Friday 1 July 2011

အမေ့အနားမှာ

အမျိုးမျိုးသော စိတ်လှုတ်ရှားမှုတွေနဲ့ အမေ့နားကို ၁၆ရက်ကြာရောက်ခဲ့ပါတယ်။
တစ်နှစ်ထက်တစ်နှစ် အားနည်းလာတဲ့အမေ့ကို ပြန်တွေရတော့ စိတ်မကောင်းဖြစ်
ရပါတယ်။ ကျမအလာကိုမျှော်နေပြီး၊ အမြဲမေးနေတဲ့အမေ ကျမကိုတွေ့ ရတော့
သူအရမ်းဝမ်းသာနေရှာတယ်။ ကျမရန်ကုန်မှာရှိနေချိန်တွေမှာ ကျမကို သူ့ အနားမှာ
အချိန်တိုင်း ရှိနေစေချင်တာ။ ကျမလည်း ဒီရက်တွေဟာ အမေ့အတွက်ပဲဆိုပြီး
သူ့ အနားမှာပဲနေဖြစ်ခဲ့ပါတယ်။

တခြား တော့ဘယ်မှမသွားဖြစ်ခဲ့ဘူး။မြေနီကုန်း၊ လှည်းတန်းနဲ့  ရွှေတိဂုံဘုရားပဲ
ရောက်ခဲ့ပါတယ်။
အမေနဲ့ စကားတွေအများကြီးပြောကြတယ်။ အမေက အသက်ကြီးလာတာနဲ့ အမျှ
သေခြင်းတရားကို အပြောများလာတယ်။သူကြိုက်တတ်တာတွေချက်ပေး၊
စီစဉ်ပေးဖြစ်ပါတယ်။
ကျမရဲ့ မိတ်ဆွေ၊သူငယ်ချင်းတွေ ဆီကို သွားမလည်အားတော့ သူတို့ ကကျမ
တို့ ဆီလာလည်ကြ၊ဟင်းတွေချက်ပို့ ကြ၊ ထမင်းချိုင့်ယူလာပြီး ကျမတို့ နဲ့ 
အတူတူ စားကြ၊ သရက်သီးတွေ ၊မုန့် တွေလာပို့ ကြနဲ့  သူငယ်ချင်းတွေရဲ့ 
ခင်မင်မှုကို အထူး လေးစားကျေးဇူးတင်မိပါတယ်။

ကျမပြန်လာတော့ လွမ်းပြီးကျန်ခဲ့တဲ့ အမေ့ကို မကြာခင်ပြန်လာပါမယ်လို့ 
ပြောခဲ့ပြီး ထားခဲ့ရတာကိုစိတ်မကောင်းဖြစ်ရပါတယ်။

နောက်တစ်လခွဲမှာ တခါအမေနဲ့ တွေ့ နိုင်ဖို့  ကျမဘက်က အားလုံးစီစဉ်
ထားပေမဲ့ ... ကျမမလုပ်နိုင်တဲ့ အရာတစ်ခုကြောင့် အမေဆီပြန်မလာဖြစ်မှာ
ကိုတော့စိုးရိမ်မိပါတယ်။

18 comments:

ညီလင်းသစ် said...

ပြန်လာပြီလား မ,ရှင်လေး..၊ welcome back...!!
မိဘတွေရဲ့ အဝေးမှာ ရောက်နေတဲ့ ကျနော်တို့လို သားသမီးတွေ အတွက်ကတော့ အမြဲပဲ ပူပန်နေရမှာပါပဲ၊ ပြန်တွေ့ရရင် ပျော်ရသလောက် ခွဲထားခဲ့ချိန်တွေဟာ အမြဲဝမ်းနည်းစရာ ပါပဲ၊ မ,ရှင်လေး ရဲ့အမေလည်း ကျန်းမာပါစေဗျာ...။

မေဓာဝီ said...

ကျမလဲ အမေ့ဆီ ပြန်ချင်လိုက်တာ။ မရှင်လေး ပြန်နိုင်တာကို အားကျပါတယ်။ ကုသိုလ်တွေ အများကြီးရခဲ့မှာနော် ... အမေနဲ့ နောက်တခါ တွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ မရှင်လေး အမေလဲ ကျန်းမာပါစေ ... ။

khin said...

မအိသူ

ဘလော.ဂ်မှာပျောက်နေပါတယ်အောက်မေ.နေတာ။ ရန်ကုန်ပြန်သွားတာကို။ မိဘနဲ. အတူနေပြုစုလာ၇တော. ပြန်၇ကြိုးနပ်ပါတယ်။ နောက်လည်း အမေနဲ.တွေ.ဖို. ပြန်နိုင်ပါစေလို.ဆုတောင်းပေးပါတယ်

ကျော်နှင်းဆီလွင် said...

မရှင်လေးရေပြန်လာပြီလား
ဒီပို့စ်ဖတ်ပြီးအိမ်ပြန်ချင်စိတ်ပေါက်သွားတယ်
:))

မအိမ်သူ said...

အမေနဲ့အတူ အချိန်တွေကုန်လွန်ခွင့်ရခဲ့တာ အားကျလိုက်တာ မရှင်လေးရေ.. အဲဒီလို မကြာခဏ ပြန်နိုင်အောင်လည်း ဆုတောင်းပေးခဲ့ပါတယ်ရှင်။

Shinlay said...

ပြန်ရောက်လာပြီသူငယ်ချင်းတို့ ရေ။
လာလည်ပြီးဆုတောင်းပေးကြတဲ့သူငယ်ချင်းများကိုကျေးဇူး တင်ပါတယ်။

Anonymous said...

ဒေါ်ကြီးရေ..ဖတ်ပြီးတော့ အမေ့ကိုသတိရလိုက်တာ..
နောက်တလပြန်သွားဖို့ အစီအစဉ်ရှိသေးလား။ ပျော်ခဲ့မှာဘဲနော်.
သူကြီး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျွန်မကတော့ အမေက ကျွန်မဆီလာတာ
ပြန်သွားတာ တစ်ပတ်လောက်ဘဲရှိသေးတယ်
အမေမပြန်အောင် အမျိုးမျိုးချော့ပြီး ကြာကြာနေအောင်ဆွဲထားတာ ၂လလောက်နေသွားတယ်
ခုတော့ အမေအနားမှာ မရှိတော့လည်း ဒီအရွယ်ကြီးကို အားငယ်သလို ခံစားရတယ်။
မိဘတွေဟာ သားသမီးဘယ်အရွယ်ဘဲရောက်နေပစေ လုံခြုံမှုကို ပေးနိုင်စွမ်းတယ်နော်

Shinlay said...

ဒေါ်သူကြီးရေ... စီစဉ်ထားတာပဲ...
ချော...မိဘတွေ အရွယ်အိုလာတော့လည်း သားသမီးတွေက သူတို့ အတွက်လုံခြုံမှုတစ်ခု ပါပဲ။
ကျမလေ အမေ့ကိုလုံခြုံမှုတစ်ခုပေးချင်တယ်။

Anonymous said...

အမေ နေကောင်းလား မရှင်လေး..
mm

Anonymous said...

အမေနေကောင်းလား

စူးနွယ်လေး

Anonymous said...

Welcome back Shinlay.Glad to know your good time with your mom together.Wish you to go again soon.Both of our fathers passed away in 96 and 98.We were here and only mom from my side left now.This is life.
Gyidaw

Iora said...

အမေလည်းကျန်းမာပါစေ။ ရှင်လေးလည်း ချောချောမွေ့ မွေ့ ပြန်သွားနိုင်ပါစေ။
ဘ၀ဆိုတာပျော်ရာမှာမနေ တော်ရာမှာနေရ..ဆိုပေမဲ့ ကိုယ့်ရွေးချယ်မှုကို ကိုယ် ရာနှုန်းပြည့် မှန်မမှန် မဝေခွဲနိုင်ဘူး။ ရှင်လေး စိတ်ချမ်းသာပါစေ။

Shinlay said...

mm, Sue New, Gyidaw and Lora
အမေကနေကောင်းပေမဲ့ အသက်ကြီးလာတော့ သတိတွေမေ့လာတယ်။ အကြောင်းအရာအသစ်တွေကို လက်ခံဖို့ မလွယ်တော့တာတွေ့ ရတယ်။
မနှစ်ကအဖေဆုံးသွားတယ်ဆိုတာကို အခုထိလက်မခံ နိုင်သေးဘူး။ ကျမပြန်သွားမယ်ဆိုတာကိုလည်း မြန်မာပြည် ထဲမှာပဲခရီးသွားနေတယ်လို့ လက်ခံ ထားတယ်။ တခါတလေ စကားပြောရင်းနဲ့  အဓိပ္ပါယ်မဲ့
သွားတဲ့ သူ့ မျက်လုံးတွေ တွေ့ ရတာ စိတ်မ ကောင်း ဖြစ်မိပါတယ်။
အခုတခါသူအပြောများလာတာက သူ သေသွားရင်ကျမပြန်လာလို့ ရမရ ခဏခဏမေးတယ်။
သူသေရင်ဘာတွေလုပ်ဖို့ မှာရှာတယ်။
အဝေးမှာ ကျမတယောက်ထဲကျန်ခဲ့မှာကိုလည်း စိတ်ချပုံမရဘူး။
ကျမတို့ လည်း သူ့ ကိုအကောင်းဆုံးလုပ်ပေးနိုင်အောင် စဉ်းစားနေ ရပါတယ်။
ဘ၀ဆိုတာပျော်ရာမှာမနေ တော်ရာမှာနေရ..ဆိုပေမဲ့ ကိုယ့်ရွေးချယ်မှုကို ကိုယ် ရာနှုန်းပြည့် မှန်မမှန် မဝေခွဲနိုင်ဘူး ဆိုတဲ့ Lora ပြောသလို မကြာခဏတွေးမိပါတယ်။

Iora said...

ရှင်လေးရေ..
ထပ်လာပြီး ရှင်လေးလိုဘဲခံစားရပါတယ်။
ဘာပြောရမှန်းမသိအောင် တထပ်တည်းခံစားရပါတယ်။ ကိုယ့်မှာတော့ မိဘတွေမရှိတော့ပါဘူး။ မောင်နှမတွေနဲ့ ဝေးနေပြီး တခါတခါ ဘ၀ရဲ့ အနှစ်သာရ က ဘာလဲလို့ လည်း တွေးမိနေတယ်။
အမေရော ရှင်လေးရော စိတ်ချမ်းသာပြီး ဆန္ဒတွေ ပြည့်ဝပါစေလို့ ဘဲဆုတောင်းပေးနေမယ်နော်။
ွှအိုင်အိုရာ

ဇွန်မိုးစက် said...

အစ်မရေ... ပြန်ရောက်ပြီနော်။ ဇွန်လည်း အမေ့ကို တစ်နှစ်မှ တစ်ခေါက်လောက်ပဲတွေ့ဖြစ်နေတာ။ အိမ်မှာ အမေတစ်ယောက်တည်းဆိုတော့ စိတ်မချဘူးလေ။ အသက်တွေက တစ်နှစ်ပြီးတစ်နှစ်ကြီးလာတာဆိုတော့...
ဘယ်အချိန်မှာ အမေ့အနားအနီးကပ်ပြန်ပြီး ပြုစုခွင့်ရနိုင်မလဲလို့ဘဲ တွေးနေမိတယ်။

Raymond.Kyaw Minn Naing said...

"မိဘတွေ အရွယ်အိုလာတော့လည်း သားသမီးတွေက သူတို့ အတွက်လုံခြုံမှုတစ်ခု" .... အသေအချာပါပဲ။

Myanmar Good Knowledg Co., Ltd said...

ရှင်လေးရေ
အမေ့ကိုပြုစုပြီး ပြန်လာတာ အားကျချီးကျူးပါတယ်။
ရက်တိုတိုနဲ့ အလုပ်များပြီး ပင်ပမ်းလာမှာပဲနော်။

ကျွန်မလည်းမနှစ်က ဖေဖေနေမကောင်းလို့ အရေးပေါ်ပြန်ဖြစ်တယ်။ တွေ့ရခဲ့ရတဲ့ အခြေအနေကလုံးဝမကောင်းခဲ့ဘူး။ စိတ်လျော့ခဲ့ပါတယ်။ ဒါပေမယ့် ရှင်လေးရေ
မယုံနိုင်စရာကောင်းလောက်အောင် ပြန်ကျမ်းမာလာတယ်။ ရန်ကုန်က မိသားစုဆွေမျိုးတွေက ပြောတာတော့ သမီးနဲ့ မြေးကို မြင်ရပြီး အားပြန်တက်လာတာတဲ့။

အခု အပတ်တိုင်းဖုန်းပြောရင် ကျမ္မာလို့ပဲ။

သားသမီးတွေကို အဝေးနိုင်ငံတွေမှာခွဲနေရတဲ့ မိဘတွေရဲ့ ခံစားရတာကို နားလည်ပါတယ်။ ကျွန်မတို့တွေသူတို့ကိုလွမ်းတာကိုခံစားရတိုင်း မိဘတွေကိုတော့ ကျွန်မတို့လောက် မခံစားရစေချင်ဘူး။

အသက်ကြီးလာတော့ မိဘတွေက သားသမီးတွေကို အရမ်းအားကိုးလာတာကတော့ သိသာတယ်။ ဒါပေမယ့် အရမ်းတော့ လွမ်းမနေစေချင်ဘူး။

သံယောဇဉ်တွေ။ ။