Monday 28 May 2012
ရိုင်းမြစ်ဘေးက picnic
တလောက နေမကောင်းဖြစ်ရာက နလန်ထစ ကိုသောမတ်စ် အတွက်
စိတ်ပြေလက်ပျောက် လည်းဖြစ်၊ အခုရက်တွေမှာ နေကလည်းပူ၊ အလုပ်ပိတ်ရက်တွေကလည်းရှိနေတာနဲ့ picnic အစီအစဉ်လေးလုပ်ဖြစ်တယ်။
 ကျမတို့ နေတဲ့နေရာကနေ မိနစ်၂၀လောက်ကားနဲ့ သွားရင် ပြင်သစ်၊ဂျာမန်
အဲ့ ဒီနေရာလေးက လူလည်းသိပ်မများ၊ အေးအေးဆေးဆေးရှိလို့ မကြာခဏ
ရောက်လေ့ရှိပါတယ်။
ဒီနေ့  picnic သွားဖို့ နေရာစဉ်းစားတော့ ကျမက ဒီရိုင်းဖြစ်ဘေးကိုရွေးလိုက်ပါတယ်။
သူကတော့ Blackforest က နေရာတစ်နေရာကိုရွေးပါတယ်။ နောက်ဆုံးတော့
မြစ်ဘေးပဲသွားဖြစ်ခဲ့ပါတယ်။
ကျမတို့ ရောက်တော့ ဆိပ်ကမ်းမှာ အပျော်စီးသင်္ဘောရပ်ထားတာတွေ့ တယ်။
အင်္ဂလန်ကလာတာတဲ့။ ကျမအတွက်ကြည့်စရာတစ်ခုရသွားပေမဲ့ ရိုင်းမြစ်ထဲမှာ
သွားနေတဲ့ သင်္ဘောတွေ၊ ရေလွှာရှောစီးနေကြသူတွေကို တော့ အပျော်စီးသင်္ဘော
ကြီးက ကာနေလို့ ကောင်းကောင်း မမြင်ရတော့ဘူး။
ကျမအိမ်ကနေ ခေါက်ဆွဲကြော်ထဲ့သွားတယ်။ နှစ်ယောက်သား စားနေကျမဟုတ်တဲ့
နေရာမှာ စားရလို့ လားမသိ ပိုအရသာရှိသလိုပဲ။တခါတလေ အပြောင်းအလဲလေးပေါ့။
ရိုင်းမြစ်ဘေးလမ်းလျှောက်ဟိုငေးဒီကြည့်ပြီး အိမ်ပြန်လာခဲ့တယ်။
ဒီနေ့ ခေါက်ဆွဲကြော်က အရမ်းအရာသာရှိတယ်လို့ သူကတော့ ခဏခဏပြောနေတယ်။
 သူပျော်ရင်ကျမလည်းပျော်ပါတယ်။
8 comments:
Anonymous said...
မရှင်လေး
ချိုင်.က ရန်ကုန်က ၃ဆင်. စတီးချိုင်.လားဟင်။
ညီလင်းသစ် said...
ရိုင်းမြစ်ဘေးက သာသာယာယာနဲ့ ရှုခင်းတွေလည်း လှတယ်နော်....။
Shinlay said...
ချိုင့်ကို ဂျာမနီ Kassel မြို့ က တရုတ်ဆိုင်က ၀ယ်ထားတာ။ မှတ်မိသေးတယ် အဲ့ဒီတုန်းက 5 DM
ပေးရတယ်။ စတီးချိုင့်မဟုတ်ဘူး။
ဟုတ်တယ်ကိုညီ။
အိမ်မက်စေရာ said...
ပျော်ဖို့ကောင်းတယ်နော်..ညီမအိမ်လဲ Main မြစ်နဲ့ နီးတယ်..ဒီအတိုင်းပဲ သွားဖြစ်တယ် ပစ်ကနစ် ပုံစံမျိုး မသွားဖြစ်သေးဘူး.. အမတို့ကို အားကျတယ်..
ခင်တဲ့
အိမ်မက်
မိုးစက်ပွင့် said...
ငယ်ငယ်က စာထဲမှာ သင်ခဲ့ရတဲ့ ရိုင်းမြစ်ကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ခွင့်ရတာ ပျော်စရာကြီးနော် ... ပစ်ကနစ်လေးကို အားကျသွားတယ်.... ဒီတခါ ရန်ကုန်ပြန်လာရင် ဦးသောမတ်စ် ကိုပါ ခေါ်ခဲ့ပါလားဟင်... မစန္ဒီတို့နဲ့ တခါတည်း အတူတူဆုံချင်တယ် မမ
ဇွန်မိုးစက် said...
အစ်မရေ... ခုရက်ပိုင်း စိတ်ရှုပ်စရာတွေများပြီး အလုပ်များနေတာနဲ့ ခုမှ စာကြွေးတွေ လာရှင်းဖြစ်တယ်။ ဦးသောမတ်စ်လည်း နေပြန်ကောင်းသွားပြီထင်တယ်။ နွေဦးဝင်လာတော့ ခြေခင်းလက်ခင်း သာသာယာယာ ပိုရှိလာတယ်နော်။း)
Shinlay said...
အိမ်မက်။။။ တခါတလေ မြစ်ကမ်းစပ်သွားထိုင်ရတာ အရသာတမျိုးပဲနော်။ ဒါနဲ့ ဒီနေ့ ဝက်သားနဲ့ ချဉ်ပေါင်ဟင်း ချက်တယ်။ ညီမ ဆီက ရတဲ့ လိပ်စာအတိုင်း ဖရန်းဖွတ်ရောက်တုန်း ချဉ်ပေါင်ခြောက်ဝယ်လာခဲ့တာ။ ကျေးဇူးနော်ညီမ။
မိုးစက်.. သူလည်းလိုက်မှာ ကျမတို့  ရန်ကုန်မှာပြန်ဆုံ ကြတာပေါ့။
ဇွန်... နွေဦးေ၇ာက်ရင် စိတ်ကိုကလန်းဆန်းလာ သလိုပဲ။ တခါတလေ နွေဦးရာသီကုန်သွားမှာ စိုးရိမ်မိသေးတယ်။
khin said...
အမှတ်တ၇ရှိလှတဲ. ဂျာမနီအကြောင်းတွေနဲ. အိသူရဲဘလော.ဂ်ကိုလာလည်သွားပါတယ်နော်