ လူကြီးတွေက အမြင်မတော်ရင် ပြောလေ့ရှိတာတွေ့ ရတယ်။
လူငယ်တွေက အပြောမခံဘူး။ ပြန်ရန်တွေ့ ၊ ရိုင်းစိုင်းစွာတုန့် ပြန်၊ လှောင်ရီကြ၊
ကိုယ်ထိလက်ရောက် ပြန်ရန်မူကြ ဆိုတော့ လူကြီးတွေလည်း စကားနဲ ရန်စဲ
လုပ်နေကြတာတွေ့ ရတယ်။ ဘူတာတွေမှာ လူငယ်တွေဝိုင်းရိုက်ကြလို့ 
ဆေးရုံရောက်ကြ၊ အသက်ဆုံးကြတာတွေ သတင်းတွေမှာတွေ့ နေရတော့
လူတွေလည်း မျက်စိပိတ်၊ ပါးစပ်ပိတ်နေကြတော့တယ်။ တယောက်နဲ့ တယောက်
လေးစားမှုကတော့နဲလာတာအမှန်ပါပဲ။ လူကြီးတွေကို ပမာမခန့် လုပ်လာကြတယ်။
တွေ့ တာလေးတွေရေးတာပါ။ ကျမလည်း အသက်ကြီလာပြီဆိုတော့ အမြင်မတော်
တာတွေပြောချင်လာတာနေမှာ။သတိထားမှ။
9 comments:
အပြုံးပန်း said...
အဲဒီမှာ အဲဒီလိုရှိတယ်လား မရှင်လေး၊
မြင်ယောင်ကြည့်လို့ရသွားတယ်။
ရေးပြလို့ ကျေးဇူးပါ။
Moe Sett Pwint said...
မမရေ...ရန်ကုန်စပယ်ယာ ပြောတဲ့ ”က” လို့ရတယ်ဆိုတာ ”ချိုမိုင်မိုင်” အကကို ပြောတာပါ... :)
ရထားပေါ်က အဖြစ်အပျက်တွေကို ဘ၀ကြီးတစ်ခုလို မြင်ကြည့်လိုက်မိတယ်... သူများကို နေရာမပေးချင်တဲ့သူတွေ... ကိုယ်ချင်းမစာတတ်သူတွေ .... မှားနေလို့ ထောက်ပြရင် ရန်ရှာတတ်တဲ့သူတွေ ... သူတွေ ....သူတွေ ... တွေးစရာလေးရသွားလို့လည်း ကျေးဇူးပါ... :)
Evy said...
This comment has been removed by the author.
Evy said...
ဒါမျိုးတွေက ဒီမှာလည်းရှိတယ်မရှင်လေးရေ။ တစ်ခါတစ်လေတော့စိတ်ပျက်စရာသိပ်ကောင်းတယ်။ ဟိုတစ်လောကတွေ့သေးတယ်၊ priority seat မှာထိုင်နေတာကကောင်လေး၊ game ဆော့နေတာ။ လူကလည်းတအားကျပ်၊ ကိုယ်လည်းနေရာမရပါဘူး။အဲဒီအချိန်မှာပဲ အဖွားကြီးတစ်ယောက်ကသူ့ရှေ့လာရပ်တာလုံးဝဖယ်မပေးဘူးပဲ။ သူ့ကို တိုက်မိသွားလို့တောင် သူကဘုကြည့်ကြည့်သေးတာ၊ game ကစားရတာပျက်တယ်ဆိုတဲ့ပုံနဲ့လေ။ အတော်စိတ်ပျက်စရာကောင်းတယ်။
ဇွန်မိုးစက် said...
စင်္ကာပူက ရထားတွဲထောင့်ခုံတိုင်းကို priority seat ဆိုပြီး စာတမ်းကပ်ထားတောင် မမြင်ချင်ယောင်၊ အိပ်ချင်ယောင်ဆောင်ပြီး ဖယ်မပေးတာတွေ တွေ့ဖူးတယ်။ အနောက်နိုင်ငံလို ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တဲ့နေရာမျိုးမှာ အစ်မရှင်လေးတွေ့ရသလို မကြာခဏကြုံရမယ် ထင်တယ်နော်။ အင်္ဂလန်မှာလည်း ခုခေတ်ကလေးတွေ အရမ်းရိုင်းတယ်။ သူတို့ကန်တဲ့ဘောလုံးလာမှန်တာတောင် sorry လို့ ပြောဖော်မရဘူး။ ကိုယ်တွေ့ကြုံဖူးတယ်။း( အစ်မရေ။
Anonymous said...
အမ၇ယ် ကွက်၂ကွင်းကွင်းမြင်သွားတယ်။
မလွယ်ပါ့လားနော်..
မြစ်ချေသူ said...
ဖတ်ပြီးရင်လေးရပါ့လား အစ်မရယ်။
ဒီမှာတွေ့ ရတာတော့ တော်တော်များများမရိုင်းကြဘူး
စည်းကမ်းလေတွေရှိကြတယ်။ ငယ်ငယ်ထဲကကျောင်းမှာသင်ပေးထားလို့ ပဲလား မသိဘူး ဘစ်ကားပေါ်တက်တာ၊ ရထားပေါ် တက်တာက အစ တိုးကျိတ်တက်တာမရှိဘူး။ သူ့ အသိနဲ့ သူ ရှေ့ ဆင့်နောက်ဆင့် တန်းစီသွားကြတာပဲ။ အထဲထိုင်ရင်လဲ ခလေးနဲ့ အသက်ကြီးသူတွေကို ဦးစားပေးထိုင်တာ တွေ့ ရတယ်။ ယောက်ျားတော်တော်များများက မိန်းခလေးတွေကို နေရာပေးတာတွေ့ ရတယ်။
တော်တော်များများ public နေရာတွေမှာ အသိနဲ စည်းကမ်းရှိတာတွေ့ ရပါတယ်။
ချန်ချမ်း said...
ဟုတ်တယ် မရှင်လေးရေ။ စင်ကာပူမှာ မကြာခဏ တွေ့ရလို့ တခြားနိုင်ငံရောက်ရင် သတိထားကြည့်မိတယ်။ ဂျာမဏီမှာ လည်း စင်ကာပူလိုဘဲ သိပ်မထူးပါဘူး။
စိတ်တိုင်းကျတာဆိုလို့ ဂျပန်ပဲရှိတယ်။ ဘေးကခုံလွတ်မှာ ဝင်ထိုင်တာတောင် ခွင့်ပြုပါ လို့ ပြောလိုက်သေးတယ်။ လူငယ်လူကြီး မရွေးပါ။
လုလု said...
မမရှင်လေးရေ့ 
အသက်ကြီးလာလို့ အမြင်မတော်တာတွေကို ပြောမိလာတာထက်နော် ပိုပြီး အမြင်ကျယ်လာတာမို့ ပိုမိုကောင်းမွန်လာတာတွေကို သိလာတာ ဖြစ်မယ်နော်။
နောက်ပြီး မြန်မာမှာက လူကြီးမိဘတွေက ကလေးတွေကို ငယ်ကတည်းက ဆိုဆုံးမထားတာကိုး။ ဒါကလည်း လိုက်နာတတ်တဲ့လူမို့ လိုက်နာသလို မလိုက်နာဘဲ ဂျစ်ကန်ကန်လေးတွေ ရှိတာပဲလေ။
ကိုယ့်နဲ့နီးစပ်ရာဝန်းကျင်က ကလေးတွေကိုတော့ အမြင်မတော်ရင် ပြောဆိုဆုံးမပါ မမရယ်။ အဲ့ဒီတော့မှ သူတို့သိမှာကိုး။ လုဆို ငယ်တုန်းက ကြီးတော်တစ်ယောက်က အမြဲ ဆုံးမတာကို နားညည်းလွန်းလို့ အကြီးပွမ် လို့ ခေါ်ခဲ့တာ။ တကယ်တမ်း အခု ကိုယ်အရွယ်ရောက်လာတော့ သူတို့ကို ပြန်ပြီး ကျေးဇူးတင်နေမိတယ်။ သူတို့သာ မဆုံးမခဲ့ရင် ကိုယ်လည်း ဘယ်ဘ၀ရောက်နေမလဲ မတွေးတတ်ပါဘူးလေ။ လျှာရှည်မိသွားပြီ ဟိဟိ