Friday 9 December 2011

ခရစ္စမတ်ဈေးပွဲ (Bad Krozingen)

မနေ့ ကမှစဖွင့်တဲ့ ကျမတို့ မြို့ လေးက ခရစ္စမတ်ဈေးပွဲ ကို ရောက်ဖြစ်ပါတယ်။
ညနေ ၅ နာရီ ဆိုပေမဲ့ နဲနဲမှောင်နေပါပြီ။ လေအေးတွေတိုက်လာရင်တော့ အေးစိမ့်စိမ့်ဖြစ်
ပေမဲ့ ရာသီဥတုက သိပ်မအေးသေးပါဘူး။ ဒီနှစ်ဆောင်းတွင်းက သိပ်မအေးသေးပါ။
ကျမအတွက်တော့ နေလို့ ကောင်းရုံပဲအေးသေးတယ်လို့ ဆိုလိုရပါတယ်။

ပွဲဈေးတန်းလေးက သိပ်မကြီးသလို၊ လူလည်းသိပ်မများပါဘူး။ ဆိုင်တွေကလည်း သိပ်ရောင်း
ကောင်းပုံမရပါ။ ကျမလည်း တစ်ယောက်ထဲဟိုငေး၊ဒီမော့နဲ့ ... စိတ်ဝင်စားစရာ လည်းမတွေ့ 
ခဲ့ပါဘူး။ မြို့ ကြီးတွေကဈေးတန်းတွေကတော့ ပိုစည်ကားမှာ အမှန်ပါပဲ။

ကြော်ငြာ ဆိုင်းဘုတ်

ဖျော်ဖြေရေးစင်ပါ။
အချိန်လိုက် ခရစ္စမတ် သီချင်းတွေ အနီးအနားမြို့ လေးတွေကလာဖျော်ဖြေကြပါတယ်။

ကျမရောက်တော့ ဘာအစီအစဉ်မှမရှိလို့ ကလေးတွေပဲတက်ကစားနေကြတယ်။


ကလေးတွေကို ပန်းသီးလိုက်ဝေနေတာပါ။ ကျမတော့မရခဲ့ပါဘူး။


ယုန်လေးတွေ၊ ပူးလေးတွေ၊ဆိတ်တွေ၊မြင်းလေးတွေ ရှိပါတယ်။ အစာကျွေးလို့ ရပါတယ်။





ဆိုင်တစ်ဆိုင်ကရောင်းတဲ့ ပစ္စည်းတွေပါ။ အိမ်ရှေ့ တံခါးဝမှာ ထားလေ့ရှိပါတယ်။


လူသိပ်မများတဲ့ ခရစ္စမတ်ဈေးတန်းလေးပါ။


ခရစ္စမတ်ဈေးပွဲ တန်းကိုလိုက်လည်ကြတဲ့သူငယ်ချင်းများကို ကျေးဇူးတင်ပါတယ်။

6 comments:

Anonymous said...

ဘာပုံမှ မမြင်ရဘူး မရှင်လေးရေ..။
စာတန်းထိုးတာတော့ ဖတ်သွားပါတယ်..။

ပေါက်

ချော(အစိမ်းရောင်လွင်ပြင်) said...

လူနည်းပေမဲ့ အေးအေးချမ်းချမ်း ချစ်စရာခရစ္စမတ်ဈေးကလေးပါ.
လူနည်းတော့ လမ်းလျှောက်လို့ ပိုကောင်းတာပေါ့။
ခရစ္စမတ်မှာ ပျော်ပါစေ မရှင်လေး။။။

ဇွန်မိုးစက် said...

မရှင်လေးရေ... မရောက်တာကြာလို့ သုံးလစာ စာကြွေးတွေကို တစ်ထိုင်တည်း ရှင်းသွားပါတယ်။ :D
ခရစ်စ္စမတ်ရာသီချိန်တောင် ရောက်လာပြီနော်။ တစ်နှစ်တစ်နှစ် ဘယ်လိုကုန်သွားမှန်းတောင် မသိဘူး အစ်မရယ်။
ပုံလေးတွေ လှတယ်။း)

mstint said...

ခရစ္စမတ်ဈေးပွဲတော်လေးကို ရောက်ခဲ့တယ် ရှင်လေးရေ။
ပျော်ရွှင်ဖွယ်ခရစ္စမတ်ပွဲတော်မှာ
ဘုရားသခင်ကောင်းချီးပေးပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လပြည့်ရိပ် said...

ဒီမှာ ပိုစည်တယ်...

Anonymous said...

ညီမက Wiesbaden ကပါ..ညီမတို့ ဆီမှာလည်းပိုစည်တယ် အစ်မ..ဒါပေမဲ့ ယုန်လေးတွေ သိုးလေးတွေကို တော့တွေ့ ခဲ့.၀ူး..