Sunday 9 January 2011

ဒိုင်အောက်ဆင်း (Dioxin)


အခုတလောသို့ လော၊ သို့  လော တွေကတော်တော်များသား။
သူငယ်ချင်တွေကြားမှာလည်း ဇော်ဂျီလား၊ ဦးနီလား....။
ကျမတို့ ဂျာမနီမှာလည်း Dioxin ကြောင့် ကြက်ဥစားသင့်မသင့်၊ ၀က်သားစားသင့်မသင့်.......
စဉ်းစားစရာတွေပါ။

ဂျာမနီက ကြက်ဥတွေမှာ ဒိုင်အောက်ဆင် (Dioxin) ဓါတ်တွေ တွေ့ရှိတယ်လို့
ရှေ့ တပတ်က ဂျာမနီ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးဌာန က ပြောပါတယ်။ Dioxin ကြောင့် ကင်ဆာရောဂါကိုဖြစ်နိုင်စေသလို၊ အာရုံကြော၊ ကိုယ်ခံအားဆိုင်ရာတွေကိုထိခိုက်
ပျက်ဆီးစေနိုင်ပါတယ်လို့ ဆိုကြပါတယ်။

ကြက်တွေကိုစမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ကြက် အဆီတစ်ရှူးတွေမှာ Dioxin ပါဝင်မှုဟာ
တချို့ ပြည်နယ်တွေမှာ ရှိသင့် တာထက် ၇၇ ဆကျော်ရှိနေပါတယ်လို့ ပြောပါတယ်။
၂၀၁၀ မတ်လကတည်းက Harles und Jentzsch ကုမ္ပဏီကထုတ်တဲ့ တိရိစ္ဆာန်အစားအစာ
ထဲမှာရှိသင့်တဲ့ Dioxin ပမာဏရဲ့  ၂ဆ ကနေ ၁၀ဆ အထိ ပါဝင်နေတာတွေ့ ခဲ့ရပါတယ်လို့ 
ဆိုပါတယ်။

Dioxin ဓါတ် ကို တိရိစ္ဆာန်အစားအစာထဲမှာ တွေ့ ခဲ့တာဖြစ်လို့ စုံစမ်းမှု တွေ၊စစ်ဆေးမှု
တွေလုပ်နေရာကပဲ ကြက်သားတွေ၊ ၀က်သားတွေမှာပါ Dioxin ပါဝင်တာတွေ တွေရတယ်
လို့ သတင်းတွေထွက်လာပြန်ပါတယ်။

နို့ နဲ့ နို့ ထွက်ပစ္စည်းတွေမှာတော့ Dioxin ပါဝင်မှုတွေ့ ရဘူးလို့ ပြောပါတယ်။

အခုဆို ကြက်၊ ကြက်ဥနဲ့ ဝက်သား၊ အမဲသားတွေ ထုတ်လုပ်နေတဲ့ စိုက်ပျိုးခြံ ၅,၀၀၀
နီးပါးကို ပိတ်ခဲ့ရပါတယ်။
ဂျာမနီက ကြက်သားနဲ့ ဝက်သားတင်သွင်းမှု အားလုံးကို တောင်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံ
တို့ ကပိတ်ထားပါတယ်။

စားသုံးသူတွေကို စစ်တမ်းကောက်ရာမှာတော့ ၆၆% က ကြက်ဥကို မရှောင်ပါဘူးလို့ 
ပြောပါတယ်။ တချို့ ကလည်း Bio ဆိုင်ကနေ ၀ယ်ကြပါတယ်။ ကြက်ဥကလည်း အစားအစာတော်တော်များများမှာပါနေပြန်ရော။

ကျမတော့ ဘာမှန်းမသိတဲ့အနေအထားမှာ သက်သတ်လွတ်ပဲစားဖြစ်မယ်ထင်ပါတယ်။
VOA ကသတင်းလည်း ဒီမှာ ဖတ်ကြည့်လို့ ရပါတယ်။

10 comments:

Anonymous said...

ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ
ဆိုးကျိုးတွေလဲ ဒွန်တွဲပါလာတာပဲနော်..။
တစ်ခုကိုလိုချင်ရင် တစ်ခုကိုတော့ပေးဆပ်ရမယ်
ဆိုတာမျိုးလား။


ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြက်ဥရော
ဝက်သား၊ကြက်သားရော မစားရရင် ဘာတွေစားပြီးနေရမှာပါလိမ့်..
ခေတ်ကြီးကလည်း ဘယ်ဟာမှ ကင်ဆာဆိုးကျိုးနဲ့ လွတ်တာ မရှိတော့သလိုပါဘဲနော်..

Baby taster said...

အမရေ.... ဝေမျှပေးတာကျေးဇူးပါ
ချောပြောသလိုပဲ စားစရာတောင် မကျန်တော့ပါလားနော်

မမိုး said...

ဟုတ်ပါ၇ဲ့ ၇ှင်လေးရေ အိမ်မှာ ပြီးခဲ့တဲ့ အပတ်က ၀ယ်ထားတဲ့ ကြက်သားနဲ့ ၀က်သားကို စားဘို့ တွန့်နေပြီ.

Sunny said...

မမရှင်လေး.. တချို့ ဆိုင်တွေမှာ ကြက်ဥတွေ ပြန်သိမ်းနေတယ် ပြောတယ်.. ဘာစားရမလဲတောင် မသိတော့ဘူးနော်..

မီးမီး said...

ဒေါ်ကြီးရေ..
ဒီဖက်ကိုတောင်တချို့ရောက်လာတယ်
်ပြောပေမဲ့ဒီကြက်သားဘဲစားတာ
ဆိုတော့လည်းစားလိုက်ပါတယ်.
ကြက်တလှည့်ပုဇွန်တလှည့်ပေါ့.
ရွာသူကြီး

Anonymous said...

OK Shinlay,
Let's have rice n laphat thout.This problem not yet in Geneva.I usually buy meat from France n Geneva.Anyway,thanks for sharing.Take care....Gyidaw

Anonymous said...

သတင်းကြားကြားချင်း သတိရလိုက်တယ် မ .... သက်သတ်လွတ်စားတာလည်း ကောင်းပါတယ်...ကြာလာလို့ မစားနိုင်ရင်လည်း ဘိုင်အိုဆိုင်က ၀ယ်စားပေါ့... အင်း- ခြံတကွက်ဝယ်ပြီး ကိုယ်ဟာကိုယ် စိုက်စားရမလားလို့ စဉ်းစားနေမိတယ်...

မိုးစက်

koko said...

its not too serious, shinlay...
just eat 4 times rice a day instead of only 3 times......
i myself will promise to eat rice once a week at least.....
(just joke)

ဇွန်မိုးစက် said...

ဇွန်က တစ်နေ့ကို ကြက်ဥတစ်လုံးလောက် မှန်မှန်စားဖြစ်တယ်။ မစစ်ကြည့်လို့သာ မသိတာနော်။ စစ်ကြည့်လိုက်ရင် အနည်းနဲ့အများ ထွက်လာမှာ။
ဟင်း... အသက်လွတ်စားတာပဲ အကောင်းဆုံးဖြစ်မယ် ထင်ပါတယ်။း(