Tuesday 3 August 2010

Bodhi Vihara သို့ တခါက်


သွားချင်နေတာကြာပြီဖြစ်တဲ့နေရာတစ်ခုပါ။
ဂျာမနီက Bodhi Vihara ကို သိတာ ၄ လလောက်ရှိပါပြီ။
ကျမအမျိုးသားကရောက်ဖူးပေမဲ့ ကျမကတော့ဓါတ်ပုံတွေထဲမှာပဲ တွေ့ ဖူးနေခဲ့တာပါ။

အဲ့ဒီကျောင်းမှာ မြန်မာဥူးဇင်းတစ်ပါး နဲ့  ဂျာမန်ဥူးဇင်းတစ်ပါး သတင်းသုံးပါတယ်။
မြန်မာဥူးဇင်း ရေးတဲ့ မြတ်ရောင်နီ ဘလော့ လေးကြောင့် ကျမရဲ့ စိတ်ဝင်စားမှု
ပိုပြင်းလာပါတယ်။ မြန်မာဘုန်းကြီးတစ်ပါး အနေနဲ့  ဂျာမနီလိုနေရာမျိုးမှာ
သာသနာပြုရတာ ပါရမီထူးလို့ ပါ။ ဥူးဇင်းရဲ့  ဂျာမဏီမြေပေါ်ကခြေလှမ်းများ
အကြောင်းဖတ်လိုက်တော့ ကျမ ပိုပြီးလေးစားကြည်ညိုမိပါတယ်။
ကျမတို့ သာမန်လူဝတ်တွေတောင် ဒီမှာတော်တော်ဒုက္ခေ၇ာက်ကြတာမဟုတ်လား။

အဲ့ဒီကျောင်းက ဂျာမန်ဥူးဇင်းကိုလည်း လေးစားကြည်ညိုမိပါတယ်။
ဗုဒ္ဓဘာသာကို ယုံကြည်မှုနဲ့ သူ့ ရဲ့ စွမ်းဆောင်မှုကို မြင်တော့ ကျမကိုယ်ကျမ
အားမရဖြစ်ရတယ်။ ဘာသာရေးဘက်မှာ ကျမဒီထက်မက ကြိုးစားရအုံးမှာပါ။

ကျမနေတဲ့နေရာနဲ့ ဝေးတယ်လို့ ဆိုပေမဲ့ သွားချင်စိတ်ပြင်းပြလို့ လားမသိပါ၊
မမျှော်လင့်ပဲ စကားစပ်မိရာက ရောက်သွားတာပါ။ ဂျာမနီမှာ ပထမဆုံး
မြန်မာဘုန်းကြီးရှိတဲ့ ဘုန်းကြီးကျောင်း ကို သွားရခြင်းပါ။
လိပ်စာကတော့

Bodhi Vihara (http://yaungni-oo.blogspot.com)
Domberg 10
85354 Freising
Germany

ပြန်လာတော့ ရှေ့ဆက်ပြီး ဒါန၊သီလ၊ဘာဝနာလုပ်ငန်းများ ပိုမို လုပ်နိုင်ဖို့ 
အင်အားတွေရလာပါတယ်။

တရားနာခွင့်၊ တရားထိုင်ခွင့်၊ တရားဆွေးနွေးခွင့်၊ ဒါန၊သီလ၊ဘာဝနာ ပွားများ
ခွင့်များရခဲ့လို့ လည်း ဥူးဇင်း(၂)ပါးအားကျေးဇူးအထူးတင်ပါတယ်။

ထိုခရီးစဉ်ဖြစ်မြောက်အောင် အစစ ကူညီပေးကြသော သူများအားလုံးကို
အထူးကျေးဇူးတင်ပါတယ်။

11 comments:

ချစ်ကြည်အေး said...

ကောင်းလိုက်တာ...သူငယ်ချင်းရယ်...တို့တွေလည်း ဒီလိုပါပဲ...အားထုတ်ဖို့ ကြိုးစားနေဆဲပါပဲ။ ဒီမှာတော့ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေ များတယ်။ ကိုယ်နဲ့ နီးရာ သွားရုံပဲ...

:P said...

မရှင်လေးရေ....
ဦးဇင်း လို့ မပေါင်းပဲ ဥူးဇင်းလို့ ဘာလို့ပေါင်းတာလဲ သိချင်လို့ မေးကြည့်တာပါနော်....။

SHWE ZIN U said...

သာဓုပါဗျာ

စူးနွယ်လေး said...

in der Nähe von München ??

Shinlay said...

မချစ်ကြည်အေး၊ ရွှေဇင်ဦး လာလည်တာကျေးဇူးတင်ပါတယ်။
:P ရေ.. တကယ်ရေးရမှာက ဦး/ဥူးပဉ္ဇင်းပါ။
ဥူး ကိုတော့ ဘုန်းကြီးဘွဲ့ တွေမှာ အရင်က ဥူးနဲ့ ပေါင်းပါတယ်။ ကျမအနေနဲ့ ကတော့ ဥူးလို့ ရေးလိုက်ရင် သာမန်လူဝတ်တွေခေါ်တဲ့ ဦး နဲ့ ကွဲ
သွားတာ သဘောကျလို့ ရေးပါတယ်။
စူးနွယ်ေ၇ ဟုတ်ပါတယ်။

လသာည said...

မရှင်လေး...
သာဓုသာဓုသာဓုပါနော်..
အခြေအနေအရ ကိုယ့်မြေကိုယ့်ရေနဲ့ ဝေးတဲ့နေရာကို ရောက်နေရပေမယ့် ကိုယ့်သာသနာနဲ့ မဝေးတဲ့အရပ်ကို ရောက်ခွင့်ရတာလည်း ကုသိုလ်ထူးလို့ပေါ့နော်။

မီးမီး said...

ဒေါကြီးေ၇....
တို့လည်း ဘုန်းဘုန်းကိုလည်းတွေ့ခြင်တယ်
သတင်းတွေကြား၇တယ်
မြန်မာပြည်မှာလည်းသွားအုံးမယ်ဆို..
စိတ်ချမ်းမြေ့စ၇ာကောင်းတဲ့ ခ၇ီးတွေ..
ဒီတပတ်ကိုယ်တို့လည်း ဒီမှာေ၇ာက်နေတဲ့
ဒေါက်တာ အရှင်ဃောသိတ ဂျာမဏီနိုင်ငံ၊ ဘာလင်Humboldt University သွားဖူးပြီး ၀ါဆိုသင်္ကန်းကပ်မလို့.
အားလုံး ၇ှင်လေးမိတ်ဆက်ပေးတာတွေလေ

Shinlay said...

လသာည လာရောက်အားပေးတာကျေးဇူးတင်ပါတယ်။
မီးရေ.. Ashin Ghosita ကို နှုတ်ဆက်ပေးပါ။
နိုဝင်ဘာ ကျမတို့  ဟော်လန်မှာရှိချိန် သွားဖူးရရင် ကောင်းမှာနော်။ မီးမီး အလှူအတွက် မှန်းပြီးကုသိုလ်
ယူနေမယ်။

ဇွန်မိုးစက် said...

ဂျာမနီမှာလည်း ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းရှိတာ ကြားရတော့ ၀မ်းသာမိတယ် အစ်မရှင်လေးရေ။

အစ်မပြုခဲ့တဲ့ ကုသိုလ်အားလုံးအတွက် သာဓုခေါ်လိုက်တယ်နော်။

Anonymous said...

မရှင်လေးရေ

ဂျာမန်ဥူးဇင်းအကြောင်း သိချင်လို့ မေးမြန်းပြီး ရေးပေးပါလားဟင်။ သူတို့လူမျိုးထဲက ဗုဒ္ဓဘာသာ ရဟန်းပြုဖို့ဆိုတာ တော်တော် စိတ်သန်ရုံနဲ့ မလွယ်လို့ပါ။

အာရှဘက်မှာ ရဟန်းပြုပြီး ၁၈ ဝါလောက် နေလာတဲ့ ဦးဇင်းတစ်ပါး သူ့ဇာတိနိုင်ငံပြန်တော့ မိသားစုကလဲ အားမပေး၊ ရပ်တည်ရေးက အစစ ခက်ခဲလာတော့ လူထွက်လိုက်ရတာ ကြားဖူးတယ်။

ဂျာမန်ဥူးဇင်းရဲ့ ထေရုပတ္တိလေး ဖော်ပြပေးရင် ကျေးဇူးအထူး။

Anonymous said...

မရှင်လေးရေ

ဂျာမန်ဥူးဇင်းအကြောင်း သိချင်လို့ မေးမြန်းပြီး ရေးပေးပါလားဟင်။ သူတို့လူမျိုးထဲက ဗုဒ္ဓဘာသာ ရဟန်းပြုဖို့ဆိုတာ တော်တော် စိတ်သန်ရုံနဲ့ မလွယ်လို့ပါ။

အာရှဘက်မှာ ရဟန်းပြုပြီး ၁၈ ဝါလောက် နေလာတဲ့ ဦးဇင်းတစ်ပါး သူ့ဇာတိနိုင်ငံပြန်တော့ မိသားစုကလဲ အားမပေး၊ ရပ်တည်ရေးက အစစ ခက်ခဲလာတော့ လူထွက်လိုက်ရတာ ကြားဖူးတယ်။

ဂျာမန်ဥူးဇင်းရဲ့ ထေရုပတ္တိလေး ဖော်ပြပေးရင် ကျေးဇူးအထူး။