Thursday 4 August 2011

ယနေ့ ကြုံရတာ

ဒီနေ့ ဒေါသထွက်မိတယ်။ အလုပ်ထဲမှာပါ။ ကျမတို့ အလုပ်မှာ ပင်စင်ယူ
ပြီးတဲ့နောက် တစ်ပတ် ၂ရက် (တစ်ပတ် ၈နာရီ) လာလုပ်နေတဲ့ အမျိုးသမီး
တစ်ယောက်ရှိပါတယ်။ သူဟာ အခုဆိုရင် အသက် ၆၅ နှစ်ကျော်လာပါပြီ။
သူရှိတဲ့အတွက် ကျမအဖို့ ဂျာမနီနဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ အများကြီး
ရခဲ့ပါတယ်။ ကိတ်မုန့် ဖုတ်တာ၊ဟင်းချက်တာကအစမေးလို့ ရသလို၊
စိတ်ရှည်စွာနဲ့ လည်းရှင်းပြတတ်ပါတယ်။

အခုတလောသူဟာ စိတ်တိုလာတာတွေ့ ရတယ်။ တခုခုပြောရင်သူ့ ကို
စောင်းပြောတယ်ထင်လာတတ်တယ်။ သူ့ အတွေးထဲမှာဘာဖြစ်နေမှန်းမသိပေမဲ့
သူ့ စိတ်တွေလှုတ်ရှားပြီး ပျာယာခတ်နေတာ တွေ့ ရတယ်။ လူတွေ ရှေ့မှာ
သူအရေးပါတာကို ပြချင်လာတာတွေ့ ရပြီး။ သူများတွေအလုပ်များနေလို့ 
သူ့ ကိုစကားမပြောနိုင်ရင် သူ့ ကိုစိတ်ဆိုးတယ်လို့ ထင်နေပြန်ရော။

အခုတလောအလုပ်မှာက တော်တော်လေးအလုပ်ပိနေတော့ လူတွေဟာ
ပင်ပန်းနေကြတယ်။ ဘာမဟုတ်တာလေးတွေမှာ နားလည်မှုတွေလွဲတတ်
ကြတယ်။ အလွန်သတိထားနေပါတယ်ဆိုမှ ဒီနေ့ တော့ ကျမတို့  သူနဲ့ ထိတ်
တိုက်တိုးပါရော။

လူနာတွေကို စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတစ်ခု လုပ်ပါတယ်။ ကြာချိန်က
၂၇ မိနစ်ပါ။ အဲ့ဒီစမ်းသပ်မှုထဲမှာ အဆင့်(၃)ဆင့်ပါပါတယ်။ လူနာက ကွန်ပြူ
တာထဲကညွှန်ကြားချက်အတိုင်းလုပ်ရမှာပါ။ ဒီနေ့ သူ ဟာလူနာ တစ်ယောက်
နဲ့  အဲ့ဒီစမ်းသပ်မှုကိုလုပ်ပါတယ်။ မိနစ် (၅၀)ကျော်ကြာပါတယ်။ အပြင်မှာ
စောင့်နေ တဲ့သူတွေ ထပ်ကုန်တာပေါ့။ ဆရာဝန်ကလည်း ဘာလို့ ကြနေတာလဲ
သွားကြည့်ပါဆိုလို့ ဝင်ကြည့်ပေးပါသေးတယ်။ အဲ့ဒီလူနာပြီးသွားတော့
နောက်လုပ်ဖေါ်ကိုင်ဘက်တစ်ယောက်က ကြာတယ်လို့ ပြောလို့ သူနဲ့ 
စကားများကြတယ်။
ကျမကတော့ ဘာလို့ ကြာတာလဲဆိုတာအဖြေထုတ်ဖို့  ကွန်ပြူတာရှေ့ရောက်
နေပါတယ်။ အဲ့ဒီ ပရိုဂရမ်က ကျမတင်ထားတာဆိုတော့ ကျမများ မှားရေးထား
မလားလို့ သွားစစ်တာပါ။ ပရိုဂရမ်က ၂၇ မိနစ်စာပဲ ရေးထာတာတွေ့ ပါတယ်။
အဲ့ဒီအချိန်မှာ သူရောက်လာပြီး ကျမကို ဆက်ရမ်းပါတော့တယ်။ ကျမကသူ
လုပ်တာမှန်မမှန် စစ်တယ်ပေါ့။ ဘာပေါ့၊ညာပေါ့လေ။
ကျမက ရှင့်အမှားကိုစစ်တာမဟုတ်၊ကျမမှားရေးထားသလားလို့ုစစ်တာလို့ ပြော
တာလည်းမရ၊ သူ့ ခမျာဒေါသတွေထွက်နေရှာရော။
ကျမတို့ လည်း ဆက်မပြောတော့ပဲရှောင်ထွက်လာခဲ့ကြတယ်။

တကယ်တော့ သူက လူနာတွေကို ရှင်းပြလိုက်၊ပြန်လုပ်လိုက်၊လုပ်နေတာကို။
ဒါကြောင့်အချိန်တွေက ပေးထားတဲ့အချိန်ထက်ကြာနေတာ။
ဆရာဝန်ကိုတော့ဒီနေ့ အဲ့ဒီအကြောင်းဆက်မဆွေးနွေးဖို့ ပြောထားတယ်။
ဒီနေ့ လူနာတွေအကုန်လုံး မှန်းထားချိန်ထက်ကြာကုန်တယ်။

ပေးထားတဲ့ညွှန်ကြားချက်အတိုင်းမလုပ်ပဲ၊ ငါလုပ်ချင်တာလုပ်မယ်ဆိုရင် အတူတူ
တွဲလုပ်ရတာပျော်စရာမကောင်းတော့ပါ။ ဒါ့အပြင်လူနာအတွက် ရလာမဲ့ ရလဒ်တွေ
ကရော မှန်နိုင်ပါ့မလား။

နောက်နေ့ မှ ဆရာဝန်တွေကြည့်ပြီးပြောကြပစေတော့၊ ကျမတို့ တော့ လက်ရှောင်
နေလိုက်ပါတယ်။

12 comments:

Mandy said...

လက်ရှောင်တာပဲကောင်းပါတယ်နော်

ညီလင်းသစ် said...

အများနဲ့ အတူ လုပ်ရတဲ့ နေရာတွေမှာ ငါတကော ကောပြီး လုပ်မယ်ဆိုရင်တော့ အဆင်ပြေဖို့ မလွယ်နိုင် ပါဘူး၊ အထူးသဖြင့် ညွှန်ကြားချက် အတိအကျ ရှိတဲ့ နေရာတွေမှာ ဆင်ခြင်သင့်တာပေါ့လေ၊ အတွေ့အကြုံ တွေ အတော်အသင့် ရှိခဲ့ပြီး အသက်ကြီးပိုင်း ရောက်လာတဲ့ လူအချို့မှာ 'ဒါမျိုးတွေ ငါလုပ်ခဲ့တာ အံခွနေပြီ၊ နောက်ပေါက်တဲ့ ရွှေကြာပင်ကများ..' ဆိုတဲ့ စိတ်ကလေးတွေ ရှိတတ်တာ သတိထားမိပါတယ်..။

စော(အဝါရောင်မြေ) said...

အသက်ကြီး လာတော့ ပို အတ္တကြီးလာတတ် ကြတယ်။ ပြီး လူရာမဝင်မှာ အထီးကျန်ဆန်မှာလဲ ကြောက်ကြတယ်။ တရားမှတ်ပြီး စိတ်ကို ထိန်းတဲ့ ဘာသာမျိုးက မဟုပ်ရင် ပိုဆိုးမှာပေါ့ အမရေ။

Myanmar Good Knowledg Co., Ltd said...

အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်မှာ ရှိတယ်။ အဲလိုအဖြစ်အပျက်။ တခါတလေ မှ မဟုတ်ပဲ တောက်လျောက်ဆက်ဆံရခက်တဲ့လူလည်းရှိတယ်။
အတတ်နိုင်ဆုံး သူ့ကို ကိုယ်တိုင်လို့မရရင် ကိုယ့်ဘာသာကို ထိမ်းတာအကောင်းဆုံးပါပဲ။
တချို့ကတော့ အလုပ်လုပ်ရတာ သိပ်အဆင်ပြေကြတယ်။
ကျွန်မကတော့ ဒါမျိုးကို ဘယ်အလုပ်မှာမဆို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍သော်လည်းကောင်း တွေ့ရတယ်လို့ကိုယ့်ကိုယ်ကို ထင်မိတယ်။

Myanmar Good Knowledg Co., Ltd said...

ရှင်လေးရေ စာမှားရိုက်မိတယ်။ သူ့ကို ကိုင်တွယ်လို့မရရင် ကိုယ့်ဘာသာကိုယ် ထိန်းတာ အကောင်းဆုံးပါ လို့ရေးတာပါ။

Anonymous said...

လူတွေထဲကလူတချို့ ပါဘဲ။
မြန်မာပြည်မှာ ပိုကြုံခဲ့ရသလိုဘဲ။
လက်ရှောင်တာအကောင်းဆုံးဘဲထင်ပါတယ်။
အိုင်အိုရာ

Anonymous said...

သူမှာ အဆင်မပြေစရာတစ်ခုခုများရှိလား။ ပင်စင်နာဖြစ်ပြီး..စိတ်ဓါတ်ကျနေတာ များလားမသိနော်။
mm

လသာည said...

ဟုတ်တယ် သူတစ်ခုခုဖြစ်နေသလားနော်။ မရှင်လေးပါ ရောပြီး ဒီနေ့စိတ်ပင်ပန်းသွားပြီ။ အားရပါးရအိပ်ပြီး အနားယူပစ်လိုက်နော်။
ခင်တဲ့

T T Sweet said...

ခုတော့ လက်ရှောင်နေလိုက်တာ မှန်ပါတယ်။ နောက်အေးဆေးကျမှ နားလည်အောင် သေချာရှင်းပြလိုက်ပါ မရှင်လေး။ My 10 cents.

Shinlay said...

သူငယ်ချင်းတို့ ရေ လာရောက်အားပေးကြတာ ကျေးဇူးတင်ပါတယ်။
ဒီနေ့ တော့ ဆရာဝန်က သူ့ ကို အရိပ်အမွက်ပြောတယ်။
ကျမတို့ လည်းမသိသလိုပဲနေလိုက်ကြတယ်။

လူကြီးတွေနဲ့ အလုပ်လုပ်ရတာ တခါတလေတော်တော်လေးသည်းခံရတယ်။ နောက်ပိုင်း
အသက် ၆၇နှစ်မှ ပင်စင်ပေးဖို့ စဉ်းစားနေကြသတဲ့။

Anonymous said...

Ma Shin Lay,

I've seen a lot of people like that when I used to work in our own country. It doesn't matter how old they are or what background they have, the same pattern you can see in them.

Sorry for your bad day. Keep calm.

Mya Yee

အပြုံးပန်း said...

ဒီမှာလည်း တွေ့ဖူးတယ်၊