Friday 3 June 2011

ပြောင်းပြန်လှန်လိုက်ချင်တယ်။

မိတ်ဆွေတစ်ယောက်အိမ်ကိုလာလည်ပါတယ်။ သူ့ မိဘတွေက မြန်မာပြည်ကို
မနှစ်ကရောက်ဖူးပါတယ်။ သူ ကတော့ ဒီနှစ်တက္ကသိုလ်ဝင်တန်းဖြေမှာပါ။
မြန်မာနိုင်ငံအကြောင်း အင်္ဂလိပ်လိုစာတမ်းဖတ်မလို့ ဆိုပြီးကျမဆီရောက်လာပါတယ်။

သူ့ စာတမ်းက မြန်မာပြည်ရဲ့ ခေတ်အဆက်ဆက် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး
အကြောင်းတွေပါ။ သူစာတွေတော်တော်ဖတ်ထားတယ်ဆိုတာကိုသူပြင်ဆင်လာတဲ့
စာတွေကိုကြည့်တာနဲ့ သိလိုက်ပါတယ်။ သူနဲ့ ကျမ စကားတွေအများကြီးပြောဖြစ်ပါ
တယ်။ သူမသိတာတွေလည်းတော်တော်လေးမေးပါတယ်။ သူမြန်မာပြည်အကြောင်း
လေ့လာရင်း သွားချင်စိတ်ဖြစ်နေတယ်လို့ ပြောတယ်။

သူပြန်သွားတော့ကျမလည်း မြန်မာပြည်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ အများ
ကြီးတွေးနေမိတယ်။ သူရေးထားတဲ့ အရာတွေကိုပြောင်းပြန်လှန်လိုက်ချင်တယ်။
သြော်... တနေ့ နေ့ တော့.....

17 comments:

ညီလင်းသစ် said...

ပြောင်းပြန် လှန်လိုက်ချင်တယ် ဆိုတာနဲ့တင် ဘယ်လို အကြောင်းအရာတွေများ ဖြစ်နိုင်မလဲလို့ တွေးလို့ ရသွားပြီ...။း) ထပ်တူ ဆန္ဒ ရှိပါတယ် မ,ရှင်လေး....။

Moe Cho Thinn said...

အပေါ်က ကိုညီလင်းသစ်လိုပဲ ခန့်မှန်း တွေးတောမိသွားတယ်။ သတိရလို့ စာလာဖတ်ပါတယ်နော်။

Kyaw Hnin Se Lwin said...

မရေ
ပြောင်းပြန်လှန်ပစ်ချင်တယ် ညီမရော

Shinlay said...

ဟုတ်တယ်နော် ကိုညီ၊ မချိုသင်းနဲ့ုကျော်နှင်းဆီ
ကျေးဇူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ပြောင်းပြန်လှန်ပစ်ချင်တာတွေ များတယ် မရှင်လေး

Anonymous said...

များများမဟုတ်... တချို့အိမ်နီးချင်းနိုင်ငံအခြေအနေလောက် ဆိုရင်ပဲ တော်ပါပြီ.......
ထိုင်းမှာ round trip လုပ်ဖို့ ကားငှားရင် ကိုယ်တိုင်မောင်းလို့ရတယ်... တခြားမြို့မှာထားပစ်ခဲ့လို့ရတယ်... ဈေးလည်းမကြီးဘူး .... ဟိုတယ်တွေကလည်းဗမာပြည်နဲ့ယှဉ်ရင်ဈေးပေးရတာ ချင်းတူရင် ပိုကောင်းတယ်...
သွားရတာလည်း လွတ်လပ်တယ်...တောကြိုအုံကြားအစွန်အဖျားထိ လျှောက်မောင်းလို့ရတယ်...လမ်းတွေကလည်း ကောင်း..

စူးနွယ်လေး

Anonymous said...

Hopefully one day the right time will come...

Myanmar Good Knowledg Co., Ltd said...

“တော်လှန် ရင် လှန်၊မလှန်ရင် ကျုပ်လှန်မယ် ”ဆိုတဲ့ လူတွေနောက်ပြောကြတဲ့ စကားလေး အမှတ်ရမိတယ်။

Shinlay said...

ဟုတ်တယ်ချောရေ အခုတလော ပြောင်းပြန်လှန်ချင် တာတွေများနေတယ်။
စူးနွယ်ရေ..တချိန်ချိန်တော့....
Anonymous ..one day....
ကောင်းမွန်ဝင်း... စကားလေးသဘောကျမိတယ်။
ကျေးဇူးပါသူငယ်ချင်းတိုရေ

Vista said...

အမှန်ပါပဲ မရှင်လေးရာ။ တခါတလေ သူများပြောတာတွေကြား စိတ်မကောင်းဘူး ၊ မှန်ကလည်း မှန်နေတာကိုး ။

subuueain said...

မရှင်လေးရယ် ထိုင်းလောက် တိုးတက်ရင်ကို ကျေနပ်ပါတယ်

Shinlay said...

Vista, စုဘူး..ကျမတို့ အတွေးတွေတူကြတယ်နော်။

Anonymous said...

ရိုးရိုးရှင်းရှင်းစကားလေးပေမဲ့ ရှင်းကနဲ ထင်းကနဲ ပဲနော်..စု

ဇွန်မိုးစက် said...

I have a same wish as you, ama Shin Lay.

If we could turn back the time...

If we could change back the situation...

Anonymous said...

Hope to see as we all wish b4 i pass away:(
GD

မီးမီး said...

ပြောင်းပြန်လှန်ပြီးအဲဒီတနေ့ရောက်ရင်
ကျူပ်တို့မရှိရင်လည်းကျေနပ်ပါတယ်

မိုးစက်ပွင့် said...

မမရေ .. ခေါင်းစဉ်မြင်ပြီး လန့်သွားတာနဲ့ ဘုရားတပြီး ပြေးလာခဲ့တာ။ ပြောင်းပြန်လှန်ရုံတင်မကဘူး ...ဇောက်ထိုးပါချိတ်ထားမှ ကောင်းမယ် - အဟိ