Saturday 6 April 2013

အားလပ်ရက် တရားစခန်း...ဆွစ်ဇာလန်

ပြီးခဲ့တဲ့ အပတ်က သောကြာနေ့ နဲ့  တနင်္လာနေ့ ရုံးပိတ်တာရယ်၊
ဆွစ်ဇာလန် မှာ တရားစခန်းဖွင့်တာနဲ့ ကြုံတာရယ်ကြောင့် ၄ရက်
တရားထိုင်ဖြစ်ခဲ့ပါတယ်။

တရားစခန်းကတော့ ဆရာကြီးဦးဘခင် နည်းနဲ့ သင်ကြားပြသပေးတဲ့
International Meditation Center (Switzerland) မှာပါ။ တကယ်တော့
ဆွစ်ဇာလန်မှာ ရိပ်သာရယ်လို့ အတည်တကျ မရှိပါဘူး။ ၁၀ရက်
စခန်းအတွက် သင့်တော်တဲ့ အဆောက်အဦးတစ်ခုကိုငှားပြီး ၁၀ရက်
စခန်းဖွင့်တာပါ။

ဆရာကြီးဦးဘခင်ရဲ့ International Meditation Center က ရန်ကုန် အင်းယား
မြိုင်မှာ ရှိပါတယ်။ ၁၉၇၈ ခုနှစ်မှာ ရန်ကုန်မှ ဆရာကြီးဦးချစ်တင်နဲ့  ဆရာမ
ကြီးဒေါ်မြသွင်တို့  က International Meditation Center (England) ကို အင်္ဂလန်မှာစတင်ခဲ့ရာ
ကနေ အခုဆို ရင် ဥရောပနိုင်ငံတော်တော်များများမှာ အဖွဲ့ ခွဲတွေရှိနေပါပြီ။
ဆရာမကြီး ဒေါ်မြသွင် က အင်္ဂလန်မှာ အခုထိ တရားစခန်းတွေပေးနေတုန်းပါ။
ဆရာမကြီးက နိုင်ငံအသီးသီးအတွက် regional teachers တွေ ခန့် ထားပေးပြီး
အဲ့ဒီဆရာတွေက တရားစခန်းတွေကို သက်ဆိုင်ရာ နိုင်ငံ အသီးသီးမှာ တရားပြပါတယ်။

ရိပ်သာတွေရှိတဲ့ England, Australia NSW, Australia WA, Austria, US မှာတော့
ရန်ကုန်အင်းယားမြိုင်က ဓမ္မရောင်ခြည်စေတီအတိုင်း စေတီ တွေ တည်ထားကြပါတယ်။

ကျမနေတဲ့ဂျာမနီမှာတော့ တခါတလေ စနေ၊တနင်္ဂနွေ တရားစခန်းလေးတွေ၊
၁၀ ရက်စန်းတွေကို အခြေအနေပေးသလို ကျင်းပလေ့ရှိပါတယ်။

ဒီတခါတော့ ဆွစ်ဇာလန်မှာ ကြုံတာနဲ့  ကျမတို့  သွားဖြစ်ခဲ့ပါတယ်။
ဆရာကြီးဦးဘခင် တရားစခန်းဆိုပေမဲ့ အားလုံးက ဆွစ်တွေ၊ဂျာမန်တွေပါ။
ကျမတစ်ယောက်ပဲ မြန်မာပါပါတယ်။  တရားစခန်းစတာနဲ့  အမျိုးသမီး၊အမျိုးသား
လူဟောင်းယောဂီတွေက မြန်မာလုံချည် တွေဝတ်ပြီးတရားထိုင်ကြတာတွေရတော့
မြန်မာပြည်ပြန်ရောက်နေသလိုပဲခံစားမိပါတယ်။

 ဂျာမန်ဘာသာ၊ အင်္ဂလိပ်ဘာသာတွေနဲ့ တရားပြ၊တရားဟောပါတယ်။
အစားသေက်ကတော့ မနက်စာတိုင်း ပဲပြုပ်ထမင်းနဲ့  မြန်မာ သရက်သီးသနပ်
အပြင် ဥရောပ မနက်စာတွေကျွေးပါတယ်။ အားလုံးသက်သတ်လွတ်ပါ။
မြန်မာသရက်သီးသနပ်ကို ရန်ကုန်ကနေ အင်္ဂလန်၊ အင်္ဂလန်ကနေ ဆွစ်ဇာလန်
အဆင့်ဆင့်သယ်လာရရှာတာပါ။ သူတို့ ရဲ့ စေတနာကိုလေးစားမိပါတယ်။

နေ့ လည်စာကိုလည်း မြန်မာ၊အိန္ဒိယ၊ဥရောပ အစားအစာတွေကျွေးပါတယ်။
အအေး၊လက်ဖက်ရည်၊ရည်နွေးကြမ်း၊ကော်ဖီ စတာတွေကို အချိန်မရွေး
သောက်လို့ ရပါတယ်။

တရားစခန်းက ၀ဇီပိတ်ဆိုတော့ ဘယ်သူနဲ့ မှစကားပြောနေစရာမလိုပဲ ကိုယ့်
အမှတ်နဲ့ ကိုယ် နေလို့ ရပါတယ်။

၎ရက်ထဲတရားဝင်ခဲ့ရပေမဲ့ အကျိုးရှိလှပါတယ်။ သူငယ်ချင်းတို့ လည်း
အချိန်ရလို့ တရားစခန်းဝင်ချင်ရင် ၀င်လို့ ရအောင် သိတာလေးတွေ
မျှဝေပေးလိုက်ပါတယ်။

6 comments:

ညီလင်းသစ် said...

Bern အနားက Kiental မှာ ထင်တယ်နော် အစ်မရှင်လေး..၊ ကျနော်နဲ့ဆို ဘာမှ မဝေးတော့ဘူးပဲ..၊ နောက်ဆို အချိန်ရရင် ဝင်လာခဲ့ပါလား..၊ အခုလို တရားစခန်း အချက်အလက်တွေ ဝေမျှပေးလို့လည်း ကျေးဇူးပါ အစ်မရှင်လေး..။

ဇွန်မိုးစက် said...

ပိတ်ရက် ၄ ရက်လုံးကို အကျိုးရှိရှိ ကုန်လွန်စေခဲ့တဲ့ အစ်မရဲ့ ကုသိုလ်တွေအတွက် သာဓုခေါ်ပါတယ်။း) ညီမတော့ ပြီးခဲ့တဲ့အီစတာပိတ်ရက်မှာ အပြင်းအထန်ခေါင်းကိုက်နေတာနဲ့ ရေရေရာရာ ဘာမှမလုပ်နိုင်ဘဲ ၃ရက်လုံး ကုန်သွားခဲ့တာ။း(

Shinlay said...

ဟုတ်တယ်ကိုညီ။ နောက်တခါကြုံရင်ဝင်လည်မယ်။

ဇွန်...ညီမ နေကောင်းသွားပြီလား။ ဂရုစိုက်နော်။

မီးမီးငယ် said...

သာဓုသာဓုသာဓု...

Moe Sett Pwint said...

sadu, sadu, sadu, ma ma
shinlay.....

Shinlay said...

မီးမီ...နဲ့ မိုးစက်... ကျေးဇူးတင်ပါတယ်။