Sunday 1 July 2012

မိုးရွာရင်

ဒီနှစ်ဂျာမနီနွေက အရင်နှစ်တွေနဲ့ မတူပဲ မိုးများလွန်းတယ်လို့ ပြောရမလိုပါပဲ။
မိုးရွာရင်လည်းတော်တော်သဲပါတယ်။ စိတ်ထဲမှာ ရန်ကုန် ရောက်နေသလို
တခါတလေ ခံစားမိတယ်။မိုးရွာတဲ့အခါ ဟထားတဲ့ ပြူတင်းပေါက်က နေ
ကြားနေရတဲ့ မိုးသံတွေကြောင့်ငယ်ငယ်က အမေအိမ်ကို သတိရမိတယ်။

ခေါင်မိုးပေါ်ကို ကျလာတဲ့မိုးစက်သံတွေ၊ မိုးရွာပြီဆိုတာနဲ့  တဂွမ်ဂွမ်အော် နေတဲ့
ဖားသံတွေ၊ ဒီအသံတွေကိုနားထောင်ရင်း မိုးအေးအေးမှာ ကွေးလို့ ကောင်းတဲ့
ရက်တွေ... ... ... သတိရမိတယ်။

ကျမတို့ လှည်းတန်းအိမ်မှာ မိုးများများရွာတာနဲ့  ခြံထဲကိုရေတွေဝင်လေ့ရှိတယ်။
တခါတလေများဒူးခေါင်းလောက်အထိရေတက်လာတတ်တယ်။ မိုးတိတ်သွားရင်တော့
သိပ်မကြာခင်မှာပဲ ရေပြန်ကျတတ်တယ်။ ခြံထဲမှာ ကျွတ်၊ခရု၊ငါး၊မျှော့.. တခါတလေ
မြွေတောင်ရှိတတ်သေးတယ်။ ကျွတ်နဲ့ မြွေကိုတော့ကျမ အလွန်ကြောက်ပါတယ်။

မိုးရွာထဲမှာကျောင်းသွားခဲ့ရတာတွေ၊ လမ်းလျှောက်ရင် ဗွက်တွေ စင်လို့ စိတ်ညစ်
ရတာတွေ၊ မိုးအေးတဲ့နေ့ တွေ ကျောင်းမသွားချင်တာလည်း. .. .. အမှတ်ရမိသေးတယ်။

ကျမ ရန်ကုန်ကိုပြန်တဲ့အချိန်တွေကလည်း မိုးတွင်းပဲဖြစ်တော့ မိုးတွေရွာတဲ့ အခုလို
အချိန်မှာ ကျမ ရန်ကုန်ကိုပြန်ချင်တယ်။ မကြာခင် အိမ်ပြန်ရတော့မယ်ဆိုတဲ့အသိကြောင့် စိတ်ထဲမှာ ပျော်နေသလို၊ အတွေးတွေ၊အိပ်မက်တွေထဲမှာလည်း မြန်မာပြည်က
အမေနဲ့ သူငယ်ချင်းတွေ၊မိတ်ဆွေတွေ၊ ဆွေမျိုးတွေအကြောင်းတွေးဖြစ်တယ်။

6 comments:

သိင်္ဂါကျော် said...

အလည်ရောက်ပါတယ်..
မိုးတွေ ရွာရင် အိမ်ထဲမှာပဲ ကွေးနေချင်တယ်..
မိုးများတဲ့ ဒေသကို မကြိုက်ဘူး.. :)

Shinlay said...

ဒီနေ့ တနေ့ လုံး ကွေးနေတယ်။..:)
ထမင်းတောင်မချက်ဘူး.... :)

လသာည said...

မိုးအေးအေးနဲ့ ကော်ဖီတစ်ခွက် စာအုပ်တစ်အုပ်နဲ့ ကွေးရရင် တအားဇိမ်ရှိတားD
မြန်မာပြည် အလည်လာတော့မှာလား.. ဘယ်တော့လဲ..

ညီလင်းသစ် said...

မကြာခင် ပြန်မှာဆိုတော့ မ,ရှင်လေး ပျော်နေမှာပေါ့၊း) မြန်မာပြည်က မုတ်သုန်မိုးသံတွေ တဝကြီးသာ နားထောင်ခဲ့ဗျာ..၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်ကလည်း Rust မှာ မိုးတွေ သည်းသည်းမည်းမည်း ရွာနေခဲ့တယ်။

Shinlay said...

လသာည... သြဂုတ်လလည်ရောက်မယ်။
ကိုညီရေ.. ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ က ရိုင်းမှာ ဘုတ်သွားစီးမလို့ ထွက်သွားပြီး စိတ်မပါတော့တာနဲ့  ပြန်လာခဲ့ရတယ်။ တနေ့ လုံး မိုးရွာ နေရော။

လသာည said...

မရှင်လေး..
ဲသြဂုတ်လ ၂.၃.၄ လောက်မှာ ညီမ ရန်ကုန်မှာ ရှိနေမယ်။ သြဂုတ်လလယ်လောက် တစ်ခေါက်လောက် ထပ်လာရမလား မသိဘူး။ လာဖြစ်ရင် တွေ့ကြရအောင်နော်။ ညီမ ဆက်သွယ်လိုက်ပါ့မယ်။

ဆက်သွယ်ရမယ့် လိပ်စာ (ဖုန်းနံပါတ်လေး)ကို မေးလ်ထဲ ပို့ပေးပါနော်။ nn.nunu@gmail.com

ခင်မင်လျှက်