ငယ်ငယ်က လှည်းတန်းမှာနေတုန်းက ခြံထဲမှာအမျိုးတွေဝိုင်းနေတာကြောင့်
အိမ်နီးနားချင်းတွေနဲ့ သိပ်ရင်းနှီးမှုမရှိခဲ့ပါဘူး။ မေးထူးခေါ်ပြောလောက်ပဲ
ရှိခဲ့ပါတယ်။
နောက်တော့ မြေနီကုန်းတိုက်ခန်းကိုရောက်တော့ လည်းအိမ်နီးနားချင်းတွေနဲ့ 
သိပ်မသိခဲ့ပါဘူး။ တခါတလေ ဓါတ်လှေကားထဲမှာတွေ့ ရင်တောင် နှုတ်ဆက်လေ့
မရှိတတ်ကြပါဘူး။ ကျမတို့ က အမြဲတန်းမနေတာလည်းပါမှာပါ။
ဂျာမနီရောက်တော့လည်း ထုံးစံအတိုင်း အိမ်နီးချင်းတွေ ရှိခဲ့တာပေါ့။ အခုကျမနေတဲ့
အိမ်မှာဆို အိမ်ခန်းပေါင်း ၂၀လောက်ရှိပါတယ်။ များသောအားဖြင့်တော့ လူကြီးတွေ
များပါတယ်။ ကျမတို့ မြို့ လေးက မြို့ ကြီးနဲ့ ဆို ရထားနဲ့ သွားရင် ၁၀မိနစ်ပဲကြာသလို၊
ဆေးရုံတွေ၊ အပန်းဖြေ ဆေးရုံတွေရှိတာကြောင့် လူကြီးတွေကြိုက်ကြပါတယ်။
ကျမအိမ်နီးချင်းတချို့ ကတော့ သူတို့ ပိုင်တဲ့ ခြံတွေ၊အိမ်တွေကိုရောင်းပြီး တိုက်ခန်း
ပြန်ဝယ်နေကြပါတယ်။ အသက်ကြီးလာတော့ တိုက်ခန်းနဲ့ ဆို တာဝန်သိပ်မများ
ဘူးပေါ့လေ။
တချို့ ကလည်း မြေကွက်သေးသေးလေးတွေငှားပြီး ဆလပ်ရွက်၊ခရမ်းချဉ် စတာတွေစိုက်
ကြတယ်။ သူတို့ အရင်က ခြံထဲမှာ နေလာခဲ့သလို သူတို့ ဝါသနာပါတဲ့ စိုက်တာပျိုးတာ
ဆက်လုပ်နိုင်တာပေါ့။
တိုက်မှာက တော့ စည်းကမ်းတွေရှိပါတယ်။ အများနဲ့ နေတာဆိုတော့ သတ်မှတ်ထားတဲ့
စည်းကမ်းတော့ရှိရတာပေါလေ။ အိမ်နီးချင်းတွေအကုန်လုံးကလည်း လိုက်နာကြပါတယ်။
မလုပ်နိုင်တဲ့စည်းကမ်းတွေမှမဟုတ်တာပဲ။ သတ်မှတ်ထားတဲ့စည်းကမ်းတွေကိုလိုက်နာ
ရင်းနဲ့ တခြားသူရဲ့ အခွင့်အရေးကိုလည်းလေးစားရာရောက်ပါတယ်။ ဆူဆူညံညံ မလုပ်
ရတာ။ (အိမ်မှာ တခုခုပြင်ဆင်လို့ ဆူညံသံထွက်မယ်ဆိုလည်း အိမ်ပေါက်ဝက ကြော်ငြာ
ဘုဒ်မှာ စာကပ်ထားလိုက်ရင် အဆင်ပြေပါတယ်။) ဘိနပ်တွေ အပြင်မှာချွတ်တာတို့ ၊
ကိုယ်ပိုင်ပစ္စည်းတွေ အပြင်မှာချထားတာတို့ လည်း မလုပ်ရပါဘူး။ အပြင် အ၀င်
အထွက်နေရာတွေဟာ အများနဲ့ သာဆိုင်လို့  ပါ။
ကျမအိမ်နီးနားချင်းတွေကတော့ သူများအပြောမခံရအောင်စည်းကမ်းတကျနေကြပါတယ်။
ကျမဘေးခန်းကဆိုရင် သူအခုတလောသီချင်းကျယ်ကျယ်ဖွင့်ဖြစ်တာ ကျမများကြားသလား။
ကြားရလို့ အနှောက်အယှက်ဖြစ်ရင်သူ့ ကိုပြောဖို့ ပြောပါတယ်။ ကျမတော့ သူ့ သီချင်းသံကို
ကြားတောင်မကြားမိပါဘူး။
ကျမလည်း သူတို့ လို စည်းကမ်းချက်တွေနဲ့ အညီကြိုးစားနေပါတယ်။
ကိုယ်က တခြားနိုင်ငံကဖြစ်နေတော့ ကိုယ့်ကြောင့် ကိုယ့်လူမျိုးကို နာမည်မပျက်အောင်
နေဖြစ်ပါတယ်။ သူတို့ နဲ့ တန်းတူ နေနိုင်တော့လည်း သူတို့ ကလေးစားပါတယ်။
တလောက ကိုသောမတ်စ် ခရီးထွက်သွားတော့ ကျမတယောက်ထဲအိမ်မှာကျန်ခဲ့တယ်။
မေးထူးခေါ်ပြောလောက်သာရှိတဲ့ အိမ်နီးချင်းတွေက ကျမအပေါ်သိပ်ကောင်းကြပါတယ်။
ကျမတယောက်ထဲကြောက်ရင် အချိန်မရွေးတံခါးလာခေါက်နိုင်ကြောင်း ပြောသူက
ပြော။ တယောက်ထဲနေရတာအဆင်ပြေရဲ့ လား၊ လိုအပ်တာရှိရင်ပြောဖို့ ပြောသူကပြော။
ရာသီဥတုအေးလာရင် ကျန်းမာရေးဂရုစိုက်ဖို့ ၊အနွေးထည်ထူထူဝတ်ဖို့ ပြောသူကပြောနဲ့ 
ကျမကိုဂရုတစိုက်ရှိကြပါတယ်။
ကျမတခြားတိုင်းပြည်မှာ လူမျိုးခြားတွေအကြားရှိနေပေမဲ့  တကယ်နွေးထွေးတဲ့
အိမ်နီးနားချင်းတွေရှိတယ်ဆိုတာသိရတော့ ၀မ်းသာမိပါတယ်။ သူတို့ ဟာ
သာမန်အချိန်တွေမှာတော့ ကိုယ့်ဖာသာကိုယ် နေကြပေမဲ့ တကယ်လိုအပ်ရင်
အကူအညီပေးကြဖို့ အဆင်သင့်ရှိကြသူတွေပါ။ ကျမကိုဂရုစိုက်ကြတဲ့အိမ်နီးချင်း
များအား ကျေးဇူးတင်ပါတယ်။
Subscribe to:
Post Comments (Atom)
5 comments:
ကျနော်လဲ ကြောက်တတ်လို့...
အိမ်နီးချင်းအဖွားကြီးတွေတွေ့ရင်
အရင်ပြုံးပြနုတ်ဆက်လေ့ရှိတယ်..။
မြန်မာမှာနေကတည်း အိမ်နီးချင်းသိုင်းသိုင်းဝိုင်းဝိုင်းနဲ့ နေခဲ့ရတာဆိုတော့...အိမ်နီးချင်းနဲ့ ရင်းနှီးရတာကိုလဲ
သဘောကျတယ်..။
ပေါက်
အိမ်နီးချင်းတွေနဲ့ ခင်ခင်မင်မင်ရှိတာ ကောင်းပါတယ်၊ ဘေးချင်းကပ်နေပြီး ပြဿနာတွေ ဖြစ်နေရတာ ပူလောင်တယ်နော်..၊ စည်းကမ်း လိုက်နာတာဟာ သူတပါးရဲ့ အခွင့်အရေးကို လေးစားရာလည်း ကျတယ် ဆိုတာ သိပ်မှန်တာပဲ..။
အိမ်နီးချင်းကောင်းတွေနဲ့ နေထိုင်ရတာလည်းမင်္ဂလာတပါးပါ။
အိုင်အိုရာ
စည်းကမ်းရှိကြတယ်နော်။
ကျွန်မတို့နေတဲ့ တိုက်မှာတော့ မနက်ကိုးနာရီကနေ နေ့လည်၂နာရီအထိ အောက်ဆုံးဝင်ပေါက်မှာ တာဝန်ကျဝန်ထမ်းတစ်ယောက်ရှိတယ်။ သူနဲ့ကတော့ အမြဲပြောဆိုနှုတ်ဆက်လေ့ရှိပါတယ်။ကိုယ့်ကို နိုင်ငံခြားသားဆိုပြီး ဂရုစိုက်တာလည်းတွေ့ရတယ်။
ကင်မရာတွေလည်းရှိတယ်။ အခန်းနေသူတွေနဲ့ကတော့ နှုတ်ဆက်တဲ့ သူလည်းရှိသလိုနှုတ်မဆက်တဲ့ သူတွေလည်းရှိတယ်။
အိမ်မှာကလေးရှိတော့ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်အောင် တော်တော်သထိထားပါတယ်။
စကားမစပ်ရှင်လေးရေ...
၁ရက်နေ့က ငလျင်လှုပ်တာတော်တော်လေးကြာကြာလှုပ်သလို ပြင်းအားလည်းပါတယ်။ နှစ်သစ်ကူးနေ့မှာအဲလိုလှုပ်တာတော့ မကောင်းဘူးနော်။
နဲနဲလန့်သွားတယ်။
''ကျမလည်း သူတို့ လို စည်းကမ်းချက်တွေနဲ့ အညီကြိုးစားနေပါတယ်။
ကိုယ်က တခြားနိုင်ငံကဖြစ်နေတော့ ကိုယ့်ကြောင့် ကိုယ့်လူမျိုးကို နာမည်မပျက်အောင်
နေဖြစ်ပါတယ်။ သူတို့ နဲ့ တန်းတူ နေနိုင်တော့လည်း သူတို့ ကလေးစားပါတယ်။'' အဲဒါ အမှန်ပါပဲ အစ်မရေ။ နွေးထွေးပြီး အရေးကြုံရင် အကူအညီပေးနိုင်တဲ့ အိမ်နီးချင်းကောင်းတွေ ရထားတာလည်း မင်္ဂလာတစ်ပါးပဲနော်။
Post a Comment