Sunday 7 August 2011

အမေ့ဆီသို့ 

ကျမအလာကိုစောင့်နေတဲ့ အမေ့ဆီ သွားရတော့မယ်ဆိုတော့ စိတ်ထဲမှာ
ပျော်နေတာပါ။ အမေကလည်းကျမလိုပဲပျော်နေမှာပါ။ သူကပိုလို့ တောင်ပျော်မှာ။
အမေက အသက်ကြီးလာတာနဲ့ အမျှ ကျမကိုသူ့ အနားမှာနေစေချင်လာတယ်။
ဒီကိုရောက်စက လူကြီးမိဘတွေနားမှာ သားသမီးတွေမနေကြပဲ အထီးကျန်
ဆန်နေကြတာတွေ့ ရတော့ နားမလည်ခဲ့မိဘူး။ အခုတော့ ကျမလည်း
သူတို့ လိုဖြစ်နေပြီလေ။ ကျမကိုလည်း တချို့ က နားလည်ကြပါ့မလာပဲ။

အိမ်ပြန်ရမယ်ဆိုတော့ ပြင်ဆင်ရတာတွေကလည်းအများသားပဲ။ ဒီကြားထဲ
အလုပ်မှာက လုပ်စရာတွေများ၊ ကျမကသူများတွေထက်တစ်ပတ်ခွင့်စောပြီး
ယူလိုက်တော့ လုပ်စရာတွေပြီးအောင်လုပ်ပေးနေရတယ်။ တနေ့ တနေ့ 
အချိန်ပိုတောင်ဆင်းနေရတော့ ရန်ကုန်အတွက် ဈေးဝယ်ချိန်တောင်သိပ်မရှိ
လိုက်ဘူး။

ဒီတခါတော့ ကျမတို့ နှစ်ယောက်စလုံးပြန်ကြမှာဆိုတော့ လမ်းခရီးမှာ
သိပ်စိတ်မပင်ပန်းဘူးပေါ့။ ကိုသောမတ်စ်လည်း ရန်ကုန်ပြန်ရမယ်ဆို
ပျော်နေရော။ ဟိုရောက်ရင် တွေ့ ဖြစ်ကြမယ့်သူငယ်ချင်းတွေရဲ့ စာရင်း
ကတော့ အသင့်ဖြစ်နေပါပြီ။

နောက်တပတ်ဒီအချိန်ဆိုရင်တော့ အမေ့နားမှာရောက်နေမှာ။ ဘလော့
သူငယ်ချင်းတွေကိုတော့ နှုတ်ဆက်ခဲ့ပါတယ်။ သူငယ်ချင်းတို့ ဒီကြားထဲ
ရန်ကုန်ကို ရောက်ဖြစ်မယ်ဆိုရင်ကျမတို့ နဲ့ တွေ့ ကြတာပေါ့။

20 comments:

Anonymous said...

အမေ့ကိုတွေးရင်းပျော်ပြီး ပြန်နိုင်သေးတဲ့ရှင်လေးကို အားကျမိပါတယ်။ ကိုယ်တော့ အဲလိုဘ၀လေးပျောက်ဆုံးသွားတာကြာပေါ့။
ပျော်ရွှင်ပါစေမိသားစုအားလုံး။
ခရီးလမ်းပန်းလည်း ချောမွေ့ ပါစေလို့ ။
အိုင်အိုရာ

Shinlay said...

ကျေးဇူးတင်ပါတယ် အိုင်အိုရာ...

စူးနွယ်လေး said...

အားကျဝမ်းသာပါတယ် မရှင်လေး
ဗမာပြည်ပြန်မယ်လုပ်တိုင်း စိတ်လှုပ်ရှားပြီး မပြန်ခင်ကတည်းက တွေးပျော်နေရတာအမြဲပါပဲ။
အားလုံးအဆင်ပြေပြီး မိသားစုနဲ့ပျော်ရွှင်ပါစေ
ပြန်ရောက်ချိန်ကိုလည်းမျှော်နေမယ်

Anonymous said...

အမေ့အကြိုက်ချက်ကျွေးပြီး
စကားတွေတ၀ကြီးပြောလာခဲ့
အပျော်တွေလည်းဝေမျှပေးအုံးနော်
ကိုကိုနိုင်တော့ ဗမာစကားတ၀ကြီးပြောခွင့်
ကြုံရအုံးမှာပေါ့နော်
ရွာသူကြီး

ညီလင်းသစ် said...

ပျော်စရာကြီးပဲ..၊ မ,ရှင်လေး အမေလည်း အတော့်ကို ပျော်နေမှာပဲ၊ အစစ အဆင်ပြေပြီး ကြည်နူးစရာ ခရီးလေး ဖြစ်ပါစေဗျာ..။

Anonymous said...

Have a safe trip, Ma Ma!
Mon Petit Avatar

မအိမ်သူ said...

ဟုတ်တယ်နော် မြန်မာပြည်ပြန်ရမယ်ဆိုတဲ့ခံစားချက်က ဘာနဲ့မှမတူဘူး။ ဆွေမျိုး မိဘ သူငယ်ချင်း မိတ်ဆွေ အသိုင်းအ၀ိုင်းကို နိုင်ငံခြားရောက်မှ ပိုတောင့်တမိတာအမှန်ဘဲ။ Have a nice trip!! မရှင်လေးရေ..

Anonymous said...

have a nice trip.

Myanmar Good Knowledg Co., Ltd said...

ကောင်းလိုက်တာရှင်လေးရေ။
အဆင်ပြေပျော်ရွှင်တဲ့ ခရီးဖြစ်ပါစေ။
အခုလိုခရီးနိဒါန်းလေကို ဝေမျှတာလည်း ကျေးဇူးတင်ပါတယ်။
ပြန်လာရင်လည်းပြောပြဦးနော်။

စော(အဝါရောင်မြေ) said...

ကိုယ်မိသားစုတွေနှင့်က အားလုံးအဆင်ပြေမှာပါ။ ကောင်းသော ခရီးစဉ်လေး ဖြစ်ပါစေ။

Anonymous said...

Shin lay and Ko Ko Naing,
Bson voyage!Thanks for sharing your happiness.I miss my mon and home too.I may go back next year hopefully.
Gyidaw

Shinlay said...

Many thanks to all my friends...
shinlay

ချော(အစိမ်းရောင်လွင်ပြင်) said...

အမေနဲ့တွေ့တဲ့ လမ်းခရီးတစ်လျှောက် စိတ်ကြည်နူးစရာ တစ်ပွေ့တစ်ပိုက်နဲ့ ပျော်ရွှင်အဆင်ပြေပါစေလို့နော်

Anonymous said...

You are very lucky Ma shinlay.Have a wonderful and beautiful trip for you and your mom.Ma Khine

မိုးစက်ပွင့် said...

တွေ့မယ်....တွေ့မယ်.....တွေ့မယ်နော်

Shinlay said...

ကျေးဇူးပါသူငယ်ချင်းတို့ 
တွေ့ မယ်လေ...ဒေါ်မိုးစက်

လသာည said...

မရှင်လေး..
မေမေနဲ့တွေ့ပြီး စိတ်ချမ်းမြေ့နေမှာ အခုထဲက မြင်ယောင်ပါတယ်။ ပျော်စရာခရီးလေးဖြစ်ပါစေ။

သက်ဝေ said...

ပျော်စရာကောင်းတဲ့ အိမ်ပြန်ခရီးလေး ဖြစ်ပါစေ မရှင်လေးရေ...း)))

ဇွန်မိုးစက် said...

အစ်မရေ... ဇွန် ဘလော့လည် မထွက်ဖြစ်တာ သုံးပတ်လောက်ရှိသွားတော့ မရှင်လေး ရန်ကုန်ပြန်သွားတာတောင် မသိလိုက်ဘူး။
ခုလောက်ဆို... အစ်မလည်း အမေနဲ့တွေ့ပြီး ပျော်ရွှင်နေမှာပဲနော်။ ဇွန်လည်း နောက်လဆို အမေနဲ့ တွေ့ရမှာ တွေးပြီး ပျော်နေတယ်။း)

kyawhinselwin said...

မရှင်လေးရေ
အစစအရာရာခရီးလမ်းချောမွေ့ပြီး
မိသားစုတွေနှင့်အတူပျော်ရွှင်ပါစေနော်
ပြန်လာမှ မြန်မာပြည်က ဓါတ်ပုံတွေတင်ဦးနော်