Tuesday 8 November 2011

ဘာလုပ်နေလဲ

အခုတလောပျောက်နေလို့ သူငယ်ချင်းတွေက မေးကြတယ်။ ဘာတွေလုပ်နေလဲ။
နေကောင်းရဲ့လား။....စသဖြင့်ပေါ့။ မြန်မာပြည်ကပြန်လာကတည်းက အလုပ်မှာ
၃ပတ်လောက် အချိန်ပိုတွေဆင်းရတဲ့အထိများလိုက်တဲ့အလုပ်။
အလုပ်တွေပါးသွားတော့ မိတ်ဆွေသူငယ်ချင်းတွေရှိတဲ့ ဟိုနား၊ဒီနားတွေ အလည်သွား
ဖြစ်ခဲ့ပါတယ်။ ကိုလုံး ( Köln/ Cologne) ကသူငယ်ချင်းဆီမှာ ၄ရက်လောက်အနားယူ၊
စကားတွေပြော၊လျှောက်လည်ဖြစ်ခဲ့ပါတယ်။ ဘလော့ ကတဆင့်ခင်ခွင့်ရခဲ့တဲ့ သူငယ်
ချင်းဆီလည်းရောက်တယ်။ သူချက်ကျွေးတဲ့ အုန်းနို့ ခေါက်ဆွဲကလည်းအလွန်ကောင်းပါတယ်။
ပြီးတော့ ကိုလုံးရဲ့ ညဈေးတန်းကိုလျှောက်ခဲ့ကြပြီး ရေခဲ့မုန့် ဆိုင်ထိုင်ကြတာကို ဘယ်တော့မှ
မေ့မှာမဟုတ်ပါ။ ကျမစိတ်ထဲ မြန်မာပြည်က သီတင်းကျွတ်ပွဲဈေးလျှောက်နေရသလို
ခံစားရပါတယ်။ ( သူငယ်ချင်းတို့ ရေ ကျေးဇူးပါနော်။)

ပြီးခဲ့တဲ့ တပတ်ကြတော့ မိတ်ဆွေ ဇနီးမောင်နှံ က အသက် (၄၀) ပြည့် မွေးနေ့ လုပ်တာနဲ့ 
Black Forest ကမြို့ လေးဆီရောက်ဖြစ်ခဲ့သေးပါတယ်။

သူတို့ က အိမ်တလုံးငှားပြီး မွေးနေ့ ပွဲလုပ်ပါတယ်။ အရင်က အဲ့ဒီအိမ်က စားသောက်ဆိုင်ပါ။
အခုတော့ ပါတီပွဲတွေအတွက်ငှားပါတယ်။ ကျမတို့ အဖွဲ့ က သောက်ကြာနေ့  နေ့ လည်
(၁)နာရီကနေ စနေနေ့ နေ့ လည် (၁း၃၀) အထိငှားထားပါတယ်။
အိမ်အောက်ထပ်မှာ စားပွဲခုံတွေ၊ ကုလားထိုင်တွေ လူ ၅၀ စာလောက်ရှိပါတယ်။
မီးဖိုထဲမှာတော့ ပန်းကန်ခွက်ရောက်အားလုံးရှိပါတယ်။ ရေနဲ့ မီး ကိုတော့ သုံးသလောက်
ပေးရပါတယ်။ အပေါ်ထပ်မှာတော့ အခန်း ၃ ခန်းရှိပြီး၊ လူ ၁၅ ယောက်လောက်အိပ်လို့ 
ရပါတယ်။
ကျမအရင်နေခဲ့ဖူးတဲ့ Black Forest ကမြို့ လေးနဲ့ သိပ်မဝေးပါဘူး။ ကိုယ့်ဒေသကိုပြန်
ရောက်သလို ခံစားရတယ်။ မနက်မိုးလင်းတော့ Black Forest ရဲ့ လေကောင်းလေသန့် ကို
ရှူရင်း နေရောင်အောက်မှာ တောင်တန်းတွေ၊ထင်းရူးပင်တွေ၊မြက်ခင်းတွေနဲ့ လှနေတဲ့
Black Forest ကို အလွမ်းပြေပြန်ရောက်ခဲ့တယ်။

လာမယ့်စနေ၊တနင်္ဂနွေ ကျရင်တော့ စတုဂတ် (Stuttgart) က သူငယ်ချင်းတွေဆီ
ရောက်ဖြစ်ပါမယ်။
အခုတလောခရီးယာယီများနေပါတယ်။ နှင်းတွေမကျခင် အပြေးအလွား ခရီးများနေတာပါ။
မိတ်ဆွေသူငယ်ချင်းတွေနဲ့ တွေ့ ရရင် စိတ်ထဲမှာလွတ်လပ်ပျော်ရွှင်ရပါတယ်။
ကျမကို လာလည်ခွင့်ပေးတဲ့သူငယ်ချင်းများအားလုံးကို အထူးကျေးဇူးတင်ပါတယ်။

13 comments:

မီးမီးငယ် said...

ကျမဆီကိုလည်းလာလည်ပါအုံး။
သတိရနေတာ။

လပြည့်ရိပ် said...

ကြိုဆိုပါတယ် အစ်မ

ညီလင်းသစ် said...

ကျနော့် မိတ်ဆွေတွေထဲမှာလည်း အဲဒီလို အိမ်တွေကို ငှားပြီး မွေးနေ့ပွဲတွေ လုပ်ကြတယ်၊ ညကြီးမိုးချုပ် ကားမောင်းပြီး ပြန်စရာ မလိုဘဲ အားလုံး တစ်နေရာထဲမှာ အိပ်လို့ရလို့ အဆင်ပြေပါတယ်၊ ခရီးတွေ သွားရတာ ပျော်စရာကြီး...။

Iora said...

အဲဒီငှားတဲ့အစီအစဉ်လေးသဘောကျလိုက်တာ။
အိုင်အိုရာ

mstint said...

မြန်မာပြည်ကို အလည်ပြန်လိုက်ရတယ်ဆိုတော့ ပင်ပမ်းခဲ့သမျှ အားအင်သစ်တွေပြန်လည်လို့ အစားထိုးနိုင်ခဲ့ပြီပေါ့နော်။
အိပ်ဘို့နေရာထိုင်ခင်း မီးဖိုပါ စီစဉ်ပေးနိုင်တဲ့ မွေးနေ့ပွဲလုပ်လို့ရတဲ့အိမ်လေးတွေ အိုင်ဒီယာကောင်းလိုက်တာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ခရီးသွားချင်နေတာ..။
အဲ့လို အိမ်လေးတွေ စီစဉ်ထားတာ ကောင်းလိုက်တာ..။

ပေါက်

Myanmar Good Knowledg Co., Ltd said...

ရှင်လေးရေ
ခရီးထွက်ရတာ၊ သူငယ်ချင်းတွေနဲ့တွေ့ရတာ၊
အင်အားသစ်တွေရစေခြင်းတစ်မျိုးပါပဲနော်။

ပါတီပွဲအတွက်အိမ်ငှားတဲ့ စီးပွါးရေးကလည်း စိတ်ကူးကောင်းလိုက်တာ။

Shinlay said...

လာလည်ကြတဲ့သူငယ်ချင်းတို့ ကို ကျေးဇူးအထူးတင်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်ငှားလို့ရတဲ့ အိုင်ဒီယာလေး မဆိုးဘူးနော်.
တော်တော်ကောင်းတယ်..
နှင်းမကျခင် လည်ရတာ လည်ပါ..
ပျော်စရာအချိန်လေးတွေ ရပါစေလို့..

မအိမ်သူ said...

ခရီးသွားရတာ ပျော်စရာကောင်းမှာပဲ။ ပါတီပွဲအတွက် အိမ်ငှားတဲ့အိုင်ဒီယာကို အတော်သဘောကျတယ် မရှင်လေးရေ။ ဓါတ်ပုံထဲက အိမ်လေးလား... သစ်သားအိမ်လေးထင်တယ်။ ချစ်စရာ...

Anonymous said...

လည်လည်တွေ လျှောက်သွားနေတယ်ပေါ့...ပျော်စရာကြီးနော်..

မိုးစက်

rose of sharon said...

ခရီးခဏခဏသွားပြီး လျှောက်လည်ရတာပျော်စရာကြီးနော်.. ရှင်လေးနေကောင်းတယ်ဟုတ်

စံပယ်ချို said...

တောင်တန်းတွေ၊ထင်းရူးပင်တွေ၊မြက်ခင်းတွေနဲ့ လှနေတဲ့မြို့လေးကိုတော့စိတ်ဝင်စားနေမိတယ်
တောင်ကြီးကိုလွမ်းလို့ပါရှင်---
ချစ်ချစ်ခင်ခင် jasmine