Sunday 31 July 2011

အိမ်လည်ထွက်ခြင်း

တနေ့ က ဧည့်သည်ပြန်သွားပြီးနောက်နေ့ မှာပဲ ကျမကိုယ်တိုင်ဧည့်သည်
အဖြစ်နဲ့ အိမ်လည်ထွက်ခဲ့ပါတယ်။ သူနဲ့ ကျမ မတွေ့ တာကြာပါပြီ၊ ကျောင်း
မှာအတူတူပညာသင်ခဲ့ကြတာဆိုပေမဲ့ သူကကျမထက် တစ်တန်းငယ်ပါတယ်။
ကျမတို့ ဌာနက လူကလည်းနည်းတော့ တစ်တန်းနဲ့ တစ်တန်း ခင်မင်ကြပါတယ်။
ညီအစ်မတွေ၊မောင်နှမတွေလိုပဲချစ်ကြတယ်။ ကူညီကြတယ်။
အခုလိုရေခြားမြေခြားမှာပြန်ဆုံရလို့ ဝမ်းသာရပါတယ်။ သူက ဒီမှာခဏ
သာနေမှာဆိုတော့ မမျှော်လင်ပဲတွေ့ ခွင်ရလို့ ပိုဝမ်းသာရပါတယ်။

သူငယ်ချင်းတွေ တစ်ယောက်တစ်နေရာမှာရောက်နေကြတော့ ပြန်တွေ့ ဖို့ ဆိုတာ
တကယ်မလွယ်တော့တာပါ။

ငယ်ငယ်ကရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရင်း အများကြီးရီခဲ့ရတယ်။
တစ်ယောက်နဲ့တစ်ယောက် လေးစားမှု၊ညှာတာမှုတွေနဲ့ တကယ့်ကို ပျော်
ခဲ့ရတဲ့ ရက်လေးတွေပါ။

သူက ဟင်းတွေမျိုးစုံအောင်ချက်ကျွေး၊ ကျမက အားရပါးရစား၊ စကားတွေ
ပြော၊ သီချင်းတွေနားထောင်၊ အိပ်လိုက်စားလိုက်နဲ့ ... ... ...

သူငယ်ချင်းရေ.. .. .. ဧည့်ဝတ်ကျေလှတဲ့အတွက် အလွန်ကျေးဇူးတင်ပါတယ်။
စိတ်ပျှော်ရွှင်မှုတွေ ရလို့ လည်းကျေးဇူးတင်ပါတယ်။
တစ်နေ့ နေ့  တစ်ချိန်ချိန် တစ်နေရာရာမှာ ပြန်ဆုံချင်ပါသေးတယ်။
နောက်တခါတော့ ကျမ ဧည်ဝတ်ပြုပါရစေနော်။

6 comments:

အပြုံးပန်း said...

ငယ်က သူငယ်ချင်းတွေနဲ့ တွေ့ရင်
ပြောမကုန်ပါပဲ၊
ပိုပြီးတော့လည်း ရင်းနှီးချစ်ခင်သွားသလိုပါပဲ၊

သူကြီးမင်း (တုံးဖလား) said...

အိမ်လည်ထွက်ရင်း အိမ်လည်ထွက်ခဲ့တဲ့သူဆီ ရောက်လာပါတယ်။

ပျော်ရွှင်ကြည်နူးနိုင်ပါစေ။

ခင်မင်လျက်

Myanmar Good Knowledg Co., Ltd said...

ရှင်လေးကတော့ ပျော်စရာလေးတွေ တန်းစီနေတာပဲ။ အားကျတယ် အဲလို သူငယ်ချင်းဟောင်းတွေနဲ့တွေ့ရတာလည်း
အဖိုးတန်တယ်နော်။

Anonymous said...

တန်ဘိုးရှိတဲ့အခိုက်အတန့် လေးတခုပေါ့နော်။
ကိုယ်တော့လောလောဆယ် အွန်လိုင်းပေါ်ကအိမ်တွေဘဲ အလည်ထွက်နေတယ်။း)
အိုင်အိုရာ

စော(အဝါရောင်မြေ) said...

ကိုယ့်အလည်သွားလို့  ရနေတာကိုက ကုသိုလ်ထူးတာပဲလေ။

ညီလင်းသစ် said...

အဲဒီလို ရင်းနှီးတဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတဲ့ အရသာကို ဘာနဲ့မှ မလဲနိုင်ဘူး၊ ရှေးဟောင်းနှောင်းဖြစ် တွေ ပြောတိုင်း လူက တက်ကြွပြီး နုပျိုလာတတ် တယ်နော်...။