Friday 4 January 2013

အချိုးညီညီ ၂၀၁၃

ဘာလိုလိုနဲ့ နောက်တပတ်ဆို အလုပ်ပြန်ဝင်ရတော့မယ်။
အလုပ်ပိတ်ရက်တွေမှာ ခရီးထွက်၊အိပ်ချင်တဲ့အချိန်အိပ်၊
ထချင်တဲ့အချိန်ထ၊ ချက်စားချင်တာတွေ အချိန်ယူချက်၊
အင်္ကျီလည်းချုပ်လိုက်သေး၊ တရုတ်စာလည်းပြန်လုပ်ဖြစ်၊
တရားလည်းနာဖြစ်၊ တရားလည်းထိုင်ဖြစ်၊ ကိုယ်အတွက်
အချိန်ပေးရတဲ့ အရသာတော်တော်ကောင်းတာပဲလို့ တွေးမိသား။

တနင်္လာနေ့ ဆိုအလုပ်ပြန်ဝင်ရပြီ၊ိမိ နှိုးစက်သံနဲ့ အိပ်ရာထရတော့မယ်။
ရထားတွေမီအောင်သွားရမယ်။ အလုပ်မှာ ကိုယ်ရဲ့ လုပ်အားကို
လိုအပ်တဲ့နေရာတွေမှာဖြည့်ပေးရတော့မယ်။... ... ...

မနေ့ က တီဗီကအစီအစဉ်တစ်ခု ကြည့်လိုက်ရတယ်။ ဂျာမနီမှာ
အလုပ်လုပ်နေတဲ့သူတွေဟာ အလုပ်မရခင်မှာ ရဖို့ ကြိုးစားရင်း
အလုပ်ရပြန်တော့လည်း အဲ့ဒီအလုပ်မှာ ရည်ရှည်မြဲရေးအတွက်
ကြိုးစားရင်း စိတ်ပင်ပန်းကြတယ်အကြောင်းပါ။

ကိုယ်ပိုင်အလုပ်လုပ်သူကလည်း မိမိ အလုပ်လည်ပတ်နိုင်အောင်
အလုပ်ပေးမဲ့သူရှာရ၊ အလုပ်ဈေးကွက်မှာက အလုပ်လုပ်ချင်တဲ့သူကများနေတော့
ကိုယ်ဆီကို ရောက်လာတဲ့အလုပ်ကို လက်မလွတ်အောင် ကြိုးစား
ရင်း ... ... သူများတွေထက် မြန်ကောင်းသက်သာ လုပ်ပေးနေရတာကြောင့်
သူမှာလည်း အမြတ်သိပ်မကျန်တတ်ကြောင်းပြောပြသွားတယ်။

တစ်ယောက်ကလည်း မိမိကိုယ်ပိုင်အလုပ်ကိုလုပ်ရင်းလုပ်ရင်းနဲ့  ကိုယ်အတွက်
အချိန်တွေ မရှိတော့ပဲနောက်ဆုံး စိတ်ဖိစီးမှုတွေနဲ့ ဆေးရုံမှာ ၃ လလောက်နေ
လိုက်ရတဲ့ အကြောင်းရှင်းပြတယ်။

အလုပ်သမားတစ်ယောက်ကလည်း အလုပ်မှာ ပိနေတဲ့တာဝန်တွေကို
လုပ်ရင်းနဲ့  အချိန်ပို မရှိတော့ပဲ စိတ်ဖိရတဲ့အကြောင်းသူ့ အတွေ့ အကြုံ
ကိုပြောပြရှာတယ်။

တက္ကသိုလ်ကျောင်းသားတယောက်ကလည်း ကျောင်း ပြီးရင် အလုပ်
ကောင်းကောင်းရဖို့ အခုကတည်းက အချိန်တွေအများကြီးရင်းနှီးထား
ရပုံကိုပြောပြတယ်။

လူတွေဟာ မရသေးတာကိုရဖို့ ကြိုးစားပြီး၊ ရသွားပြန်တော့လည်း ရှိနေတာ
ကို တည်တံ့နေအောင်၊ ပိုကောင်းလာအောင်လုပ်ကြရန်း အတောမသတ်နိုင်
ဖြစ်ရတယ်လို့  ဘာသာရေးပညာရှင်တယောက်က သုံးသပ်ပြပါတယ်။

ဘ၀ရပ်တည်ဖို့ အတွက် အလုပ်ကတော့လုပ်ရမှာပါပဲ။ အလုပ်အတွက်ပေး
ထားရတဲ့အချိန်တွေထဲကမှ ကိုယ့်အတွက် စိတ်ထွက်ပေါက်ဖြစ်စေဖို့ 
ကိုယ်ပိုင်အချိန်တစ်ခုကို ကြိုးစားဖန်တီးယူကြရမှာပါပဲ။ မိမိဝါသနာပါရာ
လုပ်နိုင်ဖို့ ၊ အားကစားတစ်မျိုးမျိုးလုပ်နိုင်ဖို့ ၊ မိတ်ဆွေတွေနဲ့  တွေ့ ဆုံနိုင်
ဖို့ ၊ မိသားစုအတွက် အချိန်ပေးနိုင်ဖို့  စတဲ့ အချိန်တွေကို ဖန်တီးယူကြရမှာပါ။

အလုပ်၊မိသားစုအရေး၊ ကိုယ်ပိုင်လွတ်လပ်ချိန် တွေကို အချိုးညီညီ စီမံခန့် ခွဲ
နိုင်တဲ့ ၂၀၁၃ ဖြစ်ပါစေလို့  မိမိကိုယ်တိုင်ရော၊ သူငယ်ချင်းတွေအတွက်ပါ
ဆန္ဒပြု လိုက်ပါတယ်။

10 comments:

ညီလင်းသစ် said...

ဟုတ်တယ်ဗျာ...၊ တောင်းဆိုမှုတွေ များသထက် များလာတဲ့ လူ့အဖွဲ့အစည်းမှာ အလုပ်က ကျနော်တို့ အားလုံးရဲ့ ပထမဦးစားပေး အဆင့်ကို ရောက်လာခဲ့တယ်၊ အရင်ခေတ်ကလို ပုံမှန်လေး လုပ်နေရုံ ဆိုတာ သိပ်မရှိတော့ပဲ Survival of the fittest ဆိုတဲ့ပုံစံနဲ့ လုပ်နေကြရတယ်၊ အဲဒီမှာ စိတ်ဖိစီးမှုတွေနဲ့ ဒုက္ခရောက်ကြရတာနော်၊

ကိုယ့်အတွက်လည်း မျှမျှတတ အချိန်ယူနိုင်အောင် သတိရစေတာမို့ တန်ဖိုးရှိတဲ့ ပို့စ်လေးပါပဲ အစ်မရှင်လေး...။

လပြည့်ရိပ် said...

အစ်မေ၇.. အစ်မရေးတာ မှန်လွန်းလို့ ဘာပြောရမှန်းတောင်မသိတော့ဘူး.. အခုလောလောဆယ် ကိုယ့်ဖာသာကိုယ်တွေးမိနေတာက ငယ်ငယ်ကဖြူစင်အပူအပင်ကင်းတဲ့ ကလေးဘဝကိုပါပဲ .. ဒါပေမယ့် လက်ရှိအချိန် အခြေအနေမှာ ဖြတ်ကျော်ရမှာတွေကို ထိုင်တွေးနေမယ့်အစား အကောင်းဆုံးဖြစ်အောင်သာ ကျွန်မတို့လုပ်ဆောင်ကြရမှာမို့လား .. မေတ္တာတရားထား၊ အကောင်းဘက်ကို သာတွေးပြီး ကိုယ်တတ်နိုင်သလောက်သာ အကောင်းဆုံး လုပ်ပေးသွားရင် လူလည်းငြိမ်းချမ်းလိမ့်မယ်ထင်တယ်။

ဇွန်မိုးစက် said...

ဟုတ်တယ် အစ်မရေ... ညီမလည်း နှစ်ကုန်ခါနီးမှာ အလုပ်ပြောင်းဖို့ ကြိုးစားရင်း ရတဲ့အလုပ်သစ်မှာ အသားကျကြိုးစားရင်းနဲ့ စိတ်က အလိုလိုဖိစီးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဖြစ်ခဲ့သေးတယ်။ အစ်မဆုတောင်းပေးသလို ၂၀၁၃ကို တကယ့်ကို အချိုးညီညီနဲ့ စိတ်ဖိစီးမှု သိပ်မများဘဲ ဖြတ်သန်းချင်ပါတယ်။

အစ်မလည်း နှစ်သစ်မှာ ကိုယ်ရောစိတ်ပါရွှင်လန်းချမ်းမြေ့ပါစေနော်။

Shinlay said...

ကိုညီ၊ လပြည်ရိပ်နဲ့ ဇွန်
လာလည်ကြတာကျေးဇူးတင်ပါတယ်။

Anonymous said...

ဟုတ်ပါရဲ့.....။ ဘွဲ့နှင်းသဘင်တက်တုံးကဆို certificate လေးကိုကိုင်ပြီး၊ ဒါလေးရဖို့ ငါ့မှာရင်းနှီးလိုက်ရတာဆိုပြီး တွေးမိတယ်။ အလုပ်ထဲကျပြန်ရင်လဲ ဘယ်လိုတွေရင်ဆိုင်ရမလဲ ကြိုတွေးပြီး စိတ်မောနေမိတယ်။ အရင်ခေတ်ကလို အလုပ်ရပြီးရင် တည်မြဲနေတဲ့ခေတ်မဟုတ်တော့ဘဲ၊ ကိုယ့်အရည်အချင်းကို ပြသနိုင်မှ အောင်မြင်မယ့်ကာလဆိုတော့ ကိုယ်ပိုင်အချိန်တွေတော့ ရှားပါးလာဦးမှာပါပဲ။ ဒါကြောင့်မို့ သူတို့လူမျိုးတွေကြည့်ရတာ ပျော်ရမယ့်အချိန်ဆို အစွမ်းကုန်ပျော်ပစ်တာ ထင်ပါရဲ့။
(လီယို)

Shinlay said...

ကျေးဇူးလီယို..

Anonymous said...

မရှင်လေးရေ စလုံးမှာလဲ အဲလိုပါပဲ.. တခါတလေ အဲလိုဘဝကြီးကို စိတ်ကုန်တယ် အလုပ်က ဘဝဖြစ်နေတာကိုလေ

Shinlay said...

ခေတ်မီတိုးတက်လာတာနဲ့ အတူ စိတ်အေးချမ်းမှု တွေကို ပေးဆပ်လိုက်ရတာပဲနော်။
ကျေးဇူး Anonymous....

Me said...

Super like Ma Ma, totally agree with you. We mess up with routines. Thanks for your kind reminder :-)

Shinlay said...

Moe sett : the days in Uni was the best time for us...