Saturday 31 December 2011

2012

မကြာခင်မှာ ၂၀၁၂ ကိုရောက်တော့မယ်။
နှစ်သစ်ကိုကြိုတဲ့အချိန်တိုင်းမှာ ငယ်ငယ်က အတူတူရှိခဲ့ကြတဲ့
မောင်နှမတွေကို သတိရမိပါတယ်။ တယောက်တနေရာဆီမှာ
ရောက်နေကြပေမဲ့ ဒီအချိန်ဆိုရင် ကျမလိုပဲ သူတို့ လည်း ငယ်ငယ်
ဒီလိုနေ့ မျိုးတွေ ဘယ်လိုဖြတ်သန်းခဲ့တယ်ဆိုတာ အနားမှာရှိနေတဲ့
သူတွေကို ပြောပြဖြစ်မလားပဲ။
မောင်နှမတွေ စုပြီး ဗီဒီယိုအခွေတွေကြည့်ရင်း ည ၁၂နာရီကိုစောင့်
ကြတယ်။ ကျမအမေနဲ့ အဒေါ်တွေက ညလည်မှာ စားဖို့ ပြင်ဆင်ကြ
တယ်။ အမြဲလိုလို လုပ်ဖြစ်တာကတော့ ကြေးအိုး၊ ကော်ပြန့် စိမ်း၊
အစားအသောက်တွေ အဆင်သင့်ဖြစ်ရင် ကိုကြီးတို့ အိမ်က စားပွဲ
ကြီးမှာ တစ်ခြံလုံးက မောင်နှမတွေစုဝေးကြပြီး စားကြ၊ ပြောကြ၊
ရီကြနဲ့ ပေါ့။
ဒီညတော့ ကျမ နဲ့ ကိုသောမတ်စ်နှစ်ယောက်ထဲ တိတ်တိတ်ဆိတ်ဆိတ်
နဲ့ နှစ်သစ်ကူး ညစာ(raclette) စားဖြစ်တယ်။ စားရင်းနဲ့ ငယ်ငယ်က
အကြောင်းတွေပြန်ပြောဖြစ်တယ်။ နှစ်စဉ် ကျမပြောနေကြဖြစ်လို့ 
အကြောင်းတွေ ကိုအလွတ်ရနေပြီဖြစ်ပေမဲ့ စိတ်ရှည်စွာနားထောင်ပေး
လို့ ကျေးဇူးတင်ပါတယ်။
ကျမသတိရနေသလို ကျမအမေ၊ ကျမအဒေါ်တွေ၊ မောင်နှမ၀မ်းကွဲတွေ
အားလုံးလည်း သတိရနေကြမှာပါ။
နှစ်သစ်မှာ ပျော်ရွှင်မှုတွေ၊အောင်မြင်မှုတွေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့်
ဝပြီး၊ ကျန်မာရွှင်လန်းကြပါစေလို့  သူငယ်ချင်းများ၊ ဆွေမျိုးများအားလုံးကို
နှုတ်ဆက်လိုက်ပါတယ်။
၃၁.၁၂.၂၀၁၁ ညနေ ၈နာရီ ၅၈မိနစ်။

6 comments:

မမိုး said...

ရှင်လေးရေ ပျော်ရွှင်အေးချမ်းပြီး လိုအင်ဟူသမျှပြည့်စုံစေမဲ့ နှစ်သစ်ဖြစ်ပါစေနော်...
ဒို့လဲ ငယ်တုန်းက အကြောင်းတွေ ထိုင်တွေးနေတာ...

Anonymous said...

Happy New Year ပါ မရှင်လေး

Anonymous said...

ံHappy new year U Thomas and Frau Thomas!
As I live alone and have neither parents nor siblings, I feel more closer to U Thomas than Ma Shin Lay. (Although I had read in one post that U Thomas has a sister. ) Ma Shin Lay owns beloved mom and nice cousins. Anyway, Good luck for both of you in 2012!

Shinlay said...

ကျေးဇူးတင်ပါတယ် သူငယ်ချင်းတို့ ရေ။

Myanmar Good Knowledg Co., Ltd said...

ဟတ်ပီးနယူးရီးယား........ရှင်လေးရေ။
မိသားစုကို အမြဲလည်းသတိရပေမယ့် နှစ်သစ်ကူးအချိန်တွေမှာလည်း တကယ်သတိရမိတယ်နော်။

ညီလင်းသစ် said...

ပျော်ရွှင်ဖွယ်ရာ နှစ်သစ်ဖြစ်ပါစေ မ,ရှင်လေးရေ...။