Wednesday 19 January 2011

ဝနေပြီလား။


ဂျာမနီမှာ အမျိုးသား ၇၀ ရာနှုန်း နဲ့ အမျိုးသမီး ၅၀ ရာနှုန်းက ရှိသင့်တာထက်
ကိုယ်အလေးချိန်ထက်ပိုနေကြ ပါတယ်။ ဂျာမန် ၅ ယောက်မှာ ၁ ယောက်
(၂၀) ရာခိုင်နှုန်းက obesity ( BMI 30 နဲ့ အထက်) ရှိသူတွေဖြစ်ပါတယ်။

ကိုယ်အလေးချိန် ပိုနေသူတွေဟာ ဆီးချို၊သွေးတိုး၊နှလုံးစတဲ့ရောဂါတွေဖြစ်နိုင်
တဲ့ အလားအလာတွေများပါတယ်။ ကျမတို့  အလုပ်မှာတော့ ကိုယ်အလေးချိန်ပိုနေ
တဲ့သူတွေ ကို အလေးချိန်ကျသွားအောင်၊ပုံမှန်ဖြစ်လာအောင် ဆရာဝန်တွေ၊
အားကစားနည်းပြတွေ၊ အဟာရနဲ့ ပတ်သက်တဲ့ကျွမ်းကျင်သူတွေ နဲ့ ကြီးကြပ်
ပြီးလုပ်ပေးနေတဲ့ Project တွေ၊ လေ့လာမှု တွေ ရှိပါတယ်။ ကျန်းမာရေး
ကြိုတင်ကာကွယ်မှုအတွက်တစိတ်တပိုင်းပါ။

များသောအားဖြင့်တော့ လူလတ်ပိုင်း၊ လူကြီးပိုင်းတွေများပါတယ်။ တချို့ က
မှန်းထားတဲ့ ကိုယ်အလေးချိန်ကိုရောက်ပေမဲ့ တချို့ ကမရောက်ပါဘူး။
သူတို့ တွေဟာ အကျင့်ပါနေတဲ့ အစားအသောက်နဲ့  အနေအထိုင်ပုံစံကို
ပြောင်းရတဲ့အခါ အဆင်မပြေတတ်ပါဘူး။ အလေးချိန်ကျသွားပြန်တော့လည်း
ပုံမှန်အလေးချိန်ကိုရေရှည် ထိန်းထားဖို့  အခက်တွေ့ ကြပါတယ်။
တော်တော်ကို ၀ိရိယ စိုက်ထုတ်မှသာ မိမိလိုချင်တဲ့ပုံမှန် အလေးချိန်ကို
ရေရှည်ထိန်းထားနိုင်ကြပါတယ်။

တခါတလေကြတော့ အလေးချိန်ပိုနေတဲ့သူတွေသာမက ကလေးတွေ
လည်း ကျမတို့ ဆီလာကြပါတယ်။ မိဘတွေက ကလေးအ၀လွန်လာနိုင်တဲ့၊
ပုံမှန်အလေးချိန်ထက်ပိုလာနိုင်တဲ့ အခြေနေ မြင်တာနဲ့  ကျမတို့ ဆီ
ခေါ်လာပါတယ်။ ကလေးကို ဘယ်လိုစားသင့်တယ်၊ ဘာတွေစားသင့်တယ်။
ဘယ်လို အားကစားလုပ် သင့်တယ်။ စတဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့အသိ
ရလာအောင် လုပ်ပေးပါတယ်။ မိဘတွေကိုလည်း ဘာတွေချက်သင့်တယ်၊
ဘာတွေကျွေးသင်တယ်ဆိုတာပြောပြပေးပါတယ်။

ဒါဟာအလွန်ကောင်းတဲ့ ကြိုတင်ကာကွယ်မှုလို့ ထင်ပါတယ်။ မိဘကကောင်း
တာတွေကျွေး၊ ကလေးက ကောင်းတာတွေစား၊ ဒီလိုနဲ့ ကလေးဟာ ၀လာ
တတ်ပါတယ်။ ကလေး၀၀ကစ်ကစ်လေးဆို လှတယ်လိုတချို့ ကထင်ကြပါတယ်။
တချို့ ကြတော့ ကလေးစားချင်တာစားပါစေ၊ ကြီးလာရင်ကိုယ်ရည်စစ်သွားမှာပါ
လို့ ထင်ကြပါတယ်။

အလေးချိန်ပိုနေ၊ အ၀လွန်နေတဲ့ ကလေးက အရွယ်ရောက်လာတော့ လှချင်လာတယ်။
သူများတွေပိန်သလို ပိန်ချင်လာတယ်။ သူဝနေတာဟာ သူ့ အတွက်အနှောက်အယှက်
ဖြစ်လာစေပါတယ်။ အဲ့ဒီအခါမှာ သူကြားဖူးနားဝရှိတဲ့ နည်းတွေနဲ့  အလေးချိန်ကျအောင်
ကြိုးစားလာပါတယ်။ အစားကို အလွန်အကျွံ လျှော့ချတာတို့ ၊ စားပြီးပြန်အန်ပစ်တာတို့ 
စတဲ့ နည်းတွေနဲ့ ကြိုးစားလာရင်း မိမိကိုယ်မိမိ မထိန်းနိုင်ပဲ အပိန်လွန်ပြီး အသက်အန္တရာယ်
ရောက်တဲ့အထိဖြစ်လာနိုင်ပါတယ်။

ဒီမှာတော့ အဲ့ဒီလိုအခြေနေရှိတဲ့ လူငယ်တွေအတွက် အထူးကုသပေးတဲ့ဆေးရုံ
တွေရှိပါတယ်။
၂၀၀၈ ခုနှစ်စာရင်းအရ ဂျာမန်ဆေးရုံတွေမှာ အပိန်လွန်ချင်နေတဲ့ ရောဂါလာ
ိကုသူပေါင်း ၆၀၄၁ ရှိပြီး၊ အစားကို အလွန်အကျွံ လျှော့ချတာတို့ ၊ စားပြီးပြန်အန်
ပစ်တာတို့ စတဲ့ရောဂါလာကုသူတွေကတော့ ၂၃၅၄ ရှိပါတယ်။ အဲ့ဒီထဲမှာ
လူ ၁၀၀ ကတော့ အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီလို အခြေနေဆိုးတွေမရောက်အောင် မိဘတွေက ကလေးတွေကို
စောစောစီးစီး ကျန်းမာရေးအသိပေးထားတာ အလွန်ကောင်းပါတယ်။
ဒါအပြင် အ၀လွန်ခြင်းကြောင့်ဖြစ်လာမဲ့ ရောဂါတွေကို လည်း မိမိကလေးအတွက်
ကြိုတင်ကာကွယ်ပေးရာရောက်ပါတယ်။

14 comments:

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟိဟိ
ကိုယ့်ဗိုက်ခေါက်တောင် ကိုယ်ပြန်ဆွဲလိုက်မိသေး
ဝမှာတော့ အရမ်းကြောက်တယ်..
သတိထားပြီးနေပါတယ်..
ကျေးဇူးမရှင်လေး

Baby taster said...

ကိုယ့်အတွက်များ ရေးထားသလားမှတ်ရတယ်
အ၀လွန်နေပါတယ် အမရေ စိတ်ညစ်တယ်

Anonymous said...

မရှင်လေးရေ သူများတိုင်းပြည်မှာတော့ မ၀အောင် နေထိုင်ကြရတယ်နော်
အင်း.........စစတို့ရွှေပြည်မှာတော့....
ဗဟုသုတတွေမျှဝေပေးတာ ကျေးဇူးပါ။


ခင်မင်တဲ့
seesein

ညီလင်းသစ် said...

ဟုတ်တယ်နော်..၊ ဝလာတာဟာ တခြားရောဂါတွေကို လက်ယပ်ခေါ်နေသလိုပါပဲ၊ မဝခင် ထိန်းထားတာဟာ ဝလာပြီးမှ ပြန်လျှော့ချဖို့ ကြိုးစားတာထက် ပိုလွယ်ပြီး၊ အကျိုးလည်း ပိုများမှာပါ၊ ဘိုဘိုဟန်က အဲဒါကြောင့် 'ပိန်တာလေးပဲ ရွေးရွေးချစ်'လို့ ဆိုတာ..၊ :D

nu-san said...

မရေ.. ဗဟုသုတရတဲ့ ပို့စ်လေးပါပဲ.. ကျနော်ကတော့ အရမ်းပိန်လို့ စိတ်ညစ်ရတယ်.. အမျိုးသားကတော့ အရမ်းဝတယ်.. အဟီး..ပြောင်းပြန်.. သမီးလေးမွေးခါစတုန်းကလေ နို့မှုန့် တိုက်ရတယ် အမ.. အဲဒါ ကလေး ၂ လလောက်လည်းကျရော သတ်မှတ်ထားတဲ့ ကိုယ်အလေးချိန်ထက် ပိုပြီး ထွားနေတယ် ဆိုပြီး ဆရာမက နို့မှု့န်ကို ရပ်ခိုင်းပြီး အမေနို့ပဲ တိုက်ခိုင်းတယ်.. ကိုယ်ကတော့ သမီးလေး သူများကလေးတွေနဲ့ ယှဉ်ရင် သေးနေမလားဆိုပြီး စိတ်ပူတာပေါ့.. သူက နို့မှုန့် မတိုက်နဲ့ဆိုတော့ ကျနော်လည်း ဆက်မတိုက်ဖြစ်တော့ပဲ ရပ်ထားလိုက်ရတယ်..:))

သမီးလေးမွေးနေ့မှာ အမှတ်တရ ဆုတောင်းပေးတဲ့အတွက် ကျေးဇူး အမ..

rose of sharon said...

အဝတော့မလွန်သေးဘူးသူငယ်ချင်းရေ... ခါးနဲ့ဗိုက်မှာတော့ အဆီစုနေတယ်... :(

မီးမီး said...

ဒေါ်ကြီးရေ..
တသက်လုံး ၄၅ ကီလိုနဲ့နေလာတာ
ခုတော့ ၅၄ကီလိုကျော်နေပြီ
၃နှစ်အတွင်း
အဓိကတော့ ငတ်ကြီးကျတာလေ သူများတွေဟင်းချက်တာ
လိုက်ကြည့်ပြီးလိုက်ချက်
လက်ရာက ဂွတ်မရှယ်တော့ ရွှေယောက်ကျားကမစား နှမျောတော့ မသွန်ပစ်ရက်ဘူးလေ
တယောက်ထဲကြိတ်စားလိုက်တယ်
အင်း..၀လာရခြင်းရဲ့အကြောင်းရင်းက
ဟင်းချက်ပြတဲ့
မမလေးတွေအပြစ်လား.
ငတ်ကြီးကျတဲ့ကျူပ်အပြစ်လား:(((

Anonymous said...

ဗမာပြည်က ခုခေတ်ကလေးတွေ တော်တော်ဝလာနေကြတယ်နော်။ ပိုက်ဆံတတ်နိုင်သူသားသမီးတွေဆိုရင် ပီဇာစားလိုက်၊ ကြက်ကြော်စားလိုက်နဲ့။ သတိထားကြည့်နေတာ အသိကလေးတွေဆိုရင် သာမန်မိဘကဆိုရင် မ၀ဘူး၊ ပိုက်ဆံအဆင်ပြေသူကလေးဆိုရင် ၀တယ်။ ငယ်ငယ်နဲ့ သည်လောက်ဝနေတာ ကြီးလာရင်အ၀လွန်ရောဂါဖြစ်မှာ သေချာတယ်။ အနောက်နိုင်ငံမှာကတော့ ပိုက်ဆံမရှိသူက fast food စားလို့အ၀လွန်ပြီး မကျန်းမာ၊ တတ်နိုင်သူက အိမ်မှာ သင့်တင့်တဲ့ဟာချက်ပြုတ်စားလို့ ကျန်းမာ။ ဗမာပြည်နဲ့ပြောင်းပြန်ဖြစ်နေတယ်နော်။ သူတို့တွေ သည်စာဖတ်မိရင်ကောင်းမယ်။

ကျမရဲ့ BMI က လောလောဆယ် 18.6 ။ ဟီး....normal ထဲ ကပ်ဝင်သွားတယ်။

စူးနွယ်လေး

Shinlay said...

ချော၊ ဘေဘီ။စစ လာလည်တာကျေးဇူးတင်ပါတယ်။

ဘိုဘိုဟန်က အမှန်တွေဆိုပြတာ နေမှာ ကိုညီရေ။

နုစံရေ ကလေးက ကျစ်ကျစ်လေးနဲ့ ကျန်းမာ နေရင်ပြီးတာပါပဲ။ အမေ့နို့ ကတော့အကောင်းဆုံးပါပဲ။

ရို့ ရေ ကျမလည်း မနဲ ထိန်းထားရတယ်။
ဝမယ်မကြံသေးဘူး ဗိုက်နဲ့ ခါးက အရင် သိသာ တော့တာပဲ။

မီးမီး... သက်သတ်လွတ်ပဲစားတော့လေ။:))

စူးနွယ်ရေ.. မြန်မာပြည်မှာက အခုမှ အရှိန်တက်နေတုန်း။ ဒီဘက်ကလူတွေကတော့ မကောင်းတာတွေကြုံလာတော့ အရှိန်လျှော့ချနေကြပြီ။
ကျမကတော့ ၂၀.၈ သတိထားနေရတယ်။

ဇွန်မိုးစက် said...

ဇွန်လည်း ၀နေတာကို ကြိုးစားပြီး လျှော့နေတယ်။ သူများတွေက ဒီအနေနဲ့ ကြည့်ကောင်းတယ်ပြောပေမယ့် ဗိုက်က ပိုပူလာသလို ခံစားရတာနဲ့ လေ့ကျင့်ခန်းလေး နိုင်သလောက် ပြန်လုပ်နေတယ်။
အစ်မရှင်လေးကို သဘောကျတယ်။ ဒီအရွယ်ထိ ဒီလောက်ထိန်းထားနိုင်တာ။း)

Kyaw Hnin Se Lwin said...

မရှင်လေးရေ
တနေ့က အိမ်မှာတူမလေးမေ့သလိုဖြစ်သွားလို့ဆိုပြီးအားလုံးအုတ်အုတ်ကြွပ်ကြွပ်နဲ့
နောက်မှဆရာဝန်ပြောတော့သွေးပေါင်ချိန်တက်တယ်ဆိုပဲလေ ခလေးက အစားပုပ်တော့ အားလုံးက များများစားလေကျေနပ်လေလေနဲ့ဝလာလိုက်တာ..
မရှင်လေးပို့စ်ဖတ်မိတော့ သိပ်သဘောကျမိတယ်
ခလေးအရွယ်တည်းက နည်းနည်းတော့ ထိန်းမှနော်

Anonymous said...

First,I've middle east problem.Then upper back.....then around thigh....finally i labeled myself"I'm TAW LAY WA WIN"now.Don't follow my footstep.I love to eat fondue n raclette:(..........Gyidaw

Shinlay said...

ဇွန်၊ ကျော်နှင်းဆီနဲ့ ဂျီးဒေါ်..
လာလည်တာကျေးဇူးပါရှင်။
ဂျီးဒေါ်ရေ.. raclette:ကျမလည်းကြိုက်တယ်။

Anonymous said...

သူများလဲ အခု ၅၂-၅၃ ကီလို ဖြစ်နေပြီ အစ်မရေ.. အကျီင်္တွေ ကြပ်ကြပ်လာပေါ့.... ဟိုတုန်းကလို ခါးတိုရင်စေ့တွေနဲ့ ရှိုးထုတ်လို့မရတော့ဘူး.. ..ဖုံးဖုံးဖိဖိ ဒီဇိုင်းတွေ ပြောင်းဝတ်နေရတယ်.... ကြက်ကြော်တို့ အကင်တို့ အဆီများတဲ့ အစားအသောက်တွေတော့ ရှောင်ပါတယ်... ဒိုင်းယက် ကောင်းကောင်း မစားနိုင်တာကတော့ မိဝေးဖဝေးအိမ်ဝေး ကြုံသလို ဖြစ်သလို နေရထိုင်ရတဲ့ ဘ၀ မို့ ( ဆင်ခြေ...ဆင်ခြေ....ဆင်ခြေ)

မိုးစက်ပွင့်