Saturday 21 April 2012
ကိုယ်အလေးချိန်ပိုသူများအတွက်
ဒီPost ကတော့ ကိုယ်အလေးချိန်ပိုသူများအတွက် ဂျာမနီက သင်တန်းတစ်ခုအကြောင်းပါ။
သင်တန်း အမည်ကတော့ M.O.B.I.L.I.S. ဖြစ်ပါတယ်။ ဒီသင်တန်းတွေကို ဂျာမနီနိုင်ငံရဲ့ 
သင့်တော်တဲ့အစားအသောက် အလေ့အကျင့်ရလာအောင်၊ ကိုယ်လက်လှုပ်ရှားမှု အလေ့အကျင့်ရလာအောင်၊ အားကစား နည်းပြ၊ အဟာရပိုင်းဆိုင်ရာ ကျွမ်းကျင် သူများက လေ့ကျင့်ပေးသလို၊ ရလာတဲ့ အလေ့အကျင့် အသစ်တွေကို ရေရှည်ထိန်း
သိမ်းထားနိုင်အောင် စိတ်ဓါတ်မြှင့်တင်ပေးတဲ့ သူ (Psychologist)က စနစ်တကျ
 လေ့ကျင့်ပေးမှာဖြစ်ပါတယ်။
သင်တန်းက တစ်နှစ်ကြာပါတယ်။ သင်တန်းကြေးကတော့ ပထမ မိမိက ယူရို ၇၅၀ ပေး
သွင်းရပါမယ်။ တစ်နှစ်အတွင်း သင်တန်းချိန် ၇၅% ပြည့်ရင် ယူရို ၆၅၀ ပြန်ထုတ်ပေးပါတယ်။
ဒါကြောင့် တကယ်တမ်း ပေးသွင်းရတဲ့ သင်တန်းကြေးက ယူရို ၁၀၀ ပဲဖြစ်ပါတယ်။
ဒီကြားထဲ ကျန်းမာရေးအခြေအနေအရ သင်တန်းဆက်မတက်နိုင်ရင်တော့ ဆရာဝန်
ထောက်ခံချက်လိုအပ်ပါတယ်။ 
ဒီသင်တန်းကို ကျန်းမာရေးအာမခံအဖွဲ့ တစ်ခုနဲ့  ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။
ဒါကြောင့်သင်တန်းရဲ့ ကုန်ကျမှု အများစုကို အဲ့ဒီ ကျန်းမာရေးအာမခံအဖွဲ့  ကပေးတာပါ။
သင်တန်း ကို BMI ၃၀ ကနေ ၄၀( BMI 30-40 kg/m2) ရှိသူတွေဖြစ်ရပါမယ်။
သင်တန်းမှာ စာရင်းသွင်းထားသူတွေကို ကျန်းမာရေး အရ သင်တန်း တက်နိုင်ခွင့် ရှိမရှိ ဆရာဝန်များနဲ့ ဆေးစစ်ပေးပါတယ်။ ဆေးစစ်ဆေးမှုအောင်မြင်ရင် သင်တန်းတက်ခွင့်
ရပါမယ်။
သင်တန်းမှာ တစ်ပတ်တစ်ခါ သီအိုရီပိုင်းဆိုင်ရာ သင်တန်းများတက်ရမှာဖြစ်ပြီး၊
လက်တွေ့ လေ့ကျင့် ခန်းတွေကိုတော့ တစ်ပတ် ၂ ခါ ဖြစ်ပါတယ်။
သင်တန်းချိန်တွေကတော့ ညနေပိုင်း အချိန်တွေဖြစ်လို့ အလုပ်လုပ်နေသူတွေအတွက်လည်း
အဆင်ပြေနိုင်ပါတယ်။
၆လ ကြာတဲ့အခါမှာ ဆရာဝန်နဲ့ ပြန်ပြီး ဆေးစစ်ပေးပါတယ်။
တစ်နှစ်ပြည့်လို့ သင်တန်းပြီးချိန်မှာလည်းဆေးတစ်ခါထပ်စစ်ပေးပါတယ်။
ဒီသင်တန်းရဲ့  အတွေ့ အကြုံအရ သင်တန်းပြီးရင် ၅% ကနေ ၁၀% အထိ ကိုယ်အလေးချိန်
ချပေးနိုင်ပါတယ်။ ဒီ ပမာဏ ဟာ မများပေမဲ့  တစ်နှစ်အတွင်း မိမိတို့  စာတွေ့ လက်တွေ့ 
လေ့လာထားတဲ့ မှန်ကန်၊သင့်တော်တဲ့ အစားအသောက်အလေ့အကျင့်၊ကိုယ်လက်လေ့
ကျင့်ခန်း အလေ့အကျင့်၊ စိတ်ဓါတ်ပိုင်းဆိုင်ရာ အလေ့အကျင့် တွေနဲ့  မိမိရဲ့ ကိုယ်အလေးချိန်
ကိုရေရှည် ဆက်ထိန်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ ဒီသင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ပါပဲ။
သင်တန်းရဲ့ ရည်ရွယ်ချက်နဲ့  အစီအစဉ်တွေကို သဘောကျမိလို့  ဒီ Post ကိုရေးပြီး
သူငယ်ချင်းတို့ နဲ့ မိတ်ဆက်ပေးလိုက်တာပါ။
4 comments:
Anonymous said...
ကိုယ်နဲ့ အကိုက်ပေါ့။
အိုင်အိုရာ
မိုးစက်ပွင့် said...
သင်တန်းလေးတော့ စိတ်ဝင်စားတယ်။ BMI 30 ကတော့ မပြည့်သေးဘူး။ ကြိုးစားလိုက်ဦးမယ် -ဟိ
မကျည်းတန် said...
လာဖတ်သွားပါတယ်.
ကျေးဇူး မရှင်လေးရေ..
Anonymous said...
အမရေ.. အမ blog လေးကို အခုမှ တွေ့ပြီး ဖတ်ဖြစ်ပါတယ်။ ဂျာမနီ အကြောင်း စိတ်ဝင်စားစရာတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးပါ။ အမနဲ့ ခင်ချင်လို့ အမရဲ့ Facebook အကောက်နဲ့ ဂျီမေး ဖြစ်နိုင်ရင် သိပါရစေရှင်။ ကျွှန်မ နံမည် ခင်နွယ်ချို ပါ။ အီမေးက sakurhana2309@gmail.com. Facebook က Khinnwe Cho ပါ။