Thursday, 3 May 2012
၁၃ နှစ် ကြာခဲ့ပြီ
လွန်ခဲ့တဲ့ ၁၃နှစ်က... .. ဘ၀သစ်တစ်ခုကို အခြေချဖို့  လမ်းသစ်တစ်ခုကိုရွေးခဲ့တယ်။
ကောင်းသောလမ်းလား၊ဆိုးသောလမ်းလားဆိုတာ ဘာမှ မသိပဲ ရင်ဆိုင်ဖို့ 
အားမွေးပြီးထွက်လာခဲ့တယ်။
ပျော်စရာ၊စိတ်လှုတ်ရှားစရာ၊ ၀မ်းသာ၊၀မ်းနည်းမှုတွေအမျိုးမျိုးတွေ့ ခဲ့တယ်။
ဘ၀သစ်မှာ အခြေကျနေပေမဲ့ ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀ကိုတော့
သတိရနေတုန်းပါပဲ။ 
ဒီနှစ်တွေအတွင်းမှာ ကျမ ရဲ့ ကြိုးစားမှုတွေ၊ ကြံ့ခိုင်မှုတွေကို အားဖြည့်ပေးတဲ့
သတိရမိတာက အမေပါ။
အမေရဲ့ အားပေးစကားတွေပြန်ကြားမိရင်း အင်အားတွေပြန်ရလာရပါတယ်။
ကျေးဇူးတင်ပါတယ်အမေ။
ကျမဘေးမှာ လိုအပ်တာဖြည့်စွမ်းပေတဲ့ ၊ ကျမ ဘ၀ကို အကောင်းဘက်
ကိုပြောင်းပေးခဲ့တဲ့ ကျမရဲ့ အိမ်ဦးနတ်ကိုလည်း ကျေးဇူးတင်ပါတယ်။
ကျမတယောက်ထဲ ရှိတယ်လို့ ခံစားမိပြီး မြန်မာပြည်ကိုလွမ်းနေချိန်မှာ
ဖုန်းဆက်ခွင့်ရ၊ စကားပြောခွင့်ရ၊ ဘလော့ခ် တွေထဲမှာ အတွေးတွေဖလှယ်
ခွင့်ရတဲ့ အတွက်လည်း သူငယ်ချင်းတို့ ကိုကျေးဇူးတင်ပါတယ်။
6 comments:
ညီလင်းသစ် said...
့ဘယ်နေရာပဲ ရောက်ရောက် အမေ့ရဲ့ အရိပ်ကတော့ ကျနော်တို့အပေါ် အမြဲပဲ မိုးနေမှာ အသေအချာပါ၊ ရှေ့ဆက်ရမယ့် လမ်းတွေကိုလည်း ခိုင်မာမြဲမြံစွာ ဆက်ပြီး လျှောက်နိုင်ပါစေ မ,ရှင်လေးရေ...။
PAUK said...
ဟုတ်တယ်နော်..
ကျနော်လဲ...ခုချိန်ထိ အသေးအမွှားကိစ္စလေးကအစ အမေ့ဆီ
ဖုန်းဆက် တိုင်ပင်ပြောပြနေတုန်းပဲ။
Anonymous said...
ဟုတ်တယ် မမရေ... အသက်ကြီးလာလေ အမေ့မေတ္တာတွေ ပိုပြီး နားလည်လာလေ (အဖေက ချစ်သင့်သလောက် ချစ်ပေမဲ့ အမေကို လိုက်မမီဘူး).... ပြီးတော့ ကိုယ်ဘယ်လမ်းသွားသွား အဝေးကနေ အမြဲတမ်း ဆုတောင်းမေတ္တာပို့ပေးနေမှာ အမေဘဲ နော် ... အမေတွေ အသက်ရှည် ကျမ်းမာပါစေ .....
၁၃ နှစ်ကလည်း ပြန်တွေးလိုက်တော့ မနေ့တနေ့ကလိုပါဘဲ.....
မိုးစက်
Anonymous said...
မရောက်ဖြစ်တာကြာပြီ..အမေနေကောင်းရဲ့လား မရှင်လေး..ဟိုမှာ..ရာသီဥတုက ပူတယ်လေ...
mm
Shinlay said...
လာလည်ကြတဲ့သူငယ်ချင်းများကိုကျေးဇူးတင်ပါတယ်။
Iora said...
Time flies so fast!!
We always miss our moms....
Iora