မမျှော်လင့်ပဲရုတ်တရက်စီစဉ်ပြီး ရောက်သွားတဲ့နေရာပါ။ ပြီးခဲ့တဲ့
အပတ်ကအလုပ်ပိတ်မယ်၊မပိတ်ဘူးနဲ့ စောင့်နေရတာနဲ့ ခရီးသွား
ဖို့ စီစဉ်တာတွေမသွားဖြစ်ခဲ့ပါဘူး။ ရုတ်တရက်အကြံရတာနဲ့  မိတ်ဆွေ
တယောက်ရှိတဲ့ ဆွစ်ဇာလန်က Montreux မြို့ ကိုရောက်သွားပါတယ်။
မိတ်ဆွေက မြန်မာပြည်ကိုလည်းအကြိမ်များစွာရောက်ဖူးပြီး တရားဓမ္မအတူတူ
လုပ်ကြတဲ့သူပါ။ သူ့ အိမ်ဘေးက holiday apartment ကလည်းအားနေတာနဲ့ 
အတော်ဖြစ်သွားပါတယ်။

မှာရထားစီးရင် ဂျာမန်လိုပြောတဲ့အပိုင်းက ဂျာမန်နာမည်မြို့ ဘူတာ၊ ပြင်သစ်
စကားပြောတဲ့အပိုင်းက ပြင်သစ်နာမည်မြို့ ဘူတာ... တနိုင်ငံထဲ ဘာသာစကား
သံတွေပြောင်းပြီးကြားရတာ သဘောကျမိပါတယ်။

တုန်းက ၃နှစ်သင်ခဲ့တဲ့ ပြင်သစ်စကားလက်ကျန်နဲနဲပါးပါးနဲ့  တွေ့ တာတွေ
လျှောက်ဖတ်ကြည့်ခဲ့ပါတယ်။ တော်တော်မေ့နေပါပြီ....
ကျမတို့ မိတ်ဆွေက အင်္ဂလန်နိုင်ငံသားဆိုတော့ အင်္ဂလိပ်စကားပြန်ပြောဖြစ်
ပါတယ်။ သူ့ အမျိုးသမီးက ပြင်သစ်သူဆိုတော့ သူက တခါတလေပြင်သစ်လို
ပြောလိုက်၊ ဂျာမန်လိုပြောလိုက်နဲ့  ကျမတို့ လေးရောက်စကားဝိုင်းက ဟိုလိုပြောလိုက်၊
ဒီလိုပြောလိုက်နဲ့ ရီရသေးတယ်။


ကျမတို့ ၂ယောက်ကတော့ ဟိုနားဒီနားလျှောက်ကြည့်ဖြစ်ပါတယ်။ မြို့ က
Lake Geneva ဘေးမှာရှိတော့ ရေကန်ဘေးမှာ အကြာကြီးထိုင်ဖြစ်ခဲ့တယ်။
ရေကန်ကရေရယ်၊ တောင်တန်းကြီးရယ်၊ အဆင့်ဆင့်ဆောက်ထားတဲ့
အိမ်တွေရယ်။ လှေခါးထစ်တွေ၊ ကုန်းဆင်းကုန်းတက်တွေရယ်က ကျမအတွက်
ဆန်းနေပါတယ်။ ကျမတို့ ရှိနေချိန်မှာနေကလည်းသာတော့ မြို့ ရဲ့ အလှကို
ပိုခံစားခွင့်ရခဲ့ပါတယ်။

သွားရင်းလာရင်းမြန်မာတယောက်ယောက်နဲ့ များတွေ့ မလားလို့  ရှာကြည့်မိသေးတယ်။
12 comments:
သာယာလိုက်တာနော် ရှူ့ ခင်းတွေကလှ
ကျမလည်း အဲ့လို ခရီးတွေထွက်ချင်လိုက်တာ
အခုတော့ မသွားနိုင်သေးပါဘူး
Genfersee ကန်က လှတယ်နော်အစ်မ
ကောင်းကင်ကပြာပြာ၊ ပန်းလေးတွေရောအရောင်စိုလို့
အဲဒီပြင်သစ်အခြမ်းဖက် မရောက်ဖူးသေးဘူး
မြန်မာမတွေ့ခဲ့ဘူးလား :)
စူးနွယ်လေး
အရမ်းလှတာဘဲ
ခုလိုရှုခင်းလှလှတွေကို သိပ်ကြိုက်တာ
ဒီလိုမြင်ရတာလည်း ကံကောင်းခြင်းတစ်ခုပါဘဲ မရှင်လေး ကံကောင်းပါတယ်။
ခရီးသွားတာဟာ စိတ်ရောလူပါ လတ်ဆတ်စေတယ်နော်
အင်း- ကြားလိုက်တယ် မမရေ။ အေးဂျင့် နှစ်ယောက် ဦးထုပ်ကြီးတွေဆောင်း ကုတ်အကျီင်္တွေဝတ် နေကာမျက်မှန်ကြီးတွေတပ်ပြီး နယ်စပ်ကို ထွက်သွားတယ် လို့ ....
( P.S-ဓါတ်ပုံတွေ သိပ်လှတာပဲ)
ma Baby ရှုခင်းတွေက တကယ့်ကိုလှပါတယ်။
စူးနွယ်...ဒီကန်ကိုဖြတ်ဖြတ်ပြီးသွားနေတာ ကန်ဘေးမှာ အခုမှပဲထိုင်ဖူးတော့တယ်။
ချော...ဟုတ်ပါတယ်။ အတွေ့ အမြင်ပြောင်း သွားတဲ့နေရာတခုရောက်တော့ နေ့ စဉ်
လည်ပတ်နေတဲ့ ပုံမှန်အလုပ်တွေကိုမေ့သွားတယ်။
ကောင်းပါတယ်။
မိုးစက်.. အေးဂျင့် နှစ်ယောက် အကြောင်း ကြားတယ်လား။ အောင်မြင်စွာပြန်လာပါတယ်။
အလုပ်အပ်ချင်ရင်ပြောနော်....
အမရေ...ဇွန်တို့ရုံးက စလုံးတစ်ယောက်က ဆွစ်ဇာလန်ကို ကြိုက်လွန်းလို့ သုံးခေါက်တိတိ အလည်သွားတယ်တဲ့။ ရှေ့နှစ်ကျရင် ဇွန်လည်း ဥရောပခရီးထွက်မယ် စဉ်းစားနေတာ သူတို့ပြောလွန်းလို့ ဆွစ်ဇာလန်ကိုပါ ၀င်လည်ရင်ကောင်းမလား စဉ်းစားနေတာ။ ဆွစ်စ်ကိုသွားရင် သီးခြားဗီဇာမလိုဘူးလို့ပြောတာ ဟုတ်လား အမရှင်လေး
Montreux ရောက်နေရင် ကျနော်နဲ့ သိပ်မဝေးတော့ ဘူး၊ ကြိုသာသိခဲ့ရင် ဆုံလို့ရတာပေါ့..၊ Chillon castel ရော ရောက်ဖြစ်ခဲ့သေးလား?
ဇွန်..Schengen visa ရရင် ဥရောပ ကနိုင်ငံ တော်တော်များများကိုသွားလို့ ရပါတယ်။ အင်္ဂလန်ကတော့ Schengen ထဲမပါလို့ သီးခြား ဗီဇာလိုပါတယ်။ ဆွစ်ဇလန်က အခုနောက်ပိုင်း
Schengen ထဲပါပါတယ်။ ဇွန်မှာ Schengen ထဲပါတဲ့နိုင်ငံက ဗီဇာရထားရင် ဆွစ်ဇလန်ကိုသွားလို့ ရပါတယ်။သီးသန့် မလိုပါဘူး။
ဇွန်လာရင် ကျမတို့ ဆီဝင်လည်လေ။
ကိုညီရေ.. စိတ်ထဲမှာ ကိုညီတို့ နဲ့ နီးနေမှန်းတော့သိပါတယ်။ နောက်တခါကျရင် တွေ့ တာပေါ့။ Chillon castel ကို မရောက်ခဲ့ပါဘူး။
Just before Thingyan, i went there for 2 days.Next time,come to Geneva.I invite both you and U Ko Ko Naing.
Gyidaw
Thanks Gyidaw.... next time we will meet in Geneva .....
shinlay
ရှင်လေးလည်း ခရီးထွက်နေတာကိုး။
ချမ်းမြေ့စရာ ခရီးစဉ်လေးပဲ။
ဓါတ်ပုံလေးတွေကြိုက်တယ်။
အဲလို တစ်နိုင်ငံတည်းမှာ စကားအမျိုးမျိုးပြောတာ စိတ်ဝင်စားစရာနော်။
သဘာဝရှုခင်းလည်းလှတယ်။ အဆောက်အဦပုံစံလည်းအမြင်တစ်မျိုးမို့ ကြိုက်တယ်။
ရှူခင်းတွေ လှလိုက်တာ အစ်မရယ်
Post a Comment