အိမ်လွမ်းတဲ့ အတွေးတွေက ညည ဆို အိပ်မက်ထဲရောက်လာလေ့ရှိပါတယ်။ မနက်နိုးတိုင်း
အိပ်မက်တွေကို ပြန်ပြောရတာလည်း မရိုးနိုင်အောင်ပါပဲ။
တနေ့  (၂၀၀၇ ခုတုန်းက) တီဗီမှာ Blogger တယောက်နဲ့  Interview လုပ်ထားတာကြည့်
ပြီး ဘလော့ဆိုတာကိုစိတ်ဝင်စားခဲ့မိပါတယ်။ ဘလော့ဆိုတာဘာလဲ၊ဘယ်လိုလုပ်ရသလဲ ဆိုတာတွေကို
Internet မှာ ရှာရင် ဘလော့ တစ်ခုကိုစဖြစ်ခဲ့ပါတယ်။
အစပိုင်းတော့ တခြားသူတွေရေးတာဖတ်ရင် comment တွေပေးဖြစ်ရာက တဖြေးဖြေး ဘလော့
လောကထဲရောက်လာခဲ့ပါတယ်။
ဘလော့လောက ဟာ ကျမအတွက် မမျှော်လင့်ပဲ မိသားစု အသစ်တစ်ခုကိုရလိုက်သလိုပါပဲ။
အိမ်လွမ်းတဲ့ကျမ တဖြေးဖြေး အိပ်မက်တွေကျဲလာတယ်။ ကျမပြောပြချင်တာတွေ၊ ခံစားမှုတွေ ကို
ဘလော့ ဂါ သူငယ်ချင်းတွေကြားမှာ မျှဝေခွင့်ရလာခဲ့ပါတယ်။ ကျမရဲ့ ပျော်ရွှင်မှုတွေ၊ ၀မ်းသာ၊၀မ်းနည်း
မှုတွေကို သူငယ်ချင်းဘလော့ဂါတွေက နားလည် ဝေမျှ ခံစားပေးကြတယ်။
တချို့  ဘလော့ဂါတွေက ဓါတ်ပုံတွေတင်ကြလို့ ဖြင်ဖူးပေမဲ့၊ တချို့ ဆို အခုထိ မမြင်ဖူးပါဘူး။
ဒါပေမဲ့လည်း ခင်မင်မှု ကတော့ မိသားစုဝင်တွေလိုပါပဲ။ ကျမနဲ့ အတူ ခံစားမှုတွေကို ခံစား၊
နားလည်ပေးကြတဲ့ သူငယ်ချင်းဘလော့ဂါများကို ကျေးဇူးတင်ပါတယ်။
ကျမ ပထမဆုံးတွေ့ ဖူးတဲ့ သူကတော့ မလု ပါ။ သူရေးတဲ့ ဟင်းချက်နည်းတွေ ဖတ်ပြီး စားချင်တာတွေ
ချက်စားခွင့် ၊ ချက်စားတတ်လာလို့  ဝေးရပ်မြေမှာ အစားအသောက် ပိုအဆင်ပြေလာရတာပါ။
မလု နဲ့  ရန်ကုန်မှာ တွေ့ ဖြစ်ခဲ့တယ်။ မလုရေ... သတိရနေပါတယ်။
ဘလော့မရေးခင်က အပြင်မှာမြင်ဖူးပြီး သားပေမဲ့ လပြည့်ရိပ် ဆိုတဲ့ ဘလော့ ထဲကိုဝင်ဖတ်ရင်း ခင်မင်လာ
တော့မှ သူဟာ ကျမနဲ့ အပြင်မှာမိတ်ဆွေဖြစ်နေမှန်း သိခဲ့တဲ့ ညီမ လပြည့်ရိပ်ကိုလည်း ဂျာမနီမှာ မကြာမကြာဆုံမိပါတယ်။
တနေ့ စင်္ကာပူရောက်ဖြစ်တော့ အချိန်ရတဲ့ တစ်ရက်မှာဇွန် နဲ့ အပြေးအလွှား တွေ့ ခဲ့ရတဲ့ အချိန်တိုလေးဟာလည်းအခုအချိန်ထိ အမှတ်ရနေဆဲပါ။
ကျမရဲ့ နေရာလေးဆိုတဲ့ ဘလော့ကိုရေးတဲ့မီးမီးနဲ့  ဂျာမနီမှာခင်ခဲ့ပြီး သူ ပြောင်းသွားတဲ့ ဟော်လန်အထိ
လိုက်လည်ဖြစ်ကြတယ်။ သူငယ်ချင်းရေ... ဟော်လန်မှာ စက်ဘီးစီးတာ မှတ်မိသေးရဲ့ လား။
ကျားခင်စိန် ဆိုတဲ့ သူငယ်ချင်းကိုလည်း ဂျာမနီကိုသူ ကျောင်းလာတက်တုန်းက ခင်မင်ခွင့်ရခဲ့တာပါ။
မြတ်ရောင်နီ ကိုတော့ လေးစားကြည်ညိုရတဲ့ ဆရာတော် အဖြစ် ဂျာမနီ က ဆရာတော်ကျောင်းကိုရောက်
တုန်းကတခါ၊ ကျမတို့ အိမ်ကို ကြွလာတုန်းကတစ်ခါ ဖူးခွင့်ရခဲ့ပါတယ်။
သူငယ်ချင်းတို့ ရေ... တနေ့ နေ့ တော့ သူငယ်ချင်းအားလုံးနဲ့  အပြင်မှာ ဆုံချင်ပါသေးတယ်။
ဘလော့ဂါ သူငယ်ချင်းများ...ကျန်းမာပျော်ရွှင်ကြပါစေ
Wednesday, 11 September 2013
Subscribe to:
Post Comments (Atom)
8 comments:
စာထဲကနေ ရင်းနှီးနေသူတွေကို အပြင်မှာ ကိုယ်တိုင်ကိုယ်ကျ ဆုံရတာ တကယ်ပဲ ပျော်ဖို့ကောင်းတယ်နော်...။း)
သတိတရနဲ့ ဒီပို့စ်လေးရေးတဲ့ အစ်မရှင်လေးကို ကျေးဇူးတင်ပါတယ်။ ဇွန်တို့တွေ ကမ္ဘာကြီးရဲ့ တစ်နေရာမှာ ပြန်ဆုံကြဦးမှာပါ အစ်မ။ အရှေ့လား၊ အနောက်လားဆိုတာကတော့ ဆုံဖြစ်တဲ့အချိန်ကျမှ သိမှာပေါ့နော်။း)
စောစောက စာလုံးပေါင်းမှားသွားလို့ အသစ်ပြန်ရေးလိုက်တာ။ :D
တနေ့ နေ့ပေါ့နော်။
အို်င်အိုရာ
သတိရတယ်..
အိမ်ကကျေးဇူးရှင်ကြီးတော့၊
မရှင်လေးကိုခဏခဏမေးနေတယ်။
ခလေးစက်ဘီးစီးခဲ့တာ၊
တကယ်မမေ့ဘူး။
ဒီဖက်ကိုလာလည်အုံးလေ...။
ကျမတို့ လည်းဘယ်နိုင်ငံထပ်ပြောင်းရအုံးမလဲ၊
သေသေချာချာမသိသေးဘူး။
အေးအေးလေးနဲ့ စာရေးကောင်းတဲ့ မရှင်လေးကို ဓါတ်ပုံမြင်ထဲက ခင်နေတာ။ အပြင်မှာ မြင်ဖူးချင်ပါတယ်။ ဘလော့ဂ် ရေးနေတဲ့ အချိန်တွေက ဘလော့ဂါ အချင်းချင်း မိသားစုတွေလို ချစ်ခင်စွာ တစ်ခုခုတိုင်းမှာ အပြန်အလှန်အားပေးကြတာ ပြန်တွေးတိုင်း တကယ့် ပျော်စရာ ကောင်းပါတယ်။
ကျေးဇူးပါသူငယ်ချင်းတို့ ရေ
စကာင်္ပူကို လာလည်ပါ... ဘလော့ဂါတွေ အများကြီး တွေ့ရမယ်...း-)
Post a Comment