Wednesday, 4 May 2011

၁၂ နှစ်ရှိခဲ့ပြီ....

အမိမြေကထွက်လာပြီး နိုင်ငံအသစ်တစ်ခုမှာ ဘ၀သစ်တစ်ခုကို စတင်ခဲ့တာ
၁၂ နှစ်ပြည့်ပါပြီ။ လွန်ခဲ့တဲ့ ၁၂ နှစ်တုန်းက မြန်မာပြည့်ကထွက်လာတဲ့ အချိန်
ခံစားမှု၊ အတွေ့ အကြုံတွေ ကို အခုချိန်ထိပြန်တွေးကြည့်ရင် မနေ့ တနေ့ က
ဖြစ်ခဲ့သလို မှတ်မိနေပါသေးတယ်။

မထွက်လာခင်တစ်ရက်အလိုမှာ အဖေရယ်၊အမေရယ်၊ကျမရယ် မိသားစု
သုံးယောက် ရွှေတိဂုံဘုရားသွားဖူးဖြစ်ခဲ့ပါတယ်။ ကျမတို့ နဲ့ အတူမနေတဲ့
အဖေ နဲ့ ကျမတို့ သားအမိ အတူတူ ဘုရားဖူးခွင့်ရတာ ကျမဘယ်မေ့ပါ့မလဲ။
အပြန်မှာလှည်းတန်းထိပ်မှာခေါက်ဆွဲကြော်ဝင်စားဖြစ်ခဲ့သေးတယ်။
ကျမက တရုတ်ဆိုင်က ခေါက်ဆွဲကြော်ဆိုကြိုက်တာကို။

အဲ့ဒီညက အဖေ ကျမတို့ အိမ်မှာ အိပ်ပါတယ်။ ကျမဒီကို ထွက်လာမဲ့နေ့ မှာ
အဖေက ကျမကို သူ့ ရဲ့ တီရှပ်လက်ရှည်တစ်ထည် အမှတ်တရပေးပါတယ်။
အဲ့ဒီအင်္ကျီကို ကျမ အခုထိ ည၀တ်အိပ်လေ့ရှိဆဲပါ။
လေဆိပ်ကို အဖေရော အမေပါ လိုက်ပို့ ကြတယ်။ တယောက်ထဲထားခဲ့ရမယ့်
အမေ့ရဲ့ ဘေးမှာ အဖေကိုမြင်နေရလို့  ကျမသိပ်ဝမ်းမနဲခဲ့မိဘူး။ ကျမ မရှိတဲ့အချိန်တွေ
မှာ အမေ့ဆီမကြာမကြာဖုန်းဆက်ဖို့ လည်း အဖေ့ကိုမှာခဲ့သေးတယ်။
ကျမကတော့ နေရာဟောင်းကိုထားခဲ့ပြီး၊ ဘာမှန်းမသိသေးတဲ့ နေရာသစ်ကို
တယောက်ထဲသွားရမှာဆိုတော့ စိတ်လှုတ်ရှားနေခဲ့မိပါတယ်။

ဒီလိုနဲ့ နေရာသစ်မှာ အစစအရာရာ အသစ်အဆန်းတွေတွေ့ ခဲ့၊မြင်ခဲ့ရ၊ သင်ခဲ့၊
လေ့လာခဲ့ရ၊ ၀မ်းသာခြင်း၊၀မ်းနည်းခြင်း၊ အားငယ်ခြင်း၊ အားတင်းခြင်းတွေနဲ့ 
ဘ၀ကိုရှန်းကန်တည်ဆောက်ခဲ့ပါတယ်။ ဒီနေ့ တော့ ဘာလိုလိုနဲ့  ၁၂ နှစ်ပြည့်ခဲ့ပါ
ပြီ။

ဒီနေ့ မှာ လူ့ လောကကြီးမှာ မရှိတော့တဲ့ အဖေကို အထူးသတိရမိပါတယ်။
အဖေဟာ ကျမတို့ သားအမိနဲ့ အတူတူ မနေပေမဲ့ ကျမဘွဲ့ ယူတဲ့အခါ၊ ကျမ တိုင်းတပါး
ကိုထွက်လာတဲ့အခါ၊ ကျမ အမျိုးသားနဲ့ အတူမြန်မာပြည်ကို ပြန်လာလည်တဲ့အခါစတဲ့
အရေးပါတဲ့နေ့ တွေမှာ ကျမဘေးမှာရှိနေခဲ့ပါတယ်။

ဒီနေ့ မှာ အဝေးမှာရှိနေတဲ့ကျမကို သတိရနေရှာမယ့် သတ္တိရှိပြီး စွမ်းဆောင်နိုင်တဲ့
အမေ့ကိုလည်းအထူးသတိရမိပါတယ်။

ဒီနေ့ မှာ ကျမဘ၀ကို အကောင်းဘက်သို့ ပြောင်းလဲပေးခဲ့တဲ့၊ ဘ၀သစ်တစ်ခု
မှာရပ်တည်နိုင်ဖို့  ကျမကို ထောက်ပံ့ပေးခဲ့တဲ့ ၊ ကျမနဲ့ ကျမအမေ ကို တရားဓမ္မနဲ့ 
မိတ်ဆက်ပေးခဲ့တဲ့ ကျမရဲ့ အမျိုးသား ကိုသောမတ်စ်ကို အထူးကျေးဇူးတင်မိပါတယ်။

ဒီနေ့ မှာ ကျမကို ၁၂နှစ်တာကာလအတွင်းမှာ အဖက်ဖက်က ကူညီပံ့ပိုး၊အားပေး
ကြတဲ့မိတ်ဆွေ၊သူငယ်ချင်းများအားလုံးကိုလည်းအထူးကျေးဇူးတင်ပါတယ်။

ဒီနေ့ နေ့ လည်မှာ ကျမတို့ နှစ်ယောက်အတွက် အမှတ်တရ နေ့ လည်စာသွားစား
ဖြစ်ပါတယ်။ ထွေထွေထူးထူးမဟုတ်ပါဘူး။ ကျမဂျာမနီကို စရောက်တဲ့နေ့ က
ပထမဆုံးစားခဲ့ဘူးတဲ့ ပီဆာ ပါ။ အဲ့ဒီနေ့ က လေဆိပ်ကနေ Düsseldorf မှာရှိတဲ့ အင်္ဂလန်
ကောင်စစ်ဝန်ရုံးမှာဗီဇာသွားတင်ပြီး အပြန် Düsseldorf ဘူတာမှာ အပြေးအလွှား
ပီဆာ ၀ယ်စားခဲ့ကြတဲ့ အမှတ်တရ ပါ။

17 comments:

Anonymous said...

Glückwunsch zu 12 Jahren in Deutschland !!

Sue Nwe Lay

Anonymous said...

အရင်ကလည်း အဖေအကြောင်းဖတ်ဖူးတယ်။
ဒီပို့စ်မှာတော့ မရှင်လေးရေးတာလေးဖတ်ပြီး မိသားစုလေးအကြောင်း ရင်ထဲမှာနင့်ကနဲ ခံစားလိုက်ရတယ်။ ဘယ်လိုဖြစ်တာလည်းသေချာမပြောတတ်ဘူး။
အမေနဲ့ မရှင်လေး ကြိုးစားခိုင်မာ တာကိုလည်း သဘောကျတယ်။
၁၂နှစ်တောင်လား။ မွေးရပ်မြေမဟုတ်တဲ့ နိုင်ငံမှာ လူကြီးဖြစ်လာမှ နေရတာ နေသားကျအောင် နေတတ်မှု၊ မိမိကိုယ်တိုင်ရဲ့ စိတ်ထားတတ်မှု ပတ်ဝန်းကျင်ရဲ့ ကျေးဇူးတရားတွေက အများကြီး အရေးပါပါတယ်။
ရှေ့ဆက်ပြီး စိတ်ချမ်းသာ အဆင်ပြေပါစေ။

Myanmar Good Knowledg Co., Ltd said...

ရှင်လေး ရေ
ခုန ကျွန်မပါ။
ကောင်းမွန်ဝင်း

khin said...

မအိသူ

၁၂ နှစ်ဆိုတဲ.အချိန်က မြန်လိုက်တာ။ ညီမတောင် အမနဲ.တွေ.ခဲ.တဲ.အချိန်က ၁၀နှစ်ရှိသွားပြီနော်။ Freiburg ဘူတာမှာ စကားတွေအများကြီးပြောခဲ.တာတွေ ဦးသောမတ်စ်။ကိုဂျွန်နဲ. ကာရင်း။ ဦးလူးဝစ်တို.နဲ.တွေ.ဆုံကြတာတွေကို မနေ.တစ်နေ.ကလိုဘဲ မျက်စိထဲမှာမြင်ယောင်နေတယ်။
သတိရခြင်းများစွာဖြင်.
ခင်ခင်စိန်

ညီလင်းသစ် said...

တခြားနိုင်ငံ တစ်ခုမှာ အဖက်ဖက်က ဝင်ဆန့်အောင်၊ အသားကျအောင် နေဖို့က အမြဲတမ်းတော့ မလွယ်ပါဘူး၊ ၁၂ နှစ်တိုင်တိုင် အခက်အခဲ အမျိုးမျိုးကို ကြံ့ကြံ့ခံပြီး ကျော်ဖြတ်ခဲ့တာ ချီးကျူးပါတယ်ဗျာ...။

Shinlay said...

Danke, Sue Nwe lay..

ကောင်းမွန်ဝင်း :ကျေးဇူးတင်ပါတယ်။ ဘ၀ဆိုတာ အမျိုးစုံတွေ့ ကြုံရတယ်။

မခင်ခင်စိန်... ကျမလည်းမှတ်မိနေသေးတယ်။ ကိုဂျွန်က အခုအိန္ဒိယမှာ ဒီလထဲတော့ပြန်လာလိမ့်မယ်။
ကာရင်း ၊ ဦးလူးဝစ် တို့ လည်းနေကောင်းကြပါတယ်။
ဂိုသေမှာ မြန်မာမတွေ့ တာကြာပြီ။ သတိရမိတယ်။

ကိုညီရေ... ကိုယ့်ကိုကိုယ်အားပေးရင်...၁၂နှစ်
ရှိခဲ့ပြီ။ ကျေးဇူးတင်ပါတယ်။

Anonymous said...

This is life.In French"Tant que tu es la tout est parfait."
You are like a "rose"...strong,simple,lovely and fragrant.Go on little sis.
With love,
Gyidaw

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘာသာစကား၊ အစားအသောက်၊ ယဉ်ကျေးမှုခြင်း လုံးလုံးမတူ ကွဲပြားခြားနားတဲ့အရပ်တစ်ခုမှာ နှစ်ကြာရှည်အောင် အဆင်ပြေစွာကြိုးစားနေနိုင်တာ တကယ်ချီးကျူးမိပါတယ်။
ဆက်လက်ပြီး ပျော်ရွှင်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ အဆင်ပြေချောမွေ့ပါစေလို့..

Shinlay said...

Thanks Gyidaw...and Chaw...

Anonymous said...

ွှဒေါ်ကြီးရေ..
ဘယ်နေရာမှာမဆိုပျော်ရွှင်ကျန်းမာပြီး
စိတ်ချမ်းသာသာ နဲ့နေထိုင်နိင်တာ..
လာဘ်ကြီးတပါးပါဘဲ..
ချစ်ရတဲ့သူနဲ့ သက်ထက်ဆုံး
ပျော်ရွင်.ကျမ်းမာ
ချမ်းသာကြပါစေလို့.
သူကြီး

Shinlay said...

သူကြီးမင်းရှင့် နယ်မြေသစ်မှာပျော်နေပြီလား။
သတိရနေကြပါတယ်။

Kyaw Hnin Se Lwin said...

မရှင်လေးရေ ၁၂နှစ်တောင်ရှိသွားပြီနော်
အမနဲ့ကိုသောမတ်စ် တသက်တာ ပျော်ရွှင်ချမ်းမြေ့ခိုင်မြဲချစ်ခင်စွာ ရှိပါစေကြောင်း ဆုတောင်းပေးပါတယ်။

ဇွန်မိုးစက် said...

သြော်...မရေ ရေမြေခြားမှာ ရောက်ရှိနေထိုင်ခဲ့တာ ၁၂နှစ်တောင် ရှိသွားပြီလား။
ဟုတ်တယ်နော်... ရေမြေခြားကို ပထမဆုံးရောက်ခဲ့တဲ့နေ့ကို မှတ်မှတ်ထင်ထင် ရှိနေတုန်းပဲ။
အစ်မရှင်လေးနဲ့ ကိုသောမတ်စ် အစစအရာရာ အဆင်ပြေပါစေ။

Shinlay said...

Kyaw Hnin Se Lwin နဲ့  ဇွန် ကျေးဇူးတင်ပါတယ်။

Anonymous said...

အမရှင်လေး
၁၂မှသည် ဘ၀တသက်လုံး အေးအတူပူအမျှ
အခက်ခဲတွေ၊ ပျော်ရွှင်မှုတွေကို ဖြတ်သန်းနိုင်ပါစေ။

Anonymous said...

အမရှင်လေး
၁၂မှသည် ဘ၀တသက်လုံး အေးအတူပူအမျှ
အခက်ခဲတွေ၊ ပျော်ရွှင်မှုတွေကို ဖြတ်သန်းနိုင်ပါစေ။

Baby taster


အပေါ်မှာ နာမည်မေ၇းမိလို့ :)

Moe Cho Thinn said...

ဒီပို့စ်လေးကို ဖတ်ရတာ စိတ်ထဲမှာ ၀မ်းသာ ၀မ်းနည်း ဖြစ်မိတယ်။ စာလေးက ရိုးရိုးလေးနဲ့ ရင်ထဲမှာ အသေအချာ ခံစားရစေတယ်။ ကျမတို့ဘ၀မှာ မိသားစုတွေဟာ အမြဲ ထိပ်ဆုံးက အရေးပါခဲ့တာ အမှန်ပဲနော်။