Sunday 25 December 2011

လက်ဆောင်များနဲ့ အတူ

မနေ့ ညက လေယာဉ်နောက်ကျတာနဲ့  ၁၂နာရီကျော်မှ ကိုသောမတ်စ်ပြန်ရောက်ပါတယ်။
ဒီနေ့ မနက်မှ သူ့ ခရီးစဉ်တလျှောက်ရိုက်လာတဲ့ဓါတ်ပုံတွေပြ၊ လက်ဆောင်တွေ ပေးနဲ့ 
စကားတွေလည်းအများကြီးပြောဖြစ်ကြပါတယ်။
သူ က စင်္ကာပူမှာ တော်တော်ပျော်ခဲ့ပုံရပါတယ်။ ကျမအမျိုးတွေ၊သူငယ်ချင်းတွေနဲ့ တွေ့ ၊
စင်္ကာပူက တရားထိုင်တဲ့ ဓမ္မမိတ်ဆွေတွေနဲ့ တွေ့ ၊ ဘုန်းကြီးကျောင်းသွားဆိုတော့
သူတော်တော်ပျော်တဲ့ပုံပါပဲ။ ကျမတောင်ဓါတ်ပုံတွေကြည့်ပြီး သွားချင်စိတ်ဖြစ်သွားပါတယ်။

ကျမအတွက်အမှတ်တရယူလာတာလေးတွေပါ။

အိန္ဒိယက ယူလာတဲ့ ခြေကျင်း ။


စင်္ကာပူက ကိုကြီးပေးလိုက်တဲ့ ဆနွင်းမကင်း



တရုတ်သီချင်းမှာလိုက်လို့  ကိုကြီးတဲ့ပေးလိုက်တာ။


ကိုသောမတ်ယူလာတဲ့ ဒညင်းဝက်။ ကျမကြိုက်တတ်မယ်ထင်လို့ တဲ့။ တကယ်တော့ ကျမအရင်က
အလွန်ကြိုက်ပါတယ်။ သူနဲ့ အိမ်ထောင်ကျပြီးမှ မစားဖြစ်တော့တာ။ အခုတော့ ၃ခြမ်း ရေစိမ်ထားတယ်။
ကျန်တာကိုတော့ကြော်စားမယ်လေ။ အနံ့ နံတယ်လို့ တော့ ကြိုပြောထားပါတယ်။
ကိစ္စမရှိဘူးတဲ့။



ခရစ္စမတ် လက်ဆောင်။ ကျမအလုပ်မှာ သုံးဖို့ တဲ့
အင်္ကျီတထည်လည်းပါသေးတယ်။ ကျမအခုဝတ်ထားလို့ ဓါတ်ပုံမရိုက်လိုက်ရပါ။

ဒါကတော့ ကျမအိမ်က ဒီနှစ်ခရစ္စမတ်

ကိုသောမတ်စ်ခရီးတလျှောက်မှာ အစစ ကူညီပေးကြတဲ့ မိတ်ဆွေ၊သူငယ်ချင်း၊ ဆွေမျိုးတွေ
အားလုံးကို အထူးကျေးဇူးတင်ပါတယ်။ အထူးသဖြင့်မတွေ့ ရတာကြာပြီဖြစ်တဲ့ ကိုကြီး၊
ကိုမျိုး၊ ကိုဖြိုး တို့ မိသားစုနဲ့  ပေါက်ပေါက်တို့ ရဲ့ ဓါတ်ပုံတွေကြည့်ပြီး ငယ်ငယ်က အတူတူ
နေခဲ့ကြတုန်းက အကြောင်းတွေကို သတိရမိပါတယ်။ ရှေ့နှစ်ထဲတော့ ကျမတို့ အားလုံး ပြန်တွေ့ 
နိုင်မယ်ထင်ပါတယ်။

13 comments:

Anonymous said...

အိုး ...အလွန်တော်သော ဦးသောမတ်စ်ပါတကား။
ဒညင်းဝက် ယူလဲယူလာပေးတယ်၊ အနံ. နံ.မယ်ဆိုတော.လဲ ကိစ မရှိဘူးတဲ.။
ယူလာပေးတာနဲ.တင် မရှင်လေး အမှတ်တရာပြည်.ပေးသင်.နေပါပြီ။
ဒညင်းဝက် မစားရတာ နှစ်ပေါက်နေပါပြီ။

Anonymous said...

ဟုတ်ပါ့ဗျာ။ ကျန်တာတွေထက် ဒညင်းဝက် ၀ယ်လာတာရယ်၊ နံမယ်ဆိုတော့. ကိစ္စမရှိဘူး ပြောဖော်ရတာရယ် သဘောကျလိုက်တာ၊
ဒညင်းသီးချက်တဲ့နေ့ ဦးသောမတ်ကို ခွဲစိတ်ခန်းမျက်နှာဖုံးလေးတစ်ခု ပေးထားလိုက်ပေါ့..ဟဲဟဲ

:P said...

ဟုတ်တယ်..
ပြောမလို့ အပေါ် ၂ ယောက်ဦးသွားတယ်.. ဦးသောမတ်စ် အမှတ် ၁၀၀ ပြည့်

ညီလင်းသစ် said...

တရုတ်သီချင်းတွေ မှာလိုက်တာကို ထောက်ရင် တရုတ် စာကို သေသေချာချာ လုပ်နေပုံပါပဲ၊း) ဒညင်းဝက်စားပြီး တရုတ်သီချင်းကို အေးအေးဆေးဆေး နားထောင်ရတဲ့ ခရစ်စမတ် အားလပ်ရက်တွေ ဖြစ်ပါစေဗျာ...။း)

Anonymous said...

ပုံတွေတော့ မမြင်ရဘူး.။ ဓညင်းဝက်ဆိုတာလဲ မမြင်ဖူးဘူး.။
စိတ်မှန်းနဲ့ စားကောင်းမယ်တွေးလိုက်ပါမယ်လေ..။
ဦးသောမတ်ကိုပြောထားတဲ့
ကွန်မန့်တွေဖတ်ပြီး ပျော်နေတယ်.။


ပေါက်

Anonymous said...

အားလုံးရဲ့အာရုံတွေဟာ ဒညင်းဝက်ဆီ တညီတညွတ်တည်း စုဝေးနေကြပါလား..

Myanmar Good Knowledg Co., Ltd said...

ကိုသောမတ်စ်
အမှတ်ပြည့်ပါပဲ။
ဒါကြောင့်လည်းရှင်လေးက .....အရင်ပို့စ်ကိုရေးခဲ့တာပဲနော်။

Anonymous said...

သတိရခြင်းပို့ ဖတ်ပြပြီးပါပြီလား။
ဘာပြန်ပြောပါသလဲ။
ဒညင်းဝက်နဲ့ တင် အမှတ် ၁၀၀ ကျော်နေပြီလို့ ပြောပေးပါ။
အိုင်အိုရာ

Shinlay said...

thanks my all friends.... now we are happy together....

Luu said...

ဦးသောမတ်ရဲ့ ဗုဒ္ဒဂါယာအတွေ့အကြုံတွေလဲ ရေးပြပါဦး

Anonymous said...

He brought Presents,wormth of relatives and friends and happiness to you.
MERRY X'MAS AND HAPPY NEW YEAR.
Gyidaw

...အလင်းစက်များ said...

ကိုရင်သော့မတ် လည်လည်များလို့ ခေါက် ပစ်လိုက်ချည် :P ။ ဟဟဟ နောက်တာနော် (တကယ်ခေါက်ပစ်ချည်)

ဓညင်းဝက်လေးကို ရေစိမ် ပါးပါးလှီးပြီး ဆီပူထိုးပြီး စားချည် သိပ် မနံလှဘူးဗျ။

ကျော်နှင်းဆီလွင် said...

ညီမလဲလဲဒညင်းဝက်၃ခြမ်းသိမ်းထားတာရှိတယ် လက်ဆောင်တွေနဲ့ပျော်စရာကြီးနော်