Saturday, 15 September 2012

သူငယ်ချင်းများ.. ၂၀၁၂

ကျမ အတွေးတွေထဲမှာ သူငယ်ချင်းတွေက အမြဲပါပါတယ်။ ငယ်သူငယ်ချင်း
တွေဖြစ်ကြတဲ့ တီတီစီ က သူငယ်ချင်းတွေ၊ တက္ကသိုလ်မှာ တွဲဖြစ်ခဲ့တဲ့
သူငယ်ချင်းတွေ၊ အခုနောက်ပိုင်းသိကျွမ်းခဲ့ရတဲ့သူငယ်ချင်းတွေ.....

ဒီနှစ်တော့ သူငယ်ချင်းတော်တော်များများနဲ့ တွေ့ ဖြစ်ခဲ့ပါတယ်။ တီတီစီ
ကသူငယ်ချင်းတွေနဲ့ တွေ့ ကြတော့ ငယ်ငယ်က ကလေးဘ၀ အတွေ့ အကြုံ
တွေ ပြန်ပြောကြရင်း ၊ အခုဘယ်သူက ဘယ်မှာ၊ ဘယ်သူနဲ့ တွေ့ တွေ့ တယ်
စသဖြင့် သတင်းတွေမေးကြ၊ သတင်းတွေပေးကြပေါ့။ သူငယ်ချင်းတို့ ရဲ့ 
ကလေးတွေတောင် ၁၀ တန်းအောင်ကုန်ကြပြီဆိုတော့.. ကျမတို ခင်ခဲ့ကြ
တဲ့နှစ်တွေ မနဲ တော့ဘူးပေါ့လေ။ သူငယ်ချင်းအားလုံးနဲ့ မတွေ့ နိုင်ခဲ့ပေမဲ့
ကျန်တဲ့သူငယ်ချင်းများကိုလည်း သတိရ ရပါတယ်။ သူငယ်ချင်းတို့ နဲ့ တွေ့ 
နိုင်အောင် စီစဉ်ပေးတဲ့  မဉ္ဖ္ဇူ နဲ့ မီအောင် ကို အထူးကျေးဇူးတင်ပါတယ်။

IR က အတူတွဲတဲ့ သူငယ်ချင်းတစ်ယောက်က လည်း ဒီနှစ်တိုက်တိုက်ဆိုင်ဆိုင်
ကျမတို့ နဲ့ ရန်ကုန်မှာဆုံဖြစ်ပါတယ်။ အင်တာနက်ထဲ တွေ့ ကြပေမဲ့ လူချင်း
မတွေ့ ကြတာ ၁၀နှစ်ကျော်ပြီဆိုတော့ သူ့ ကို ထိုင်ကြည့်နေမိတယ်။
ငယ်ငယ်ကလို မပြောင်းလဲတဲ့ သူငယ်ချင်းကိုတွေ့ တော့ ကျောင်းတုန်းက
နောက်ခဲ့ ၊ပြောင်ခဲ့၊ ပျော်ခဲ့တာတွေ သတိရတယ်။ တခြားတွဲဖေါ်တွဲဖက်
တွေကိုလည်း လွမ်းတယ်။ သူငယ်ချင်းအပြင် ရန်ကုန်မှာ ရှိတဲ့
သူငယ်ချင်းတချို့ နဲ့ လည်းတွေ့ ဖြစ်ပါတယ်။
နောက်နေ့ တော့ ကျမတို့ ရဲ့ မိခင်ဌာနရှိရာ ရန်ကုန်တက္ကသိုလ်ကို သွားကြ
ပါတယ်။ အဓိပတိလမ်းက ဂိတ်ကို အပြည့်ဖွင့်ထားတာတွေ့ ရတော့ လွတ်လပ်
မှုဆိုတာကို ခံစားရခဲ့ပါတယ်။ ဌာနမှာ အလုပ်လုပ်နေသေးတဲ့ သူငယ်ချင်း
တချို့ နဲ့ တောင်ငူ ဆောင်နားက စားသောက်တန်းတွေမှာ ထိုင်ရင်း ကျောင်းသူ
ဘ၀ အလွမ်းဖြေခဲ့သေးပါတယ်။ အန်တီဝင်းတို့ ၊အန်တီမြတို့ ဆိုင်တွေမရှိတော့
တစ်ခုခုလိုအပ်နေသလိုပါပဲ။
စားသောက်လေဖေါင်ပြီးတော့ ကျောင်းဝန်းထဲ လှည့်ပတ်ကြပါတယ်။
ကျောင်ထဲမှာ ပြုပြင်မှုတွေ လုပ်နေကြတယ်။ ပလက်ဖေါင်းတွေပြင်၊ လမ်းတွေပြင်၊
နဲ့ ပေါ့။ အဓိပတိလမ်းမှာ လျှောက်ရင်း... ငယ်ဘ၀ အတွေ့ အကြုံတွေ တစ်ယောက်
တစ်ပေါက်ပြောကြတာ ဆူညံနေရောပဲ။ စာကြည့်တိုက်အသစ်၊စာကြည့်တိုက် အဟောင်း၊
သစ်ပုပ်ပင်၊ ငွေစာရင်းဌာန၊ ၀ိဇ္ဇာခမ်းမ၊ အာစီ၊ ဂျက်ဆင်..... ....

IRက သူငယ်ချင်းဇနီးမောင်နှံက ဖိတ်လို့  တခြားသူငယ်ချင်းတချို့ နဲ့ ညစာ စားဖြစ်
သေးတယ်။ အစားတွေကစုံ၊လူတွေကစုံနဲ့ တကယ်ပျော်စရာကောင်းပါတယ်။

နောက်သူငယ်ချင်းတစ်ဖွဲ့ ကတော့ ဦးသောမတ်စ်နဲ့ ပတ်သက်ပြီးသိခဲ့ရပေမဲ့
ကျမအပေါ်မှာ တကယ်ကောင်းကြတဲ့ ညီအစ်မတွေလို ဖြစ်နေကြတဲ့ ဂျာမန်
တိုးဂိုက်သူငယ်ချင်းတွေပါ။ တနေ့ အိမ်ကိုလာပြီး မုန့် တွေယူလာ၊ စကားတွေပြော၊
အချိန်တွေဘယ်လိုကုန်သွားမှန်းတောင်မသိလိုက်ဘူး။

ရန်ကုန်ကအပြန် စင်္ကာပူရောက်တော့ တီတီစီက သူငယ်ချင်းနဲ့ တွေ့ ပြန်တယ်။
သူငယ်ချင်းနဲ့ အတူ သူလိုက်ပို့ ပေးတဲ့ Supermarket တစ်ခုကိုသွားပြီး၊ ဟိုငေး၊
ဒီမော့နဲ့ ဈေးဝယ်ထွက်ရတာ တကယ်ပျော်စရာပါ။ ဂျာမနီမှာလည်းဈေးဝယ်ထွက်ရင်
တစ်ယောက်ထဲ၊ ရန်ကုန်မှာလည်း ဈေးဝယ်မထွက်ဖြစ်ဆိုတော့ သက်တူရွယ်တူ
သူငယ်ချင်းတစ်ယောက်နဲ့ ဈေးဝယ်ထွက်ရတဲ့ အရသာကို မရရှိခဲ့တာ အတော်ကြာခဲ့ပါပြီ။
အဲ့ဒီအတွေ့ အကြုံကို ပြန်စဉ်းစားမိတိုင်း ပျော်နေတုန်းပဲသူငယ်ချင်းရေ။
စင်္ကာပူမှာပဲ ဘလော့ထဲက သိနေတဲ့ သူငယ်ချင်းညီမတစ်ယောက်နဲ့ တွေ့ ဖြစ်သေးပါတယ်။
စိတ်ထဲမှာညီမတစ်ယောက်တွေ့ ရသလို ၀မ်းသာမိပါတယ်။ ကျမကို  အချိန်ပေးပြီး
တွေ့ ခွင့်ပေးကြလို့ လည်းကျေးဇူးပါနော်။

အခုအိမ်ပြန်ရောက်လာတော့ သူငယ်ချင်းတို့ နဲ့ ပျော်ခဲ့တာတွေကိုပြန်တွေးရင်း
သတိရနေပါတယ်။ နောက်နှစ်တွေမှာ လည်း သူငယ်ချင်းတို့ နဲ့ အတူ တနေရာရာမှာ
ပြန်ဆုံကြသေးတာပေါ့လို့ ဆုတောင်းရင်း သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်


ကြပါစေ.......

7 comments:

မီးမီးငယ် said...

ကျမတို့ လည်းနောက်တခါလောက်၊
အိတို့ နဲ့ ပြန်ဆုံချင်သေးတယ်၊
ပျော်စရာကြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲ၊
ကိုယ်တိုင်ရောက်သွားသလိုပါဘဲ..

Shinlay said...

နောင်နှစ် တွေ့ ကြမယ်လေ မီးမီး။

ဇွန်မိုးစက် said...

အစ်မရေ... ညီမလည်း သတိရနေတာ။ တကယ့်ကို အမှတ်တရပဲနော်။ ညီမတို့ နောက်တစ်ခေါက် တွေ့ကြဦးမှာလို့ ယုံကြည်နေတယ်။း)

ချစ်တဲ့
ဇွန်

စူးနွယ်လေး said...

ဓာတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ် :D

Shinlay said...

ဇွန်... နောက်တခါ တွေ့ ကြမယ်နော်။
စူးနွယ်... ကျမလည်း အမှတ်တရဓါတ်ပုံတွေရခဲ့လို့ 
ဝမ်းသာနေတာ။

Nyi Linn Thit said...

သူငယ်ချင်းတွေနဲ့ ဆုံခဲ့ရတာ ပျော်စရာကြီး..၊ ရန်ကုန် တက္ကသိုလ်ရဲ့ အကြောင်း အခုလို ကြားရတာလည်း ဝမ်းမြောက်စရာပါပဲ..။

Shinlay said...

ဟုတ်တယ်ကိုညီ။ လူတောင်ပြန်ငယ်သွားသလိုပဲ။