သူများတိုင်းပြည်မှာ မိမိဘ၀ တိုးတက်ဖို့ ရုန်းကန်ကြိုးစားရတာ မလွယ်ပါဘူး။
ဘာသာစကား၊ယဉ်ကျေးမှု၊အတွေ့ အကြုံ ကွဲပြားမှုတွေကို ရင်ဆိုင်ညှိနှိုင်းရင်း
မိမိ ရဲ့ လုပ်နိုင်စွမ်းကို ပြရတာ မလွယ်ပါဘူး။
ကိုယ်လုပ်နိုင်တာကို ပြနိုင်ပြန်တော့လည်း ကိုယ့်ကို အသုံးချ တာ တခါတလေ
အောင့်သက်သက်နဲ့ ခံရသေးတယ်။
ဂျာမနီမှာ နိုင်ငံခြားက ရလာတဲ့ အောင်လက်မှတ်တွေကို သိပ်ပြီးအသိအမှတ်
မပြုချင်ကြပါဘူး။ နိုင်ငံခြားက ပညာတတ်တွေကိုလည်း သိပ်အထင်မကြီးကြသလို၊
အလုပ်ခန့် ဖို့ လည်းမစဉ်းစားချင်ကြပါဘူး။
အစပိုင်းတော့ ကျမ ဂျာမန် ပညာရေး ကို အထင်ကြီးပါတယ်။ ကိုယ်နိုင်ငံထက်စာရင်
သူတို့ ကတော့ အများကြီးသာပါတယ်လေ။ ဒါပေမဲ့ လူတွေကတော့ မထူးပါဘူး။
Ph.D. စာတမ်းကို ခိုးကူးလို့ အလုပ်ပြုတ်သွားတဲ့ အစိုးရ၀န်ကြီးရှိသလို၊ Professor ဘွဲ့ 
ပြန်အပ်လိုက်ရတဲ့ ဆရာဝန်ကြီးတွေလည်းရှိနေတာ ကြုံနေ၊ကြားနေရလာတော့
သူတို့ လည်းထူးမခြားနားပါပဲလားလို့ သိလာခဲ့ပါတယ်။
တခုတလော ကျမ ရဲ့  Professor က သူ့ အတွက် လိုအပ်နေတဲ့ Certificate တစ်ခု
ဖြေဖို့ ရှိနေပါတယ်။ ဒီ Certificate ရမှ သူ့ ရဲ့  ပရောဂျက်က စနိုင်မှာ ပါ။
ဒီနေ့ တော့ ကျမက သူ့ ကိုယ်စား on-line ကနေ ဖြေပေးလိုက်ရပါတယ်။
Certificate ထွက်လာတော့ Professor နာမည်နဲ့ ပေါ့လေ။
Subscribe to:
Post Comments (Atom)
5 comments:
နိုင်ငံခြားတိုင်းပြည်တွေအတွက် မြန်မာဦးနှောက်က တော်တော် အရသာရှိပြီး စားလို့ကောင်းတဲ့ ဟင်းပွဲပဲ။ ညီမလည်း ကြုံရလေ့ရှိတယ်။
သြော်... ဂျာမနီမှာလည်း အဲလိုကိစ္စမျိုးတွေ ရှိနေတာပဲနော်။
အစ်မ နေကောင်းတယ်ဟုတ်? ဇွန်လည်း စာမေးပွဲတစ်ဖက်နဲ့မို့ မရောက်ဖြစ်တာ ကြာသွားတယ်။
ကျေးဇူးပါ ညီမတို့ ရေ။
ဇွန် ရေ အစ်မ နေကောင်းပါတယ်။ ညီမရော။
မရှင်လေးပြောပြတာ သိလိုက်ရတော. “ဟာ”ခနဲ ဖြစ်သွားတာဘဲ။
သူတို.ကိုယ်သူတို.တော. သိပ်အထင်ကြီးကြတယ်နော် ဂျာမန်တွေကလေ။
I am very proud for you.
Post a Comment