Sunday 22 May 2011

ကဆုန်လပြည့်......Visakha ပွဲ


ဂျာမနီ မှာရောက်ရှိနေကြတဲ့ လာအိုးလူမျိုးတွေရဲ့  ဘုန်းကြီးကျောင်း
Wat-Sibounheuang မှာဒီနေ့  ( ၂၂.၅.၂၀၁၁ )ကျင်းပတဲ့
ကဆုန်လပြည့် အထိမ်းအမှတ်ပူဇော်ပွဲကိုရောက်ဖြစ်ပါတယ်။ အခုတလော
စိတ်တွေကဟိုရောက်ဒီရောက်ဖြစ်နေချိန်မှာ အခုလို ရတနာသုံးပါးနဲ့ တွေ့ ကြုံ
ခွင့်ရတဲ့အတွက် ကျမအလွန်ဝမ်းသာမိပါတယ်။

ဒီဘုန်းကြီးကျောင်းက သင်္ကြန်ပွဲတွေကျင်းပလေ့ရှိတဲ့ လောနိုင်ငံကကျောင်းပါ။
သင်္ကြန်ပွဲတွေကို ကျောင်းနဲ့ နီးတဲ့မြို့ လေးမှာသာကျင်းပလေ့ရှိတာကြောင့်
ဘုန်းကြီးကျောင်းကို မရောက်ဖြစ်ခဲ့ပါဘူး။
ပြီးခဲ့တဲ့ ၂ပတ်လောက်က ဂျာမန် ထေရ၀ါဒ ဗုဒ္ဓဘာသာအဖွဲရဲ့ နှစ်ပတ်လည်
အစည်းအဝေးကို အဲ့ဒီဘုန်းကြီးကျောင်းမှာလုပ်ဖြစ်တာကြောင့် ကျမတို့ လည်း
ရောက်ဖြစ်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းက ဖိတ်တာနဲ့  ဒီနေ့ ပွဲကိုထပ်ရောက်
ဖြစ်ခဲ့ပါတယ်။

ဘုန်းကြီးကျောင်းမှာ ဆရာတော် တစ်ပါးပဲ သတင်းသုံးပါတယ်။ ဒီနေ့ တော့
ပြင်သစ်က လားအိုးဘုန်းကြီးတစ်ပါး၊ ထိုင်းနိုင်ငံမှာ သတင်းသုံးတဲ့  ဂျာမန်ဘုန်းကြီး
တစ်ပါး၊ ပေါင်း ဘုန်းကြီး ၃ပါးပါ။

ကျမတို့ အိမ်ကနေ ၂နာရီကြာလောက်ကားမောင်းရပါတယ်။ ဟိုရောက်တော့
ဆွမ်းကပ်ဖို့ ယူသွားတဲ့ ဆွမ်းဟင်းတွေကို ဝေယျာဝစ္စအဖွဲ့ ကိုအပ်ပြီး ဘုရားခန်း
ကိုရောက်တာနဲ့  အခမ်းအနားစပါတယ်။ ဆရာတော်က သီလပေးပါတယ်။
ဘုရားစာတွေစုပေါင်းရွတ်ကြပါတယ်။ လှူဖွယ်ပစ္စည်းတွေ ကို တန်းစီပြီး
လောင်းလှူကြပါတယ်။ ပြီးတော့ ဘုန်းကြီးသုံးပါးကို ဆွမ်းကပ်ကြပါတယ်။
သိပ်ကိုကြည်ညိုဖို့ ကောင်းပါတယ်။ သံဃာတွေ့ ရခဲတဲ့ နေရာမှာ အခုလို
ဆွမ်းကပ်ခွင့်ရတာအလွန်ဝမ်းသာမိပါတယ်။


သံဃာတွေဆွမ်းစားပြီးတော့ ဧည့်သည်တွေကို ဘူဖေးကျွေးပါတယ်။
ဘုန်းကြီးကျောင်းကစီစဉ်ထားတဲ့စားသောက်စရာတွေအပြင် ဧည့်သည်တွေ
ယူလာတဲ့စားသောက်စရာတွေပါဆိုတော့ အမျိုးစုံ၊ အရသာစုံပါပဲ။
ကျမကတော့ ကြက်သားနဲ့ ပိန္နဲကွင်းချက်ရယ်၊ မုန်းညှင်းနဲ့ မှိုကြော်ရယ်ယူသွား
ပါတယ်။ ဘဲပေါင်း၊ ၀က်အူချောင်းကြော၊် ငါးကြော်၊ သင်္ဘောသီးသုပ်တို့ ကို
စားဖြစ်ပါတယ်။ အချိုပွဲတော့ မုန့် လုပ်ဆောင်းသောက်ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းအပြင်မှာ အာရှဈေးတန်းလေးလည်းရှိပါတယ်။ ဘုရားပွဲဈေး
ဆိုပါတော့၊ ကျမတို့ ဝယ်နေကျ ထိုင်းငါးပိချက်ဆိုင်တွေ့ တာနဲ့ ဝယ်ဖြစ်ခဲ့ပါတယ်။
လပြည့်ရိပ်တို့ ကိုတောင်မပါလာဘူးလားလို့ မေးလိုက်သေးတယ်။
လာကြတဲ့သူတွေကတော့ ကတော့လာအိုး၊ထိုင်း၊သီရိလင်္ကာ ၊မြန်မာ(ကျမ)နဲ့ 
ဂျာမန်တွေပါ။ စုစုပေါင်း လူ၆၀၀ခန့် ရှိပါတယ်။

စားသောက်ပြီးတော့ ဂျာမန်ဘုန်းကြီးနဲ့ စကားပြောဖြစ်ပါတယ်။ သူက ၁၅၀ါစာ
ရှိပြီး ထိုင်းနိုင်ငံက တောရကျောင်းတစ်ကျောင်းမှာ တရားအားထုတ်ကြောင်း
သိရပါတယ်။ နေ့ လည်ကြတော့ တရားနာကြပါတယ်။ ဂျာမန်ဘုန်းကြီးက
ဂျာမန်လို တရားဟောပါတယ်။ သစ္စာလေးပါးနဲ့  သီလ၊သမာဓိ၊ပညာ ကြောင်း
ဟောပါတယ်။ လိုချင်မှုတွေ၊စိတ်မကျေနပ်မှု၊စိတ်မချမ်းသာမှုတွေ စတဲ့
ဒုက္ခတွေအကြောင်းဟောတော့ ကျမရင်ဆိုင်နေရတဲ့ စိတ်ပူပင် ကြောင့်ကြ
မှုတွေကို တရားသဘောနဲ့ သတိလေးရှိသွားတယ်။

တရားဟောပြီးတော့ ရေစက်ချပါတယ်၊ဘုရားပူဇော်ကြပါတယ်။
ပန်း၊အမွှေးတိုင်ဆီမီးတွေနဲ့ ပူဇော်ကြရင်းအခမ်းအနားပြီးဆုံးပါတယ်။

အပြန်လမ်းမှာ ကျမစိတ်တွေကြည်လင်လာပါတယ်။ ကျမပျော်တယ်လို့ 
ကိုသောမတ်စ်ကိုပြောပြမိတယ်။ တခုတလောစိတ်ပူပင်မှုတွေ ကိုမေ့သွား
ခဲ့ပါတယ်။ ရတနာသုံးပါး ရဲ့ ကျေးဇူးကို ဦးတင်မိပါတယ်။

ဒီလို ဂျာမနီမှာ ကြုံရခဲတဲ့ ကုသိုလ်ပြုခွင့်ရတဲ့ပွဲကို ကျင်းပပေးသောသူများ၊
ကျမတို့ ကို ဖိတ်ကြားကြသူများ၊ တိုင်းတပါးမှာ သာသနာပြုနေကြတဲ့
ဆရာတော်များ၊ ကို အထူးကျေးဇူးတင်ပါတယ်။


13 comments:

စိတ်၏ဖြေရာ said...

ဘုရားကျောင်းကန်နဲ့တရားရေအေးတိုက်ကျွေးပေး
နိုင်တဲ့ဘုန်းတော်ကြီးတွေရှိတဲ့အရပ်မှာနေရတာ
ကံကောင်းပါတယ်ကွယ်။
သာဓုခေါ်ပါတယ်ညီမရေ။

လပြည့်ရိပ် said...

အစ်မတို့နဲ့သွားတဲ့ ပွဲကို သတိရသွားတယ်။ ဘူဖေးပွဲတွေကိုလည်း စိတ်ကမှန်းပြီး သရေကျတယ်။ :-) အစ်မရဲ့ ဒီမြန်မာဝတ်စုံလေးကလည်း လှတာပဲ။

Anonymous said...

သူငယ်ချင်း..ဘာတွေ ပူပင်စရာရှိနေလဲ သောကတွေများနေပြီလား. ကျမရှိရင်အဲဒီနေရာလေးသွားဖြစ်မှာ..
ပျော်စရာငြိမ်းအေးတဲ့နေရာလေး..
တနေ့က Oprah Winfrey Show ကိုကြည့်ရင်းသူပြောတဲ့စကားတခွန်းကိုသတိရမိတယ်.
All the pain are the same...
ဂျီးဒေါ်အပူကိုလည်းမျှဝေခံစားရပါတယ်..
ဂျီးဒေါ်အေးချမ်းပါစေ..
ရွာသူကြီး

Baby taster said...

အမရေ
အပူပင်တွေ ကင်းဝေးပါစေ
ကျမလည်း ပူပင်နေရတော့
ကိုယ်ချင်းစားတယ်။

Anonymous said...

ရောက်လာပါတယ်မရှင်လေး...အားလုံးအဆင်ပြေစိတ် ချမ်းသာပါစေနော်

စူးနွယ်လေး

ညီလင်းသစ် said...

စိတ်တွေ ပြန်ပြီး ကြည်လင်လာတယ် ဆိုလို့ ဝမ်းသာ ပါတယ်၊ ဒိထက်လည်း ပိုပြီးစုစည်း နိုင်ပါစေဗျာ...။

Myanmar Good Knowledg Co., Ltd said...

ပို့စ်ဖတ်ရတဲ့သူတောင် စိတ်အေးရပါတယ်။
တရားဆေးပဲ။
ဓါတ်ပုံလေးက ငြိမ်းအေးလှတယ်နော်။
ငြိမ်းအေးလှတယ် ဆုတာ
ရှင်လေးလှတယ် ပါ။
း)

Anonymous said...

I also attended the WESAK ceremory and The 2600th anniversary of Buddha's Enlightenment in Geneva.Wish you and myself be in peace cos of 3 yatana.You always look good and cool in Myanmar dress.
Gyidaw

ချော(အစိမ်းရောင်လွင်ပြင်) said...

စိတ်ရော လူပါ ငြိမ်းအေးပါစေ မရှင်လေးရေ
မြန်မာဝတ်စုံလေးနဲ့ ကြည့်ရတာ မျက်စိအေးသလို ငြိမ်းလဲငြိမ်းချမ်းပါတယ်။

Shinlay said...

ကျေးဇူးတင်ပါတယ်သူငယ်ချင်းတို့ ရေ...

ဇွန်မိုးစက် said...

စိတ်ကြည်နူးစရာ ပို့စ်လေးကို ဝေမျှပေးတဲ့ အမရှင်လေးကို ကျေးဇူးပါ။
ပြီးခဲ့တဲ့ ၁၇ရက်နေ့က မြန်မာပြည်နဲ့ စင်္ကာပူ ပြက္ခဒိန် ကဆုန်လပြည့်နေ့ချင်း တူနေလို့ ရုံးပိတ်ရက်ချင်းလည်း တိုတ်သွားတယ်။ ဒီက ဘုန်းကြီးကျောင်းတွေက ကဆုန်လပြည့် ညောင်ရေသွန်းပွဲနဲ့ စတုဒီသာတွေလည်း ကျွေးမွေးကြတယ် အမ။း)

စော(အဝါရောင်မြေ) said...

ဘုရားရှင်ရဲ့  အဆုံးအမတွေဟာ ဘယ်တော့မှလဲ ရိုးမသွားဘူ။ ဘယ်တော့မှလည်း နားထောင်ရတာ မညည်းငွေ့ ဘူး။
စိတ်ရဲ့  အေးချမ်းမူ့ ကိုလည်း အမှန်တကယ်ပေးတယ်။ ကောင်းပါတယ် အမရေ။ အမျှမပေးလည်း သာဓုခေါ်သွားပါတယ်။

Anonymous said...

မြန်မာဝတ်စုံလေးနဲ့ အမက လှချက်ပဲ...စု