တနေ့ က ဓါတ်ပုံတွေရှာရင်း Thomasအမေရဲ့  မှတ်တမ်းစာအုပ်
လေးတွေ့ လာတယ်။ သူ့ အမေက သားသမီးတွေကိုသိပ်ချစ်တတ်တယ်။
အသေးအဖွဲလေးတွေကအစ မှတ်ထားတယ်။ Thomas ဘယ်နေ့ က ဘာစ
လုပ်တတ်တယ်ဆိုတာတွေကအစ ရေးထားတယ်။
ဒီမှတ်တမ်းကို သူ့ အနေနဲ့ အချိန်ယူပြီး ၂၅နှစ်ကြာမေတ္တာအပြည့်နဲ့ ရေးထားကြောင်း၊
ဒီမှတ်တမ်းကတဆင့် သူ့ ရဲ့ မေတ္တာတရားကို ခံစားတတ်အောင်ပါ။
သူမှတ်တမ်းမတင်ထားတာတွေဟာ၊ မဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီး
သူ အမှန်တွေကိုရေးထားကြောင်းလည်းစာတိုလေးတစ်စောင်ရေးထားပါသေးတယ်။
Thomas ကို ၂လပြည့်တဲ့နေ့ မှာ ပထမဆုံး လက်သဲညှပ်ပေးတာ။
၂ လ နဲ ၂၆ ရက်မှာ ပထမဆုံး လိမ္မော်ရည်တိုက်တာ၊ ၄လနဲ ၃ရက်မှာ ပထမဆုံး နာရီဝက်ကြာအပြင်ထွက်ကြောင်း၊ ၄လနဲ့ ၎ရက်မှာ စပြီးကစားတယ်ဆိုပဲ။
၎လနဲ့ ၂၆ရက်မှာ ကလေးသောမတ်စ်ခေါင်းထောင်တတ်တယ်တဲ့။
၅လနဲ့ ၁ရက်သားမှာ ဟင်းသီးဟင်းရွက်စကျွေးတယ်တဲ့။
၇လနဲ့ ၆ရက်မှာ ၅မိနစ်ကြာအောင် ထိုင်တယ်။၎ရက်ကြာတော့ပေါင်မုန့် စစားတယ်တဲ့။
၈လနဲ့ ၆ရက်သားမှာ ကလေးခုံပေါ်ကကျတယ်။တော်တော်ဆော့တယ်။
တစ်နှစ်နဲ့ ၁၁လမှာ သူ့ ကိုယ်သူ သောမတ်စ် လို့ ပြောတတ်တယ်တဲ့။
၂နှစ်နဲ့ ၁၃ရက်သားမှာ ပထမဆုံး သူ ရှူးရှူးပေါက်ချင်တယ်လို့ ပြောသတဲ့။
သူငယ်ငယ်က စကားစပြောတော့ ဂျာမန်လိုရော၊ဟော်လန်လိုရောရေနေတယ်ဆိုပဲ။
စသဖြင့်ရေးထားတဲ့ယောက္ခမရဲ့ မှတ်တမ်းကိုဖတ်ပြီး မိခင်တစ်ယောက်ရဲ့ မေတ္တာ
ကို ပိုပြီးတန်ဖိုးထားခံစားမိလာပါတယ်။
အခုဆို ကျမယောက္ခလည်းလောကကြီးမှာမရှိတော့ပေမဲ့ သူ့ ရဲ့ မေတ္တာကို ကျမတို့ 
အမှတ်ရနေစေပါတယ်။
တချိန်ထဲမှာပဲ ကျမအမေကို သတိရမိတယ်။ ကံကောင်းစွာနဲ့ ကျမအမေကို ကျမတွေ့ ခွင့်
ရှိနေသေးတယ်။ အမေလည်းကျမကိုမျှော်နေရှာတယ်။ ကျမအချိန်ရှိတုန်း သူ့ ဆီ
ပြေးတွေ့ လိုက်ပါအုံးမယ်။ ကျမမှာ ဘယ်လိုအခက်အခဲပဲရှိပါစေအမေ့ဆီကျမ
ပြန်လာတွေ့ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် ၄ရက်ဆို အမေ့နားကျမရောက်မှာပါ။