
Die Tafel ဆိုတာ ဂျာမနီက လူမှုရေးအဖွဲ့ အစည်းတစ်ခုပါ။ ဂျာမနီမှာ တနေ့ တနေ့ 
လွှတ်ပစ်နေရတဲ့ အစားအသောက်တွေ အများကြီးပါ။ အဲ တဘက်မှာလည်း အစား
အသောက်လိုအပ်နေတဲ့ သူတွေလည်းရှိနေပါတယ်။ အဲ့ဒီအခြေအနေ နှစ်ခုကို
ပေါင်းစည်းပေး လိုက်တာကတော့ Die Tafel ပါပဲ။ ဒီအဖွဲ့ က ပိုနေတဲ့ အရာတွေကို
လိုနေတဲ့ နေရာမှာ အသုံးပြုပေးပါတယ်။

ဒီအဖွဲ့ က ပိုလျှံနေပြီးပစ်ရတော့မဲ့ အစားအစာတွေ၊ ဥပမာ စူပါမတ်တွေ၊ ပေါင်မုန့် ဆိုင်တွေ
မှာ ရက်လွန်ခါနီးနေတဲ့  အစားအသောက်တွေ၊ ရောင်းပန်းသိပ်မလှတော့တဲ့ ဟင်းသီး
ဟင်းရွက်တွေ၊ ရာသီချိန်ကုန်သွားတဲ့ ပစ္စည်းတွေကို အလှူခံပြီး လိုအပ်နေတဲ့သူတွေက
ိုဝေပေးပါတယ်။

လိုအပ်နေတဲ့သူတွေဆိုတာကတော့ ပင်စင်ငွေအနည်းငယ်နဲ့ ရပ်တည်နေရသူတွေ၊
အလုပ်လက်မဲ့ တွေ၊ အစိုးရရဲ့ အတောက်အပံ့ကို ယူထားတဲ့ သူတွေ ဖြစ်ပါတယ်။
ဒီသူတွေဟာ အထောက်အထားပြရပါတယ်။ စီစစ်ပြီးရင် လိုအပ်တဲ့ အစားအသောက်
တွေကို အလကားဖြစ်ဖြစ်၊ အချို့ ကတော့ ပိုက်ဆံ အလွန်နဲနဲလေးနဲ့ ဝယ်ယူခွင့်ရပါတယ်။
ဒါအပြင် တဦးတယောက် က အစားအသောက်နဲ့ ပတ်သက်ပြီး အရေးပေါ် လိုအပ်
နေရင်လည်းသူ့ ကိုကူညီပေးပါတယ်။
အခုအချိန်မှာ ဂျာမနီတနိုင်ငံလုံး Die Tafel ဆိုင်ပေါင်း ၈၈၀ ကျော် ရှိနေပါပြီ။
Die Tafel ဟာ အလှူငွေတွေနဲ့ ရပ်တည်ပါတယ်။ Die Tafel ရဲ့ ဆောင်ပုဒ်ကတော့
လူတိုင်းမှာ မိမိတို့ က ပေးနိုင်တဲ့ အရာတွေရှိပါတယ်တဲ့။ ဒီတော့ မိမိမှာရှိတဲ့ အစား
အသောက်ကအစ၊ Die Tafel မှာသုံးနေတဲ့ ကားတွေပြင်ပေးဖို့ လုပ်အားပေးတာ
အထိ လုပ်ပေးလို့ ရပါတယ်။ အဲ့ဒီအဖွဲ့ မှာ လုပ်နေတဲ့ သူတွေကလည်း ပရဟိတ္တ လုပ်နေ
သူတွေပါပဲ။ ဂျာမနီတနိုင်ငံလုံးမှာ Die Tafel မှာလုပ်အားပေးနေသူပေါင်း ၅၀ ၀၀၀
ရှိပါတယ်။ သူတို့ အပြင် မိမိတို့ အားတဲ့အချိန်တွေမှာ ပစ္စည်းတွေ သယ်ပေးဖို့ 
ကားမောင်းပေးတဲ့သူတွေ၊ နည်းပညာပိုင်းဆိုင်ရာ အကြံပေးနေသူတွေ စသဖြင့်
ထောင့်စုံကကူညီနေသူတွေလည်းရှိပါတယ်။ သူတို့ တွေဟာ မိမိတို့ ရဲ့ အားလပ်ချိန်တွေမှာ
တစ်ပတ်ကို ၊ တစ်လကို ဘယ်နှစ်နာရီ လာကူမယ်ဆိုပြီး လုပ်အားပေးကြပါတယ်။
Die Tafel ကိုစတင်တီထောင်တာကတော့ ၁၉၉၃ မှာ ဘာလင်မြို့ က
Initiativgruppe Berliner Frauen e.V ဆိုတဲ့  အမျိုးသမီး အဖွဲ့  ဖြစ်ပါတယ်။
အိမ်ခြေမဲ့နေတဲ့သူတွေကို ကူညီပေးခဲ့တာကစတင်ခဲ့တာပါ။
၁၉၉၅ မှာတော့ Bundesverband Deutsche Tafel e.V. ကို တည်ထောင်ခဲ့ပါတယ်။
10 comments:
ဒို့တိုင်းပြည်မှာလဲ အဲ့လို အဖွဲ့အစည်းမျိုးလေး နဲနဲကစပြီး လုပ်နိုင်ရင် ကောင်းမယ်နော်။
တတ်နိုင်သလောက်က စပြီးတော့ပေါ့လေ....
နိုင်ငံတိုင်းမှာ ရှိသင့်တဲ့အဖွဲ့အစည်းလေးတွေပေါ့ ရှင်လေးရေ။ ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ခက်ခဲမယ်ထင်ပါတယ်။ ဗဟုသုတလေးအတွက် ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မရှင်လေးရေ
ဂျပန်မှာလည်းလွှင့်ပစ်တာတွေသိပ်များတာပဲ
အဲလိုအဖွဲ့စည်းမျိုးရှိရင်သိပ်ကောင်းမှာပဲလို့တွေးမိတယ်
မမိုး၊ အန်တီတင့်၊ ကျော်နှင်းဆီလွင်... လာလည်တာ
ကျေးဇူးတင်ပါတယ်။ စိတ်ကူးလေးတွေသိမ်းထားပြီးတနေ့ နေ့ တော့ အတူတူ အကောင်အထည်ဖေါ်ကြတာပေါ့။
အားကျစရာကောင်းတဲ့ ကုသိုလ်ဖြစ် အဖွဲ့အစည်းပါပဲ၊ အထူးသဖြင့် အလွန်အမင်း သုံးစွဲမှုတွေ၊ အဆမတန် ပိုလျှံမှုတွေနဲ့ လည်ပတ်နေတဲ့ အနောက်တိုင်း လူ့အဖွဲ့အစည်းမှာ အခုလို ချိန်ခွင်လျှာ ညီစေတဲ့ အဖွဲ့တွေ ပေါ်လာတာ တကယ်ပဲ ဝမ်းသာစရာပါ...။
အလွန်ကောင်းတဲ့ အတုယူစရာ စိတ်ကူးလေးပါပဲ... ခင်ဗျာ
တော်တော်ကောင်းတဲ့ အစီအစဉ်ဘဲနော်
သဘောကျမိတယ်
ဒါပေမဲ့ ကျွန်မတို့ မြန်မာပြည်မှာတော့ စွန့်ပစ်တဲ့ အစားအသောက် သိပ်မရှိဘူးနော်။ လိုချင်တဲ့သူတွေက များတော့ ပစ်ရတဲ့အထိတောင် ရောက်မှာ မဟုတ်ဘူး။ အဝတ်အစား ဘာညာတော့ ရှိနိုင်တယ်။ ခုလို အဖွဲ့အစည်းမျိုး များများရှိလာနိုင်ရင် သိပ်ကောင်းမှာဘဲ။
အဲလိုအဖွဲ့လေးတွေ ဒီမှာလည်း ရှိစေချင်တယ် မမ... ပေးသူ၊ ယူသူ၊ လက်ဆင့်ကမ်းသူ သုံးဦးတည်းမို့ ကြားခံ အဆင့်တွေ အများကြီးမရှိတော့ ပိုထိရောက်မယ် ထင်ပါတယ်....
စေတနာဝန်ထမ်း၊
စေတနာအကျိုးပေး၊
အေးချမ်းသာယာတဲ့၊
လူ့ အဖွဲ့ အစည်းအများကြီးတွေ၊
ရှိနေသေးတယ်နော်။
ဘာလို့ များကျမတို့ ရွှာမှာဖက်မှာ၊
မတွေ့ မိပါလိမ့်၊
(အော်..ကိုယ်တိုင်ကလည်းမလုပ်ဘဲ၊
လိုချင်တာဘဲသိတယ်)
သူကြီး
လင့်ပြန်ယူသွားပါတယ်ဗျာ......။
ချမ်းမြေ့ပါစေ။
Post a Comment