Monday 17 November 2014

လူသစ်၊ နေရာအသစ်

ဒီနေ့  လူတယောက်ကို အလုပ်ကထုတ်လိုက်ရတယ်။ အလုပ်သာခန့် ပေးချင်
တာပါ။ အလုပ်က ထုတ်ရတာ တော့မလုပ်ချင်ပါဘူး။ ဒါပေမဲ့လည်းရေရှည်မှာ
အဆင်ပြေမဲ့အခြေအနေလည်းမရှိတာနဲ့  အစမ်းခန့် ကာလမှာပဲ ထုတ်လိုက်
ရတာ ပိုကောင်းပါတယ်။

လူသစ်တစ်ယောက် အလုပ်သစ်တစ်ခုကိုရောက်လာရင် အစပိုင်းမှာ
အခက်အခဲရှိတတ်ကြပါတယ်။ လက်ရှိ ရှိနေပြီးသား လူဟောင်းတွေနဲ့  ဆက်ဆံ
ရေးပိုင်း အဆင်ပြေအောင် ဘယ်သူက ဘယ်လိုဆိုတာ လေ့လာရပါတယ်။
အထက်က ဆရာဝန် တွေက လူနာတွေကို ဆေးကုတဲ့အခါ သူတို့  ကိုယ်ပိုင်
ပုံစံတွေရှိကြတယ်။ ဆရာဝန် ၃ ယောက်မှာ ဘယ်သူတာဝန်ကျရင်ဘယ်လို
ပြင်ဆင်စီစဉ်ပေးရမယ်ဆိုတာ သိထားရတယ်။
လူအမျိုးမျိုး ပုံစံအမျိုးမျိုးလေ။ လူဟောင်းတွေက နွေးထွေးစွာ ကြိုဆိုပေမဲ့လည်း
လူသစ်က ရောက်ထဲကိုက ငါကဘာဆိုတာစပြနေရင်လည်း လုပ်ငန်းခွင်ဆက်ဆံ
ရေးမှာ မလွယ်ပြန်ဘူး။  ငါကလူသစ်ပေမဲ့ လက်ရှိ လုပ်နေကြပုံစံကို ချက်ချင်း
 ပြောင်းလဲဖို့ ကြိုးစားရင်လည်း လူဟောင်းတွေနဲ့ အဆင်မပြေပြန်ဘူး။
အလုပ်ရဲ့ သဘောသဘာဝကို အချိန်ယူ လေ့လာ၊ပါဝင်လုပ်ကိုင်ပြီးတဲ့အခါမှ
ပြု ပြင်ပြောင်းလဲမှုအတွက် အကြံပြု ပေး ရင် ပိုနည်းလမ်းကျထိရောက်မယ်ထင်ပါတယ်။

အလုပ်သစ်ထဲကိုရောက်လာရင် လေ့လာသင်ယူချင်စိတ်ပါယူလာဖို့ လိုပါတယ်။
ဒါလေးများငါလုပ်ဖူးသားပဲ ဆိုပေမဲ့ ပရိုဂရမ်ကွဲလွဲမှုတွေ၊ နည်းပညာကွဲလွဲမှု
တွေရှိနေသေးတာကို မေ့မထားသင့်ပါဘူး။ ရသမျှအချိန်မှာ ရသလို သင်ယူ
လေ့လာနိုင်မှုကလည်း လူသစ်တယောက်ရဲ့  စွမ်းရည်ဆိုပါတော့။
မသိတာကိုမေး၊ ရှင်းပြတာကို စိတ်ဝင်တစား နဲ့ သင်ယူတယ်ဆိုရင်
အလုပ်ပေးသူအနေနဲ့  လူသစ်ကို အမှတ်ကောင်းကောင်းပေးနေမှာပါ။
မတတ်တဲ့သူကို တတ်အောင်သင်ပေး နိုင်ပေမဲ့ လုပ်ချင်စိတ်
မရှိတဲ့သူ၊ သင်ယူချင်စိတ်မရှိတဲ့သူကိုတော့ လက်တွဲခေါ်ရတာအလွန်
ခက်ပါတယ်။

အလုပ်ချိန်က အလုပ်ချိန်ပဲလို့ ဆိုပေမဲ့ လူသစ်တယောက်အတွက် တခါတလေ
မိမိသင်ယူနိုင်ဖို့ အချိန်ပို ယူရတာတွေကို မတွက်ကပ် သင့်ပါဘူး။ အချိန်ပိုကို
၅ မိနစ် ၁၀မိနစ်ကအစမှတ်ပြီး နားရက်ယူပြစ်လိုက်တော့ ကျန်တဲ့သူတွေ
ကဘာလုပ်ကြမလဲ။ သူ့ အစားပိုလုပ်ရပြန်ရော။

မိမိရဲ့ အလုပ်က ၀န်ဆောင်မှုပေးရတဲ့အလုပ်။ မိမိဆီလာတဲ့သူကို အပြုံးနဲ့ ၊ချိုသာ တဲ့စကားလုံးတွေနဲ့  နွေးထွေးစွာကြိုဆိုရမယ့်အလုပ်။မိမိစိတ်ထင်တိုင်းပြောလို့ 
ဆိုလို့ မရပါ။ အလုပ်သဘောအရ စိတ်ပင်ပန်းမှုအောက်မှာ လုပ်နိုင်ရပါမယ်။
ဒါ့အပြင် ဒီနေရာကတော့ပင်ပန်းတယ်၊ ဟိုနေရာကတော့ သက်သာတယ်ရွေးလို့ မရပါဘူး။
လူတစ်ယောက်တကယ်အလုပ်လုပ်တယ်ဆိုရင် နေရာတိုင်းဟာ ပင်ပန်းတဲ့နေရာတွေ
ပါပဲ။ 

တကယ်တမ်း စိတ်ဝင်တစားလုပ်မယ်ဆိုရင် လူသစ်တယောက်ဟာ ၃လလောက်
ကြာရင် အလုပ်ထဲမှာ နေသားကျလာပါတယ်။ ၆လလောက်ကြာရင်တော့ ကျွမ်းကျင်
လာပါတယ်။ အလုပ်ထဲမှာ ကျွမ်းကျင်မှုရှိလာတာနဲ့ အမျှ အလုပ်လုပ်ရတာပျှော်လာပါတယ်။
လူသစ်တယောက်က ၆လကြာတဲ့အထိ ဘာမှလက်လွှတ်လို့ မရသေး၊ လူဟောင်း
တွေနဲ့ ဆက်ဆံရေးကလည်းအဆင်မပြေသေးဘူးဆိုရင်တော့ သူ နဲ့ ဒီအလုပ် မကိုက်
ညီဘူးလို့ ပဲ သတ်မှတ်လိုက်ရပါတော့တယ်။ 

2 comments:

ဇွန်မိုးစက် said...

ဟုတ်တယ် အမရှင်လေး... လူသစ်တစ်ယောက် လုပ်ငန်းခွင်အသစ်မှာ နေသားကျဖို့အတွက် ၃ကနေ ၆လအထိ အချိန်ပေးရတယ်။ ဇွန်ကိုယ်တိုင်လည်း အလုပ်သစ်ပြောင်းတိုင်း အသားကျဖို့ အနည်းဆုံး ၃လလောက်တော့ အချိန်ပေးခဲ့ရတာချည်းပဲ။ ကျွမ်းကျင်မှုရယ်၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရင်းနှီးခင်မင်ဖို့ကျတော့ ၆လလောက်နေမှ ပိုအဆင်ပြေသွားတယ်။

'မိမိရဲ့ အလုပ်က ၀န်ဆောင်မှုပေးရတဲ့အလုပ်။ မိမိဆီလာတဲ့သူကို အပြုံးနဲ့ ၊ချိုသာ တဲ့စကားလုံးတွေနဲ့  နွေးထွေးစွာကြိုဆိုရမယ့်အလုပ်။မိမိစိတ်ထင်တိုင်းပြောလို့ 
ဆိုလို့ မရပါ။ အလုပ်သဘောအရ စိတ်ပင်ပန်းမှုအောက်မှာ လုပ်နိုင်ရပါမယ်။
ဒါ့အပြင် ဒီနေရာကတော့ပင်ပန်းတယ်၊ ဟိုနေရာကတော့ သက်သာတယ်ရွေးလို့ မရပါဘူး။
လူတစ်ယောက်တကယ်အလုပ်လုပ်တယ်ဆိုရင် နေရာတိုင်းဟာ ပင်ပန်းတဲ့နေရာတွေ
ပါပဲ။' သိပ်မှန်တာပဲ အမရေ။ ခု မြန်မာပြည်ပြန်ရောက်တော့ ၀န်ဆောင်မှုနဲ့ ပတ်သက်လာရင် စိတ်တိုင်းမကျစရာတွေချည်းပဲ ကြုံနေရတယ်။

အမ နေကောင်းအောင် ဂရုစိုက်ပါနော်။

Shinlay said...

ကျေးဇူးညီမ။ ဒီဇင်ဘာလလည် ရန်ကုန်ရောက်မယ်။