Friday 21 December 2012
ဆောင်းတွင်းရောဂါ
21.12.12 ဒီနေ့  ကမ္ဘာပျက်မယ်ဆိုပဲ။ မနေ့ ကတည်းက တီဗီမှာ သတင်းတိုတွေ
လာနေတာကြားနေရတယ်။ ကျမအတွက်ကတော့ ဒီနေ့ က ၂၀၁၂ အတွက်
နောက်ဆုံးအလုပ်လုပ်ရက်၊ မနက်ဖြန်ကစပြီး ၆.၁.၁၃ အထိအလုပ်ပိတ်မယ်။
( အရေးပေါ် အလုပ်မ၀င်လာရင်ပေါ့)။ ဒီတစ်ပတ်လုံး Project တစ်ခုကို အပြီးသတ်
ရမှာမို့ လို့  ကျမတို့ အားလုံး ပင်ပန်းကြပါတယ်။ မနက် ဘယ်လောက်အေးအေး
အလုပ်ဇောကပ် ပြီး အစောကြီးထ အလုပ်သွား၊ နေ့ လည် ကျတော့ နောက်ကျမှ
ပြန်၊ Project တစ်ခုလက်စသတ်ဖို့ တတ်နိုင်တဲ့ဘက်က အားတက်သရော ကူညီ
ဖြစ်ခဲ့တယ်။
ဒီည အလုပ်က ခရစ္စမတ် ညစာစားပွဲ။ တစ်နှစ်တစ်ခါ ကျမတို့ တစ်ဖွဲ့ လုံး အေးအေး
ဆေးဆေး စားကြ၊သောက်ကြ၊လေကန်ကြတဲ့ပွဲမို့ တွေးပြီး ပျော်နေမိပါတယ်။
ဒါပေမဲ့ ဒီနေ့  အလုပ်က စောပြီးအိမ်ပြန်ခဲ့ရတယ်။ အအေးမိပြီး ခေါင်းကိုက်၊ ချောင်း
ဆိုး၊ ဆောင်းတွင်းရောဂါပေါ့။ မနေ့ ကတည်းက စနေခဲ့တာ၊ဒီနေ့ တော့ မလှုပ်နိုင်တော့ပါ။
မုန်လာဥ အနက် ၀ယ်လို့ မရပြန်ဘူး။
သူငယ်ချင်းတွေက ဒီညပွဲမှာ ကျမ မပါတော့လို့ စိတ်မကောင်းဖြစ်ကြတယ်။
ကျမကတော့ တနင်္ဂနွေနေ့  (၂၃.၁၂.၁၂) ပဲရစ်ကိုသွားဖို့  အားမွေးရင်း ဒီည ညစာစားပွဲကို
မလွမ်းတော့ပါဘူး။
6 comments:
ညီလင်းသစ် said...
ကျနော်လည်း အခု ဒီကွန်မန့်ရေးပြီး နောက်ထပ် မိနစ် ၂၀ အကြာကနေ ဇန်နဝါရီလ ၆ ရက်နေ့အထိ အားလပ်ရက် သွားပြီ...၊း) ဒီနေ့ည အလုပ်က ခရစ်စမတ်ညစာမှာ အစ်မရှင်လေး မပါနိုင်တော့တာ ကြားရလို့ စိတ်မကောင်းပါဘူးဗျာ..၊ ချောင်းဆိုးတာ အမြန်ဆုံး ပျောက်ကင်းပြီး ပါရီကို စိတ်အေးလက်အေး သွားနိုင်ပါစေလို့ ဆုတောင်းပါတယ်နော်...။
လပြည့်ရိပ် said...
အစ်မ ... စနေနေ့လို နေ့မျိုးမှာ ယာယီဆိုင်လေးတွေထိုးပြီးရောင်းတတ်တဲ့ ဈေးလေးတွေမှာ မုန်လာဥနက် ရတတ်တယ်။
Shinlay said...
ကိုညီလည်းခွင့်ရသွားတာကြားရလို့ ဝမ်းသာပါတယ်။
အနားရတာပေါ့။ နှစ်သစ်အတွက်အားသစ်တွေရပါစေ။
လပြည့်ရိပ်။။။ ခဏနေမှမြို့ ထဲသွားဖြစ်မယ်။ အခုတော့ဆေးတွေသောက်ထားတယ်။ ကျေးဇူးနော်။
စူးနွယ်လေး said...
Gute Besserung Ma Shin Lay...
Shinlay said...
Danke Suenwe
ဇွန်မိုးစက် said...
အစ်မ နေကောင်းသွားပြီလား? ခုလောက်ဆို ပြင်သစ်ကို ရောက်နေပြီပေါ့နော်။ ပြန်ရောက်ရင် ပါရီအမှတ်တရပုံလေးတွေ တင်ပေးပါဦးလို့...။း)
ချစ်ခင်သတိရစွာ
ဇွန်