တနေ့ က ဓါတ်ပုံတွေရှာရင်း Thomasအမေရဲ့  မှတ်တမ်းစာအုပ်
လေးတွေ့ လာတယ်။ သူ့ အမေက သားသမီးတွေကိုသိပ်ချစ်တတ်တယ်။
အသေးအဖွဲလေးတွေကအစ မှတ်ထားတယ်။ Thomas ဘယ်နေ့ က ဘာစ
လုပ်တတ်တယ်ဆိုတာတွေကအစ ရေးထားတယ်။
ဒီမှတ်တမ်းကို သူ့ အနေနဲ့ အချိန်ယူပြီး ၂၅နှစ်ကြာမေတ္တာအပြည့်နဲ့ ရေးထားကြောင်း၊
ဒီမှတ်တမ်းကတဆင့် သူ့ ရဲ့ မေတ္တာတရားကို ခံစားတတ်အောင်ပါ။
သူမှတ်တမ်းမတင်ထားတာတွေဟာ၊ မဖြစ်ခဲ့တဲ့အရာတွေဖြစ်ပြီး
သူ အမှန်တွေကိုရေးထားကြောင်းလည်းစာတိုလေးတစ်စောင်ရေးထားပါသေးတယ်။
Thomas ကို ၂လပြည့်တဲ့နေ့ မှာ ပထမဆုံး လက်သဲညှပ်ပေးတာ။
၂ လ နဲ ၂၆ ရက်မှာ ပထမဆုံး လိမ္မော်ရည်တိုက်တာ၊ ၄လနဲ ၃ရက်မှာ ပထမဆုံး နာရီဝက်ကြာအပြင်ထွက်ကြောင်း၊ ၄လနဲ့ ၎ရက်မှာ စပြီးကစားတယ်ဆိုပဲ။
၎လနဲ့ ၂၆ရက်မှာ ကလေးသောမတ်စ်ခေါင်းထောင်တတ်တယ်တဲ့။
၅လနဲ့ ၁ရက်သားမှာ ဟင်းသီးဟင်းရွက်စကျွေးတယ်တဲ့။
၇လနဲ့ ၆ရက်မှာ ၅မိနစ်ကြာအောင် ထိုင်တယ်။၎ရက်ကြာတော့ပေါင်မုန့် စစားတယ်တဲ့။
၈လနဲ့ ၆ရက်သားမှာ ကလေးခုံပေါ်ကကျတယ်။တော်တော်ဆော့တယ်။
တစ်နှစ်နဲ့ ၁၁လမှာ သူ့ ကိုယ်သူ သောမတ်စ် လို့ ပြောတတ်တယ်တဲ့။
၂နှစ်နဲ့ ၁၃ရက်သားမှာ ပထမဆုံး သူ ရှူးရှူးပေါက်ချင်တယ်လို့ ပြောသတဲ့။
သူငယ်ငယ်က စကားစပြောတော့ ဂျာမန်လိုရော၊ဟော်လန်လိုရောရေနေတယ်ဆိုပဲ။
စသဖြင့်ရေးထားတဲ့ယောက္ခမရဲ့ မှတ်တမ်းကိုဖတ်ပြီး မိခင်တစ်ယောက်ရဲ့ မေတ္တာ
ကို ပိုပြီးတန်ဖိုးထားခံစားမိလာပါတယ်။
အခုဆို ကျမယောက္ခလည်းလောကကြီးမှာမရှိတော့ပေမဲ့ သူ့ ရဲ့ မေတ္တာကို ကျမတို့ 
အမှတ်ရနေစေပါတယ်။
တချိန်ထဲမှာပဲ ကျမအမေကို သတိရမိတယ်။ ကံကောင်းစွာနဲ့ ကျမအမေကို ကျမတွေ့ ခွင့်
ရှိနေသေးတယ်။ အမေလည်းကျမကိုမျှော်နေရှာတယ်။ ကျမအချိန်ရှိတုန်း သူ့ ဆီ
ပြေးတွေ့ လိုက်ပါအုံးမယ်။ ကျမမှာ ဘယ်လိုအခက်အခဲပဲရှိပါစေအမေ့ဆီကျမ
ပြန်လာတွေ့ ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက် ၄ရက်ဆို အမေ့နားကျမရောက်မှာပါ။
15 comments:
အစ်မဖြစ်ချင်တဲ့ ဆန္ဒပြည့်ဝမှာပါ။
အမေနဲ့တွေ့ရတော့မယ်ဆိုလို့ အားကျလိုက်တာ မရှင်လေးရေ။ မအိမ်သူတို့တော့ မိဘတွေဆီ မရောက်နိုင်သေးဘူး။ ယောက္ခမကြီးရဲ့ မေတ္တာတရားကိုလဲ မှတ်တမ်းလေးတွေထဲကတဆင့် မြင်တွေ့ခဲ့မိပါတယ်။ ကိုယ့်ကလေးကိုယ် အဲဒီလိုမှတ်တမ်းမျိုးလေး မလုပ်ထားခဲ့မိတာ နောင်တရတယ်။
ပျော်စရာကြီးအမ
အမေ့ရင်ခွင်မှာ အပြည့်အ၀နားပါ။
အပြုံးပန်း
ပျော်စရာကြီးသွားရတော့မယ်..
စာတွေမပို့ဖြစ်တာ.
သူကြီးလည်းစိတ်တွေလေနေတယ်..
အမြဲသတိရနေတာနော်...
သူကြီး
သားသမီးဆိုတဲ့ ကလေးလေးတယောက် မွေးလိုက်တာနဲ့ နေ့တွေအားလုံးဟာ အမေနေ့ ဖြစ်သွားတော့တာပဲနော်..
ငယ်ငယ်က ဆုံးပါးခဲ့တဲ့ အမေ့ကို ပိုလို့ လွမ်းဆွတ်သွားတယ်။
အမရှင်လေး
မိခင်တယောက်ရဲ့ မှတ်တမ်းလေးတွေ ဖတ်ပြီး
ကြည်နူးမိတယ်။ အဆင်ပြေပါစေနော် :)
ပြုံးပြီးဖတ်နေမိတယ်
မိခင်တစ်ယောက်ရဲ့ မေတ္တာကို နက်နက်ရှိုင်းရှိုင်းဖော်ပြနေတာ မို့လေ
ယောက္ခမရဲ့ မှတ်တမ်းလေးမှာ တကယ်ပဲ မိခင်မေတ္တာ တွေ တွေ့ရပါတယ်၊ စိတ်ရှည်ရှည်နဲ့ ပြုစုခဲ့လို အခုလို နှစ်ပေါင်းများစွာ ကြာပေမယ့် ချစ်ခြင်းတွေကို တွေ့နေရ တုန်းပဲ ထင်တယ်နော်..၊ အမေ့အနားကို အမြန်ဆုံး ပြန်ရောက်မယ့် မ,ရှင်လေးလည်း ကံကောင်းပါတယ်၊ ခရီးမှာ အစစ အဆင်ပြေပါစေဗျာ...။
မရှင်လေးရေ
ကိုသောမတ်စ်အမေကချစ်ဖို့ကောင်းလိုက်တာ
မလည်း အမေနှင့်အတူ ပျော်ရွှင်ချမ်းမြေ့ကြပါစေ
တ၀ကြီးလည်ခဲ့နော်
:))
အဲလိုမှတ်တမ်းလေးတွေ ရေးနိုင်တာ တော်တော်စိတ်ရှည်တာဘဲ။ နှစ်တွေအများကြီး ကြာသွားတော့ အမှတ်တရ ဖြစ်သွားတာပေါ့နော်။
Have a safe journey a ma!! :)
လိုအင်ဆန်ဒ ပြည့်ဝပါစေ
သူငယ်ချင်းတို့ ကို ကျေးဇူးတင်ပါတယ်။
ပြန်လာရင်ပြန်တွေ့ ကြမယ်နော်။
နေ့ခင်းကလာဖတ်သေးတယ်။
မရှင်လေး ရဲ့ ယောက္ခမက စေ့စပ်လိုက်တာနော်။ သူ့ရဲ့မေတ္တာတရားကို စေ့စပ်မှုနဲ့အတူတွေရတောကြည်နူးအားကျစရာပါ။
မရှင်လေးကိုတော့ ပိုအားကျမိတယ် ဆန္ဒရှိတဲ့ အတိုင်းအမေနဲ့ တွေ့ရတော့မယ်နော်။
စိတ်ဓါတ်ကြံ့ခိုင်တဲ့ အမေစီက မေတ္တာတွေ နဲ့ ပြန်လာတာကို စောင့်နေမယ်။
အစ်မရှင်လေးရေ ပြန်သွားပြီလား။
ဦးသောမတ်စ်အမေရဲ့ မှတ်တမ်းကို ဖတ်ခွင့်ရတာ သိပ်ကြည်နူးစရာ ကောင်းတာပဲ။ မိခင်တစ်ယောက်ရဲ့ ပြည့်ဝတဲ့ မေတ္တာတရားတွေ တကယ်ပဲ ဘာနဲ့မှ အစားမထိုးနိုင်ဘူးနော်။
အစ်မလည်း အိမ်အပြန်ခရီးမှာ ဆုံတွေ့ခွင့်ရတဲ့အမေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့ပါစေ။
မရှင်လေး..
မေမေနဲ့ တွေ့ပြီး စိတ်နှလုံးချမ်းမြေ့ပါစေ။
Post a Comment