Monday 9 August 2010

မုန့် လုပ်ဆောင်း

နွေရောက်လာတော့ မုန့် လုပ်ဆောင်းလုပ်စားဖြစ်ပါတယ်။ မုန့် လုပ်တတ်တဲ့သူကို
လောနိုင်ငံက သူငယ်ချင်းနဲ့ လိုက်မေးပေမဲ့ မရခဲ့ဘူး။ နောက်တော့ သူ့ သူငယ်ချင်းတွေကို
ဖုန်းတဂွမ်ဂွမ်ဆက်မေးရာက တစစီရလာတဲ့နည်းပါ။ ၂ကြိမ်၊၃ကြိမ်လောက် ကြိုးစား
ပြီးမှ အဆင်ပြေလာတဲ့ နည်းပေါ့။
လုပ်တတ်သွားတော့လည်း ခပ်လွယ်လွယ်လေး၊ မြန်မြန်လေး လုပ်လို့ ရသွားပါတယ်။
ဦးသောမတ်စ်လည်းကြိုက်တော့ မကြာမကြာလုပ်စားဖြစ်ပါတယ်။

လိုအပ်တာတွေကတော့
ဆန်မှုန့်  ၂၀၀ ဂရမ်
အာလူးမှုန့်  ထမင်းစားဇွန်း ၄ ဇွန်း ( မောက်မောက်)
ထုံ လက်တဆစ် တ၀က်ခန့်  ကို ရေ 50 mlလောက်နဲ့  ညအိပ် စိမ်ထားပါ။
ဆူးမွှေးရွက် အထုပ် တ၀က်(သို့ ) တထုပ် ၊ ထောင်းပြီးအရည်ညှစ်ပါ။
(ဆူးမွှေး အရသာရှိတဲ့ အရည် နဲ့ အစိမ်းရောင်အမှုန့် သုံးလည်းရပါတယ်။)
ထုံးရည် ၊ ဆူးမွှေးရည်၊ ရေ စုစုပေါင်း 1100 ml
ရေခဲတုံး အတုံးကြီး၂တုံး ခန့် ခဲထားပါ။
ဆား အနည်းငယ်
လုပ်ပုံကတော့
ဆန်မှုန့် ၊ အာလူးမှုန့် ၊ဆားတို့ ကိုရောပါ။ ထုံးရည် ၊ ဆူးမွှေးရည်၊ ရေ ကို ထည့်ပါ။
အမှုန့် များကြေသွားအောင်မွှေပေး(ခြေပေးပါ)။
ပြီးရင် ကြိုပါ။ အဆက်မပြတ်
မွှေပေးပါ။ မွှေလျှင် တဖက်ထဲမွှေပေးပါ။ တော်တော်လေးပစ်တဲ့အထိကြိုရပါမယ်။
မုန့် သားပြောင်တက်လာတဲ့အထိမွှေပေး(ကြိုပေး)နေပါ။
ဇလုံကြီးကြီးထဲမှာရေခဲတုံးကိုရေစိမ်ထားပါ။
ကြိုထားတဲ့မုန့် နှစ်ကို ရေခဲရေထဲ ညှစ်ထည့်ပါတယ်။
ကျမကတော့အာလူးညှစ်တာနဲ့ ညှစ်ပါတယ်။
အလည်အလတ် ဇကာနဲ့ ဆို အနေတော်လောက်ပါပဲ။သတိပြုရန်များ

ထုံးများလျှင် အာတတ်ပါတယ်။ အရည်ကြည်သာသုံးပါ။
မုန့် ကြိုလျှင် တဖက်ထဲမွှေပါ။ မုန့် သားတက်တဲ့အထိကြိုပေးပါ။
( Duisburg က မမ မုန့် လုပ်တာအဆင်ပြေပါစေ...)

30 comments:

Unknown said...

thanks,,shinlay...i want to try it....thanks again

Unknown said...
This comment has been removed by the author.
စူးနွယ်လေး said...

မုန့်လက်ဆောင်း ငယ်ငယ်တုန်းကပဲ စားဖြစ်တယ်
မရှင်လေး ဘာနဲ့လုပ်စားတာလဲ အုန်းနို့နဲ့လား ကျမတော့ ငယ်ငယ်ကစားနေကျ အဖြူရောင်ကို ထန်းလျက်နဲ့ဟာ ပိုကြိုက်တယ်
ငယ်ငယ်က အဖွားက ထန်းလျက်က ဆေးဖြစ်တယ်ဆိုပြီး တိုက်လို့လေ :)

Myint said...

Ei, Thanks, thanks, thanks. I will try it again till I get the right one.

Unknown said...

မုန့်လက်ဆောင့်ကို ထန်းလျှက်ရည်ကျဲ ထဲထည့် ကောက်ညှင်းပေါင်းလေး နည်းနည်းထပ်ရောပြီး အပေါ်က နှမ်းထောင်းလေးဖြူးပြီး အုံးသီးဆံတင်ထားတာလေ.... မန္တလေး အညာဖက်မှာတော့ မုန့်လက်ဆောင့် နံကထိ ခေါ်တယ်ဗျ။ မုန့်လက်ဆောင့် နံကထိ စားချင်တာ ကြာပြီဗျ။
မလုပ်တတ်လို့.... အခုနည်းသိပြန်တော့ ထုံးရေကြည် စိမ်ရမတဲ့.... :D
ထုံးက ရွှေထက် ရှာရတာ ခက်တယ်။
ထုံးကို ဘယ်သွား ရှာရမယ်မသိ.... :P

မိုးစက်ပွင့် said...

မုန့်လက်ဆောင်းကို ကိုယ်တိုင်မလုပ်တတ်ပေမဲ့ သောက်ရတာကြိုက်တယ်... စူးနွယ်လိုပဲ အဖြူရောင်အဖတ်ကို ထန်းလျက်ရည်ကျဲကျဲနဲ့ သောက်ရတာကြိုက်တယ်... အုန်းနို့ထက် အုန်းသီးခြစ်ဖတ်ကလေးဖြူးပြီး နှမ်းစေ့လေးဖြူး သောက်ပါတယ်... ဇီဇာကြောင်တယ်ပဲဆိုဆို ပန်းကန်နဲ့ ဇွန်းနဲ့ ခပ်သောက်ရတာထက် ဖန်ခွက်လေးထဲက မော့သောက်ရတာ ပိုအရသာရှိတယ်ဗျ.......

မီးမီး said...

ကျမတော့ထန်းညက်နဲ့မြေပဲဆံထောင်းလေးနဲ့ဆို
..ဂွတ်ဘဲ

Anonymous said...

မမ
ဂျာမနီကနေ ရန်ကုန်ကို
ုဖုန်းဆက်ဖို့ ဘယ် ဖုန်းကဒ် ဝယ်ရမလဲ သိလားဟင်။ ညီမ မသိလို့ပါ။

လိုင်းဖုန်းက ဈေးလည်းကြီးလိုက်တာနော်။၂ယောက်သုံးတာမို့ ဖုန်းကဒ်နဲ့ ဆက်ရတယ် ပြောလို့ပါ။

ကျေးဇူးပြုပြီး ပြောပြပါနော်။

Anonymous said...

ဟုတ်တယ် ဟုတ်တယ် မိုးစက်ပြောသလိုပဲ....
အုန်းနို့ထက် အုန်းသီးခြစ်ဖတ်ကလေးဖြူးပြီး သောက်ရတာကြိုက်တယ်..နှမ်းနဲ့တော့ မသောက်ဖူးဘူးလို့ ထင်တယ် မမှတ်မိတော့ဘူး
ရေခဲမသုံးပဲ မြေအိုးထဲက အေးစိမ့်နေတဲ့ထန်းလျက်ရည်လေးနဲ့ပဲ သောက်ချင်တာ
အညာကို လွမ်းလို့

စူးနွယ်

T T Sweet said...

မုန့်လက်ဆောင်း ကြိုက်ပါတယ်။ ပြီးခဲ့တဲ့ တန်ခူးက ရွှေရင်အေးလုပ်တာ မုန့်လက်ဆောင်းဖက်မပါဘူး။ မလုပ်တတ်လို့။ ဒီမှာ ဆွမ်းမွှေးရွက် (pandan leaf)အရမ်းပေါတယ်။ နဲနဲ အရင်စမ်းလုပ်ကြည့်ဦးမယ်။ ကျေးဇူး ရှင်လေး။

Anonymous said...

နွေရာသီနဲ့ မုန့်လက်ဆောင်းနဲ့ သိပ်လိုက်တယ်နော်၊
ငယ်ငယ်တုန်းက အဖြူရောင်နဲ့ ထန်းညှက်နဲ့စားတာ၊
သင်္ကြန်ပွဲတွေမှာပေါ့၊ တောင်ကြီးဖက်မှာ ဘုန်းကြီးကျောင်းတွေတက်ကြတော့ စတုဒီသာမှာ မပါမဖြစ်ပဲ၊

Anonymous said...

မမရေ ဖုန်းကဒ်အကြောင်း အချိန်ရရင် သိရင် ပြောပြပါနော်။ ရန်ကုန် ဖုန်းဆက်ချင်လို့ပါ။ မမစူးနွယ် ရေးတဲ့ ဆောင်းပါး ဖတ်တယ်။ ဘယ်ကဒ်လည်း ဆိုတာ မရေးထားတော့ မသိရဘူး။ မမစူးနွယ်ရေ ဘယ်ကဒ်နဲ့ ခေါ်ရတာပါလဲ ပြောပြပါအုန်းနော်။ ကျေးဇူးတင်ပါတယ်။

Shinlay said...

ကျမကတော့ ဖုန်းကဒ်နဲ့ မဆက်ထူးပါဘူး။
0198 ခံပြီးဆက်ရင် 18,..Ct ပေးရပါတယ်။

Shinlay said...

ဖုန်းကဒ်: ကျမသူငယ်ချင်းကတော့ ဒီလိုရေးပေးပါတယ်။
Normally i used BULL card. MAXI card. It cost 5 Euro pro card. We can speak sometimes 20Min. and sometimes 15Min. or 10Min.
i use only ''Low Rate VOIP''. You can free download online. you have to open one account there. Then you can buy online with your Bank account number. If you buy 10EU card you have to pay 2.50EU for charges. So that altogether 12.50EU. With that u can speak with ur Handy and also without Handy. But u have to use ur Handy Nr.For Myanmar 1minute cost 22Cent. If you have Homezone Nr. u can speak free inside Germany. For me i can speak with this 12.50EU 3 or 4 times and more long time with my parents.
http://www.lowratevoip.com/en/index.html

Anonymous said...

ဖုန်းကဒ်အကြောင်း အပေါ်မှာမေးထားတဲ့ ညီမအတွက်.....

ကျမဆက်တာ Global Tel ဆိုတဲ့ကဒ်နဲ့ပါ...အဲလိုနာမည်ကလည်း ဆင်တူယိုးမှားဆိုတော့ အ၀ါနုရောင်လေးသမ်းတဲ့ ကဒ်ကိုရွေးဝယ်ယူပါ...တကဒ်ကို ငါးယူရိုကျပြီး ၃၃ မိနစ်ပြောလို့ရတယ်...တမိနစ်ကို ၁၅.၂ ပြားလောက်ကျတာပေါ့..တခါတလေ ဘာလို့မှန်းတော့မသိ မိနစ်လေးဆယ်လောက် ပြောလို့ရပါတယ်..ဒါဆို ၁၂.၅ပြားပဲ ကျတော့တယ်...
အရင်ကတော့ ကဒ်မသုံးပဲ ရှေ့ကနံပါတ်ခံဆက်ဖူးပါတယ်...ဈေးအပေါဆုံးနံပါတ်က၁၆...၁၇ ပြားလောက်ဆိုပေမယ့် ကျမအတွေ့အကြုံကတော့ အဲဒီနံပါတ်တွေ ရွေးရင် ဘယ်တော့မှ မ၀င်ပါဘူး..ဒါပေမယ့်အဲဒီမ၀င်တဲ့မိနစ်ကို ပိုက်ဆံပေးရပါတယ်..ဆက်လို့ဝင်သွားတာ သိပ်ရှားပါတယ်....ဒါနဲ့မတတ်နိုင်တော့ ဈေးပိုကြီးတဲ့ နံပါတ်နဲ့ခေါ်မှ ခေါ်တိုင်းချက်ချင်း ၀င်တော့တယ်..ဈေးကတော့ တမိနစ်ကို ၃၂ ပြားပေးခဲ့ရတယ်...
မနှစ်က နိုဝင်ဘာကတည်းက အဲလိုဆက်လို့ရတဲ့ဖုန်း အိမ်မှာမယူတော့လို့ အခုတော့ ကဒ်နဲ့ပဲ ပြောလို့ရတော့တယ်...ပြောစရာရှိမှ ဆက်ပြီး ဆက်ရင်လည်း တခါတည်း ကဒ်ကုန်အောင် ပြောလိုက်တဲ့ နည်းကိုသုံးတယ်...ချန်ထားရင် ထိန်းသိမ်းခဆိုပြီး မိနစ်တွေစားသွားလို့

Viel Spaß beim Telefonieren!!

စူးနွယ်လေး

ဇွန်မိုးစက် said...

ဇွန်လည်း မုန့်လက်ဆောင်း ကြိုက်တယ်။ တစ်ခါမှတော့ ကိုယ်တိုင်လုပ်မစားဖူးဘူး။ :D

Anonymous said...

ကျေးဇူးပါ မမစူးနွယ် ကျေးဇူးပါ မမရှင်လေး

ခုလေးတင်ပဲ သွားဝယ်တယ်။ အာဖရိကန် ဆိုင်မှာပါ။ No 1 က မြန်မာအတွက် အကောင်းဆုံးပြောပြီး ရောင်းလိုက်တယ်။ ၅ ယူရိုကို ၆ မိနစ်ပြောနိုင်တယ် ပြောပြီး ၂မိနစ်နဲ့ ကုန်သွားတယ် ငိုချင်လိုက်တာ။ ဒီလိုမှန်းသိရင် အိမ်ဖုန်းနဲ့ ဆက်ပါတယ်။

ခု မမတို့ ပြောတဲ့ ဖုန်းကဒ် သွားဝယ်ပါအုန်းမယ်။
မဆိုင်တာ ဝင်ရေးလို့ စိတ်မရှိပါနဲ့နော် မမရှင်လေး။

ဘယ်မေးရမှန်း မသိလို့ပါ။

Anonymous said...

မမစူးနွယ် ဖုန်းကဒ်ပုံလေး ဘလော့မှာ ခဏ တင်ပေးလို့ ရမလားဟင်။ ကျေးဇူးပါ နော်။

rose of sharon said...

I like it but cannot find some ingredients here, Thanks for sharing :)

nu-san said...

အမမုန့်လက်ဆောင်းက တကယ်စားချင်စရာပဲ.. ကျနော်တို့ အဘွားနဲ့ အမေက ရွာမှာနေတော့ အဲဒီလို မြန်မာမုန့်တွေ ကိုယ်တိုင် လုပ်ရောင်းတာ.. မုန့်လက်ဆောင်းဆိုလည်း သူတို့ ကိုယ်တိုင်လုပ်တယ်.. ဒါပေမယ့် ကျနော် မလုပ်တတ်ဘူး..ဒီမှာ လုပ်မလို့ မေးတော့လည်း သူတို့က အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး နည်း မပြောပြပေးတော့ဘူး.. အခုတော့ အမ နည်းကို သုံးပြီး ရန်ကုန်ပြန်ဖြစ်မှ ထုံး ၀ယ်လာပြီး စမ်းကြည့်မယ်.. :))

Anonymous said...

မမစူးနွယ်ရေ
ကျေးဇူး အရမ်းတင်ပါတယ်။ ခဏခဏ လာကြည့်တယ်။ ဖုန်းကဒ်ပုံ တင်ထားမလားလို့ပါ။

မမစူးနွယ် စီဘောက်စ်က ညီမဆီမှာ အတုံးတွေ အကွက်တွေပဲ ပေါ်နေတယ်။ ဒါ့ကြောင့် ဒီမှာပဲ ပြန်ရေးလိုက်ပါတယ်။

ဒီပုံစံကဒ်လေးမှာမှ အဝါနုရောင် ဝယ်ရမယ်ပေါ့နော်။
နောက် တရောင်က ဘာအရောင်လည်း မသိဘူးနော်။

ကျေးဇူးပါ မမစူးနွယ်။

မမရှင်လေး ကိုလည်း ကျေးဇူးတင်ပါတယ်နော်။

Anonymous said...

ဖုန်းကဒ်မေးတဲ့ညီမရေ...

တို့ဘလော့ဂ်မှာ တင်ထားပေးတဲ့အရောင်က အ၀ါနုရောင်ပါပဲ..အဲဒီပုံနဲ့ အရောင် အတိုင်းသာဝယ်ပါ..(အပြင်မှာတော့ အရောင်က နည်းနည်းတော့ ပိုတောက်မှာပေါ့နော်...) မသိခင်က ဆိုင်ရှင်ကို နာမည်ပဲပြောလိုက်တာ အပြာရောင်ကဒ် ရလာဖူးတယ်..မိနစ်နည်းနည်းလေးပဲ ပြောရတယ်...ဒါနဲ့ ဆိုင်မှာပြန်ပြီး မသုံးရသေးတဲ့ အပြာကဒ်တွေသွားပြန်လဲတာ ရလို့တော်သေးတယ်..အ၀ါက ဗမာပြည်နဲ့ ပိုကိုက်တယ်

စူးနွယ်

Anonymous said...

ထုံးက ဘယ်မှာဝယ်လို့ရလဲဟင်..
အာရှကုလားဆိုင်မှာလား...

Shinlay said...

ကျမက ထုံးကို ရန်ကုန်ကသယ်လာတာပါ။

Shinlay said...

Indian shop မှာရတယ်လို့ သူငယ်ချင်းကပြောပါတယ်။

ချစ်ကြည်အေး said...

ထန်းညက်လေးနဲ့ သောက်ရင် ရင်အေးလို့ ကြိုက်တယ် အုန်းနို့နဲ့တော့ မကြိုက်ဘူး...

Crystal said...

အစ်မ ချစ်ကြည်အေးပြောသလိုပဲ ထန်းညက်ရည်လေးနဲ့ ဖယောင်းနံ့လေးသင်းနေတဲ့ မုန့်လက်ဆောင်းလေးကို သောက်ချင်လိုက်တာနော် ဂလု...ဂလု။ ကျိုက်ထီးရိုးတောင်တက်တုန်းက မောမောနဲ့ သောက်ပစ်လိုက်တာကို သတိရလိုက်တာ။

Anonymous said...

အာလူးမှုန် is same with tapioca strach?

Shinlay said...

ဒီမှာတော့ အာလူးမှုန့် ဆိုပြီးရောင်းပါတယ်။ မုန့် ဖုတ်တဲ့အခါ။ ဟင်းအနှစ်ပြစ်အောင်လုပ်တဲ့နေရာမှာ သုံပါတယ်။ tapioca အမှုန့် လို ကြိုရင် ခဲမသွားပါဘူး။

minmin said...

ကျေးဇူးတင်ပါတယ်ဗျာ။ရှာနေတာကြာပြီ အခုမှတွေ့ တယ်။မုန့် လက်ဆောင်းနဲ့  မုန့် လုပ်ဆောင်း လွဲနေတာကိုးဗျ။လမ်းညွှန်ပေးတဲ့ မဝတ်ရည် ကိုလဲကျေးဇူးတင်ပါတယ်