Thursday, 15 December 2011

သတိရခြင်း

အိမ်မှာတစ်ယောက်ထဲဆိုတော့ တခါတလေလည်းသတိရမိပါတယ်။
သူခရီးမသွားခင်ကတော့ တယောက်ထဲဆိုရင် ဇိမ်ပဲ၊လွတ်လပ်ပြီပေါ့။
စားချင်တာချက်စားမယ်။ လုပ်ချင်တာလုပ်မယ်... တွေးထားပေမဲ့
တကယ်တမ်းကြတော့ ထင်သလိုမဟုတ်ပါ။

သူခရီးသွားနေစဉ် လမ်းခရီးမှာ အစစ အဆင်ပြေပါစေလို့ ဆုတောင်းရသလို၊
အဆင်ပြေပါ့မလားလို့ လည်း စိတ်ပူရပါသေးတယ်။

အရင်ကပုံမှန်လုပ်နေကြ အရာတွေကို တစ်ယောက်ထဲလုပ်ရတဲ့အခါမှာ တစ်ခုခု
လိုနေသလိုပါပဲ။ သူ့ အတွက်ကျမလုပ်ပေးနေကြအရာတွေ ကိုလုပ်ပေးနေကြ
အချိန်တွေမှာ မလုပ်ပေးရတော့ ဘာလိုနေမှန်းမသိ။
ဒီလိုပဲ သူကျမအတွက် လုပ်ပေးတတ်တာလေးတွေ ကိုလည်းအခုအချိန်မှာ သတိရပါ
တယ်။
အတူတူရှိနေချိန်မှာ မသိသာတဲ့ အရာ အသေးအဖွဲလေးတွေဟာ အခုလို ဝေးနေချိန်မှာ
သတိရစရာတွေပါ။

မနက်စာစားရင် သူသောက်နေကြကော်ဖီနံ့ မရတာ၊ ကျမအလုပ်ကပြန်လာရင်
စားပွဲပေါ်မှာတွေ့ ရလေ့ရှိတဲ့ သူ ဘယ်သွားတယ်။ ဘယ်အချိန်ပြန်လာမယ်။ ဘာတွေ
လုပ်ထားတယ်... ... ... စသဖြင့်ရေးထားတဲ့စာရွက်လေးကို လည်း မျက်စိက အကျင့်ပါ
ပြီးရှာကြည့်တတ်သေးတယ်။ ထမင်းစားပြီးရင် ပန်းကန်တွေကူဆေးပေးတဲ့သူ့ ကိုလည်း
သတိရပါတယ်။ အိမ်မှာ နေရတာ ကြိုက်တဲ့ကျမကို ညနေစောင်းရင် အပြင်တနေရာရာ
အတင်းခေါ်ပြီးလျောက်လည်တတ်တာ။ အခု ကျမအကျင့်များပါသွားပြီလားမသိ။

ညဘက်၈နာရီ သတင်းလာရင်အတူတူ ကြည့်ပြီးကျမနားမလည်တာတွေမေးသမျှ ရှင်းပြပေး
နေကြဆိုတော့ တစ်ယောက်ထဲသတင်းကြည့်တဲ့အခါ သိပ်နားမလည်တော့သလားလို့ 
ထင်မိတယ်။
ညအိပ်ခါနီး Jataka ထဲက ပုံတွေဖတ်ပြမယ့်သူမရှိမှ ပိုနားထောင်ချင်သလားလို့ ။

သူပြန်လာမှ ကျမသူ့ ကိုသတိရတဲ့အကြောင်းရေးထားတဲ့ဒီစာကို ဘာသာပြန်ပြလိုက်
ပါမယ်။ သူ ရီမလားမသိပါ။

17 comments:

ညီလင်းသစ် said...

ရယ်မယ် ဆိုရင်တောင် ကြည်နူးစွာနဲ့ ကျေနပ်တဲ့ ရယ်ခြင်းမျိုးပဲ ဖြစ်မှာပါ...။း)

လပြည့်ရိပ် said...

အစ်မ ... သူ့ကို လွမ်းရင် စတုဂတ်ကို လာလည်လေ... :P

Anonymous said...

That's true Nyimalay.He won't laugh,i'm sure,he'll appreciate it.This post has "thein gara ra tha"as NLT's anniversary post.I'm pleased to know that both my little sis couple and little bro's family have wrapped up by unseen silk thread beautifully.
Gyidaw

အိမ်မက်စေရာ said...

သူပီတိဖြစ်သွားမှာပါ မရေ..
ခင်တဲ့
အိမ်မက်

Myanmar Good Knowledg Co., Ltd said...

သူ.....ပီတိနဲ့ရယ်မှာပေါ့။
ရယ်နေတဲ့သူ့ကို ကြည့်ပြီး
ရှင်လေးလည်း အတူ လိုက်ရယ်ရင်ပိုမကောင်းဘူးလား။

Anonymous said...

ကျန်နေခဲ့ရတဲ့သူကပိုသတိရစရာဖြစ်တာတော့အမှန်ဘဲရှင်လေးရေ။
ကြည်နူးစွာဖြင့်
အိုင်အိုရာ

TZH1985 said...

ဦးသောမတ်စ် ရယ်တာလေး... ဖတ်ချင်တယ်။ ဘာရယ်မဟုတ်ပါဘူး... ဦးသောမတ်စ်ကိုတော့ မရှင်လေး ဘလော့လေးကနေ အတော်လေး ခင်မိပါတယ်။ :)

Anonymous said...

I'll come again to read Ko Thomas's comment.Same like Mg Thant.
Gyidaw

Shinlay said...

ကိုညီ၊ လပြည့်၊ Gyidaw၊ အိမ်မက်၊ ကောင်းမွန်ဝင်း၊
အိုင်အိုရာ၊Mg Thant... လာလည်ပြီးအားပေးတာကျေးဇူးတင်ပါတယ်။
အလွမ်းတောင်နဲနဲ ပြေသွားသလိုပဲ။
သူကတော့ စင်္ကပူရောက်နေပြီး ကျမ အမျိုးတွေနဲ့ 
တွေ့ ကြမှာ။ ကျမလည်းလိုက်သွားချင်ပေမဲ့ အလုပ်တွေပိနေပါတယ်။

ဇွန်မိုးစက် said...

အစ်မရှင်လေးလည်း စင်္ကာပူလိုက်လာနိုင်ခဲ့ရင် လူချင်းဆုံလို့ရတယ်နော်။း)

အစ်မဘာသာပြန်ပြီး ဖတ်ပြလိုက်ရင် ဦးသောမတ်စ်က အရမ်းကို သဘောကျကျေနပ်သွားမှာ။း))

Shinlay said...

ဇွန်...လိုက်လာချင်တာပေါ့။ သူငယ်ချင်းတွေအများကြီးနဲ့ တွေ့ 
ရမှာ...

kokonaing said...

very sweet ! Cannot read the myanmar font herein singapore, but jezutimbarde, shwe ei ei !
this is kokonaing (Thomas)

Shinlay said...

jezutimbarde to you.

Me said...

((((((သူ ဘယ်သွားတယ်။ ဘယ်အချိန်ပြန်လာမယ်။ ဘာတွေလုပ်ထားတယ် ... ... ... စသဖြင့် ရေးထားတဲ့ စာရွက်လေး))))) ဂရုတစိုက်ရှိပုံလေးတွေ
ဖတ်ရတာ နွေးထွေးပါဘိ...

Anonymous said...

ဦးသောမတ်ရေ ပြန်လာရင် မုန့်တွေဝယ်လာခဲ့ပါ။ ဘလော့မှာကြည့်ပြီး မျက်စိနဲ့ စားကြဖို့..

Anonymous said...

လာလည်သွားပါတယ် အစ်မရေ.. ဒီ post လေးကို ဖတ်ပြီးကြည်နှုးနှစ်သက်ဖွယ် ခံစားမှုကိုရသွားပါတယ်....ကျေးဇူးပါ..

မယ့်ကိုး said...

lovely post ... :)